text
stringlengths
6
9.41k
၁၉၇၆ - ဘယ်ဆီဘယ်ဝယ် ဝတ္ထုထွက်
တစ်ကျွန်းစံ၏အပြန်လမ်း(အေ-ဂျေ ကရိုနင်) ဘာသာပြန်ထွက်
၁၉၇၇ - စောင်းကြိုးတင်းသည့် သီချင်းသံ ဝတ္ထုတိုများ ထွက်
ပလိပ်(အယ်လ်ဘတ်ကမူး)ဘာသာပြန်ထွက်
၁၉၇၉ - စာပေဗိမာန် ဝတ္ထုတိုစာတမ်းဖတ်ပွဲ(မောင်ထင်နှင့်အခြား) စာအုပ်ထွက်
၁၉၈၁ - အဆိပ်(အေ-ဂျေ ကရိုနင်) ဘာသာပြန်ဝတ္ထုထွက်
ဝတ္ထုရှည်စာတမ်း (ပါရဂူနှင့်အခြား)ထွက်
၁၉၈၈ - ပုလဲတေးသံ(ဂျွန်စတိန်းဘတ်) ဘာသာပြန်ဝတ္ထုထွက်
၁၉၉၀ - အိန္ဒိယနိုင်ငံ ဘုံဘေမြို့အနီး အီဂတ်ပူရီရှိ ဓမ္မဂီရိကုန်းမြေတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာဝိပဿ နာ နှီးနှောဖလှယ်ပွဲတွင် ဝိပဿနာဘာဝနာ-စာတမ်း ကို တင်သွင်းဖတ်ကြားခဲ့သည်
၁၉၉၁ - လယ်တောမှအပြန်နှင့် လက်ရွေးစင်ဝတ္ထုများ စာအုပ်ထွက်
(ယင်းနှစ်အတွက် အမျိုးသားစာပေဝတ္ထု တိုပေါင်းချုပ်ဆုရ
၁၉၉၄ - ချစ်သူရင်ခွင်ထက်၌အိပ်စက်ခြင်း
မြင်းနီကလေး(ဂျွန်စတိန်းဗက်)၊ မီးလျှံပန်း(ဂျွန်စတိန်းဗက်)၊ ပင်လယ်ပျော်ဇင်ယော်(ရစ်ချက်ဘတ်ချ်)-စာအုပ်များထွက်
၁၉၉၆ - ဇွန်လ(၃၀)ရက်နေ့တွင် ကွယ်လွန်၊ ကွန်လွန်ချိန်တွင် ဇနီးဒေါ်ခင်ခင်နှင့် သားသမီး(၅)ယောက် ကျန်ရစ်ခဲ့
၁၉၉၉ - ထင်လင်းပုံပြင်စာအုပ်ထွက်ခဲ့
မောဂ္ဂလိ(ရု(ဒ်)ယတ်ကစ်ပလင်း)ဘာသာပြန်စည်းအပြင်ကလူ (အဲလ်ဘတ်ကမူး)ဘာသာပြန်ပလိပ်(အယ်လ်ဘတ်ကမူး)ဘာသာပြန်ပေါ်လီယာနာ(အယ်လီနာပေါ်တာ)ဘာသာပြန်တစ်ကျွန်းစံ၏အပြန်လမ်း( အေ-ဂျေ ကရိုနင်) ဘာသာပြန်အဆိပ်(အေ-ဂျေ ကရိုနင်) ဘာသာပြန်စောင်းကြိုးတင်းသည့် သီချင်းသံဝတ္ထုတိုများလယ်တောကအပြန် လက်ရွေးစင်ဝတ္ထုတိုများပင်လယ်ပျော်စင်ယော်(ရစ်ချက်ဘာ့ခ်)ဘာသာပြန်မြစိမ်းရောင်ရင်ခွင်သို့အပြန်
ဝက်ကုန်းမြို့မရွာ(အင်္ဂလိပ်: Wetkonemyoma)သည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အလယ်တောကျေးရွာအုပ်စု၌ တည်ရှိသည်
၂၀၁၄ သန်းခေါင်စာရင်းအရ အလယ်တောကျေးရွာအုပ်စုတွင် ကျား ၅၂၄၂ ဦး၊ မ ၅၈၄၄ ဦး၊ လူဦးရေစုစုပေါင်း ၁၁၀၈၆ ဦး နေထိုင်သည်
၎င်းရွာသည် နန်းမားမြို့ပေါ်ရှိ မြို့မရန်အောင်ရပ်ကွက် ဖြစ်သွားသည်
ဩစတြေးလျနိုင်ငံ၏ တရားဝင်အမည်မှာ ဩစတြေးလျ ဓနသဟာယ နိုင်ငံဟု ခေါ်ဝေါ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းတွင် တည်ရှိသည်
