url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2022/08/30403/
တောင်ဒဂုံတွင် ကြံ့ဖွတ်ပါတီဝင်၊ စစ်တပ်အမာခံ ထောက်ခံသူ တင်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ မန္တလေးတွင် စည်ပင်အရာရှိ ၁ ဦးပစ်သတ်ခံရ၊
["(Edited Version – ပြန်လည်တည်းဖြတ်တင်ပြခြင်း)", "ယနေ့ နံနက် ပစ်ခတ်ခံရသူ လင်မယားမှာ CID ရဲမှူး စိုးကိုကိုဟု UG တချို့က ဆိုပြီး ဒေသခံများက အရပ်သား ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကိုတို့ လင်မယား ဟုဆို", "ရန်ကုန်၊ ဩဂုတ် ၂၃", "ရန်ကုန်ုတိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၁၈ (အီး) ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန် ကြံ့ဖွတ်ပါတီဝင်၊ စစ်တပ် အမာခံနှင့်သတင်းပေးဖြစ်သူ တင်အောင် ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲတွင် လက်ဖက်ရည်ဆိုင်မှ ပြန်လာသော ကြံ့ဖွတ်ပါတီဝင် တင်အောင်ကို အမည်မသိ သေနတ်သမားက သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“မာလာလမ်း ၁၈ ရပ်ကွက် တောင်ဒဂုံ မြို့နယ်မှာ ဒီမနက် ၈ နာရီခွဲလောက်မှာ သေနတ်သံ၃ချက်ကြားလိုက်ပါတယ်။ ကြံ့ဖွတ်ပါတီဝင် ဒလန် တင်အောင်က သူ့မိန်းမနဲ့အနီးနားလမ်းကွေ့ လက်ဖက်ရည်ဆိုင်က ပြန်အလာ နေအိမ်မရောက်ခင် သေနတ်သမားက ပစ်ခတ်သွားတာပါ။ ၃ ချက်ပစ်ခံရပြီး ပွဲချင်းပြီး သေပါတယ်။ အခုတော့ ရဲနဲ့စစ်တပ် လုံခြုံရေးတွေ အပြည့်ပါပဲ ။ လမ်းလည်း ပိတ်ထားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။", "အလားတူ မန္တလေးမြို့၊ လမ်း ၃၀ ၊ ၅၇ လမ်းဒေါင့် Grand Mandalay HOSPITAL ထိပ်တွင် လင်မယား ၂ ဦးကို ပစ်သတ်ခံထားရပြီး သွေးအိုင်ထဲတွင် လဲကျနေကြောင်း၊ သေဆုံးသူ ၂ ဦးမှာ CID ရဲမှူး စိုးကိုကိုနှင့် အမျိုးသမီးတို့ဖြစ်ကြကြောင်း မန္တလေး တော်လှန်ရေးအဖွဲ့များက ဆိုကြသည်။", "သို့ရာတွင် အခြားတစ် ဖက်တွင်မူ ဒေသခံများ၏ အဆိုအရ သေဆုံးသူ ၂ ဦးမှာ ဟိုတယ်ဝန်ထမ်း ကိုစည်သူနှင့် မနှင်းဝေဝေလှိုင်တို့ဖြစ်ကြပြီး ဟိုတယ်ဝန်ထမ်းနှင့်စျေးသည်များဖြစ်ကြကြောင်း ပြောဆိုကြသည်။", "ထို့ပြင်၊ ဩဂုတ်လ ၂၂ ရက်နေ့ ၊မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြိုနယ် လက် ကောင်းကျေးရွာ ရွှေစင်ကျောင်း တိုက်ရှေ့ လမ်းလယ်ကျွန်းတွင် မန္တလေးမြို့၊ စည်ပင်သာယာရေးဌာန ဦးစီးအရာရှိ အောင်ကျော်ဆန်းကို ဆိုင်ကယ် ၁ စီးဖြင့် သေနတ်သမား ၂ ဦးက ပစ်ခတ်ရာ အောင်ကျော်ဆန်း၏ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။", "ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မန္တလေး Grand Mandalay HOSPITAL ထိပ်တွင် CID ရဲမှူး စိုးကိုကိုနှင့် အမျိုးသမီး ပစ်သတ်ခံရပြီး သေဆုံးနေစဉ်။"]
https://yktnews.com/2024/07/173087/
စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့က ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ပြီး သိမ်းပိုက်နိုင်ရန် ကြိုးစားနေဆဲ
