Dataset Viewer
Auto-converted to Parquet
title
stringlengths
8
103
text
stringlengths
15
719k
Human: ဘုရားကြီးကုန်း (အရှေ့)ရွာ၊ ကြို့ပင်ကောက်မြို့နယ်
Assistant: ဘုရားကြီးကုန်း (အရှေ့)ရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၄၄၅၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘုရားကြီးကုန်းကျေးရွာအုပ်စုတွင် ကျား ၆၆၉ ဦး၊ မ ၇၀၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၃၇၁ ဦးနေထိုင်သည်။ ကိုးကား ကြို့ပင်ကောက်မြို့နယ်ရှိ ရွာများ
Human: ပါဆာရွာ၊ လားရှိုးမြို့နယ်
Assistant: ပါဆာရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၅၉၁၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပုန်းထွန်ကျေးရွာအုပ်စုတွင် ကျား ၆၂၆ ဦး၊ မ ၆၃၇ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၆၃ ဦးနေထိုင်သည်။ ကိုးကား လားရှိုးမြို့နယ်ရှိ ရွာများ
Human: ရွှမ်းရှီ
Assistant: ရွှမ်းရှီ () သည် ပျော်ရွှင်မှု နှစ်ထပ်ကွမ်းဟု အဓိပ္ပာယ် ရသည်။ လက်ထပ်ထိမ်းမြားရာတွင် အသုံးပြုကြသည့် တရုတ်ရိုးရာ အလှဆင် ဒီဇိုင်းစာလုံးဖြစ်သည်။ ဖွဲ့စည်းပုံ ပျော်ရွှင်ခြင်းဟု အဓိပ္ပာယ်ရသည့် တရုတ်စကားလုံး () နှစ်လုံးကို ကပ်၍ရေးထားခြင်းဖြစ်ပြီး၊ ရွှမ်းရှီ (shuāngxǐ)ဟု အသံထွက်သည်။ (တရုတ်ပြည်မတောင်ပိုင်းနှင့် မြန်မာတရုတ်အများစုက စွမ်းရှီဟုလည်း အသံထွက်ကြသည်။) ကိုးကား တရုတ် ဓလေ့ထုံးစံများ
Human: ဖလေးရွာ၊ ကဝမြို့နယ်
Assistant: ဖလေးရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဖလေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၆၀၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဖလေးကျေးရွာအုပ်စုတွင် ကျား ၁၇၀၂ ဦး၊ မ ၁၉၁၅ ဦး၊ လူဦးရေ စုစုပေါင်း ၃၆၁၇ ဦးနေထိုင်သည်။ ဖလေးရွာသည် ရှေးယခင်က လှေမပေါက်၊ လှည်းမရောက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ရွာတရွာဖြစ်ခဲ့သည်။ ထိုအချက်ကြောင့် စစ်မက်ထူပြောသော ကာလများတွင် စစ်ဘေးခိုလှုံရာ နေရာဖြစ်ခဲ့သည်။ စစ်ဘေးရှောင်သော ဟိန္ဒူ၊ တမီလ်၊ တရုတ်၊ ပန်းသေးနှင့် အာရပ်နွယ်ဖွား လူမျိုးပေါင်းစုံတို့ ခိုလှုံရာ နေရာဖြစ်ခဲ့သည်။ ၎င်းလူမျိုးစုံတို့ ဈေးဝယ်ဖောက်ကားသော ဈေးနေရာ တခုလည်း ဖြစ်သည်။ စီးပွားရေး ဖလေးရွာတွင် ကြေးမီးခြစ်လုပ်ငန်းသည် ဖလေးရွာ၏ သင်္ကေတဖြစ်သည်။ အင်္ဂလိပ်မင်း လက်ထက်ကတည်းက ကြေးမီးခြစ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ တစ်ချိန်က ဖလေးတံဆိပ်ရိုက်နှိပ်ထားသော ကြေးဖြူ၊ ကြေးနီ၊ ကြေးဝါ မီးခြစ်များသည် အောက်မြန်မာပြည် တစ်ခွင်မှာ နာမည်ကျော်ကြားခဲ့သည်။ ဖလေးရွာတွင် မီးခြစ်ဖို သုံးဆယ်ကျော် ရှိခဲ့ပြီး ကြေးပြား၊ မီးခြစ်ဘီး၊ စပရင်၊ မီးခြစ်ကျောက်၊ ဝက်အူ ရောင်းသော မီးခြစ်အပိုပစ္စည်းဆိုင်များပင် ရှိခဲ့သေးသည်။ ကြေးမီးခြစ်လုပ်ငန်းကို ဖလေးရွာအပြင် မုဒုံ၊ ဒေးဒရဲ၊ ဓနုဖြူမြို့များတွင်လည်း ပြုလုပ်ကြသေးသည်။ သို့သော် ဖလေးမီးခြစ်လောက် မမှီပေ။ ဖလေးမီးခြစ်သည် ဆယ်နှစ်လောက် အသုံးခံသည်။ ကိုးကား ကဝမြို့နယ်ရှိ ရွာများ
Human: ပိတောက်ပင်ရွာ၊ သရက်မြို့နယ်
Assistant: ပိတောက်ပင်ရွာ ()သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၀၆၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပိတောက်ပင်ကျေးရွာအုပ်စုတွင် ကျား ၁၀၇၉ ဦး၊ မ ၉၈၀ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၅၉ ဦးနေထိုင်သည်။ ကိုးကား သရက်မြို့နယ်ရှိ ရွာများ
Human: ဂိအွန်းဘူတာ
Assistant: ဂိအွန်းဘူတာသည် ဂျပန်နိုင်ငံရှိ ဘူတာရုံနှစ်ခု၏ အမည် ဖြစ်သည်။ ဂိအွန်းဘူတာ (ဖုခုအိုခ) ဂိအွန်းဘူတာ (ချိဘ)
Human: ကျောက်ဆည်ရွာ၊ သရက်ချောင်းမြို့နယ်
Assistant: ကျောက်ဆည်ရွာ()သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ဖြစ်သည်။ အထက(ခွဲ) ရှိသည်။ ကိုးကား သရက်ချောင်းမြို့နယ်ရှိ ရွာများ
Human: ဘာလဲရွာ၊ မိုင်းဆတ်မြို့နယ်
Assistant: ဘာလဲရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းနင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၃၇၇၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းနင်းကျေးရွာအုပ်စုတွင် ကျား ၁၆၂၀ ဦး၊ မ ၁၅၅၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၇၈ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား မိုင်းဆတ်မြို့နယ်ရှိ ရွာများ
Human: ပတောက်ငုပ်ရွာ၊ နတ်မောက်မြို့နယ်
Assistant: ပတောက်ငုပ်ရွာ ()သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ပတောက်ငုပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၇၃၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပတောက်ငုပ်ကျေးရွာအုပ်စုတွင် ကျား ၆၇၁ ဦး၊ မ ၈၂၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၄၉၉ ဦးနေထိုင်သည်။ ကိုးကား နတ်မောက်မြို့နယ်ရှိ ရွာများ
Human: လက်ပံကွက်ရွာ၊ ရေဦးမြို့နယ်
Assistant: လက်ပံကွက်ရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ချောင်းဆုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၂၈၆ ဖြစ်သည်။ ကိုးကား ရေဦးမြို့နယ်ရှိ ရွာများ
Human: ဟနမိဇုဇခဘူတာ
Assistant: ဟနမိဇုဇခဘူတာ (花水坂駅 ဟနမိဇုဇခ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ဖုခုရှီးမားခရိုင်၊ ဖုခုရှီးမားမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
Human: မတ် ၁၉၆၃
Assistant: (၁) ရက် (၂) ရက် (၃) ရက် (၄) ရက် (၅) ရက် (၆) ရက် (၇) ရက် (၈) ရက် (၉) ရက် (၁၀) ရက် (၁၁) ရက် (၁၂) ရက် (၁၃) ရက် (၁၄) ရက် (၁၅) ရက် (၁၆) ရက် (၁၇) ရက် (၁၈) ရက် (၁၉) ရက် (၂၀) ရက် (၂၁) ရက် (၂၂) ရက် (၂၃) ရက် (၂၄) ရက် (၂၅) ရက် (၂၆) ရက် (၂၇) ရက် (၂၈) ရက် (၂၉) ရက် (၃၀) ရက် (၃၁) ရက် ကိုးကား မတ် ၁၉၆၃
Human: ဂေဟစနစ်
Assistant: ဂေဟစနစ်ဆိုသည်မှာ ဇီဝဆိုင်ရာ သဘာဝပတ်ဝန်းကျင်တစ်မျိုးဖြစ်ပြီး ဒေသတစ်ခုအတွင်းနေထိုင်ကြသော သက်ရှိများနှင့် သက်မဲ့ (အေဘီရောတစ်)များအားလုံး၊ သက်ရှိတို့နှင့် အပြန်အလှန်ဆက်စပ်နေသော ရေ၊ မြေ၊ လေနှင့် နေရောင်ခြည် စသည့် သဘာဝပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ပါဝင်ကြသည်။ မိတ်ဆက် ဂေဟစနစ် တစ်မျိုးအတွင်း နေထိုင်ကြသော သက်ရှိများ အားလုံးတို့ကို ကွန်မြူနတီ ဟု ခေါ်သည်။ ကွန်မြူနတီတစ်ခုတွင် မျိုးစိတ်ပေါင်းမြောက်မြားစွာ ပါဝင်နိုင်သကဲ့သို့ မျိုးစိတ်တစ်ခုတည်းလည်းဖြစ်နိုင်သည်။ ပုံမှန် ဂေဟစနစ်တစ်ခုတွင် အပင်များနှင့် နေရောင်ခြည်ဖြင့် အစာချက်လုပ်သော သက်ရှိများမှာ အစာကို ပံ့ပိုးပေးသူများဖြစ်ကြသည်။ ဂေဟစနစ်သည် အမြဲတစေတည်ရှိနိုင်သကဲ့သို့ ခေတ္တခဏမျှသာလျှင်တည်ရှိသော ဂေဟစနစ်လည်းဖြစ်နိုင်သည်။ ဂေဟစနစ်များမှ အစာကွန်ယက်အများအပြားကို ဖြစ်ပေါ်စေသည်။
Human: ရင်ဇင်းရွာ၊ သာစည်မြို့နယ်
Assistant: ရင်ဇင်းရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သဲပုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၄၃၆၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သဲပုံကျေးရွာအုပ်စုတွင် ကျား ၈၅၇ ဦး၊ မ ၉၈၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၃၉ ဦးနေထိုင်သည်။ ကိုးကား သာစည်မြို့နယ်ရှိ ရွာများ
Human: ဥရဂဇာတ်
Assistant: (၂)ဇာတ် ရှိပါသည်။ ဒုကနိပါတ် - ၁။ ဒဠှဝဂ် -၁၅၄ - ဥရဂဇာတ်။ ။ ရသေ့ကိုမှီ၍ သေဘေးမှ ချမ်းသာရသော နဂါး အကြောင်း။ ပစ္စုပ္ပန်ဝတ္ထု မေတ္တာကျိုးပြ မဂ်ဖိုလ်ရ နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ စစ်သူကြီး နှစ်ယောက်တို့သည် အချင်းချင်း တွေ့မြင်ရာအရပ်၌ ငြင်းခုံ ခိုက်ရန် ပြုကြကုန်သတတ်။ ထိုစစ်သူကြီးတို့ ငြင်းခုံ ခိုက်ရန်ဖြစ်ခြင်းကား တစ်မြို့လုံး ပျံ့နှံ့ထင်ရှား၏။ မင်းကြီးသည် လည်းကောင်း၊ ဆွေမျိုးဉာတိအဆွေခင်ပွန်းတို့သည် လည်းကောင်း အချင်းချင်း သင့်တင့်ညီညွတ်အောင် မပြုလုပ်နိုင်ကြကုန်။ တစ်နေ့သ၌ မြတ်စွာဘုရားသည် မိုးသောက်ထအခါ ကျွတ်ထိုက်သော သတ္တဝါတို့ကို ကြည့်ရှုတော်မူလျှင် ထိုစစ်သူကြီး နှစ်ယောက်ကို မြင်တော်မူ၍ ဆွမ်းခံချိန် အခါဝယ် ကိုယ်တော်ပါးတည်းသာ ဆွမ်းခံကြွတော်မူရာ စစ်သူကြီး တစ်ယောက်၏ အိမ်တံခါးတွင် ရပ်တော်မူ၏။ စစ်သူကြီးလည်း မြတ်စွာဘုရားကို အိပ်ပေါ်သို့ ပင့်လေ။ မြတ်စွာဘုရားလည်း စစ်သူကြီးအား မေတ္တာအကျိုးကို ဟောတော်မူ၍ သစ္စာကို ပြတော်မူသော အဆုံးတွင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ မေတ္တာရေလောင်း ရန်ပြေကြောင်း မြတ်စွာဘုရားလည်း သောတာပန် ဖြစ်ပြီးသည်ကို သိတော်မူလျှင် စစ်သူကြီးကို သပိတ်ထမ်းခေါ်ယူလျက် တခြား စစ်သူကြီး အိမ်တံခါးတွင် ရပ်ပြန်၏။ ထိုစစ်သူကြီးလည်း မြတ်စွာဘုရားကို အိပ်ပေါ်သို့ ပင့်လေ၏။ ဆန့်ကျင်ဘက် စစ်သူကြီးလည်း လိုက်လေ၏။ မြတ်စွာဘုရားသည် ထိုစစ်သူကြီးအားလည်း မေတ္တာအကျိုးကို ဟောတော်မူ၍ သစ္စာကိုပြတော်မူသည့်အဆုံးတွင် ဆန့်ကျင်ဘက် စစ်သူကြီးလည်း သေတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုအခါ နှစ်ယောက်သော စစ်သူကြီးတို့သည် သောတာပန် ဖြစ်ကုန်ပြီးသော် အချင်းချင်း အပြစ်ကိုပြကာ ကန်တော့ကြပြီးလျှင် ညီညွတ်ကြကုန်၏။ ဝမ်းမြောက်ကြကုန်၏။ အလိုဆန္ဒ တူမျှကြကုန်၏။ မြတ်စွာဘုရားလည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ကျောင်းတော်သို့ ကြွတော်မူ၏။ စစ်သူကြီးတို့လည်း အတူတကွ နောက်တော်မှ လိုက်ကြကုန်၏။ ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... မြတ်စွာဘုရားသည် မယဉ်ကျေးသေးသောသူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူနိုင်ပေသည်။ ကောသလမင်းကြီးမှစ၍ မည်သူမျှ သင့်တင့် ညီညွတ်၍မရသော စစ်သူကြီး နှစ်ယောက်ကို သင့်တင့်ညီညွတ်အောင် ပြုလုပ်တော်မူနိုင်ပေသည်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူမူ၍ “ရဟန်းတို့ ... ဤစစ်သူကြီး နှစ်ယောက်တို့ကို ယခုအခါ၌သာ သင့်တင့်ညီညွတ်အောင် ပြုလုပ်သည်မဟုတ်၊ ရှေးအခါ၌လည်း ပြုလုပ်ခဲ့ဖူးပြီး” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထု ပွဲတော်အတွက် ပျော်မွေ့လျက် လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗာရာဏသီမြို့တော်ဝယ် ကြီးကျယ်သော ပွဲလမ်းသဘင်သည် ဖြစ်သတတ်။ ထိုအခါ များစွာသော လူတို့သည် လည်းကောင်း၊ နတ်၊ နဂါး၊ ဂဠုန် အစရှိသည်တို့သည် လည်းကောင်း ပွဲသဘင် ကြည့်ရှုရန် စည်းဝေး ရောက်ရှိလာကြကုန်၏။ ထိုပွဲသဘင်၏ နေရာတစ်ခုဝယ် လူယောင် ဖန်ဆင်းလာသော နဂါးတစ်ကောင်နှင့် ဂဠုန်တစ်ကောင်တို့သည် အချင်းချင်း မသိကြဘဲ အမှတ်မဲ့ဖြစ်၍ ဂဠုန်၏ ပခုံးတွင် နဂါးက လက်တင်လျက် အတူတကွ ကြည့်ရှုနေကြကုန်၏။ သေဘေးလွတ်ရေး ရသေ့ထံပြေး ထိုအခါ ဂဠုန်သည် ငါ့ပခုံးမှာ ဘယ်သူ လက်တင်သနည်းဟု ကြည့်လတ်သော် နဂါးမှန်းသိလေ၏။ နဂါးကလည်း ပြန်၍ ကြည့်လတ်သော် ဂဠုန်မှန်း သိပြန်၏။ ထိုအခါ သေးဘေးမှ ကြောက်ရကား မြို့မှထွက်၍ မြစ်ဆိပ်သို့ ပြေးလေ၏။ ဂဠုန်လည်း ဖမ်းယူရန် နောက်မှ အတင်း လိုက်လေ၏။ ဘုရားအလောင်းသည် ရသေ့ဖြစ်၍ ထိုမြစ်ကမ်းနားဝယ် သစ်ရွက်မိုးသေ ကျောင်းတွင်နေလျက် အိုက်သဖြင့် ရေသနုပ်ကိုဝတ်၍ လျှော်တေသင်္ကန်းကို မြစ်ကမ်းမှာ ထားပြီးလျှင် မြစ်သို့ဆင်းကာ ရေချိုးလေ၏။ နဂါးလည်း ဤရသေ့ကိုမှီ၍ အသက်ချမ်းသာရာ ရမည်ဟု ပကတိ အသွင်ကို စွန့်ပြီးလျှင် ပတ္တမြားလုံးအသွင် ဖန်ဆင်းကာ လျှောက်တေသင်္ကန်းကြားသို့ ဝင်လေ၏။ မေတ္တာဟောပြ ကျေးအေးကြ ဂဠုန်လည်း နဂါး လျှော်တေသင်္ကန်းကြားသို့ ဝင်သည်ကို မြင်လျှင် အရဟဒ္ဓဇ ဖြစ်သော လျှော်တေသင်္ကန်းကို ရိုသေလေးမြတ်သဖြင့် မဖမ်းယူတော့ဘဲ၊ ရသေ့ကို ခေါ်ပြီးလျှင် - “အို ရှင်ရသေ့ ... နဂါးတို့ အထွက်အမြတ် ဖြစ်သော နဂါးမင်းသည် အကျွန်ုပ်မှ လွတ်လိုသဖြင့် ပတ္တမြားလုံး ဟန်ဆောင်ကာ အရှင်ဘုရား၏ လျှော်တေကြားတွင် ဝင်နေပါ၏။ အကျွန်ုပ်သည် အရှင်ဘုရားတို့၏ မြတ်သောအဖြစ်နှင့် အဆင်းတော်ကို ရိုသေသဖြင့် အစာဖြစ်သော နဂါးမင်းကို ဆာလောင်လျက် မစားဝံ့ပါ၊ သို့အတွက် အရှင်ဘုရား၏ လျှော်တေသင်္ကန်းတော်ကို ယူပါလော့၊ ဤနဂါးကို စားပါအံ့ - ဟု လျှောက်ထားသည်ရှိသော် ရသေ့သည် ရေ၌တည်လျက်ပင် ဂဠုန်မင်းအား - “အို ဂဠုန်မင်း ... သင်သည် မြတ်သော ရသေ့ရဟန်း၏ အသွင်ကို ပူဇော်ခြင်းကြောင့် အစာဖြစ်သော နဂါးမင်းကို စားလိုပါလျက် မစားသေးသော သင်သည် ဗြဟ္မာမင်း စောင့်ရှောက်အပ်သည်ဖြစ်၍ အခါလေးမြင့် အသက်ရှည်ပါစေသတည်း။ သင်အား နတ်၌ ဖြစ်သော အစာအာဟာရတို့သည် ထင်ရှား ဖြစ်ပါစေကုန်တသည်း” ဟု ဂဠုန်မင်းကို ချီးမွမ်းကာ အနုမောဒနာပြုလျက် ရေမှတက်၍ လျှော်တေသင်္ကန်းကို ဝတ်ပြီးလျှင် ထိုနဂါး ဂဠုန်နှစ်ဦးတို့ကိုခေါ်၍ ကျောင်းသို့သွားကာ မေတ္တာဘာဝနာ၏ အကျိုးကို ဟောတော်မူ၍ သင့်တင့်ညီညွတ်အောင် ပြုတော်မူ၏။ ထိုနဂါး၊ ဂဠုန်နှစ်ဦးတို့လည်း ထိုအခါမှစ၍ အချင်းချင်း ညီညွတ်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်၍ ချမ်းသာစွာ နေကြကုန်၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ နဂါးမင်းနှင့် ဂဠုန်တို့သည် - ယခုအခါ စစ်သူကြီး နှစ်ယောက်။ ရသေ့သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) ငြင်းခုံခိုက်ရန်၊ မသင့်ပြန်၊ ဧကန်အကျိုးနဲ။ (၂) မေတ္တာရေစင်၊ ဆွတ်ဖျန်းလျှင်၊ ချစ်ခင်ညီညွတ်မြဲ။ (၃) နဂါး, ဂဠုန်၊ မေတ္တာခြုံ၊ ပေါင်းဆုံချစ်သည့်နဲ။ ဥရဂဇာတ် ပြီး၏။ '''ပဉ္စကနိပါတ် - ၁။ မဏိကုဏ္ဍလဝဂ် -(၃၅၄) - ဥရဂဇာတ် မြွေကိုက် သေလွန်သော သားအလောင်းကို စိုးရိမ်ပူဆွေး ငိုကြွေးခြင်း မရှိမူ၍ မရဏဿတိကိုပင် ပွားများနိုင်သော ပုဏ္ဏားနှင့် အိမ်သူအိမ်သား ၆ ဦးတို့ အကြောင်း။ ပစ္စုပ္ပန်ဝတ္ထု သားသေသောက ပူဆွေးလှ နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သူကြွယ် တစ်ယောက်သည် သားသေလွန်သဖြင့် စိုးရိမ်သောက နှိပ်စက်၍ နေလေ၏။ [မယားသေသောဝတ္ထု၊ အဘသေသောဝတ္ထုများနှင့် တူပြီ။ ] ထိုအခါ မြတ်စွာဘုရားသည် နောက်ပါ ရဟန်းတစ်ပါးနှင့် ထိုသူကြွယ်အိမ်သို့ ကြွတော်မူ၍ သူကြွယ်အား - “ဒါယကာ … ပြိုကွဲတတ်သော သဘောရှိသော ဝတ္ထုသည် ပြိုကွဲတတ်သည်သာတည်း၊ ပျက်စီးတတ်သော ဘောရှိသော ဝတ္ထုသည် ပျက်စီးတတ်သည်သားတည်း၊ ထိုပြိုကွဲပျက်စီးခြင်းသည်လည်း တစ်အိမ်၌ သာ မဟုတ်၊ စကြဝဋာအနန္တ၌ ရီသော သုံးဆယ့်တစ်ဘုံလုံး၌ ပြိုကွဲပျက်စီးကြကုန်၏၊ ရှေးပညာရှိတို့သည် သားသေသော်လည်း သေတတ်သော သဘောရှိသော ဝတ္ထုသည် သေမြဲဖြစ်၏၊ ပျက်စီးတတ်သော ဝတ္ထုသည် ပျက်စီးမြဲဖြစ်၏ဟု နှလုံးသွင်း၍ မစိုးရိမ်ကြကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထု ခြောက်ယောက်အိမ်သူ အကျင့်တူ လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဏသီပြည် တံခါးရွာဝယ် ပုဏ္ဏးမျိုး၌ ဖြစ်၍ လယ်လုပ်သောအမှုဖြင့် အသက်မွေးလေ၏။ ထိုပုဏ္ဏားအား သားတစ်ယောက် သမီးတစ်ယောက်အားဖြင့် နှစ်ယောက် ဖြစ်ကုန်၏။ အရွယ်သို့ရောက်သော သားအား အမျိုးတူရာမှ သတို့သမီးကို ဆောင်၍ ပေးသဖြင့် ချွေးမတစ်ယောက် ဖြစ်ပြန်၏။ ဤသို့လျှင် တစ်အိမ်တည်း၌ ပုဏ္ဏားကြီး၊ ပုဏ္ဏေးမ၊ သား၊ သမီး၊ ချွေးမ၊ ကျွန်မ ဟူ၍ ခြောက်ယောက်တို့သည် အတူတကွ နေထိုင်ကြကုန်၏။ ပုဏ္ဏားကြီးသည် အိမ်သူ အိမ်သားတို့အား “သင်တို့သည် အလှူကို လှူကြကုန်၊ သီလကို စောင့်ကြကုန်၊ ဥပုသ်ကို ဆောက်တည်ကြကုန်၊ သေခြင်းတရားကို အောက်မေ့ကာ မရဏဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းကြကုန်” ဟု အမြဲဆုံးမလေ့ရှိ၏။ ခပ်သိမ်းသော သတ္တဝါတို့သည် မမြဲကုန် သေကြရကုန်လတ္တံ့၊ ခပ်သိမ်းသော သင်္ခါရတို့သည် မမြဲကုန် ပျက်တတ် ကုန်ဆုံးတတ်ကုန်၏၊ မမေ့မလျော့ သတိရှိကြကုန်လောဟု ဆုံးမလေ့ရှိ၏။ အိမ်သူအိမ်သားတို့သည် ဆုံးမတိုင်းလည်း လိုက်နာကြကုန်၏။ သားကိုမြွေခဲ မစိုးရိမ်ဘဲ တစ်နေ့သ၌ ပုဏ္ဏားသည် သားနှင့်တကွ လယ်တောသို့သွားကာ လယ်ထွန်လေ၏။ သားလုလင်သည် အမှိုက်ကို စုံပုံကာ မီးတိုက်လေ၏။ ထိုအခါ အနီးရှိ တောင်ပို့၌ နေသော မြွေသည် မိုးခိုးဖြင့် မျက်စိကိုခတ်မိ၍ အလွန် အမျက်ထွက်ရကား တောင်ပို့မှထွက်ကာ သားလုလင်ကို ကိုက်လေ၏။ အလွန် အဆိပ်ပြင်းထန်လှသဖြင့် လုလင်သည် ပြန်၍ လဲလေ၏။ အဘပုဏ္ဏားကြီး မြင်၍ လာရာ အသက်မမီတော့ချေ။ ထိုခဏ၌ သားအလောင်းကို ချီမကာ သစ်ပင်ရင်းတစ်ခုဝယ် အသာထား၏။ ငိုကြွေးမြည်တမ်းခြင်း မရှိ၊ မျက်ရည်မျှပင် မယို၊ ထွန်မြဲတိုင်း ထွန်လေ၏။ အိမ်နီးယောကျ်ား မယားမှာကြား ထိုအခါ လယ်အနီးဖြင့် သွားသော အိမ်နီးချင်း ယောကျ်ား တစ်ယောက်ကိုမြင်လျှင် “အမောင် … ငါတို့ အိမ်သို့ ရောက်အောင်သွားပါ၊ ပုဏ္ဏေးမကို ပြောပါ၊ ယနေ့ ခါတိုင်းကဲ့သို့ နှစ်ယောက်စာထမင်းကို မယူခဲ့တော့ဘဲ တစ်ယောက်စာသာ ယူခဲ့ပါ၊ ကျွန်မ တစ်ယောက်တည်းသာ မလွှတ်ဘဲ တစ်အိမ်လုံး လာခဲ့ကြပါ၊ အဝတ်သစ်တို့ကို ဝတ်ဆင်ကာ ပန်းနံ့သာတို့ကို လည်း ယူဆောင်ခဲ့ကြပါ” ဟု မှာကြားလိုက်၏။ အိမ်နီးချင်း ယောကျ်ားလည်း ကောင်းပြီဟု ဝန်ခံ၍ တစ်စုံတစ်ရာကို မမေးမြန်းတော့ဘဲ အိမ်ပြန်ရင်း ပုဏ္ဏားအိမ်သို့သွား၍ ပုဏ္ဏားကြီး မှာလိုက်သောအတိုင်း ပုဏ္ဏေးမအား ပြောကြားလေ၏။ သားသင်္ဂြိုဟ်ပြု ကမ္မဋ္ဌာန်းရှု ထိုအခါ ပုဏ္ဏေးမသည် “အမောင် … ဘယ်သူမှာလိုက်သနည်း” ဟု မေး၏။ “အရှင်မ … ပုဏ္ဏားကြီး မှာလိုက်ပါ၏” ဟု ပြောဆိုလျှင် ဧကန် ငါ့သားသေခဲ့ပြီဟု သိလေ၏။ စိုးရိမ်ပူဆွေးခြင်း မရှိ၊ စိတ်မျှပင် မတုန်းလှုပ်လေ။ အိမ်သူအိမ်သားတို့ကို သာ ပုဏ္ဏားကြီး မှာလိုက်သောအတိုင်း အပြည့်အစုံ စီမံစေပြီးလျှင် လယ်တောသို့ သွားကြကုန်၏။ ရောက်လျှင် သားသေမှန်း သိသော်လည်း စိုးရိမ်ခြင်းမရှိ၊ အိမ်သားအားလုံးပင် စိုးရိမ်ခြင်းမရှိ၊ မရဏဿတိကမ္မဋ္ဌာန်းကိုသာ စီးဖြန်း၍ နေကြကုန်။ ပုဏ္ဏားလည်း သားအလောင်းထားသော သစ်ပင်ရိပ်မှာပင် ထမင်းစားလေ၏။ ပြီးလျှင် အိမ်သားအားလုံးကိုပင် ထင်းတို့ကို စုရုံးစေ၍ ထင်းပုံထက်သို့ အလောင်းကိုတင်လျက် ပန်းနံ့သာတို့ဖြင့် ပူဇော်ကာ မီးသင်္ဂြိုဟ်ကြကုန်၏။ တစ်ယောက်သောသူမျှလည်း မျက်ရည်ယိုစီးခြင်း မရှိ၊ မရဏဿတိကမ္မဋ္ဌာန်းကိုသာ ပွားများကြကုန်၏။ သိကြားရောက်လာ မေးမြန်းကာ ထိုသူတို့ သီလတန်းခိုးကြောင့် သိကြားမင်း နေရာသည် ပူလောင်သော အခြင်းအရာကို ပြလေ၏။ ထိုအခါ သိကြားမင်းသည် ဆင်ခြင်ကြည့်ရှုလတ်သော် ပုဏ္ဏားအိမ်သားတစ်စုတို့ကို မြင်လျှင် ငါသည် ထိုသူတို့ထံသွား၍ မေးမြန်းပြောဆိုစေပြီးလျှင် အိမ်၌ ရတနာခုနစ်ပါးဖြင့် ပြည့်စေမည်ဟု ကြံစည်၍ အမြန်သွားကာ မီးသင်္ဂြိုဟ် ရာအနီး၌ ရပ်လျက် “အမောင်တို့ … ဘယ်အမှုကို ပြုကြသနည်း” ဟု မေး၏။ “လူတစ်ယောက်ကို မီးသင်္ဂြိုဟ်ပါသည်” ဟု ပြောသောအခါ “သင်တို့သည် လူကို မီးသင်္ဂြိုဟ်သည် မဟုတ်၊ သမင်ကို သတ်၍ ဖုတ်ကြယောင်တကား” ဟု မေးပြန်၏။ “မဟုတ်ပါ၊ လူကိုသာ မီးသင်္ဂြိုဟ်ကြပါသည်” ဟု ပြောပြန်၏။ “သင်တို့ရန်သူလား” ဟု မေး၏။ “မဟုတ်ပါ၊ ရင်၌ ဖြစ်သော သားအရင်း ဖြစ်ပါသည်” ဟု ပြော၏။ “မချစ်သောသား ဖြစ်သလော” ဟု မေး၏။ “အလွန်ချစ်သောသား ဖြစ်ပါသည်” ဟု ပြော၏။ “အလွန်ချစ်သောသား ဖြစ်လျက် အဘယ့်ကြောင့် မငိုကြွေးကြသနည်း” ဟု မေးလေ၏။ ထိုအခါ ပုဏ္ဏားကြီးသည် - “အရှင် … မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့၊ ငါ့သားကား ကိုယ်ကိုစွန့်၍ သွားပါ၏၊ ဤသို့ တမလွန်ဘဝသို့ သွားသည်ရှိသော် မီးသင်္ဂြိုဟ် အပ်သော သားသည် ဆွေးမျိုးတို့ ငိုကြွေးခြင်းကို မသိပါ၊ သားကား မိမိသွားရာ ဂတိသို့ သွားပေ၏၊ ထိုကြောင့် ငါသည် သားအတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” - ဟု သိကြားအား မငိုကြွေးခြင်း မစိုးရိမ်ခြင်း၏ အကြောင်းကို ပြောပြလေ၏။ မိခင်မငိုကြွေး သိကြားမေး ထိုအခါ သိကြားမင်းသည် ပုဏ္ဏားကြီး စကားကို ကြားလျှင် ပုဏ္ဏေးမအား - “မိခင် … သေသောသူနှင့် အဘယ်သို့ တော်သနည်း” ဟု မေး၏။ “အရှင် … ဆယ်လလွယ်၍ မွေးရသော သားအရင်းပါ” ဟု ပြော၏။ “မိခင် … အဘမူကား ယောကျ်ားဖြစ်၍ စိတ်နှလုံး ခိုင်သောကြောင့် မငိုကြွေးသည်ကား ရှိစေတော့၊ အမိမည်သည် စိတ်နှလုံး နူးညံ့လှသည်၊ အဘယ်ကြောင့် မငိုကြွေးသနည်း” ဟု မေးပြန်၏။ ထိုအခါ မိခင် ပုဏ္ဏေးမသည် - “အရှင် … ငါ၏သားကား မခေါ်ယူရဘဲ ဘဝတစ်ပါးမှ အိမ်သို့ ရောက်လာ၏၊ ခွင့်မပြုဘဲ ဤအိမ်မှ ဘဝတစ်ပါးသို့ ပြောင်းသွားပြန်၏၊ အလိုအလျောက်လာ၍ အလိုအလျောက် ပြန်သွားရာ၌ ငိုကြွေးခြင်းမှာ အဘယ် အကျိုးရှိမည်နည်း၊ မီးသင်္ဂြိုဟ်အပ်သော သားသည် ဆွေမျိုးတို့ ငိုကြွေးခြင်းကို မသိပါ၊ မိမိ သွားရာ ဂတိသို့သာ သွားပေ၏၊ ထို့ကြောင့် သားအတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” – ဟု သိကြားမင်းအား မငိုကြွေးခြင်း အကြောင်းကို ပြောပြပြန်၏။ နှမ မငိုကြွေး သိကြားမေး ထိုအခါ သိကြားမင်းသည် သေသူ၏နှမကို “မိခင် … သင်ကား သေသူနှင့် အဘယ်သို့ တော်စပ်သနည်း” ဟု မေး၏။ “အရှင် အကျွန်ုပ်၏ မောင်အရင်း ဖြစ်ပါ၏” ဟု ပြော၏။ “နှမမည်သည် မောင်ကို တစ်ချတ်၏၊ အဘယ်ကြောင့် မငိုကြွေးသနည်း” ဟု မေးပြန်၏၊ ထိုအခါ နှမသည် - “အရှင် … အကျွန်ုပ် အကယ်ငို ငိုကြွေးပါမူ ပိန်ချုံးကြုံလှီရာ၏၊ အဘယ် အကျိုးရှိမည်နည်း၊ ဆွေမျိုးဉာတိ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့အား အလွန်မွေ့လျော်ခြင်း ဖြစ်ကြပေရာ၏၊ မီးသင်္ဂြိုဟ်အပ်သော မောင်ကား ဆွေမျိုးတို့ငိုကြွေးခြင်းကို မသိပါ၊ မိမိသွားရာ လားရာ ဂတိကိုသာ သွားပေ၏၊ ထိုကြောင့် မောင်အတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” – ဟု သိကြားမင်းအား ပြောပြလေ၏။ လင်သေပူရေး မယားမေး ထိုအခါ သိကြားမင်းသည် သေသူ၏မယားကို “မိခင် … သေသူသည် သင်နှင့် အဘယ်သို့ တော်သနည်း” ဟု မေးပြန်၏။ “အရှင် … လင်ယောကျ်ား ဖြစ်ပါ၏” ဟု ပြော၏။ “မိခင် … မိန်းမတို့မှာ လင်ယောကျ်ား သေလတ်သော် ကိုးကွယ်ရာမရှိကုန်၊ မုဆိုးမ ဖြစ်ကုန်၏၊ အဘယ်ကြောင့် မငိုကြွေးသနည်း” ဟု မေးပြန်၏။ ထိုအခါ အယားသည် - “အရှင် .. သေသူကို စိုးရိမ် ငိုကြွေးနေသောသူသည် ကောင်းကင်၌ သွားနေသော လမင်းကိုမြင်၍ ပေးပါ၊ ပေးပါဟု တောင်းရမ်းကာ ငိုကြွေးနေသော သူငယ်ကဲ့သို့ ဖြစ်ပေ၏။ မီးသင်္ဂြိုဟ်အပ်သော လင်ယောကျ်ားသည် ဆွေမျိုးတို့ ငိုကြွေးခြင်းကို မသိပါ၊ မိမိ သွားရာ လားရာ ဂတိကိုသာ သွားပေ၏၊ ထိုကြောင့် လင်ယောကျ်ားအတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” – ဟု သိကြားမင်းအား ပြောကြားပြန်၏။ ကျွန်မ ငိုကြွေး သိကြားမေး ထိုအခါ သိကြားမင်းသည် ကျွန်မကို “မိခင် … သေသူသည် သင်နှင့် အဘယ်သို့တော်သနည်း” ဟု