ဩစတြေးလျနိုင်ငံတွင် ကမ္ဘာ့အသေးဆုံးတိုက်ဖြစ်သော ဩစတြေးလျတိုက်၊ တက်စမေးနီးယားကျွန်းမကြီး၊ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုပေါင်းများစွာ ပါဝင်သည်
အိမ်နီးချင်းနိုင်ငံများမှာ မြောက်ဘက်၌ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့တီမောနိုင်ငံနှင့် ပါပူအာနယူးဂီနီနိုင်ငံ၊ အရှေ့မြောက်ဘက်၌ ဆော်လမွန်ကျွန်းစုများ၊ ဗနွားတူနိုင်ငံနှင့် နယူးကယ်လီဒိုးနီးယား၊ အရှေ့တောင်ဘက်တွင် နယူးဇီလန်နိုင်ငံတို့ ဖြစ်သည်
ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုတည်းက တိုက်တစ်ခုလုံးကို နေရာယူထားသော တိုက်ဟူ၍ ဩစတြေးလျတစ်ခုသာ ရှိသည်
ဩစတြေးလျ ကုန်းမကြီးပေါ်တွင် ဩစတြေးလျ နေရင်းလူမျိုးတို့ နေထိုင် လာခဲ့ကြ သည်မှာ နှစ်ပေါင်း ၄၂၀၀၀ ကျော်မျှ ရှိပြီဖြစ်သည်
မြောက်ဘက်အရပ်မှ တံငါသည်များ တစ်ခါတစ်ရံလာရောက်မှုနှင့် ဥရောပမှ ဒတ်ချ်လူမျိုး စူးစမ်းရှာဖွေသူတို့၏ ၁၆၀၆ ခု ရှာဖွေတွေ့ရှိမှု အပြီးတွင် ဩစတြေးလျအရှေ့ခြမ်းကို ဗြိတိသျှတို့က ပိုင်နက်အဖြစ် ၁၇၇၀ တွင် ကြေညာခဲ့သည်
အစကနဦးပိုင်းတွင် ၂၆ ဇန်နဝါရီ ၁၇၈၈ မှ အစပြု၍ နယူး ဆောက်ဝေး ကိုလိုနီဒေသသို့ ရာဇဝတ်မှု ကျူးလွန်သူတို့အား ပို့လွှတ်ရာ ဒေသအဖြစ် အသုံးပြုခြင်းအားဖြင့် အင်္ဂလိပ်တို့ စတင် ရောက်ရှိလာခဲ့သည်
လူဦးရေ တိုးပွားလာပြီး နယ်မြေသစ်များ ရှာဖွေတွေ့ရှိ လာသည်နှင့်အမျှ ၁၉ ရာစုနှစ်တွင် ဗြိတိသျှ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရသော ရေမြေခြား ကိုလိုနီတိုင်းကြီး ၅ တိုင်းကို ထပ်မံ တည်ထောင်ခဲ့သည်
ဇန်နဝါရီလ ၁ ရက် ၁၉၀၁ တွင် ကိုလိုနီတိုင်းကြီး ၆ တိုင်းကို ဖက်ဒရယ်စနစ်ဖြင့် ပူးပေါင်းခဲ့ပြီး ဩစတြေးလျ ဓနသဟာယနိုင်ငံကို ထူထောင်ခဲ့သည်
Australia ဟူသောစကားလုံးသည် လက်တင်ဘာသာစကား australis မှ ဆင်းသက် လာသည်
တောင်ပိုင်း "southern" ဟု အဓိပ္ပာယ်ရသည်
ရောမခေတ်က "unknown land of the south" အမျိုးအမည် မသိသေးသော ကမ္ဘာ့တောင်ပိုင်းကုန်းမြေ (terra australis incognita) ဟု ခေါ်ဝေါ်ခဲ့ကြကြောင်း ဒဏ္ဍာရီလာပုံပြင်များအရ သိရှိရသည်
ခိုင်လုံသော အထောက်အထား မှတ်တမ်းအနေဖြင့် ၁၆၂၅ခုနှစ်တွင် မာစတာ ဟက္ကလွတ် ရေးသားသော "A note of Australia del Espíritu Santo" စာအုပ်တွင် Australia ဟူသောစကားလုံးကို သုံးနှုန်းထားကြောင်း ပထမဆုံး တွေ့ရှိရသည်
၁၆၃၈ ခုနှစ်တွင် ဩစတြေးလျမြေပေါ်သို့ ပထမဆုံး အခြေချခဲ့သော ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ၏ မှတ်တမ်းများတွင် Australische ဟု ရေးသားသုံးနှုန်းခဲ့ကြသည်
Australia ဟူသော စကားလုံးကို တွင်ကျယ်စွာ အသုံးပြုလာကြသည်မှာ ၁၈၀၄ ခုနှစ်ရောက်မှ ဖြစ်သည်
မက်သယူး ဖလင်းဒါးစ်က ၁၈၁၄ ခုနှစ်တွင် ထုတ်ဝေသော A Voyage to Terra Australis ဟူသည့် စာတမ်းများနှင့် ရုပ်ပုံများတွင် စတင်သုံးစွဲလိုက်ခြင်းဖြစ်သည်
၁၈၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးရုံးမှ တရားဝင် စတင်ခေါ်ဝေါ်သုံးစွဲခဲ့သည်
၁၈၂၄ ခုနှစ်တွင် Admiralty မှ သဘောတူလက်ခံပြီး ဩစတြေးလျတိုက်ဟု တရားဝင် ပြဋ္ဌာန်းလိုက်သည်
လွန်ခဲ့သောနှစ်ပေါင်း ၄၀,၀၀၀ မှ ၆၀,၀၀၀ ကြားခန့်လောက်ကတည်းက ဩစတြေးလျတိုက်တွင် လူသားတို့ စတင်အခြေချ နေထိုင်ခဲ့ကြသည်ဟု ပညာရှင်များ တွက်ဆကြသည်
ကုန်းမြေ အနေအထား အနီးဆုံးဖြစ်သော အရှေ့တောင်အာရှဒေသမှ ပင်လယ်ကိုဖြတ်သန်းကာ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်
၁၈ ရာစုနှစ် ဥရောပတိုက်သားများ စတင်ရောက်ရှိလာချိန်အထိ အဆိုပါ ဒေသခံ ဩစတြေးလျ တိုင်းရင်းသားများမှာ အမဲလိုက်ခြင်း၊ ယာဇ်နတ်ပူဇော်ပသခြင်းတို့ဖြင့်သာ အသက်မွေးကြကြောင်း မှတ်တမ်းများအရ သိရှိရသည်
ဖက်ဒရယ်ပြည်ထောင်စုအပေါ်အခြေခံထားသော စည်းမျဉ်းခံဘုရင်စနစ် ဒီမိုကရေစီနိုင်ငံဖြစ်သည်
နိုင်ငံတော်၏ အကြီးအကဲမှာ ဒုတိယမြောက် အဲလီဇဘက် ဘုရင်မကြီး ဖြစ်သည်
ဘုရင်ခံချုပ်တွင် အာဏာရှိသော်လည်း သာမန်အားဖြင့် ဝန်ကြီးချုပ်မှသာ နိုင်ငံကို အုပ်ချုပ်သည်
သို့ရာတွင် ဘုရင်ခံချုပ်သည် ဝန်ကြီးချုပ်ကို ကျော်လွန်၍ အာဏာသုံးပိုင်ခွင့် ရှိကြောင်းကို ၁၉၇၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းဖြစ်ချိန်တွင် ဘုရင်ခံချုပ်က ဝတ္တလမ်အစိုးရအဖွဲ့ကို ဖျက်သိမ်းပစ်ခဲ့ခြင်းဖြင့် ပြသခဲ့သည်