["(Edited Version)", "စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့က ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ပြီး သိမ်းပိုက်နိုင်ရန် ကြိုးစားနေဆဲ", "ရန်ကုန်၊ ဇူလိုင် ၁၄", "မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့က ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ကျနော်တို့ စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ သိမ်းပိုက်နိုင်ခြင်းမရှိပါဘူး။ မြေပြင်မှာ ထိုးစစ်ဆင်နေတဲ့ အဖွဲ့တွေကို မေးစေချင်ပါတယ်။ သိမ်းပိုက်နိုင်ပြီလို့ ဖြေတဲ့ အဖွဲ့တွေက စစ်ဆင်ရေးမှာ မပါပါဘူး။” ဟု မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် စဉ့်ကူးမြို့၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန် ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ဂျက်ဖိုက်တာ ၊ Mi35 တို့ဖြင့် လေကြောင်း ပစ်ကူများ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း သိရှိရသည်။", "(မူလသတင်းတွင် စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်သည်ဆိုသော သတင်းကို ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်တွင် ပြန်လည် ပြင်ဆင်အပ်ပါသည်။)"]
https://yktnews.com/2023/04/98184/
သန်လျင်တွင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး နှင့် လူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["(သတင်းပြန်လည် ပြင်ဆင် ဖော်ပြခြင်း)", "သန်လျင်တွင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး နှင့် လူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၈", "ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းရှိ နေအိမ်တွင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အောင်ညီထွန်းနှင့် လူ ၂ ဦး ပစ်ခတ် ခံရ‌ပြီး သေဆုံးသွားကြောင်းသိရှိရသည်။", "ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်း၊ အမှတ် ၃၆ နေအိမ်တွင် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အောင်ညီထွန်းနှင့် လူ ၂ ဦးတို့ စကားပြော နေကြစဉ် နေအိမ် အတွင်းသို့ သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သဖြင့် ၃ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ရဲသတင်းရင်းမြစ်ကမူ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၃ ဦးတွင် အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ညီထွန်းပါဝင်ကြောင်း ကျန် ၂ ဦးမှာ ဦးအောင်မျိုးဆွေနှင့် ဦးခင်မောင်သိန်း (ရေစက်မောင်းဝန်ထမ်း) တို့ဖြစ်ကြောင်း ပြောဆိုသည်။", "အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အောင်ညီထွန်းသည် ခမရ ၄၅၆ ကွတ်ခိုင်မှ ဖြစ် ပြီး ကျန်းမာရေးမကောင်းသဖြင့် စစ်တပ်မှ နုတ်ထွက်ထားသူဖြစ်ကြောင်း၊ လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် ညီအစ်အကို တော်စပ်သူဖြ စ် ကြောင်း သိရှိရသည်။", "ပစ်ခတ်ခံရမှုကြောင့် ဦးအောင်မျိုးဆွေသည် ဝမ်းဗိုက် ဝဲဘက် ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အောင်ညီ ထွန်း ၌ မေးစေ့ ဝဲဘက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်ဘတ် ဖောက် ဝင် ဒဏ်ရာ (၁)ချက်ဖြင့်လည်းကောင်း၊ ဦးခင်မောင်သိန်း ၌ ဝဲရင်အုံ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲချိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း သေဆုံးခဲ့ကြောင်း ရဲကြေးနန်းစာအရ သိရှိရသည်။", "သန်လျင်တွင် ပစ်ခတ်ခံရပြီးသေဆုံးသူ ဦးအောင်မျိုးဆွေသည် စစ်တပ်နှင့် ပတ် သက်မှုမရှိကြောင်း ၎င်း၏ မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2022/12/76061/