မေးပြန်၏။ “အရှင် … အရှင်သခင် ဖြစ်ပါ၏” ဟု ပြော၏။ “မိခင် … သေသူသည် သင့်အား ရိုက်နှက်ပုတ်ခတ်သူ ဖြစ်လိမ့်မည်” ဟု မေး၏။ “အရှင် … ဤလို မပြောပါလင့်၊ အရှင်စကားသည် သေသူအား မလျောက်ပတ်ပါ၊ အကျွန်ုပ် အရှင်သည် ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ပြည့်စုံပါ၏၊ ရင်မှ မွေးသော သားသမီးကဲ့သို့ အောက်မေ့ပါ” ဟု ပြော၏။ “မိခင် … ဤလိုဖြစ်ပါလျက် အဘယ်ကြောင့် မငိုကြွေးသနည်း” ဟု မေးပြန်၏။ ထိုအခါ ကျွန်မသည် - “အရှင် … သေလွန်ပြီးသောသူကို စိုးရိမ်ငိုကြွေး နေခြင်းသည် ကွဲလေပြီးသော အိုးသည် တစ်ဖန်ပြန်၍ မစေ့စပ်သကဲ့သို့ ဖြစ်ပါ၏၊ မီးသင်္ဂြိုဟ်အပ်သော အရှင်သည် ဆွေမျိုးတို့ ငိုကြွေးခြင်းကို မသိပါ၊ မိမိသွားရာ လားရာဂတိကိုသာ သွား၏၊ ထိုကြောင့် အရှင်အတွက် မစိုးရိမ်ပါ၊ မငိုကြွေးပါ” – ဟု သိကြားမင်းအား ပြောကြးာပြန်၏။ ဘာဝနာပွားရေး စည်းစိမ်ပေး ထိုအခါ သိကြားမင်းသည် အလုံးစုံသောသူတို့ တရားစကားကို ကြားရ၍ ကြည်ညိုသောကြောင့် “အမောင်တို့ …. သင်တို့သည် မမေ့မလျော့ မရဏဿတိကမ္မဋ္ဌာန်း စီးဖြန်းကြကုန်လော့၊ ဤနေ့မှစ၍ မိမိတို့ လက်အမှုကို မပြုကြကုန်လင့်၊ ငါ့သည် သင်တို့အိမ်၌ မရေတွက်နိုင်သော ရတနာ ခုနစ်ပါးတို့ ပြည့်စုံအောင် ပြုလုပ်ပေးမည်၊ အလှူကို ပေးကြကုန်၊ သီလကို စောင့်ကြကုန်၊ ဥပုသ်ကို ဆောက်တည်ကြကုန်” ဟု အဆုံးအမပေး၍ အိမ်ကို မရေတွက်နိုင်သော ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေပြီးလျှင် မိမိနေရာ တာဝတိံသာ နတ်ရွာသို့ ပြန်လေ၏။ မြန်စွာဘုရားသည် ဤဒေသနာတော်ကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူသည်၏အဆုံး၌ သူကြွယ်သည် သောတာပတ္တဖိုလ်၌ တည်လေ၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ ကျွန်မသည် - ယခုအခါ ခုဇ္ဇုတ္တရာ။ သမီးသည် - ဥပ္ပလဝဏ်။ သားသည် - ရာဟုလာ။ အမိ ပုဏ္ဏေးမသည် - ခေမာ။ ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) ပျက်စီးတတ်လှ၊ သဘာဝ၊ မုချပျက်စီးရာ။ (၂) ပြိုကွဲတတ်လှ၊ သဘာဝ၊ မုချပြိုကွဲရာ။ (၃) သေလွန်ခိုက်ကြိမ်၊ ပျက်, ပြိုကြိမ်၊ စိုးရိမ်မရှိရာ။ (၄) မရဏဿတိ၊ စီးဖြန်းဘိ၊ ကဝိထုံးစဉ် လာ။ ဥရဂဇာတ် ပြီး၏။ ကိုးကား ဗုဒ္ဓဘာသာ
Human: ဘရိယိုကန်
Assistant: ဘရိယိုကန် သည် အီသီယိုးပီးယားနိုင်ငံ၊ အဖာဒေသ၏ အရှေ့ဘက်ဆုံးပိုင်းတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ဤကန်သည် အဖမ်ဘိုကန်မှ အရှေ့မြောက်ဘက်သို့ စီးဝင်သည့် စိမ့်မြေ၏ အလယ်ပိုင်းတွင် တည်ရှိသည်။ ကန်၏ ရေထွက်ပေါက်သည် တောင်ဘက်တွင် ရှိသည်။ ကိုးကား အီသီယိုးပီးယားနိုင်ငံရှိ ရေကန်များ
Human: အ.ထ.က (၄) ရွှေပြည်သာ
Assistant: အ.ထ.က (၄)၊ ရွှေပြည်သာသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် တွင်ရှိသော အစိုးရအခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်းများ
Human: မြသိန်းတန် (သံတူကြောင်းကွဲ)
Assistant: မြသိန်းတန် ဟူသည်မှာ အောက်ပါတို့အနက် တစ်ခုခု ဖြစ်နိုင်သည်။ စေတီပုထိုး မြသိန်းတန်စေတီ(မင်းကွန်း) - စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းရှိ စေတီ မြသိန်းတန်စေတီ (ဝါးခယ်မမြို့) - ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ရှိ စေတီ လူပုဂ္ဂိုလ် ပထမမြသိန်းတန်ဆရာတော် - ရှင်ပရမသီရိ (၁၁၃၇ - ၁၂၀၁) နေရာဒေသ မြသိန်းတန်ရွာ၊ မြသိန်းတန် - ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ရှိ ရွာ မြသိန်းတန်ရွာ၊ မြစ်သားမြို့နယ် - မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ ရွာ မြသိန်းတန်ရွာ၊ ညောင်ရွှေမြို့နယ် - ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ ရွာ မြသိန်းတန်ရွာ၊ ဗန်းမော်မြို့နယ် - ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရွာ
Human: သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်
Assistant: သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်သည် မြန်မာ့တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုဖြစ်သည်။ ပြည့်စုံရမည့် အရည်အချင်းများ သူရဘွဲ့ဖြင့် ဂုဏ်ပြုချီးမြှင့်အပ်နှင်းထိုက်သည့် အရည်အချင်း ရာနှုန်းပြည့် မမီသော်လည်း ရန်သူနှင့်ရင်ဆိုင် တိုက်ခိုက်ရာ၌ ကြံ့ခိုင်သောစိတ်ဓာတ်၊ ပြောင်မြောက်သော သူရသတ္တိဖြင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်း။ ချီးမြှင့်ခြင်းခံရသူများ နောက်ထပ်ကြည့်ရန် သုဓမ္မသင်္ဂဟ အောင်ဆန်းသူရိယဘွဲ့ ဇေယျကျော်ထင်ဘွဲ့ ကိုးကား မြန်မာ့ စစ်ဘက်ဆိုင်ရာ ဘွဲ့ / တံဆိပ်များ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ
Human: ကျုံညဲရွာ၊ ရေးမြို့နယ်
Assistant: ကျုံညဲရွာ()သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ကျုံညဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၄၆၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျုံညဲကျေးရွာအုပ်စုတွင် ကျား ၈၇၈ ဦး၊ မ ၉၄၇ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၂၅ ဦး နေထိုင်သည်။ ကိုးကား ရေးမြို့နယ်ရှိ ရွာများ
Human: အဓမ္မသုတ်
Assistant: (၈)သုတ် ရှိပါသည်။ အဓမ္မ (ဓမ္မ၏ ဆန့်ကျင်ဖက်/ဓမ္မအတု)ကို ဓမ္မ (အစစ်) ဟု ပြ (ပြောဟော, ရေးသား, ယူဆ, ပြုကျင့်)ကြကုန်သော ရဟန်းတို့သည် လူအများ အစီးအပွားမဲ့ရန်၊ ချမ်းသာမဲ့ရန်၊ အကျိုးမဲ့ရန်၊ နတ်, လူတို့ ဆင်းရဲရန် ကျင့်သုံးကြကုန်၏။ သည်သာမက သေး ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း တိုးပွားစေကုန်ကြ၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်း ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ အဓမ္မကို အဓမ္မဟု ပြ (ပြောဟော, ရေးသား, သင်ကြား, ယူဆ, ကျင့်သုံးနေ) ကြသောရဟန်းတို့သည် လူအများတို့ ကြီးပွား ချမ်းသာရန်၊ နတ်, လူတို့ ချမ်းသာစေရန် ပြုကျင့်ကြသူတို့ ဖြစ်ကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကို တိုးပွားစေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည်လေးမြင့် တည်တံ့စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင်ဟောတော်မူသည့်သုတ်။ အဓမ္မသုတ် သုံးသုတ်ပါရှိသည်။ (က) ပဌမသုတ်၌ -အဓမ္မနှင့် အနတ္ထကိုလည်းကောင်း, ဓမ္မနှင့် အတ္ထကို လည်းကောင်း သိရှိကြရမည်။ ဓမ္မနှင့် အတ္ထရှိသည့်အတိုင်းသာ ကျင့်ကြံရမည်။ အဓမ္မနှင့် အနတ္ထတရားများသည် မိစ္ဆာဒိဋ္ဌိ ... မိစ္ဆာဝိမုတ္တိတို့ ဖြစ်သည်။ ဓမ္မနှင့် အတ္ထတရားများသည် သမ္မာဒိဋ္ဌိ ... သမ္မာဝိမုတ္တိဖြစ်သည်ဟု ဟောတော်မူသည့်သုတ်။ (ခ) ဒုတိယသုတ်၌ -အထက်ပါအတိုင်း ခေါင်းစဉ်ဒေသနာတော်ကို မိန့်တော်မူပြီး မိစ္ဆာဒိဋ္ဌိ ... မိစ္ဆာဝိမုတ္တိတို့သည် “အဓမ္မ”၊ သမ္မာဒိဋ္ဌိ ... သမ္မာဝိမုတ္တိတို့သည် “ဓမ္မ”၊ မိစ္ဆာဒိဋ္ဌိ ... မိစ္ဆာဝိမုတ္တိတို့ကြောင့် ဖြစ်ပေါ်လာသော အကုသိုလ်တရားတို့သည် “အနတ္ထ”၊ သမ္မာဒိဋ္ဌိ ... သမ္မာဝိမုတ္တိတို့ကြောင့် ဖြစ်ပေါ်လာသော ပွားများပြည့်စုံခြင်းသို့ ရောက်ကုန်သော ကုသိုလ်တရားတို့သည် “အတ္ထ”၊ ဤသို့ ခွဲခြားသိမြင်၍ “ဓမ္မ”နှင့် “အတ္တ”တို့ရှိတိုင်းသာ ပြုကျင့်ရမည်ဟု ဟောတော်မူသည့်သုတ်။ (ဂ) တတိယသုတ်၌ -အထက်ပါအတိုင်း ခေါင်းစဉ်ဒေသနာတော်ကို ဟောတော်မူ၍ ဘုရားရှင်ပြန်ကြွတော်မူရာ ရဟန်းတော်များ၏ လျှောက်ထားချက်အရ အရှင်အာနန္ဒာက ဒုတိယသုတ်အတိုင်း ဟောတော်မူသည်။ ဤ၌လည်း သုံးသုတ်ပါရှိသည်။ ။ (က) ပဌမသုတ်၌ -ဒုစရိုက်ဆယ်ပါးသည် “အဓမ္မ”နှင့် “အနတ္တ” တရား များဖြစ်၍၊ သုစရိုက်ဆယ်ပါးတို့သည် “ဓမ္မ”နှင့် “အတ္ထ”တရားများဖြစ်ကြောင်း ဟောတော်မူသည်။ (ခ) ဒုတိယသုတ်၌ -ခေါင်းစဉ်ဒေသနာ ဟောတော်မူ၍ ဘုရားရှင် ပြန်ကြွတော်မူရာ၌ ရဟန်းတို့၏ လျှောက်ထားချက်အရ အရှင်ကစ္စာနထေရ် အကျယ် ချဲ့၍ ဟောတော်မူသည့်သုတ်။ (ဂ) တတိယသုတ်၌ -အဓမ္မနှင့် ဓမ္မ အနတ္ထနှင့် အတ္ထတို့ကို ဘုရားရှင် ကိုယ်တော်တိုင် အကျယ်ချဲ့၍ ဟောတော်မူသည့်သုတ်။ ကိုးကား အင်္ဂုတ္တရနိကာယ်
Human: နောင်ခမ်းရွာ၊ ကျောက်ဆည်မြို့နယ်
Assistant: နောင်ခမ်းရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၆၂၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သံကျေးရွာအုပ်စုတွင် ကျား ၃၈၀၆ ဦး၊ မ ၄၀၃၅ ဦး၊ လူဦးရေ စုစုပေါင်း ၇၈၄၁ ဦးနေထိုင်သည်။ ကိုးကား ကျောက်ဆည်မြို့နယ်ရှိ ရွာများ
Human: နားခံရွာ၊ မိုးနဲမြို့နယ်
Assistant: နားခံရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၅၂၄၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နားခံကျေးရွာအုပ်စုတွင် ကျား ၁၇၉၆ ဦး၊ မ ၁၈၂၂ ဦး၊ လူဦးရေ စုစုပေါင်း ၃၆၁၈ ဦးနေထိုင်သည်။ ဒေသအခေါ်မှာ နားစံ ဖြစ်သည်။ ကိုးကား မိုးနဲမြို့နယ်ရှိ ရွာများ
Human: ဓာတုဝိဘင်္ဂသုတ်
Assistant: ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဘဂ္ဂဝ၏ အိုးလုပ်ရာတဲ၌ ပုဂ္ဂိုလ်သတ္တဝါ၌ ရှိသော ဓာတ် (၆)ပါး၊ ဖဿာယတန (၆)ပါး၊ စိတ် ၏ကြံစည်သုံးသပ်ခြင်း (၁၈)ပါး၊ တည်ရာ (၄)ပါး၊ ယင်းတည်ရာ (၄)ပါးတို့၌ ထင်မှတ်ခြင်း အာသဝတို့ မဖြစ်သော ရဟန်းကို =ကိလေသာ ငြိမ်းသောရဟန်း, ဟူ၍ဆိုရပုံ၊ ဝိပဿနာပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏။ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏။ ရဟန်းသည် ကိလေသာငြိမ်းအေးမှုကိုသာလျှင် ကျင့်ရာ၏ ဟူသော ဥဒ္ဒေသခေါင်းစဉ်များကို အကျယ်ဝေဖန်၍ ပုက္ကုသာတိရဟန်းအား ဟောတော်မူသည်သုတ်။ ဤသုတ္တန်၏ အဆုံး၌ ပုက္ကုသာတိရဟန်းသည် အနာဂါမ်အရိယာသာဝက ဖြစ်၍ သင်္ကန်း, သပိတ်, ပရိက္ခရာကို ရှာမှီးရင်း ကွယ်လွန်သွားပုံကို ဟောတော်မူပါသည်။ ဤဓာတ် (၆)ပါးဟူသည် ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အာကာသဓာတ်, ဝိညာဏဓာတ်တို့ ဖြစ်ပါသည်။ ဖဿာယတန (၆)ပါးဟူသည် စက္ခုသမ္ဖဿ (ပ) မနောသမ္ဖဿ တို့ဖြစ်သည်။ စိတ်၏ကြံစည်သုံးသပ်ခြင်း ဥပဝိစာရ (၁၈)ပါးဟူသည် ဒွါရ (၆)ပါးတို့၌ အာရုံ (၆)ပါး ထင်ရာဝယ် သောမနဿုပဝိစာရ (၆)ပါး၊ ဒေါမနဿုပဝိစာရ (၆)ပါး ဥပေက္ခုပဝိစာရ (၆)ပါး တို့ဖြစ်သည်။ ပညာဓိဋ္ဌာန, သစ္စာဓိဋ္ဌာန, စာဂါဓိဋ္ဌာန, ဥပသမာဓိဋ္ဌာနဟူသော တည်ရာ (၄)ပါး တို့ဖြစ်သည်။ ဤသုတ်တော်၌-အဇ္ဈတ္တိက ပထဝီဓာတ် _ ၁၉-ပါး (၂၀) -အဇ္ဈတ္တိက အာပေါဓာတ် _ ၁၂-ပါး (၁၃) -အဇ္ဈတ္တိက တေဇောဓာတ် _၄-ပါး (၅) -အဇ္ဈတ္တိက ဝါယောဓာတ် _ (၆)ပါး (၇) -အာကာသဓာတ် _(၆)မျိုး (၇)တို့ကို ဟောတော်မူထားပါသည်။ အဋ္ဌကထာ၌ ဘဂ္ဂဝ၏အကြံအစည်၊ ကုလပုတ္တ (၂) မျိုး မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဗိမ္ဗိသာရမင်းနှင့် ဂန္ဓာရနိုင်ငံ တက္ကသိုလ်မြို့ ပုက္ကုသာတိဘုရင်တို့ အဒိဋ္ဌသဟာယဖြစ်ပုံမှစ၍ ပုက္ကုသာတိ နှင့် ဘုရားရှင်တို့ တွေ့ကြပုံ၊ သုတ်တော်လာ ပုဒ်တို့၏ မှတ်သားဖွယ် ဖွင့်ဆိုချက် ပုက္ကုသာတိ= ဧဟိဘိက္ခုရဟန်း မဖြစ်ပုံ၊ ကွယ်လွန်ပုံ၊ ဗိမ္ဗိသာရမင်းက သဂြိုဟ်ပုံ၊ အဝိဟာဘုံသို့ ရောက်ပြီး ပရိနိဗ္ဗာန်ပြုကြသော ရဟန်းတော်များ အစရှိသည်တို့ကို ဖွင့်ပြတော်မူထားပါသည်။ ဋီကာ၌လည်း မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ ကိုးကား မဇ္ဈိမနိကာယ်
Human: ASASSN-15lh