အစိုးရတွင် အာဏာပိုင်အဖွဲ့အစည်း သုံးရပ်ရှိသည်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ဖြစ်ကြသည်
ဩစတြေးလျနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရ၏အချုပ်အခြာအာဏာကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ဖွဲ့က ချုပ်ကိုင်ခြင်းမရှိစေရန် အောက်ပါအတိုင်း အစိုးရ၏ အာဏာပိုင်အဖွဲ့ သုံးခုကြားတွင် ခွဲဝေအုပ်ချုပ်စေသည်
ထိုအစိုးရ အာဏာပိုင်အဖွဲ့ သုံးဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာများမှာ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ နှင့် တရားစီရင်ရေး အာဏာတို့ဖြစ်ကြသည်
ဥပဒေပြုရေး အာဏာ လွှတ်တော်သည် ဥပဒေပြုရေး နှင့် ဥပဒေပြင်ဆင်ရေး ဆိုင်ရာလုပ်ပိုင်ခွင့် အာဏာရှိသည်
၎င်း လွှတ်တော်ကို ဩစတြေးလျနိုင်ငံ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်
အုပ်ချုပ်ရေး အာဏာ ဥပဒေပြုရေးကပြဋ္ဌာန်းထားသော တရားဥပဒေများကို အကောင်ထည်ဖော် အသက်သွင်းရန်အလုပ်မှာ အုပ်ချုပ်ရေးအာဏာဖြစ်သည်
ထိုအုပ်ချုပ်ရေးအဖွဲ့တွင် ဩစတြေးလျနိုင်ငံ ဝန်ကြီးများနှင့် ဘုရင်ခံချုပ်တို့ပါဝင်သည်
ဝန်ကြီးတစ်ဦးစီသည် အစိုးရဌာနတစ်ခု၊ သို့မဟုတ် တစ်ခုထက်ပိုသောဌာနများကို တာဝန်ယူကြရသည်
တရားစီရင်ရေး အာဏာ ဩစတြေးလျနိုင်ငံတွင် တရားသူကြီးများသည် တရားဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် လက်တွေ့ကျင့်သုံးဖော်ဆောင်ရန် အခွင့်အာဏာရှိသည်
တရားရုံးနှင့် တရားသူကြီးများသည် လွှတ်တော်နှင့် အစိုးတို့၏ ဩဇာလွှမ်းမိုးမှုအောက်တွင်မရှိသော တရားစီရင်ရေးအတွက် သီးသန့်တည်ရှိသောအဖွဲ့ဖြစ်သည်
ပါလီမန်တွင် လွှတ်တော်နှစ်ရပ် ပါဝင်သည်
အထက်လွှတ်တော် ကိုယ်စားလှယ်ဦးရေ (၇၆) နေရာနှင့် အောက်လွှတ်တော် ကိုယ်စားလှယ်ဦးရေ (၁၅၀) နေရာတို့ဖြင့် ဖွဲ့စည်းထားသည်
ပါလီမန်မှ အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ခေါင်းဆောင်မှာ ဝန်ကြီးချုပ်ဖြစ်သည်
နိုင်ငံရေးပါတီ အဓိကပြိုင်ဘက် ပါတီနှစ်ခုရှိသည်
ဩစတြေးလျန်း လေဘာပါတီနှင့် နှစ်ပါတီ ညွန့်ပေါင်းအဖွဲ့တို့ ဖြစ်သည်
ညွန့်ပေါင်းအဖွဲ့တွင် လစ်ဘရယ်ပါတီနှင့် နေရှင်နယ်ပါတီတို့ ပူးပေါင်းထားခြင်းဖြစ်သည်