မြိုင်မြို့နယ် တောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု အိမ်ခြေ ၅၀ ကျော် ဆုံး ရှုံးပြီး အသက် ၈၅ နှစ်အရွယ် အဘိုးအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်
["(သတိပေးချက်- စိတ်မချမ်းမြေ့စရာ ဓာတ်ပုံများ ပါဝင်နေပါသည်)", "မြိုင်မြို့နယ် တောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု အိမ်ခြေ ၅၀ ကျော် ဆုံး ရှုံးပြီး အသက် ၈၅ နှစ်အရွယ် အဘိုးအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "မကွေးတိုင်း၊ မြိုင်မြို့နယ် ကျောက်ဆောက်အုပ်စု တောင်ရွာကို စစ်တပ်က ဒီဇင် ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၈၅ နှစ် အရွယ် အဘိုးတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။", "“ရွာထဲက လူတွေက သူတို့စစ်ကြောင်းထိုးလို့ရှောင်နေတဲ့အချိန် တောင်ရွာကို ၃ နေရာ ခွဲရှို့တာ။ ကျနော့်အဖေရဲ့ ဦးလေး၊ ကျနော့်ဘကြီးတော့ မီးထဲပါ သွား တယ်။ နာမည်က ဘလတ်။ အသက် ၈၅ နှစ်။ နေမကောင်းလို့ လမ်းမ လျှောက် နိုင်တာ သမီးတွေက ပွေ့ထူတာကို ငါမလိုက်ဘူး ။ နင်တို့သာလွတ် အောင် ပြေး ဆိုပြီး နေခဲ့တာ။ စစ်ကြောင်းပဲ ထိုးမယ်ထင်တာ။ မီးရှို့မယ် မထင် လို့ ထားခဲ့မိတာတဲ့” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။", "စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တောင်ရွာတွင် အိမ်ခြေ ၅၀ ကျော် မီးလောင် ပျက်စီးခဲ့ရကြောင်း၊ ရွာအတွင်းသို့ လက်နက်ကြီးဖြင့် လှမ်းပစ်မည်စိုး၍ ပြည်သူများ ပြန်မဝင်နိုင်သေးကြောင်း ဒေသခံများထံမှ သိရှိရသည်။", "စစ်တပ်က တောင်ရွာကို မီးရှို့ပြီး ပြန်ထွက်ချိန်တွင် ပြည်သူ့ ကာကွယ်ရေး အဖွဲ့များ နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း ၊ စစ်ကောင်စီ ဘက်မှ လည်း အထိအခိုက်အကျအဆုံးရှိသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောကြားသည်။", "လက်ရှိအချိန်တွင် စစ်တပ်က တောင်ရွာနှင့် ၃ မိုင်ကျော်ခန့်ဝေးသည့် သဲကြီး ရွာသို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။"]
https://yktnews.com/2022/08/32578/
စက်သုံးဆီတွေ စျေးထပ်တက်၊ ဒေါ်လာတွေလည်း ပြတ်လပ်
["92 ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၃၃၅ ကျပ်အထိ စျေးထပ်တက်", "ရန်ကုန်၊ ဩဂုတ် ၃၀", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် စက်သုံးဆီ စျေးနှုန်းများ ဩဂုတ်လ ၃၀ ရက်နေ့တွင် ထပ်မံ မြင့်တက်သွားပြီး စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာများလည်း ဝယ်မရသည် အထိ ပြတ်လပ်လျက်ရှိကြောင်း သွင်းကုန်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။", "ဩဂုတ်လ ၃၀ ရက်နေ့တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၅၇၀ ကျပ်မှ နေရာဒေသလိုက်၍ ၃၂၀၅ ကျပ် အထိလည်းကောင်း၊ 95 ဓာတ်ဆီတစ်လီတာလျှင် ၂၆၃၅ ကျပ်မှ နေရာကိုလိုက်၍ ၃၂၇၅ ကျပ်အထိလည်းကောင်း၊ ဒီဇယ်တစ်လီတာလျှင် ၃၂၅၅ ကျပ်မှ နေရာကိုလိုက်၍ ၃၈၈၅ ကျပ် အထိလည်းကောင်း၊ ယမန်နေ့ စျေးနှုန်းများထက် တစ်လီတာလျှင် ကျပ် ၁၀၀ ဝန်းကျင် စျေးများထိုးတက်သွားခြင်း ဖြစ်သည်။", "လက်ရှိတွင် စက်သုံးဆီများ တင်သွင်းရန်လည်း အမေရိကန်ဒေါ်လာများ ပြည်တွင်းတွင် ပြတ်လပ်နေပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်ကလည်း