Assistant: ASASSN-15lh (ဆူပါနိုဗာ အမည် SN 2015L) သည် တောက်ပသည့် နက္ခတ္တအရာဝတ္ထုဖြစ်ကာ ကနဦးတွင် အင်မတန်တောက်ပသည့် ဆူပါနိုဗာဟု တွေးခဲ့ကြသည်။ ယင်းအား All Sky Automated Survey for SuperNovae (ASAS-SN) အဖွဲ့က ၂၀၁၅ ခုနှစ်တွင် အင်းဒတ် ကြယ်စုတန်း၌ ၁၄ လက်မရှိ တယ်လီစကုပ်ဖြင့် ခြေရာခံမိခဲ့သည်။ ရှာဖွေတွေ့ရှိမှုအား ASAS-SN အဖွဲ့က အခြားသော တယ်လီစကုပ်ပေါင်းများစွာဖြင့် အတည်ပြုခဲ့ပြီး Science ဂျာနယ်၌ ပုံနှိပ်ဖော်ပြခဲ့သည်။ အခြားသော မြေပြင်အခြေစိုက် လေ့လာသူများက ယင်းသည် လည်ပတ်နေသော မဟာတွင်းနက်ကြီးဖြစ်ပြီး ထုထည်နည်းကြယ်အား ဖျက်ဆီးပစ်သည်ဟု အဆိုပြုခဲ့သည်။ အကယ်၍ ဆူပါနိုဗာ ASASSN-15lh သည် အတောက်ပဆုံးဖြစ်ပါက ယင်းသည် နဂါးငွေ့တန်း ဂယ်လက်ဆီထက် အဆပေါင်း ၅၀ ပိုမိုတောက်ပမည်ဖြစ်သည်။ စွမ်းအင်မှာ နေထက် အဆပေါင်း ၅၇၀ ဘီလီယံ ပိုမိုများပြားလှသည်။ ဆူပါနိုဗာ၏ အနီရောင်အရွေ့သည် ၀.၂၃၂၆ ရှိပြီး ကမ္ဘာမြေမှ အလင်းနှစ် ၃.၈ ဘီလီယံခန့် ဝေးကွာသည်။ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ Krzysztof Stanek ၏ အဆိုအရ အကယ်၍ ယင်းဆူပါနိဗာသည် မိမိတို့ဂယ်လက်ဆီအတွင်း ဖြစ်ပွားခဲ့ပါက ညဘက်ဟူသည် မရှိတောဘဲ လပြည့်ဝန်းထက် ပိုမိုတောက်ပကာ နေ့ခင်းဘက်၌ပင် လွယ်ကူစွာ မြင်ရမည်ဟုဆိုသည်။ ကိုးကား ထပ်မံဖတ်ရန် အင်းဒတ် (ကြယ်စုတန်း) ဟိုက်ပါနိုဗာများ
Human: ရှင်တောင်ရွာ၊ ဆင်ကျပ်
Assistant: ရှင်တောင်ရွာ၊ ဆင်ကျပ် ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
Human: နိုမင်းရွာ၊ ရင်ဖန့်မြို့နယ်
Assistant: နိုမင်းရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မိုင်းမော-ဝအထူးဒေသ (၂)၊ ရင်ဖန့်မြို့နယ်၊ နား ဖန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၆၀၇၇ ဖြစ်သည်။ ကိုးကား ရင်ဖန့်မြို့နယ်ရှိ ရွာများ
Human: ဆိုဒီယမ် ဟိုက်ဒရောက်ဆိုဒ်
Assistant: ဆိုဒီယမ်ဟိုက်ဒြောက်ဆိုက်() သို့မဟုတ် ကော့စတစ်ဆော်ဒါ()သည် အမှုန့်များဖြစ်၍ သဲဆပ်ပြာပြင်ပေါ်၌ ပွင့်တတ်သော သဘာဝ ကော့စတစ်ဆိုဒါနှင့် တူညီသော ဓာတ်ဆားတစ်မျိုးဖြစ်သည်။ ကြွေထည်၊ ကျောက်ထည်များမှ အညစ်အကြေးများကို ဆေးကြောရာ၌၎င်း၊ ဆပ်ပြာချက်လုပ်ရာ၌၎င်း သုံးသည်။ တိုက်စားတတ်သော သဘောရှိသည်။ အစွမ်းအထင်းများကို ချွတ်နိုင်စွမ်းရှိသည်။ ကိုးကား
Human: မွန်လူမျိုး
Assistant: မွန်လူမျိုး ()သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ လွတ်လပ်ရေးခေတ် မတိုင်ခင်က မွန်တို့ကို တလိုင်းဟု တရုတ်နန်ချောင်တို့က ခေါ်ကြသည်။မြန်မာနိုင်ငံလွတ်လပ်ရေးရမှသာ တလိုင်းမှ မွန်လူမျိုးဟုအမည်ပြောင်းခဲ့သည်။ တစ်ခါက ရာဇာဓိရာဇ် မင်းနှင့် အခြား ဘုန်းတန်ခိုးအာဏာ ကြီးမားသော မင်းများလည်း မွန်လူမျိုးထဲမှ ပေါ်ပေါက်ခဲ့ဖူးပါသည်။ သမိုင်းထဲတွင် မွန်ဘုရင်မကြီး ရှင်စောပုသည်လည်း မြန်မာ့သမိုင်းတွင် တစ်ပါးတည်းသော ဘုရင်မကြီးဖြစ်သည်။ ၎င်း၏သားမက်ဖြစ်သည့် ဓမ္မစေတီမင်းသည်လည်း သာသနာတော် သန့်ရှင်းရေးအတွက် ကြိုးပမ်းခဲ့သူအဖြစ် သမိုင်းတွင် ထင်ရှားပါသည်။ နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ မွန်-ခမာတို့ အုပ်စုသည် တရုတ်ပြည်တောင်ပိုင်း ယန်စီမြစ်ဝှမ်း (Yangtze Kiang) တွင် စတင်အခြေတည် နေထိုင်ခဲ့သည်ဟု ဆိုသည်။ ပါမောက္ခ G.H.Luce ၏ Old Burma, Early Pagan (1969) စာအုပ်တွင် ဤသို့ ဖော်ပြထားသည်။ မွန်-ခမာ အုပ်စုဝင် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကလည်း အောက်ပါအတိုင်း မှတ်ချက်ချထားသည်ကို တွေ့ရသည်။ "မွန်နှင့် ခမာလူမျိုးတို့ကား မွန်ဂိုလွိုက် အနွယ်ဝင်များ ဖြစ်၍ ဝ၊ ပလောင်၊ ရိယန်တို့မှာ မွန်ဂိုလွိုက်အနွယ်များ ဖြစ်သော်လည်း ဝ တို့၌ တောင်ဘက်အမျိုး (Australoid) ရောနှောမည်ဟု သံသယရှိသည်" ဟု ဆိုထားသည်။ မွန်ရာဇဝင်သမိုင်းတစောင်တွင် မွန်လူမျိုးတို့သည် ရှေးပဝေသဏီအခါက မွန်တိအမည်တွင်လျက် ရှမ်း (စောထိုင် သို့မဟုတ် ထိုင်း)ခမာတို့နှင့်အတူကုန်းမြင့်တောင်တန်းကြီး တလျှောက် မြို့ရွာပြုစု နေထိုင်ကြကြောင်း၊ နောင်ကာလရှည်လျားမှ တောင်ဘက်သို့ ရွှေ့ဆင်း၍ အဆိုပါမြစ်ကြီးတို့၏ အဝရှိ အရပ်ဒေသတို့တွင် နေထိုင်ကြသည်" ဟုဆိုသည် ခမာတို့သည်ယိုးဒယားတို့နှင့်စစ်ဖြစ်သောအခါ ခမာမျိုးနွယ်စုဝင်မွန်တို့သည်လည်း စစ်ရှုံး၍စစ်​ပြေးရင်းမြန်မာပြည်အောက်ပိုင်းသို့ချည်းနှင်းဝင်ရောက်နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ မွန်လူမျိုးတို့၏ အစဦး မင်းနေပြည်တော်သည် မဂဒူး ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့၏ မင်းနေပြည်တော်မှာ လန်ဖန်း (ယခုထိုင်းနိုင်ငံ မြောက်ပိုင်း) ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာ ဆုံးခန်းတိုင် ပျက်စီးခြင်းသို့ ရောက်ရသော်လည်း ခမာတို့မှာမူ ထိုင်းတို့နှင့် သမိုင်းတလျှောက် စစ်ပြုကာ ဆက်လက်နေထိုင်နိုင်ခဲ့ပြီး ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံအဖြစ် ရပ်တည်နေနိုင်သေးသည်။ မြန်မာနိုင်ငံရှိ မွန်တို့မှာ ပုဂံ အင်အားနည်းချိန်တွင် မဂဒူးမင်းဆက်ကို ထူထောင်ကာ မုတ္တမကို ဗဟိုပြုကာ ပြန်လည်ဦးမော့ခဲ့သော်လည်း ရှေးမွန်တို့၏ မြင့်မားခြင်းကို ပြန်မရနိုင်တော့ပေ။ နောက်ပိုင်းတွင် ဟံသာဝတီ (ပဲခူး) မှာ မင်းနေပြည်တော် ဖြစ်လာခဲ့သည်။ မွန်လူမျိုးတို့သည် (၉) ရာစုမှ (၁၁) ရာစု၊ (၁၃)ရာစုမှ (၁၆)ရာစုအထိနှင့် (၁၈)ရာစုတွင် နှစ်အပိုင်းအခြား တိုတောင်းသည့် ကာလများအတွင်း မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။ ရှေးဟောင်းမွန်လူမျိုးများ ရှေးဟောင်း ပျူလူမျိုးများ ထက်နောက်ကျမှ မြန်မာနိုင်ငံ မှ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာကို ရရှိသောလူမျိုး တစ်မျိုးမှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုး ဖြစ်သည်။ အရှေ့အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များ ဖြစ်ကြသည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက်တို့က အာရှတိုက် တောင်ပိုင်းဒေသများသို့ဝင်ရောက်လာသည့် မောင်းဂွတ် အနွယ်ဝင်များဟု ဆိုကြသည် သို့သော် တိဗက် တရုတ်နှင့် ထိုင်း တရုတ် အနွယ်ဝင်များနှင့် မဆိုင်ပဲ ဩစထရို အေရှတစ်အုပ်စုဝင် လူမျိုးနွယ်များ အဖြစ် မွန် ခမာလူမျိုးများအား သတ်မှတ်ကြသည်။ အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေတဝိုက်ရှိ မွန်းဒတ်စ် လူမျိုးများ၊ ဘင်္ဂလားနယ်ရှိ ဆန်သာလ် လူမျိုးများ၊ အာသံနယ်ရှိ ခါဆီးလူမျိုးများ၊ မြန်မာနိုင်ငံရှိ ပလောင်၊ ဝ၊ မွန်လူမျိုးများသည် မူလက လူမျိုးတမျိုးတည်း ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ သို့သော် အာရှ တိုက်တောင်ပိုင်းသို့ ဝင်ရောက်လာကြရင်း အိန္ဒိယ၊ မြန်မာ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် ဒေသများသို့ ပြန့်နှံ့သွားကြသည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် မလာခင်က ၎င်းတို့နှင့် အနွယ်တူ ခမာလူမျိုးများနှင့် အတူ အင်ဒိုချိုင်းနား တဝိုက်တွင် နေထိုင်ခဲ့ကြကြောင်း သမိုင်းဝင် အထောက်အထားများ တွေ့ရှိရသည်။ ယိုးဒယား (ထိုင်း) များမှာ ၁၃ ရာစု လောက်ကမှ ဝင်ရောက်နေထိုင်ကြသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် မဲနမ်မြစ်ဝှမ်းဒေသတဝိုက်တွင် ရှေးဟောင်း မွန်လူမျိုးများနှင့် သက်ဆိုင်သည့် မြို့ဟောင်းမြို့ပျက်များ၊ ဘာသာ ကိုးကွယ်မှု ဆိုင်ရာ ရှေးဟောင်း ကျောက်စာများကို တွေ့ရှိရသည်။ မွန်ရာဇဝင်ဟောင်းများ၌ မဲနမ်မြစ်ဝှမ်း မြောက်ပိုင်းဒေသကို ယောနကတိုင်း-ဟရိပုဉ္စပြည်နယ်၊ တောင်ပိုင်းဒေသကို အယဇ္ဈယတိုင်း-ဒွါရဝတီပြည်နယ်ဟု ရေးသားဖော်ပြသည် ရှေးဟောင်း မွန်လူမျိုးများသည် အိန္ဒိယ တောင်ပိုင်း ဒေသများနှင့် ကူးလူးဆက်ဆံခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှုများကိုလက်ခံကျင့်သုံးခဲ့ကြသည်။ ၃ ရာစု ဝန်းကျင် လောက်တွင် ဗီယက်နမ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် စမ္ပပြည်နယ်နှင့်လည်းကောင်း၊ ၅ ရာစု လောက်တွင် စတင် တည်ထောင် ၍ ၁၃ ရာစုခန့်အထိ အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် အရှေ့အာရှတိုက် တောင်ပိုင်းတွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ၏နိုင်ငံတော်ကြီးနှင့် ရှေးဟောင်းမွန်လူမျိုးများသည် ဆက်သွယ်မှုများ ရှိခဲ့ကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် မဲနမ်မြစ်ဝှမ်းဒေသ တဝိုက်တွင် နှစ်ကာလများစွာ နေထိုင်ပြီးမှ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ ဖြစ်သည့် တနင်္သာရီ ဘက်သို့ ပြန့်နှံ့ဝင်ရောက်လာကြသည်။ ထို့နောက် ဧရာဝတီမြစ်ဝှမ်းများနှင့်၊ စစ်တောင်း၊ မြစ်ဝကျွန်းပေါ်၊ ပဲခူးဘက်သို့ ပြန့်နှံ့လာပြီး ၉ ရာစုနှစ်ခန့်တွင် ဥဿာပဲခူးပြည်နှင့် မာလမင်းဆက်ကို ထူထောင်ကြသည်။ ထိုသို့ထူထောင်စဉ် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဘက်ကို အခြေစိုက် ထူထောင်ရန် ကြိုးပမ်းအားထုတ်ကြသည့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချိုလာမင်းဆက် ဘုရင်များနှင့် တိုက်ခိုက်ကြရသည့် စစ်ပွဲများအကြောင်း မွန်ရာဇဝင်များ၌ ရေးသားထားသည်။ ၁၀ ရာစုခန့်က အိန္ဒိယတောင်ပိုင်း ချိုလာမင်းဆက် ရာဂျန်ဒရာမင်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကို တိုက်ခိုက် သိမ်းပိုက်ထားကြောင်း ဖော်ပြထားသည်။ ခမာ လူမျိုးတို့၏ ကမ္ဗောဒီးယားနိုင်ငံ တန်ခိုးကြီးမားခဲ့စဉ်က မွန်လူမျိုးတို့၏ မြို့ပြ ပြည်နယ်များကို ယင်းတို့နိုင်ငံ၏ အစိတ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက်တွင် ပျူမြန်မာဥဿပဲခူးအား မဲနမ်မြစ်ဝှမ်းမှ ဂျွန်း (ဂျွမ်း) စစ်သည်များ လာရောက် တိုက်ခိုက်၍ အနော်ရထာဘုရင်၏ တပ်များက သွားရောက် ကူညီရကြောင်း ရာဇဝင်သမိုင်းများ၏ ရေးသားထားချက်များကိုလည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။ရှေးဟောင်း မွန်လူမျိုးများသည် ထိုင်းနိုင်ငံဒွါရဝတီကို ရောက်ရှိလာပြီး ရာစုနှစ် အနည်းငယ်အတွင်း ပြန့်နှံ့သွားကြသည်။ ၁၄ ရာစုခန့်တွင် မွန်လူမျိုးတို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ်နေခြင်းအား စတင်ထူထောင်သည့် ဝါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင်က ပထမဦးဆုံးအကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ မွန်လူမျိုးတို့၏ မြို့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာနှင့် ယဉ်ကျေးမှုများအား လေ့လာတွေ့ရှိချက်တွင် ဗြဟ္မဏနှင့် မဟာယနများ ထေရဝါဒ ဆိုင်ရာ ယဉ်ကျေးမှုများနှင့် ရောနှော တွေ့ရှိရသည်။ ဗိသုကာ နည်းပညာမှာ ပျူမြန်မာတို့ရဲ့ နည်းပညာကို တုပ၍ ပျူမြန်မာစာပေကို ကူးယူ၍ သုံးစွဲပြီး အက္ခရာ အရေးအသားမှာ အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသသုံး ပလ္လဝ အက္ခရာမျိုးနှင့် ဆင်တူလေသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ မွန်လူမျိုးတို့သည် AD 15ရာစုမှ မဂဒူး ထီးနန်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် နေကြသူများဖြစ်သည်။ မြန်မာလူမျိူးတို့၏ကနုတ်များဖြင့် ချယ်လှယ် ထားသော ရွှေဟင်္သာ သည် မွန်လူမျိုးများ၏ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်သည်။ မွန်နိုင်ငံ တည်ရှိရာ ဒေသကို ရာမညဒေသ ဟုလည်းခေါ်ဆိုခဲ့ကြသည်။ ကိုးကွယ်ယုံကြည်မှု မွန်လူမျိုးအများစုသည် ထေရဝါဒဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ စာပေ မွန်လူမျိုး ကို မွန်ဘာသာဖြင့် ဂကူမန် ဟုရေးသားသည်။ မွန်စာပေတွင် ဗျည်း (၃၅) လုံးရှိပြီး၊ သရ (၁၂) လုံး ရှိသည်။ မွန်စာပေသည် အေဒီ ၅ ရာစုခန့်တွင် ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း စတင်တွေ့ရသည်။ အိန္ဒိယတောင်ပိုင်း ပလ္လဝလူမျိုးတို့၏ ပလ္လဝအက္ခရာကို အခြေခံ၍ မွန်စာကို တီထွင်ခဲ့ကြသည်။ သထုံခေတ်တွင် မွန်စာပေ ကောင်းစွာ ထွန်းကားနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမိ ဝန်းကျင်တွင် တွေ့ရှိရသော မွန်ကျောက်စာများက ဖော်ပြနေသည်။ ယိုးဒယားနိုင်ငံတောင်ပိုင်း ပရပထုံကျောက်စာကိုကြည့်၍ ခရစ်နှစ် ၅ ရာစုခန့်တွင် မွန်တို့ မွန်စာကို ကောင်းစွာရေးတတ် ဖတ်တတ်နေပြီဖြစ်ကြောင်း သိနိုင်သည်။ မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ စဉ့်ကွင်းစာ၊ အင်္ဂတေစာ၊ ပုရပိုဒ်စာ၊ ပေစာ၊ ပုံနှိပ်စာ စသည်ဖြင့် ပုံစံအမျိုးမျိုးတွေ့ရှိနိုင်သည်။ ပိဋကတ်တော်ဆိုင်ရာကျမ်း၊ ရာဇာဝင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပျို့ကဗျာလင်္ကာကျမ်း၊ ပုံဝတ္ထုများ၊ စကားပြေအရေးအသားများ စသည်ဖြင့် စုံလင်လှသည်။ မွန်ဘာသာစကားသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မွန်လူမျိုးတို့အသုံးပြုသည့်အရှေ့တောင်အာရှသုံး ဘာသာစကားတစ်ခုဖြစ်သည်။ မွန်ဘာသာစကားသည် ကမ္ဘောဒီးယား ဘာသာစကားနှင့် ဆင်တူသော်လည်း အရှေ့တောင်အာရှ ဒေသရှိ ဘာသာစကား အများစုကဲ့သို့ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ ယနေ့ မွန်ဘာသာစကားကို လူဦးရေ တစ်သန်းထက်နည်းသောသူများက ပြောဆိုလျက်ရှိကြသည်။ မကြာသေးမီနှစ်များကမွန်ဘာသာစကားအသုံးပြုမှုမှာ အထူးသဖြင့် ငယ်ရွယ်သောမျိုးဆက်အတွင်း လျင်မြန်စွာကျဆင်းလျက်ရှိသည်။ မွန်မျိုးနွယ် အများစုသည် ဗမာဘာသာစကား တစ်မျိုးတည်းကိုသာ ပြောဆိုကြသည်။ မြန်မာနိုင်ငံတွင် မွန်ဘာသာစကား ပြောဆိုသူအများစုသည် မွန်ပြည်နယ်တွင် နေထိုင်ကြပြီး တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ် တို့တွင်လည်း မွန်စကားကို ပြောဆိုကြသည်။ မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူး မွန် နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုပေါင်းကူးချိန်သည် မွန်နှင့် မြန်မာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့သည်။ ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာနိုင်ငံဖြစ်သော ဒွါရဝတီနိုင်ငံသည်လည်း တန်ခိုးကြီးမားနေချိန် ဖြစ်သည်။ ထို့ပြင် မွန်တို့သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေအရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများ ဖြစ်ကြပေသည်။ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာနေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂) တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် မြန်မာကျောက်စာပေါင်းချုပ် စာအုပ်ကို တည်းဖြတ်ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်သည်။ အနုပညာ ယဉ်ကျေးမှု မွန်တို့သည် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စသည့် ပန်း ၁၀ မျိုး အတတ်နှင့် အဆောက်အဦးများ တည်ဆောက်ခြင်း၊ အင်္ဂတေရုပ်လုံးများ ထွင်းထုခြင်း စသည့် လက်မှုပညာများကို သထုံခေတ်တွင် ကောင်းစွာ တတ်မြောက်နေပြီဖြစ်သည်။ သထုံဝန်းကျင်တွင် ဂဝံကျောက်ဆစ် လက်ရာများ ကျန်ရစ်နေသည်ကို ယခုတိုင် တွေ့မြင်နိုင်သည်။ ကျောက်သင်ပုန်းလုပ်ငန်းသည် မွန်တို့၏ လက်မှုပညာတစ်ခု ဖြစ်သည်။ တူရိယာ မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု တူရိယာမှာ မိကျောင်း(တူရိယာ) ဖြစ်သည်။ ထင်ရှားသော မွန်လူမျိုးများ ရှၚ်ဗုဒ္ဓဃောသ(ရာမညပုတ္တော ဗုဒ္ဓဃောသော) - ပိဋကတ်သုံးပုံကို သီဟိုဠ်ဘာသာမှ ပါဠိသို့ဘာသာပြန်သူ ရှင်အရဟံ - ဗုဒ္ဓသာသနာသန့်ရှင်း ထွန်းလင်းစေသူ မနူဟာမင်း (ခေါ်) မကုဋ- သုဝဏ္ဏဘူမိ သထုံမွန်မင်းဆက်၏ ၂၅ဆက်မြောက်မင်း ရာဇာဓိရာဇ် (ခေါ်) ဗညားနွဲ့ - ဟံသာဝတီမွန်မင်းဆက်၏ ၉ဆက်မြောက်မင်း၊ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်၏ အထင်ကရစစ်ဘုရင် အမတ်ဒိန် - ရာဇာဓိရာဇ်ဘုရင်၏ အတိုင်ပင်ခံအမတ်ကြီး ရှင်စောပု - မွန်ဘုရင်မကြီး ဓမ္မစေတီမင်း (ခေါ်) ရာမာဓိပတိ- ဗုဒ္ဓဘာသာသာသနာတော် အတွက်ကြိုးပမ်းမှုများကြောင့် ထင်ရှားသော မွန်ဘုရင် သမိန်ဗရမ်း - မွန်သူရဲကောင်း အမတ်ကြီး ဗညားဒလ - ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်သူဘုရင့်နောင်၏ အတိုင်ပင်ခံဝန်ကြီးချုပ်၊ အဂ္ဂမဟာသေနာပတိ ရှင်မဟာရဋ္ဌသာရ - အင်းဝခေတ်စာဆိုတော်ရဟန်း ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) - ထိုင်းဘုရင့်နိုင်ငံ၏ ချက္ကရီမင်းဆက် တည်ထောင်သူဘုရင် အမရိန္ဒြာ - ထိုင်းဘုရင့်နိုင်ငံ၏ ချက္ကရီမင်းဆက် တည်ထောင်သူ ရာမ(၁)ဘုရင်၏ မိဖုရားခေါင်ကြီး၊ ရာမ(၂)ဘုရင်၏ မယ်​တော် ဗညားဒလ - ဒုတိယဟံသာဝတီမင်းဆက်၏ နောက်ဆုံး ဘုရင် မိတလထော - ဟံသာဝတီ တိဿရာဇာမင်းမိဖုရား မကုဋ (ခေါ်) မောင်းကွတ် - ထိုင်းဘုရင့်နိုင်ငံ ချက္ကရီမင်းဆက်၏ ၄ဆက်မြောက်မင်း၊ ထိုင်းနိုင်ငံကိုခေတ်မှီအောင်အစပြုခဲ့သူ မောင်ထော်လေး - စစ်ကဲ ဦးနာအောက် - ကိုလိုနီခေတ် မီးသင်္ဘောသူဋ္ဌေး ဆာဦးသွင် - ကိုလိုနီခေတ် သူဌေးကြီး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကို စတင်တည်ထောင်သူ ဆာဂျေအေမောင်ကြီး - ကိုလိုနီခေတ် မြန်မာလူမျိုး ပထမဆုံး ဘုရင်ခံ မြန်မာ့ ပထမဆုံး အနောက်တိုင်းဆရာဝန် ဒေါက်တာရှောလူး မြန်မာနိုင်ငံ၏ ပထမဆုံး ကာယဗလလေ့ကျင့်သူ ဒေါက်တာဝေါ်လတာချစ်ထွန်း မြန်မာနိုင်ငံ၏ ပထမဆုံး ပါရဂူ ဒေါက်တာဘဟန် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ မြန်မာနိုင်ငံ၏ ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ဒေါက်တာနော်မန်လှ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူ မင်းသုဝဏ် ( မြန်မာနိုင်ငံ၏ သမ္မတ ဦးထင်ကျော်၏ ဖခင်) ဇာဂနာ - ရုပ်ရှင်နှင့် သဘင်ပညာရှင် ထူးအိမ်သင် - တေးရေးတေးဆို မျိုးကျော့မြိုင် - တေးရေးတေးဆို၊ မြန်မာ့ ဟစ်ဟော့လောကကို စတင်ခဲ့သူ ဗညားနိုင် - အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်းအဖွဲ့ဝင် မင်းကိုနိုင် - ကျောင်းသားခေါင်းဆောင် ဦးမြင့်ဆွေ - ဒုတိယ သမ္မတ အာနန်ပန်ယာချွန် - ထိုင်းဝန်ကြီးချုပ် နန္ဒာလှိုင် - မြန်မာရုပ်ရှင်မင်းသမီး နက်သာပွန်တီမီရက် - ထိုင်းရုပ်ရှင်မင်းသမီး၊ Taew ဟု နိုင်ငံတကာတွင်ကျော်ကြားသူ အိချောပို - သရုပ်ဆောင်၊ မော်ဒယ် ပပဝင်းခင် - သရုပ်ဆောင်၊ မော်ဒယ် အာဘွိုင်း - ဟစ်ဟော့အဆိုတော် မိစန္ဒီ - အမျိုးသမီးဟစ်ဟော့အဆိုတော် ထွန်းမင်းနိုင် - ဝမ်းချန်ပီယံရှစ်လက်ဝှေ့ချန်ပီယံ ခိုင်သဇင်ငုဝါ - သရုပ်ဆောင်၊ မော်ဒယ် မွန်အလံများ () မှတ်စုများ ကိုးကား ရာမညမိုးစွေ၏ မွန်ဂီတနိဒါန်း ဒေါက်တာမင်းတင်မွန်၏ မွန် - မြန်မာ စာပေပေါင်းကူး မွန်လူမျိုးများ မြန်မာနိုင်ငံလူမျိုးများ
Human: သင်ပုန်းကျွန်းရွာ၊ လောင်းလုံးမြို့နယ်
Assistant: သင်ပုန်းကျွန်းရွာ()သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဝပ်ပြင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ဖြစ်သည်။ ကိုးကား လောင်းလုံးမြို့နယ်ရှိ ရွာများ
Human: ခမ်းနှုံးရွာ၊ မိုင်းပျဉ်းမြို့နယ်
Assistant: ခမ်းနှုံးရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဖာခမ်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၄၀၄၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဖာခမ်းကျေးရွာအုပ်စုတွင် ကျား ၁၁၃၇ ဦး၊ မ ၁၁၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၂၄၈ ဦးနေထိုင်သည်။ ဒေသအခေါ်မှာ ခမ်းနူး ဖြစ်သည်။ ကိုးကား မိုင်းပျဉ်းမြို့နယ်ရှိ ရွာများ
Human: ဓနုံးချောင်းရွာ၊ ကံကလေး
Assistant: ဓနုံးချောင်းရွာ၊ ကံကလေး ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
Human: ဆီးမိုက်လူမျိုး
Assistant: ဆီးမိုက်လူမျိုး ဆီးမိုက်လူမျိုးသည် အာရှအနောက်ပိုင်းနှင့် အာဖရိက အရှေ့ပိုင်းတွင် အများဆုံးနေထိုင်ကြသော လူမျိုးတစ်မျိုးဖြစ် သည်။ မူလက ဆီးမိုက်လူမျိုးတို့သည် မည်သည့်နိုင်ငံမှ စတင် ပေါက်ဖွားလာသည် ကိုကား မည်သူမျှ တပ်အပ်သေချာမသိကြ ချေ။ သို့သော် ခရစ်မပေါ်မီနှစ်ပေါင်း ၂ဝဝဝ ခန့်ကမူ၊ အဆိုပါ လူမျိုးများသည် ယခုအခါ အီရတ်ဟု ခေါ်သော မက်ဆိုပိုတေး မီးယားပြည်နယ်တွင် နေထိုင်ခဲ့ကြဘူး သည်ဟူသော အချက်ကို ကား သေချာစွာသိရှိရပေသည်၊ ထို သူတို့အထဲတွင် ယဟူဒီ လူမျိုးများသည် တောင်ဘက်သို့ တစ်ဖြည်းဖြည်း ရွှေ့ပြောင်းလာ ကြပြီးနောက် ပါလက်စတိုင်းပြည်တွင် အခြေစိုက်နေထိုင်ခဲ့ကြ လေသည်။ ဆီးမိုက်လူမျိုးဆက်ကို ခွဲခြားရာ၌ မည်သည့်လူမျိုးသည် ဆီးမိုက်အဆက်အနွယ်ဖြစ်၍၊ မည်သည့် လူမျိုးကား ဆီးမိုက် အနွယ်ဝင်မဟုတ်ဟုခွဲခြားရန် များစွာခဲယဉ်းခြင်း မရှိလှပေ။ ဘာသာစကားကို ဆီးမိုက် အဆက်အနွယ်ဟုတ်မဟုတ် ခွဲခြား သိရှိရန်သာလျှင်ခက်သည်။ ဆီးမိုက်အဆက်အနွယ်များထဲတွင် တောင်ပိုင်း လူမျိုး၊ မြောက်ပိုင်းလူမျိုးဟူ၍ နှစ်မျိုးရှိသည်။ တောင်ပိုင်းလူမျိုးများမှာ အာရပ်လူမျိုးဖြစ်၍၊ မြောက်ပိုင်း လူမျိုးများမှာ ယဟူဒီများဖြစ်ကြသည်။ ကမ္ဘာ့အဆင့်အတန်း တိုးတက်မှုတွင် ဆီးမိုက်လူမျိုးများ လည်း အရေးပါအရာရောက်သော အပိုင်းမှပါဝင်ခဲ့ပေသည်။ အထူးသဖြင့် ကုန်ကူးသန်းရောင်းဝယ်ရေးတွင် ဆီးမိုက်လူမျိုး တို့၏ ခြေရာလက်ရာများကို ထင်ရှားစွာ တွေ့ရှိကြရပေသည်။ ကမ္ဘာ့အက္ခရာစာလုံးကို ရှေးဦးစွာ တီထွင်ခဲ့ကြသော ဖီနီရှန် လူမျိုးများမှာ ဆီးမိုက် အဆက်အနွယ်များပင်ဖြစ်သည်။ ကိုးကား မနုဿဗေဒ သမိုင်း အာရှတိုက် လူမျိုး
Human: သေကံ (ကုလား)ရွာ
Assistant: သေကံ (ကုလား)ရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
Human: တစ်တော တစ်ဖတွန်
Assistant: တစ်တော တစ်ဖတွန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။ ရှင်းလင်းချက် တောတစ်တောလျှင် ကြက်ဖတစ်ကောင် မင်းမူ၍ တွန်သကဲ့သို့ ကိုယ့်နေရာနှင့်ကိုယ် လူတွင်ကျယ်လုပ်နေသည်။ မူလရင်းမြစ် "ဝဋ္ဋဂါမဏိ မင်းပြု၍ ၅-လ ရှိသောအခါ ဗြာဟ္မဏတိဿဆိုသူနှင့် ကျည်းမင်း ၇-ယောက်တို့ ထကြွသောင်းကျန်းကြ၊ '''တစ်တော တစ်ဖတွန်ကြသဖြင့်..." [၁၃၂၇] ရှေ့သို့၊ ၇၊ ၂။ ၂၁။ ကျမ်းကိုး မြန်မာစကားပုံများ
Human: မရမာကြီးလူမျိုး