သဂရင်းနှင့် ဩစတြေးလျန်းဒီမိုကရက်တို့ ကဲ့သို့သော အခြားနိုင်ငံရေး ပါတီငယ်များလည်း ရှိသေးသည်
ပြည်နယ် (၆)ခုရှိသည်
နယူးဆောက်သ်ဝေးလ်စ် (New South Wales - NSW)၊ ကွင်းစ်လန် (Queensland - QLD)၊ တောင်ပိုင်း ဩစတြေးလျ (South Australia - SA)၊ တက်စ်မေးနီးယား (Tasmania - TAS)၊ ဝိတိုရိယ (Victoria - VIC)၊ အနောက်ပိုင်း ဩစတြေးလျ (Western Australia - WA) တို့ဖြစ်ကြသည်
ထို့အပြင် အဓိက ဒေသကြီး နှစ်ခုရှိသည်
ဩစတြေးလျနိုင်ငံ မြောက်ပိုင်းဒေသကြီး (Northern Territory - NT) နှင့် ဩစတြေးလျ မြို့တော် ဒေသကြီး (Australian Capital Territory - ACT) တို့ဖြစ်သည်
နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်သည် ဗြိတိသျှလူမျိုးတို့ ကိုလိုနီနယ်မြေ စတင်ထူထောင်ခဲ့သော ပြည်နယ်တစ်ခု ဖြစ်သည်
ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့တော် ဆစ်ဒနီမြို့သည် နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တွင်း မြို့တော်ဖြစ်သည်
ကမ္ဘာကျော် ဆစ်ဒနီ ဟာဘာဘရစ်ဂျ် (Harbour Bridge) - ဆိပ်ကမ်းတံတား နှင့် ဆစ်ဒနီ အော်ပရာ‌ ‌ဟောက်စ် (Opera House) ပြဇာတ်ရုံတို့မှာ ဆစ်ဒနီမြို့တော်၏ အထင်ကရနေရာများဖြစ်ကြသည်
၎င်းပြည်နယ်တွင်း၌ အက်ဘော်ရစ်ဂျင်နယ် (Aboriginal) တိုင်းရင်းသားလူမျိုးစုနွယ်များ အများဆုံးနေထိုင်ကြသည်
ကွင်းစလန်ပြည်နယ်၏ မြို့တော်မှာ ဘရစ်စဘန် (Brisbane) မြို့ ဖြစ်သည်
ဒုတိယ အကြီးဆုံး ကွင်းစလန်ပြည်နယ်၏ မြောက်ဘက်တွင် တောရက်စ် ရေလက်ကြားကျွန်းများ၊ အပူပိုင်းအမြဲစိမ်းသစ်တောများ၊ အပူချိန် သင့်တင့်လျောက်ပတ်သော ကမ်းရိုးတမ်း နေရာများ နှင့် ရာသီလိုက် ခြောက်သွေ့ကုန်းတွင်းပိုင်း တို့ ရှိကြသည်
ဤ ပြည်နယ်တွင်း၌ ကမ္ဘာတွင်နာမည်ကြီးသော မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး (Great Barrier Reef) သည် အရှေ့ဘက်ကမ်းရိုးတမ်းတစ်လျှောက် သွယ်တန်းလျက်ရှိသည်
တောင်ပိုင်း ဩစတြေးလျ ပြည်နယ်သည် ကျောက်ဆောင်ကမ်းပါး ပေါများထူထပ်သည်
လူသိများကျော်ကြားသော ဝိုင်အရက်များ ထွက်သည့် နေရာများရှိသည်
၎င်းပြည်နယ်၏ မြို့တော်မှာ အယ်ဒန်(လ်)လေ (Adelaide) ဖြစ်ပြီး ကိုလိုနီခေတ်ချိန်က တည်ဆောက်ထားခဲ့သော ဗိသုကာလက်ရာမွန်များစွာ ကျန်ရစ်တည်ရှိဆဲဖြစ်သည်