Assistant: မရမာကြီးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် သတ်မှတ်ထားသော မျိုးနွယ်စု(၁၃၅)မျိုးတွင် ပါဝင်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် နေထိုင်သည်။ ဘုရင့်နောင်၏အရိုက်အရာကို ဆက်ခံသည့်သားတော် နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီထီးနန်းသည် ရခိုင်မင်းနှင့် တောင်ငူမင်းတို့ ပူးပေါင်းတိုက်ခိုက်သဖြင့် ပျက်စီးသွားခဲ့ရ၏။ ရခိုင်တို့သည် ကမ္ဘောဇသာဒီနန်းတော်ကို မီးရှို့ဖျက်ဆီးပြီး ဘုရင့်နောင်၏ ဆွေတော်မျိုးတော် မင်းညီမင်းသားများကို ရခိုင်၊ ထိုမှတစ်ဆင့် ထိုအချိန်ကရခိုင်ပိုင် ဘင်္ဂလားနယ်၊ စစ်တကောင်းဒေသသို့ ပို့ဆောင်ခဲ့သည်။ ထိုသူတို့မှဆင်းသက်ပေါက်ဖွားလာကြသူများကို မရမာကြီးဟုခေါ်ဆိုကြပြီး ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထင်အရှားနေထိုင်လျက်ရှိကြသေးသည်။ ကိုးကား မြန်မာနိုင်ငံလူမျိုးများ ရခိုင်လူမျိုးစု
Human: စစ္စပါးရွာ၊ အောင်လံမြို့နယ်
Assistant: စစ္စပါးရွာ ()သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မြင်းကပိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၆၅၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြင်းကပိုင်ကျေးရွာအုပ်စုတွင် ကျား ၁၅၃၂ ဦး၊ မ ၁၆၉၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၂၃၀ ဦးနေထိုင်သည်။ ကိုးကား အောင်လံမြို့နယ်ရှိ ရွာများ
Human: ဥယျာဉ်စုရွာ၊ ရေလဲကလေး
Assistant: ဥယျာဉ်စုရွာ၊ ရေလဲကလေး ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
Human: ရဲစခန်းရွာ၊ ချောင်းဦးမြို့နယ်
Assistant: ရဲစခန်းရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၅၂၇ ဖြစ်သည်။ ကိုးကား ချောင်းဦးမြို့နယ်ရှိ ရွာများ
Human: ယောင်ပန် (၃)ရွာ၊ မိုင်းပျဉ်းမြို့နယ်
Assistant: ယောင်ပန် (၃)ရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပန်ဝိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၄၄၀၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပန်ဝိုင်ကျေးရွာအုပ်စုတွင် ကျား ၈၁၀ ဦး၊ မ ၇၆၉ ဦး၊ လူဦးရေ စုစုပေါင်း ၁၅၇၉ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား မိုင်းပျဉ်းမြို့နယ်ရှိ ရွာများ
Human: ကချင်ရွှေကျောင်းရွာ၊ မိုးကုတ်မြို့နယ်
Assistant: ကချင်ရွှေကျောင်းရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၃၉၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟိုဝိတ်ကျေးရွာအုပ်စုတွင် ကျား ၃၀၅ ဦး၊ မ ၃၈၃ ဦး၊ လူဦးရေ စုစုပေါင်း ၆၈၈ ဦးနေထိုင်သည်။ ကိုးကား မိုးကုတ်မြို့နယ်ရှိ ရွာများ
Human: နတ်ရေတွင်းရွာ၊ အင်းတော်မြို့နယ်
Assistant: နတ်ရေတွင်းရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နတ်ရေတွင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၄၄၂၅ ဖြစ်သည်။ ကိုးကား အင်းတော်မြို့နယ်ရှိ ရွာများ
Human: ခါချဉ်ရွာ၊ မံစီမြို့နယ်
Assistant: ခါချဉ်ရွာ()သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၆၉၉၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စီခမ်းကြီးကျေးရွာအုပ်စုတွင် ကျား ၁၀၉၈ ဦး၊ မ ၁၀၅၆ ဦး၊ လူဦးရေစုစုပေါင်း ၂၁၅၄ ဦး နေထိုင်သည်။ ကိုးကား မံစီမြို့နယ်ရှိ ရွာများ
Human: ဝါဖတ်ဖန်ရွာ၊ ပန်ဆန်း (ပန်ခမ်း)မြို့နယ်
Assistant: ဝါဖတ်ဖန်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပန်ဆန်း (ပန်ခမ်း)မြို့နယ်၊ ယောင်လန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၇၃၆၀ ဖြစ်သည်။ ကိုးကား ပန်ဆန်း (ပန်ခမ်း)မြို့နယ်ရှိ ရွာများ
Human: ဂျိုးဖြူကုန်းရွာ၊ သထုံမြို့နယ်
Assistant: ဂျိုးဖြူကုန်းရွာ()သည် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၅၉၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မရမ်းကုန်းကျေးရွာအုပ်စုတွင် ကျား ၃၃၉၈ ဦး၊ မ ၃၅၃၉ ဦး၊ လူဦးရေ စုစုပေါင်း ၆၉၃၇ ဦး နေထိုင်သည်။ ကိုးကား သထုံမြို့နယ်ရှိ ရွာများ
Human: ဘုရားလေးကြိမ်ချောင်းရွာ၊ ဘီတွတ်
Assistant: ဘုရားလေးကြိမ်ချောင်းရွာ၊ ဘီတွတ် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
Human: ချားလ်စ် ဒါဝင်
Assistant: ချားလ်စ်ဒါဝင် (Charles Darwin) (၁၈၀၉-၁၈၈၂)ကို ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ (Evolution Theory) နှင့် ပတ်သက်ပြီး ကျော်ဇောထင်ရှားသူဖြစ်သည်။ ၁၂ ဖေဖော်ဝါရီ ၁၈၀၉ အင်္ဂလန်နိုင်ငံ၊ ရှရူဘူရီ (shrewsbury) တွင်ဖွားမြင်သည်။ အသက်၁၆နှစ်တွင် အီဒင်ဘတ်တက္ကသိုလ် (Edinburg) တွင် ဆေးပညာကို စတင်သင်ယူသည်။ သို့သော် ဆေးပညာနှင့် ခန္ဒာဗေဒ (Anatomy) တွင် စိတ်ပါဝင်စားမှု သိပ်မရှိသဖြင့် ကိန်းဘရစ်ချ်တက္ကသိုလ် (Cambridge) သို့ ပြောင်းရွေ့ပြီး ကျမ်းစာသင်ယူသည်။ သို့သော် များစွာအားစိုက်သင်ယူခြင်း မရှိပဲ မြင်းစီး၊ အမဲလိုက် စသည့် အပျော်အပါးများဖြင့်သာ အချိန်ဖြုန်းနေလေ့ရှိသည်ဟု ဆိုသည်။ ထို့အတွက် ဖခင်ဖြစ်သူနှင့် မကြာခဏပင် အခြေတင် စကားများကြသည်။ နောက်မကြာမှီ ဆရာတစ်ဦးအား အပိုင်စည်းရုံးပြီး မိမိအား သဘာဝပညာရှင် (Nuturalist) အဖြစ်ထောက်ခံချက်ပေးစေသည်။ ထိုထောက်ခံချက်ကို အသုံးပြုကာ ဘီဂဲလ်သင်္ဘော (H.M.S Beagle) ဖြင့် ရေလမ်းစူးစမ်းရှာဖွေရေးခရီးတွင် လိုက်ပါသွားခဲ့သည်။ ထိုခရီးမှာ ဒါဝင့်အတွက် သာမက သူ၏ဘဝနောက်ပိုင်း တွေ့ရှိချက်များကိုပါ အလွန်အကျိုးရှိစေသည်ကို တွေ့ရသည်။ ၁၈၃၁ ခုနှစ်တွင် စတင်သည့် ထိုခရီးစဉ်တွင်လိုက်ပါခဲ့စဉ်က ဒါဝင့်အသက်မှာ ၂၂နှစ်သားသာရှိသေးသည်။ ထိုမှစတင်ပြီးခရီးထွက်ရာ (၅) နှစ်လုံးလုံး တောင်အမေရိကတိုက်ကမ်းခြေများ၊ အိန္ဒိယသမုဒ္ဒရာ နှင့် တောင်ဘက် အတ္တလန်တိတ်ဒေသများတွင် အေးအေးလူလူ လေ့လာခွင့်ရသည်။ ထို့ပြင် လူသူမနီးသည့် ကျွန်းများ၊ လူရိုင်းဆန်ဆန်မျိုးနွယ်စုများ (တိုးတက်မှုများစွာမရှိသေးသည့် ရှေးကျကျန်ရစ်သည့် လူမျိုးနွယ်စုများ) (Primitive tribes)၊ ကျောက်ဖြစ်ရုပ်ကြွင်း (Fossil)၊ အပင်များ၊ သတ္တဝါများကို အမျိုးစုံလင်အောင် တွေ့ရှိကာ လေ့လာခွင့်ရခဲ့သည်။ တွေ့ရှိချက်မှန်သမျှကို စာအုပ်များတွင် မှတ်တမ်းမှတ်ရာအစုံအလင် ရေးမှတ်ထားခဲ့သည်။ ထိုမှတ်စုများမှာ နောင်တစ်ချိန်တွင်ရေးသားမည့် ကျမ်းများအတွက် အရေးပါသည့် အရင်းအနှီးများ ဖြစ်ပေတော့သည်။ ၁၈၃၆ ဒါဝင် အိမ်ပြန်ရောက်ပြီးနောက်တွင် မိမိ၏တွေ့ရှိချက်များကို အခြေခံကာ သတ္တဝါနှင့် အပင်များသည် မည်သည့်နည်းနှင့်မျှ မပြောင်းမလဲပဲ တပုံစံတည်း တည်ရှိမနေနိုင်ကြောင်း နားလည်ခဲ့သည်။ သို့သော် ထိုအချက်အား မည်သူ့ကိုမှ ပြောပြခဲ့ခြင်း၊ ရှင်းပြခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ အများက ကန့်ကွက်မည်မှာ သေချာလှသည် ဖြစ်သောကြောင့်ပင်။ သို့သော် ဘူမိဗေဒ သဘောအရ တောင်များ၊ ချိုင့်ဝှမ်းများ၊ ပင်လယ်များ၊ ကုန်းမြေများ အားလုံးသည် အချိန်ကာလနှင့် အခြေအနေများအရ ပြောင်းလဲမြဲဖြစ်သကဲ့သို့ သတ္တဝါများ၊ အပင်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်မည်ကို သက်သေပြနိုင်ရန် အကြီးအကျယ်ပင် လုံ့လထုတ်တော့သည်။ သို့ဖြင့် ပညာရှင်များ အသိုင်းအဝန်းကြားတွင် ဒါဝင်၏အမည်မှာ ထင်ရှားလာခဲ့သည်။ ၁၈၃၈ တွင် သောမက်စ်မားလ်သပ်စ်၏ လူဦးရေ အခြေခံသဘောတရားအကြောင်း အမည်ရှိ စာအုပ်ကို ဖတ်ရှုမိပြီးနောက် မိမိစိတ်ကူးကို မည်သို့သက်သေပြရမည်ကို အတွေးရသွားခဲ့သည်။ သို့ဖြင့် သဘာဝအလိုက် ရွေးချယ်ခြင်း အခြေခံ သဘောတရား (Principle of natural selection) ကိုရေးသားခဲ့ပြီး ဖြန့်ဝေခြင်းမပြုပဲ သက်သေပြနိုင်ရန် အထောက်အထားများကို စုဆောင်းနေခဲ့သည်။ ပြီးမှ စနစ်တကျထုတ်ဝေတင်ပြနိုင်ရန် မူကြမ်း(Hypothesis) ကို စီစဉ်သည်။ သီအိုရီ အကျဉ်းချုပ်ကို ၁၈၄၂ စောစောကပင် ရေးသားပြီးစီးခဲ့ပြီးနောက် အကျယ်ကို ၁၈၄၄ တွင်ပြီးစီးသည်။ ထိုသို့ အကျယ်ရေးနေချိန်အတွင်း အရှေ့အင်ဒိစ် (ယနေ့ အင်ဒိုနီးရှား) သို့ ရောက်ရှိနေသည့် အဲဖရက်ရပ်ဆဲလ်ဝေါလေ့စ် (Alfred Russel Wallace) ထံမှ ဆင့်ကဲဖြစ်စဉ် သီအိုရီ နှင့်ပတ်သက်သည့် စာမူကြမ်းတစ်ခု ရောက်လာသဖြင့် တိုက်ဆိုင်စစ်ဆေးရာ နှစ်ဦးသား၏ တွေ့ရှိများမှာ အဓိက အကြောင်းအရာအားဖြင့် အတော်များများ တူညီမှုရှိကြောင်း တွေ့ရသည်။ နှစ်ဦးသားအနေဖြင့် တူညီသည့် အကြောင်းအရာ တစ်ခုအတွက် မည်သူကအလျင်တွေ့ရှိသည်ကို ငြင်းခုံရတော့မယ့် အခြေအနေသို့ ရောက်နေရပြီဖြစ်သည်။ သို့သော် ဒါဝင်က ထိုအခြေအနေသို့ အရောက်မခံတော့ပဲ နှစ်ဦးလုံး၏ စာမူများကို သိပ္ပံအဖွဲ့ကြီးတစ်ခုသို့ ပို့ပြီးတင်ပြလိုက်သည်။ ထိုတင်ပြချက်များအား မည်သူမျှ အရေးတယူ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့သော်လည်း ၁၈၅၉တွင် ဒါဝင်၏ မျိုးရိုးဗီဇများ (The 0rigin of Species) ကိုပုံနှိပ်ထုတ်ဝေသောအခါတွင်မူ ပညာရှင်အသိုင်းအဝန်းကြားတွင်သာမက အရပ်သားများကြားတွင်ပါ အကြီးအကျယ် ပွက်လောညံသွားခဲ့သည်။ ထို့ပြင် ၁၈၇၁ တွင် လူဆင်းသက်လာပုံနှင့် လိင်အလိုက် ရွေးချယ်ပုံ"' (The Descent of Men and Selection to Sex) ကို ထပ်မံထုတ်ဝေသောအခါတွင်လည်း အကြီးအကျယ် အငြင်းပွားကြပြန်သည်။ ထိုနောက် လူသည် လူဝံ (Ape) ကဲ့သို့သောသတ္တဝါမျိုးမှ ဆင်းသက်လာသည် ဟူသော် အဆိုပြုချက်ကို ဖတ်ရသောအခါ လောင်နေသည့် မီးတောက်ထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်တော့သည်။ ဒါဝင်သည် သူ၏သီအိုရီနှင့် ပတ်သက်ပြီး ငြင်းခုံကြသည့် ပွဲများတွင် ကိုယ်တိုင်ပါဝင်လေ့မရှိပေ။ အကြောင်းမှာ ဘီဂဲလ်သင်္ဘောဖြင့် ခရီးလိုက်ပါစဉ်က၊ လေ့လာစူးစမ်းစဉ်က အမေရိကတွင် အဆိပ်ရှိပိုး အကိုက်ခံရသဖြင့် ရှာဂါရောဂါ(Chaga' Diseaes) ဖြစ်ခဲ့ဖူးပြီး ခရီးပန်းသည့်ဒဏ်များကြောင့် အတော်ပင် ကျန်းမာရေးချို့တဲ့ရှာသောကြောင့် အပြင်ထွက်လေ့မရှိသည်က တစ်ကြောင်း၊ သူ၏သီအိုရီများနှင့် ပက်သတ်လျှင် အလွန်ရှေ့နေအလိုက်ကောင်းသည်ဟု ပြောကြသည့် သောမက်စ် အိတ်ချ် ဟက်စ်လေ(Thomas H. Huxley) ရှိနေသောကြောင့် တစ်ကြောင်းဖြစ်သည်။ သို့နှင့် ချားလ်စ်ဒါဝင်ကွယ်လွန်သည့် ၁၈၈၂ တွင် သူ၏သီအိုရီများမှာ အမှန်ဖြစ်သည်ဟု အများကလက်ခံယုံကြည်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အမှန်ဆိုရလျှင် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကို စတင်ဖော်ထုတ်သူမှာ ဒါဝင်တစ်ဦးတည်း မဟုတ်ပေ။ ရှေ့တွင်လည်း လက်ဦးက ပြောဆိုနေမှုများ ရှိနေပြီးဖြစ်သည်။ (ထိုသူများထဲတွင် ဒါဝင့်အဖိုးကိုယ်တိုင်ပါဝင်သည်။) သို့သော် မည်သူကမှ လက်မခံခဲ့ပေ။ အကြောင်းမှာ ဒါဝင်ကဲ့သို့ အချက်အလက် သက်သေခိုင်ခိုင်ဖြင့် မတင်ပြနိုင်သောကြောင့်ဖြစ်သည်။ နောက်နှစ် ၂၀ အကြာတွင် ပေါ်ပေါက်လာသည့် ဂရီဂိုမန်ဒဲလ် (Gregor Mendel) ၏ မျိုးရိုးဗီဇ အမွေဆက်ခံခြင်း နိယာမ(Law of Genetic Ingeritance) က ဒါဝင်၏သီအိုရီကို ပိုမိုအားကောင်း ခိုင်မာလာစေသည်ဟု ဆိုရမည်ဖြစ်သည်။ ဒါဝင်၏ သဘာဝရွေးချယ်ခြင်း သီအိုရီကို သိပ္ပံပညာရပ်တော်တော်များများတွင်သာမက နိုင်ငံရေး၊ ဘောဂဗေဒ အစရှိသည့် ဘာသာရပ်များတွင်လည်း အလျဉ်းသင့်သလို အသုံးချကြသေးသည်။ ဘာသာရေးအနေဖြင့်ကြည့်လျှင် ဘာသာမဲ့ဖြစ်သူ ဒါဝင်၏ သီအိုရီကို ဘာသာရေးသမားများ၊ လေးနက်ယုံကြည်သူများက အတော်ပင်စိုးရွံခဲ့ကြသည်ဟုဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရား အယူဝါဒအရ "အရာရာကို ဘုရားသခင်က ဖန်ဆင်းသည်။"ဆိုသည့်ယုံကြည်မှုကို အကြီးအကျယ်ပင် ခြိမ်းခြောက်နေသောကြောင့်ပင် ဖြစ်သည်။ သို့နှင့် ဘဝရပ်တည်ရေးအတွက် ရုန်းကန်ဆဲနှင့် အတော်ဆုံးသာလျှင် ကျန်ရစ်မည်။''' ဆိုသည့်စကားမှာ လူသားတို့အတွက် သတိပေးစကားဖြစ်လာခဲ့ကာ သိပ္ပံ၊ မနုဿနှင့် ဇီဝဗေဒ ဆိုင်ရာများတွင် ဒါဝင်၏ သီအိုရီများမှာ မရှိမဖြစ်ဆိုသလိုပင် အသုံးပြုနေရသောကြောင့် ဒါဝင်၏ကျေးဇူးမှာ ခေတ်လူသားတို့အပေါ်တွင် များစွာတင်ရှိနေသည်ဟု ဆိုရတော့မည်ဖြစ်သည်။ ရည်ညွှန်းကိုးကား သိပ္ပံပညာရှင်များ