တက်စ်မေးနီးယား ပြည်နယ်သည် ဩစတြေးလျနိုင်ငံ၏ အသေးဆုံးပြည်နယ်ဖြစ်ပြီး၊ 'ဘေ့စ် စထရိတ်' ရေလက်ကြား (Bass Strait)က ထိုပြည်နယ်နှင့် ပင်မ ဩစတြေးလျတိုက်ကုန်းမြေကို ပိုင်းခြားထားသည်
တက်စ်မေးနီးယားကျွန်းမြေပေါ်တွင် လူအနည်းစုသာနေထိုင်သည့် အပြင်လူသူ အရောက်အပေါက် နည်းသဖြင့် တော်တော်များများ ကုန်းမြေများမှာ သဘာဝ အတိုင်းရှိ၍ လူတို့၏ဒဏ် မခံရပေ
တက်စ်မေးနီးယား ပြည်နယ်၏ မြို့တော်မှာ ဟိုးဘတ်ထ် (Hobart) ဖြစ်သည်
ဝိတိုရိယ ပြည်နယ်မှာ ဩစတြေးလျတိုက်၏ ကုန်းတွင်းပိုင်းပြည်နယ်များတွင် အသေးဆုံးပြည်နယ် တစ်ခုဖြစ်သည်
ထိုပြည်နယ်တွင် ၁၈၅၀ ခုနှစ်များတွင်း ရွှေထွက်စဉ်ကာလများက တည်ဆောက်ထားခဲ့သော အလွန်ကောင်းမွန်လှသည့် ဗိသုကာလက်ရာများ လည်းရှိသည်
ဝိတိုရိယ ပြည်နယ်၏ မြို့တော်မှာ မဲလ်ဘန်း (Melbourne) ဖြစ်သည်
အနောက်ပိုင်း ဩစတြေးလျ ပြည်နယ်သည် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးပြည်နယ်ဖြစ်သည်
ပြည်နယ်၏ အရှေ့ဘက်တွင် သဲကန္တာရကြီးများရှိပြီး၊ အနောက်တောင်ဘက်တွင်မူ မြေဩဇာကောင်း၍ ကောက်ပဲသီးနှံ စိုက်ပျိုးရန် သင့်တော်သည့်အပြင်၊ ဝိုင်အရက်ချက်သည့် စပျစ်ပေါရာတည်နေရာဖြစ်သည်
ထိုပြည်နယ်တွင် အဓိကအားဖြင့် သတ္တုတွင်းလုပ်ငန်း လုပ်ကွက်များကိုလုပ်ကြသည်
ပြည်နယ်လူဦးရေ စုစုပေါင်း၏ လေးပုံသုံးပုံမှာ ၎င်းပြည်နယ်၏ မြို့တော်ဖြစ်သော ပတ်သ်မြို့ (Perth) တွင် မှီတင်းနေထိုင်ကြသည်
ဩစတြေးလျနိုင်ငံ မြောက်ပိုင်းဒေသကြီး၏ မြောက်ဘက်တွင် အပူပိုင်းကုန်းမြေနှင့် တောင်ဘက်တွင် မြေနီ သဲကန္တာရတို့ရှိကြသည်
လူဦးရေနည်းပြီး အများစုမှာ ထိုပြည်နယ်၏ မြို့တော် ဒါရ်ဝင်မြို့ (Darwin)တွင် နေထိုင်သည့်အပြင် ၎င်းဒါရ်ဝင်မြို့ နှင့် အဲလစ်စပရင်းစ် (Alice Springs)မြို့ကြားရှိ အဝေးပြေးကားလမ်းကြီးတလျောက်တွင် နေထိုင်ကြသည်
အဲလစ်စပရင်းစ် (Alice Springs)မြို့သည် ဩစတြေးလျနိုင်ငံအလယ်တဝိုက်တွင် ခရီးသွားများ အလည်သွားရာ နာမည်ကြီး မြို့လေးတစ်မြို့ဖြစ်သည်
အဓိကဆောင်ပါး - ဩစတြေးလျ မြို့တော်နယ်မြေဩစတြေးလျ မြို့တော် နယ်မြေ၏တည်နေရာသည် ဆစ်ဒနီမြို့ နှင့် မဲလ်ဘုန်းမြို့ကြားတွင်တည်ရှိသည်