Human: ညောင်ပင်တိုရွာ၊ ဆားလင်းကြီးမြို့နယ်
Assistant: ညောင်ပင်တိုရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်တိုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၉၇၉ ဖြစ်သည်။ ကိုးကား ဆားလင်းကြီးမြို့နယ်ရှိ ရွာများ
Human: မန်နားပန်ရွာ၊ တန့်ယန်းမြို့နယ်
Assistant: မန်နားပန်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ တောင်ဟျှိုးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၆၈၂၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ဟျှိုးကျေးရွာအုပ်စုတွင် ကျား ၂၀၄၈ ဦး၊ မ ၂၀၃၃ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၈၁ ဦးနေထိုင်သည်။ ကိုးကား တန့်ယန်းမြို့နယ်ရှိ ရွာများ
Human: ဗန်းနွဲ့ရွာ၊ ကွတ်ခိုင်မြို့နယ်
Assistant: ဗန်းနွဲ့ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ဗန်နွဲ့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၈၈၇၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်နွဲ့ကျေးရွာအုပ်စုတွင် ကျား ၅၃၅ ဦး၊ မ ၄၈၃ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၁၈ ဦးနေထိုင်သည်။ ဒေသအခေါ်မှာ ဗန်နွဲ့ ဖြစ်သည်။ ကိုးကား ကွတ်ခိုင်မြို့နယ်ရှိ ရွာများ
Human: ရွာသစ်ပိုင်းရွာ၊ ကျွဲခြံ
Assistant: ရွာသစ်ပိုင်းရွာ()သည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၆၈၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျွဲခြံကျေးရွာအုပ်စုတွင် ကျား ၂၇၅၂ ဦး၊ မ ၃၀၄၈ ဦး၊ လူဦးရေ စုစုပေါင်း ၅၈၀၀ ဦး နေထိုင်သည်။ ကိုးကား ပေါင်မြို့နယ်ရှိ ရွာများ
Human: မော်ဂွန်းရွာ၊ မိုးမောက်မြို့နယ်
Assistant: မော်ဂွန်းရွာ()သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ပန်ခတ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၇၁၉၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပန်ခတ်ကျေးရွာအုပ်စုတွင် ကျား ၁၅၁ ဦး၊ မ ၁၄၉ ဦး၊ လူဦးရေစုစုပေါင်း ၃၀၀ ဦး နေထိုင်သည်။ ကိုးကား မိုးမောက်မြို့နယ်ရှိ ရွာများ
Human: ကော်နမ့်ခုံရွာ၊ မိုင်းယောင်းမြို့နယ်
Assistant: ကော်နမ့်ခုံရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၅၂၅၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းလွေကျေးရွာအုပ်စုတွင် ကျား ၃၂၂ ဦး၊ မ ၂၈၈ ဦး၊ လူဦးရေ စုစုပေါင်း ၆၁၀ ဦးနေထိုင်သည်။ ကိုးကား မိုင်းယောင်းမြို့နယ်ရှိ ရွာများ
Human: ကိန်းဘရစ်ချ် တက္ကသိုလ်
Assistant: ကိန်းဘရစ်ချ် တက္ကသိုလ် () သည် အင်္ဂလန်တွင် ဒုတိယ ရှေးအကျဆုံးနှင့် ဥရောပတွင် စတုတ္ထမြောက် ရှေးအကျဆုံး တက္ကသိုလ်ဖြစ်သည်။ ကျမ်းကိုး အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များ ကိန်းဘရစ်ချ် တက္ကသိုလ်
Human: ထန်းကုန်းရွာ၊ ဖြူးမြို့နယ်
Assistant: ထန်းကုန်းရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမဲခေါင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၅၅၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အမဲခေါင်ကျေးရွာအုပ်စုတွင် ကျား ၂၆၃၆ ဦး၊ မ ၂၈၉၃ ဦး၊ လူဦးရေ စုစုပေါင်း ၅၅၂၉ ဦးနေထိုင်သည်။ ကိုးကား ဖြူးမြို့နယ်ရှိ ရွာများ
Human: မြောက်ပိုင်း ကူကီး-ချင်းနွယ် ဘာသာစကားများ
Assistant: မြောက်ပိုင်း ကူကီး-ချင်း (သို့မဟုတ် အရှေ့မြောက် ကူကီး-ချင်း ) သည် ကူကီး-ချင်းဘာသာစကား ၏ အကိုင်းအခက်တစ်ခုဖြစ်သည်။ ၎င်းကို တောင်ပိုင်းနာဂနွယ် ဘာသာစကားများမှ ခွဲခြားရန် Peterson (၂၀၁၇) က အနောက်မြောက် ကူကီးချင်း ဟု ခေါ်ခဲ့သည်။ VanBik (2009:31) က မြောက်ပိုင်းချင်း သို့မဟုတ် ဇို ဟု ခေါ်သည်။ ထာဒိုဘာသာစကား ပြောသူများမှလွဲ၍ မြောက်ပိုင်း ကူကီး-ချင်းစကားပြောသူ အများစုသည် ပိုမိုကျယ်ပြန့်သော ချင်းလူမျိုးစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိမိကိုယ်ကို ခွဲခြားသတ်မှတ်ကြသည်။ ကိုးကား ကူကီး-ချင်းနွယ် ဘာသာစကားများ
Human: ဒေါင်ဟွိုင်း
Assistant: ဟိုချီမင်းစီးတီးသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး ယခင်က ဆိုင်ဂုံမြို့ဟု ခေါ်ဝေါ်သောမြို့ဖြစ်သည်။ တစ်ချိန်က ပရေးနော်ကာဟု ခေါ်ဝေါ်ကြပြီး ခမာလူမျိုးတို့၏ ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ ကိုးကား ဗီယက်နမ်နိုင်ငံ
Human: နူအက်စတာ ဆီညော်ရာ ဒီ လော်ရယ်တို
Assistant: နူအက်စတာ ဆီညော်ရာ ဒီ လော်ရယ်တို သည် စပိန်ကိုလိုနီ ခေတ်ကာလအတွင်း အမေရိကားရှိ ပါရာဂွေးပြည်နယ်တွင် ဂျေရှုတို့မှ ပထမဆုံး တည်ထောင်ခဲ့သော လူနီတို့ အခြေချနေထိုင်ရာ နေရာ နှင့် သာသနာပြု မစ်ရှင် တစ်ခုဖြစ်ပြီး ၁၆၁၀ တွင် တည်ထောင်ခဲ့သည်။ အာဂျင်တီးနားနိုင်ငံ မစ်ဆီယိုးနေ့စ်ပြည်နယ်ရှိ ကန်ဒယ်လာရီးယား ခရိုင်တွင် တည်ရှိသည်။ ဂျေရှုတို့သည် အင်ဒီးယန်းတို့၏ လူနီတို့၏ ဘာသာစကားကို သင်ကြားခဲ့ပြီး ရောမ အက္ခရာများကို အသုံးပြု၍ ရေးသားနိုင်ရန် နည်းလမ်းကို ကြံစည် ဖော်ဆောင်ခဲ့သည်။ သူတို့သည် မစ်ရှင်အတွင်း ပုံနှိပ်စက်ကို တည်ထောင်ခဲ့ပြီး ထို့အတွက်ကြောင့် ထင်ရှားသည်။ ဂျေရှုတို့၏ ပုံနှိပ်စာများမှာ စပိန် နှင့် လက်တင် (ကက်သလစ်များ၊ သမ္မာကျမ်းနှင့် ဘုရားရှိခိုးစာအုပ်များတွင် အသုံးပြုသည့် ဘာသာစကား) တွင်သာမကပဲ သမ္မာကျမ်းစာနှင့် အခြားသော ခရစ်ယာန် စာပေတို့ကို လူနီဘာသာစကား အဖြစ်ဘာသာပြန်ရာတွင် အသုံးပြုသည့်အပြင် အဘိဓာန်များ ရိုက်နှိပ်ရန်လည်း အသုံးပြုခဲ့သည်။ ဖာသာ အန်တိုနီယာ ဂါရီဂါသည် နူအက်စတာ ဆီညော်ရာ ဒီ လော်ရယ်တို တွင် ခန့်အပ်ထားသော စပိန် ဂျေရှု ဘုန်းတော်ကြီးဖြစ်ပြီး ၁၇ ရာစု၏ နောက်ဆုံးနှစ်မှ ၁၈ ရာစု အစောပိုင်း အထိ နေထိုင်ခဲ့သည်။ သူ့အား မိုရိုလူမျိုးတို့က ဘာသာဗေဒ ပညာရှင် နှင့် သာသနာပြုဆရာ ဟု သိရှိကြသည်။ ၁၆၉၆ ခုနှစ်မှစ၍ ဒေသအတွင်း စတင် အလုပ်လုပ်ခဲ့ပြီး မစ်ရှင်၏ အကြီးအကဲအဖြစ် အကြိမ်ပေါင်းများစွာ တာဝန်ယူခဲ့သည်။ သူတော်စင်တို့၏ အမြင်အတိုင်း လူတစ်ဦး၏ ဘဝကို နေထိုင်ရန် လက်တွေ့ လမ်းညွှန်ချက် (၁၇၁၃ ခုနှစ်) မှ မစ်ရှင်တွင် ပုံနှိပ်သော ဒုတိယမြောက် ရှေးအကျဆုံး စာအုပ် ဖြစ်သည်။ ၁၇၆၀တွင် ထိုနေရာ၏ အမည်ပေးထားသော သင်္ဘောတစ်စင်းကို ဘာဂျာ ကယ်လီဖိုးနီးယားတွင် ဖိလစ်ပိုင် လူမျိုး တစ်ဦးမှ ၁၇၆၀တွင် တည်ဆောက်ခဲ့သည်။ ယနေ့အချိန်တွင် ဂျေရှုတို့ အခြေချနေထိုင်ရာ၏ အပျက်အစီးများသာ ကြွင်းကျန်ရစ်သည်။ ၁၉၈၄ ခုနှစ်တွင် ၎င်းသည် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သော နေရာ ၎ ခု တွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ (အခြား ၃ ခုမှာ ဆန် အီနာရှို မီနီ၊ နျူအက်စတာ ဆီညော်ရာ ဒီ ဆန်တာအာနား နှင့် ဆန်တာ မာရီယာ မေယာ တို့ ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ယူနက်စကိုသည် ယနေ့ခေတ် ပါရာဂွေးနိုင်ငံ နေရာရှိ မစ်ရှင် နောက်ထပ်နှစ်ခုကို ကမ္ဘာ့အမွေအနှစ်နေရာ စာရင်း ထည့်သွင်းခဲ့သည်။ ကိုးကား အာဂျင်တီးနားနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ
Human: အင်းသုရွာ၊ လက်ပံတန်းမြို့နယ်
Assistant: အင်းသုရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သီတာကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၁၅၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သီတာကုန်းကျေးရွာအုပ်စုတွင် ကျား ၁၇၃၉ ဦး၊ မ ၁၉၈၂ ဦး၊ လူဦးရေ စုစုပေါင်း ၃၇၂၁ ဦးနေထိုင်သည်။ ကိုးကား လက်ပံတန်းမြို့နယ်ရှိ ရွာများ
Human: စွမ်းကလင်ရွာ၊ လောက်ကိုင်မြို့နယ်
Assistant: စွမ်းကလင်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ကြာစီရှုးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၉၉၇၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကြာစီရှုးကျေးရွာအုပ်စုတွင် ကျား ၂၉၅၅ ဦး၊ မ ၂၆၄၆ ဦး၊ လူဦးရေ စုစုပေါင်း ၅၆၀၁ ဦးနေထိုင်သည်။ ကိုးကား လောက်ကိုင်မြို့နယ်ရှိ ရွာများ
Human: ဖက်ကုန်းရွာ၊ မလှိုင်မြို့နယ်
Assistant: ဖက်ကုန်းရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဖက်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၄၀၉၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဖက်ကုန်းကျေးရွာအုပ်စုတွင် ကျား ၆၉၉ ဦး၊ မ ၈၉၁ ဦး၊ လူဦးရေ စုစုပေါင်း ၁၅၉၀ ဦးနေထိုင်သည်။ ကိုးကား မလှိုင်မြို့နယ်ရှိ ရွာများ
Human: မယ်ပုံးရွာ၊ မိုင်းဆတ်မြို့နယ်
Assistant: မယ်ပုံးရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၁၂၈၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စတုံးကျေးရွာအုပ်စုတွင် ကျား ၁၀၅၀ ဦး၊ မ ၉၆၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၁၇ ဦးနေထိုင်သည်။ ကိုးကား မိုင်းဆတ်မြို့နယ်ရှိ ရွာများ
Human: ထူးစေ့ကေရွာ
Assistant: ထူးစေ့ကေရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
Human: ညောင်ပင်လှရွာ၊ ကျောက်မဲမြို့နယ်
Assistant: ညောင်ပင်လှရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၉၂၇၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တော့ဆန်ကျေးရွာအုပ်စုတွင် ကျား ၁၂၄၄ ဦး၊ မ ၁၄၅၄ ဦး၊ လူဦးရေ စုစုပေါင်း ၂၆၉၈ ဦးနေထိုင်သည်။ ကိုးကား ကျောက်မဲမြို့နယ်ရှိ ရွာများ
Human: ပိန်းတိုက်ပါချီးရွာ၊ မိုင်းရှူးမြို့နယ်
Assistant: ပိန်းတိုက်ပါချီးရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ နမ့်တောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၄၇၈၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နမ့်တောင်ကျေးရွာအုပ်စုတွင် ကျား ၁၄၄၉ ဦး၊ မ ၁၅၇၆ ဦး၊ လူဦးရေ စုစုပေါင်း ၃၀၂၅ ဦးနေထိုင်သည်။ ကိုးကား မိုင်းရှူးမြို့နယ်ရှိ ရွာများ
Human: ကြိမ်တောရွာ၊ မတ္တရာမြို့နယ်
Assistant: ကြိမ်တောရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၁၂၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုန်းတန်းကြီးကျေးရွာအုပ်စုတွင် ကျား ၉၉၅ ဦး၊ မ ၁၂၄၉ ဦး၊ လူဦးရေ စုစုပေါင်း ၂၂၄၄ ဦးနေထိုင်သည်။ ကိုးကား မတ္တရာမြို့နယ်ရှိ ရွာများ
Human: လတာ
Assistant: လတာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
Human: စိစက်ရွာ၊ ကလောမြို့နယ်
Assistant: စိစက်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၁၆၆၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘော်ဆိုင်းကျေးရွာအုပ်စုတွင် ကျား ၆၂၁၄ ဦး၊ မ ၆၄၂၆ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၆၄၀ ဦးနေထိုင်သည်။ ကိုးကား ကလောမြို့နယ်ရှိ ရွာများ
Human: ကျောက်ချွန်ရွာ၊ တောင်ပေါက်
Assistant: ကျောက်ချွန်ရွာ၊ တောင်ပေါက် ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
Human: အိခိုအိနို - နို - မုရဘူတာ
Assistant: အိခိုအိနို - နို - မုရဘူတာ (いこいの村駅 အိခိုအိ - နို - မုရ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ခုမမိုတိုခရိုင်၊ အဆိုမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
Human: နောင်လုံရွာ၊ မိုင်းရယ်မြို့နယ်
Assistant: နောင်လုံရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ နမ့်ယုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၆၆၂၈ ဖြစ်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား မိုင်းရယ်မြို့နယ်ရှိ ရွာများ
Human: ဧမတွင်းရွာ၊ ကြို့ပင်ကောက်မြို့နယ်
Assistant: ဧမတွင်းရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၄၆၇၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အုတ်တွင်းကုန်းကျေးရွာအုပ်စုတွင် ကျား ၄၅၈ ဦး၊ မ ၄၉၁ ဦး၊ လူဦးရေ စုစုပေါင်း ၉၄၉ ဦးနေထိုင်သည်။ ကိုးကား ကြို့ပင်ကောက်မြို့နယ်ရှိ ရွာများ
Human: ဥဒကသုတ်
Assistant: ဝေဒဂူပုဂ္ဂိုလ်, သဗ္ဗဇိပုဂ္ဂိုလ်, ဂဏ္ဍမူလပလိခတပုဂ္ဂိုလ်တို့ကို ဝေဖန်၍ ဟောတော်မူသည့်သုတ်။ အဋ္ဌကထာ၌-ပရိမဒ္ဒနအဖွင့် မှတ်သားဖွယ်ပါရှိပါသည်။ ကိုးကား သံယုတ္တနိကာယ်
Human: ခုန်တိုင်ကျင်းရွာ၊ မင်းတုန်းမြို့နယ်
Assistant: ခုန်တိုင်ကျင်းရွာ ()သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၃၉၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ခုန်တိုင်ကျင်းကျေးရွာအုပ်စုတွင် ကျား ၄၆၈ ဦး၊ မ ၄၈၀ ဦး၊ လူဦးရေ စုစုပေါင်း ၉၄၈ ဦးနေထိုင်သည်။ ကိုးကား မင်းတုန်းမြို့နယ်ရှိ ရွာများ
Human: ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
Assistant: ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ​ဖေ​ဖော်ဝါရီလ ၄ ရက်​နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၅ ဩဂုတ် ၁၃ ရက်နေ့မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၂၂)မှ သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုအခါ စစ်ဦးစီးအရာရှိချုပ် (ကြည်း)နှင့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ကိုးကား မြန်မာ စစ်ဖက်ဆိုင်ရာ လူပုဂ္ဂိုလ်များ မြန်မာနိုင်ငံ ဝန်ကြီးများ မြန်မာနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးများ
Human: စီလန်
Assistant: စီလန် (Caelum) သည် တောင်ပိုင်းကောင်းကင်၏ မေးမှိန်သောကြယ်စုတန်းတစ်ခုဖြစ်သည်။ ယင်းအား ၁၇၅၀ ခုနှစ်များတွင် Nicolas Louis de Lacaille ဆိုသူမှ စတင်မိတ်ဆက်ခဲ့ပြီး ခေတ်သစ် ၈၈ ကြယ်စုတန်းများစာရင်းတွင်လည်း ပါဝင်လျက်ရှိသည်။ လက်တင်ဘာသာစကားအားဖြင့် ဆောက် (chisel) ဟု အဓိပ္ပာယ်ရသည်။ ယင်းသည် အဌမမြောက် အသေးငယ်ဆုံး ကြယ်စုတန်းတစ်ခုလည်းဖြစ်သည်။ နဂါးငွေ့တန်း ဂလက်ဆီ၏ပြင်ညီနှင့် ဝေးကွာပြီး သေးငယ်သောအရွယ်အစားကြောင့် ကြယ်စုတန်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော အရာဝတ္ထု များစွာ မတွေ့ရပေ။ ကြယ်စုတန်း၏ အတောက်ပဆုံးကြယ်မှာ Alpha Caeli ဖြစ်သည်။ ကိုးကား ကြယ်စုတန်းများ
Human: စိန်ကုန်းရွာ၊ ကနီမြို့နယ်
Assistant: စိန်ကုန်းရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကနဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၇၁၈ ဖြစ်သည်။ ကိုးကား ကနီမြို့နယ်ရှိ ရွာများ
Human: ပါလျှံ (အောက်)ရွာ၊ တာချီလိတ်မြို့နယ်
Assistant: ပါလျှံ (အောက်)ရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၄၅၉၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ကျား ၅၂၁၇ ဦး၊ မ ၄၅၈၅ ဦး၊ လူဦးရေ စုစုပေါင်း ၉၈၀၂ ဦးနေထိုင်သည်။ ကိုးကား တာချီလိတ်မြို့နယ်ရှိ ရွာများ
Human: လင်းရွာ (မြောက်)ရွာ၊ ပြည်မြို့နယ်
Assistant: လင်းရွာ (မြောက်)ရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၁၂၄၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မှော်ဇာကျေးရွာအုပ်စုတွင် ကျား ၂၀၃၃ ဦး၊ မ ၂၃၁၄ ဦး၊ လူဦးရေ စုစုပေါင်း ၄၃၄၇ ဦးနေထိုင်သည်။ ကိုးကား ပြည်မြို့နယ်ရှိ ရွာများ
Human: ဆ (ခန)
Assistant: ဟိရဂန တွင် さ သို့မဟုတ် ခတခန တွင် サ (ရောမအက္ခရာဖြင့် sa ဖြင့် မှတ်သားသည်။ ) သည် ဂျပန်ဘာသာစကား၏ ခနတစ်ခုဖြစ်ပြီး တစ်ခုချင်းစီသည် မိုရ တစ်ခုကို ကိုယ်စားပြုကြသည်။ နှစ်ခုစလုံးသည် ခု ku ကို ကိုယ်စားပြု ဖော်ပြကြသည်။ ၎င်းတို့သည် 左and 散 တို့မှ အရင်းခံကာ ဖြစ်ပေါ်လာကြသည်။ ဤခနသည် ဒက်တန်ကို ပေါင်းစပ်အသုံးပြုနိုင်သည်။ ဒက်တန်နှင့် ပေါင်းစပ်ပါက ဟိရဂနတွင် ざ ဖြစ်လာသည်။ ခတခနတွင် ザ ဖြစ်လာသည်။ ရောမပုံစံ za ဟု မှတ်သားကြသည်။ ဆွဲသားချက် အခြားဆက်စပ်ဖော်ပြချက် Computer encodings Braille Japanese semaphore ကိုးကား ဂျပန်ဘာသာစကား
Human: ပက်ဟျောန်း
Assistant: ပြောင်းပက်ဟျောန်း(; ; ၁၉၉၂ မေ ၆)သည် တောင်ကိုရီးယား အဆိုတော်၊ တေးရေးဆရာ နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ တောင်ကိုရီးယား -​ တရုတ် အမျိုးသား အဆိုတော်အဖွဲ့ဖြစ်သော EXO နှင့် ၎င်းအဖွဲ့ခွဲဖြစ်သော EXO-K နှင့် EXO-CBX၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ပက်‌ဟျောန်းသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် တစ်ကိုယ်တော်အနေဖြင့် City Light အယ်လ်ဘမ်နှင့် ပွဲဦးထွက်ခဲ့သည်။ ကိုးကား တောင်ကိုရီးယား အမျိုးသား အဆိုတော်များ ၁၉၉၂ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ
Human: ဥယျာဉ်
Assistant: ဥယျာဉ် ဆိုသည်မှာ သဘာဝအလျောက်၊ သို့မဟုတ် သဘာဝနှင့် လူမှ ပြုပြင်ထားသော နေရာတစ်ခု၊ သို့မဟုတ် အနားယူ အပန်းဖြေနိုင်သည့် အပင်များရှိသည့် နေရာ၊ သို့မဟုတ် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ထားသော နေရာတစ်ခု ဖြစ်သည်။ ဥယျာဉ်ထဲတွင် မြက်ခင်းပြင်များ၊ ကျောက်တုံးများ၊ သစ်ပင်များသာမက ဖန်တီးထားသော အမှတ်တရနေရာများ၊ ရေပန်းများ၊ ကစားကွင်းများ စသည်တို့ ပါဝင်သည်။ ဥယျာဉ်အများစုတွင် လမ်းလျှောက်ရန်၊ စက်ဘီးစီးရန်နှင့် အခြားလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် လမ်းကြောင်းများ ရှိသည်။ ကိုးကား
Human: ကလုံရွာ၊ မြစ်သားမြို့နယ်
Assistant: ကလုံရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ နှမ်းခင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၉၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နှမ်းခင်းကျေးရွာအုပ်စုတွင် ကျား ၁၁၃၆ ဦး၊ မ ၁၂၅၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၃၈၇ ဦးနေထိုင်သည်။ ကိုးကား မြစ်သားမြို့နယ်ရှိ ရွာများ
Human: ကိုးထပ်ကြီးဘုရား
Assistant: ကိုးထပ်ကြီးဘုရား၏ ဘွဲ့တော်အပြည့်အစုံမှာ အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ရုပ်ပွားဆင်းတုတော်မြတ်ကြီး ဖြစ်သည်။ သာသနာတော်နှစ် ၂၄၄၉-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၆၇-ခုနှစ်၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်သက္ကရာဇ် (၉-၈-၁၉၀၅) ဗုဒ္ဓဟူးနေ့ နံနက် (၆:၃၀)အချိန်တွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ၁၄-ဧက တစ်မတ် အကျယ်ရှိသော ဗားကရာတိုက်အတွင်း ၌ တည်ရှိတော်မူသည်။ ပလ္လင်ဗွေမှ ထိပ်တော်မဏိ အထိ အမြင့်ပေ (၇၂)ပေ ရှိသည်။ ရှေးအခါက မင်းကြီးမင်းလေးနှင့်တကွ (၃၇)မင်းတို့ စံပျော်ရာ နတ်ကွန်းကြီးများ ရှိခဲ့ပြီး နောင်အခါ ဘုရားကြီး၏ လက်ဝဲဘက် အဝင်ဝ၌ နတ်ကွန်းအသစ်များ ရွေ့ပြောင်းကာ အပူဇော်ခံ ထားရှိလေသည်။ ရန်ကုန်တွင် နာမည်ကြီးသည့် ကြီးကိုးကြီးအဓိဋ္ဌာန်၊ ကြီးလေးကြီးအဓိဋ္ဌာန်၊ ဘုရားကိုးဆူအဓိဋ္ဌာန်များတွင်ပါဝင်သည့် ဘုရားကြီးလည်းဖြစ်၏။ ကိုးကား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ
Human: ရောမအင်ပါယာ
Assistant: ရောမအင်ပါယာသည် ရှေးရောမ ခေတ် ရီပတ်ဘလစ်ကန်ခေတ်လွန် ကာလဖြစ်သည်။ မူဝါဒတစ်ရပ်အနေဖြင့် ၎င်းတွင် ဧကရာဇ်မင်း များအုပ်ချုပ်သော ဥရောပ၊ မြောက်အာဖရိက နှင့် အနောက်အာရှ ရှိ မြေထဲပင်လယ် တစ်ဝိုက်ရှိ ကြီးမားသော ပိုင်နက်နယ်မြေများပါဝင်သည်။ ဆီဇာဩဂတ်စ်တပ်စ် (Caesar Augustus) သည် ၃ ရာစု၏ ပထမဆုံးရောမဧကရာဇ်မင်းအဖြစ် ဝင်ရောက်လာချိန် မှစ၍ အီတလီနိုင်ငံ နှင့် မြို့တော် အဖြစ် အုပ်ချုပ် ခဲ့သည်၎င်း၏ပြည်နယ်များ နှင့် ရောမမြို့ သည် ၎င်း၏တစ်ခုတည်းသောမြို့တော်ဖြစ်သည်။ နောက်ပိုင်းတွင် အင်ပါယာကို အနောက်ရောမအင်ပါယာ နှင့် အရှေ့ရောမအင်ပါယာ ကို အုပ်စိုး သော ဧကရာဇ်များစွာ က အုပ်ချုပ်ခဲ့သည်။ အိုဒိအာဆာလက်အောက်ရှိ ဂျာမန်ဘာဘားရီးအန်းမှ အိုဒိုအာဆာလက်အောက်ရှိ လူရိုင်းများ သိမ်းပိုက် ပြီးနောက် ရောမမြို့သည် ကွန်စတန်တီနိုပယ် သို့ နယ်ချဲ့အဆောင်အယောင်များ ပေးပို့သည့် အေဒီ ၄၇၆ အထိ အပိုင်းနှစ်ပိုင်း၏ အမည်ခံမြို့တော်အဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။ ရောမအင်ပါယာ၏ ပြည်နယ်ဘုရားကျောင်း အဖြစ် ခရစ်ယာန်ဘာသာ ကို မွေးစားသည်။ အေဒီ ၃၈၀ တွင် အနောက်ရောမအင်ပါယာ မှ ဂျာမန်ဘုရင်များထံ ကျရောက်ခြင်းသည် သမရိုးကျအားဖြင့် ရှေးရိုးရှေးဟောင်း နှောင်းပိုင်းတွင် နှင့် အလယ်ခေတ်၏ အစ ဖြစ်သည်။ ဤဖြစ်ရပ်များကြောင့် အရှေ့ရောမအင်ပါယာ၏ တဖြည်းဖြည်း ငရဲကျခြင်းနှင့်အတူ သမိုင်းပညာရှင်များက အလယ်ခေတ် ရောမအင်ပါယာကို ဘီဇန်တာအင်း အင်ပါယာ အဖြစ် ပိုင်းခြား ခဲ့ကြသည်။ ‌ရောမအင်ပါယာသည် ဧကရာဇ်ဘုရင် အုပ်ချုပ်သည့် အလွန် ကြီးမားသည့် ဒေသကြီး ဖြစ်သည်။ ရောမအင်ပါယာ၏ ပထမဆုံး ဧကရာဇ်မှာ အောက်တေးဗီးယန်း ဖြစ်ပြီး ဘီစီ ၂၇ မှစ၍ အုပ်စိုးခဲ့သည်။ ထိုကာလမတိုင်ခင်က ရောမအင်ပါယာမှာ ဆီးနိတ်ဟု ခေါ်သည့် ကောင်စီမှ အုပ်စိုးသည့် သမ္မတ နိုင်ငံတစ်ခု ဖြစ်သည်။ ရောမအင်ပါယာ၏ အမည်အပြည့်စုံမှာ Senātus Populusque Rōmānus (SPQR) ဖြစ်ပြီး "ရောမ၏ ဆီးနိတ်နှင့်ပြည်သူများ" ဟုအဓိပ္ပာယ်ရသည်။ {Infobox roman empire} ရောမအင်ပါယာ
Human: လွိုင်ယဲရွာ၊ နမ့်စန်မြို့နယ်
Assistant: လွိုင်ယဲရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ လွိုင်ယဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၃၇၀၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လွိုင်ယဲကျေးရွာအုပ်စုတွင် ကျား ၁၄၁၆ ဦး၊ မ ၁၃၈၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၇၉၇ ဦးနေထိုင်သည်။ ကိုးကား နမ့်စန်မြို့နယ်ရှိ ရွာများ
Human: ပုဇွန်အိုင်ရွာ၊ ရွှေကျင်မြို့နယ်
Assistant: ပုဇွန်အိုင်ရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ အင်းဗလာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၉၅၃၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အင်းဗလာကျေးရွာအုပ်စုတွင် ကျား ၈၉၆ ဦး၊ မ ၉၈၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၈၄ ဦးနေထိုင်သည်။ ကိုးကား ရွှေကျင်မြို့နယ်ရှိ ရွာများ
End of preview. Expand in Data Studio
README.md exists but content is empty.
Downloads last month
8

Space using burman-ai/wiki-burmese-v3 1