ဩစတြေးလျ မြို့တော် ဒေသကြီးဟုဆိုသည့်အတိုင်း ဩစတြေးလျနိုင်ငံ မြို့တော် ကန်ဘာရာ တည်ရှိရာပြည်နယ်ဖြစ်သည်
၎င်းမြို့တော် ကန်ဘာရာသည် လွှတ်တော် 'ပါလီမန် ဟောက်စ်' (Parliament House) နှင့် ဗဟိုတရားရုံး 'ဟိုင်းကော့တ်' (High Court) တို့ကဲ့သို့သော အရေးကြီးသည့် နိုင်ငံတော် အထင်ကရ အဖွဲ့အစည်းများ ရုံးစိုက်ရာ အရပ်ဖြစ်သည်
ဩစတြေးလျတိုက်တွင် ကနဦးနေထိုင်သူ ဒေသခံ ဩစတြေးလျ တိုင်းရင်းသားများမှာ အက်ဘော်ရစ်ဂျင်နယ် (Aboriginal) နှင့်တောရက်စ် ရေလက်ကြားကျွန်းသား (Torres Strait Islander) တို့ဖြစ်သည်ဟု သမိုင်းအထောက်အထားများအရ သိရှိရသည်
အက်ဘောင်ရစ်ဂျင်နယ် လူမျိုးစုများသည် ဩစတြေးလျတိုက်ကြီး၏ အဓိက ကုန်းတွင်းပိုင်းနေရာများ နှင့် တက်စ်မေးနီးယား တို့တွင် အစပျိုး မှီတင်းနေထိုင်ကြပြီး၊ တောရစ် ရေလက်ကြားကျွန်းသားများမှာတော့ ကွင်းစလန်ပြည်နယ်မြောက်ပိုင်းရှိ ကျွန်းများပေါ်တွင် နေထိုင်ခဲ့ကြပေသည်
နေရာဒေသအလိုက် ထိုလူမျိုးစုများသည် မတူကွဲပြားသော စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှု လက္ခဏာများရှိကြသည်
ထိုကနဦး နေထိုင်လာသူ တိုင်းရင်သားများ တွင် တူညီသော ယုံကြည်ချက်များ၊ အစဉ်အလာ ဓလေ့ထုံးတမ်းစဉ်လာ များလည်း ရှိပြီး ယနေ့တိုင် ဆက်လက်ထိန်းသိမ်းလာကြကာ ၎င်းတို့ကို သက်ဝင်ယုံကြည် နေကြသည်
နေ့စဉ် မိမိတို့ ဘဝရှင်သန်မှုကို ၎င်းတို့ ယုံကြည်သော အရာများက လမ်းပြပို့ဆောင်သည်ဟု ယုံကြည်ကြ၏
ထို့ပြင်သူတို့ နှစ်ပေါင်းများစွာသက်ရှင်နေထိုင်ခဲ့သော ရေမြေသဘာဝကြီး နှင့် ၎င်းတို့ ယုံကြည်ရာ အချင်းအရာတို့သည် ဆက်နွယ်မှုရှိသည်ဟု ခေတ်အဆက်ဆက် သယ်ဆောင်လာကြသော ပုံပြင်များက အထင်အရှားဖြစ်စေသည်
ခရစ်သက္ကရာဇ် ၁၇၀၀ ခုနှစ်နောက်များမှ စ၍ ဥရောပနိုင်ငံသားများသည် ယခုလက်ရှိ ဩစတြေးလျတိုက် ကုန်းမြေကြီးကို စတင်တွေ့ရှိကာ ဝင်ရောက်နေထိုင်ကြသည်ဟု သမိုင်းအထောက်အထားများက ဖော်ပြထားသည်
၎င်းအထောက်အထားများအရ အစောဆုံးအနေဖြင့် ဂရိတ်ဗြိတိန်(Great Britain) နိုင်ငံသား များသည် ၂၆ ဇန်နဝါရီလ ၁၇၈၈ ခုနှစ်တွင် အကျဉ်းသားများ သယ်ဆောင်လာသော သင်္ဘောအစင်းပေါင်း ၁၁ စီးဖြင့် စတင်ရောက်ရှိလာခဲ့ကြသည်