ဒေါ်လာ ရောင်းမပေးကြောင်း သိရှိရသည်။", "“ဒေါ်လာကလည်း လိုသလောက်မရဘူး။ ဗဟိုဘဏ်က ရောင်းမပေးနိုင်တော့ဘူး။ ဗဟိုဘဏ်က ပုဂ္ဂလိ က ဘဏ်တွေ ပို့ကုန်သမားတွေကို အစိုးရသတ်မှတ်စျေးနဲ့ ရောင်းပေးဖို့ လိုက်ညှိပေးတာရှိတယ်။ ပြောချင်တာက ဒေါ်လာက အပြင်ကပဲ ဝယ်ခိုင်းတာ။ အပြင်ကလူတွေကိုလည်း အစိုးရ သတ်မှတ်စျေးနှုန်းနဲ့ပဲ ရောင်းရမယ်ဆိုပြီး ပြောထားပေမယ့် ဘယ်သူကရောင်းမလဲ။ အခုက တစ်ဒေါ်လာ ၃၃၀၀ တောင်ကျော်နေပြီ။ ရုရှားဆီတွေ လာမှာမို့ စောင့်ခိုင်းတာလည်းရှိတယ်။ အခြေအနေကတော့ ရုရှားဆီမရောက်ခင် ဆီပြတ်သွားမယ့်သဘောမျိုး လည်း တွေ့လာရတယ်။ ဆီပြတ်မယ်ပြောရင်လည်း မကြိုက်ဘူးဆိုတော့ ကိုယ့်ဟာကိုယ် ချိန်ဆပြီး ပြည်သူတွေ လုပ်ကြဖို့ပဲ ပြောချင်ပါတယ်” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။", "ရုရှားနိုင်ငံမှ စက်သုံးဆီများ ရောက်လာလျှင်လည်း စက်သုံးဆီစျေးကျဆင်းရန်မရှိဘဲ ဆက်လက်မြင့်တက်မည်ဖြစ်ပြီး စက်သုံးဆီပြဿနာမှာ အချိန်ကာလကြာမြင့်သည်နှင့်အမျှ ပြည်သူများမကြာခဏ ကြုံတွေ့ရမည်ဟု ရန်ကုန်စီးပွားရေးသမားက အသိပေးထားသည်။"]
https://yktnews.com/2024/05/165159/
Khit Thit Media ၏ လူမှုကွန်ရက် Facebook @ Meta ပလက်ဖောင်းသို့ ဝင်ကြည့်ရ အဆင်မပြေပါက တယ်လီဂရမ်၊ YouTube ၊ Website ၊ Viber နှင့် Twitter@ X ပလက်ဖောင်းများကို ဝင်ရောက်ကြည့်ရှုနိုင်
["=========================================", "အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းတွင် လူမှုကွန်ရက် Facebook @ Meta ပလက်ဖောင်းကို ပြည်သူများ ဝင်ရောက်ကြည့်ရှုမရနိုင်ရန် VPN များကို ပိတ်ပင်မှုများ ပြုလုပ်နေသည်။ ထို့ကြောင့် Khit Thit Media ၏ လူမှုကွန်ရက် Facebook @ Meta ပလက်ဖောင်းသို့ ဝင်ကြည့်ရ အဆင်မပြေပါကအောက်ဖော်ပြပါ Khit Thit Media၏ တယ်လီဂရမ်၊ YouTube ၊ Website ၊ Viber နှင့် Twitter@ X ပလက်ဖောင်းများကို ပြည်သူများ ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။", "Khit Thit Media ၏ တယ်လီဂရမ် –https://t.me/khitthitnews", "Khit Thit Media ၏ YouTube –https://www.youtube.com/@KhitThitMedia", "Khit Thit Media ၏ Website –https://yktnews.com", "Khit Thit Media ၏ Viber –https://invite.viber.com/…", "Khit Thit Media ၏ Twitter @ X –https://x.com/Khithitofficial", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/07/24896/
ICJ တရားရုံးက ပယ်ချလိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်ကွက်ချက် ၄ ချက်က ဘာတွေလဲ
["====================================================", "ICJ တရားရုံးတွင် တရုတ်တရားသူကြီး Xue တစ်ဦးတည်းက စစ်ကောင်စီဘက်မှ ရပ်တည်ခဲ့ပြီး ကျန် ICJ တရားသူကြီး ၁၅ ဦးက စစ်ကောင်စီကို ဆက်လက် တရားစီရင်ရန် ဆုံးဖြတ်ခဲ့", "By ရန်ကုန်ခေတ်သစ်", "အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂတရားရုံးက အကြမ်းဖက်စစ်ကောင်စီက တင် ပြ ထားတဲ့ ကန့်ကွက်ချက် ၄ ချက်ကို ဒီနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ အလုံး စုံ ပယ်ချလိုက်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက ဘာတွေ ကန့်ကွက်ပြီး ICJ တရားရုံးက ဘာတွေ ပယ်ချလိုက်တာပါလဲ။", "အကြမ်းဖက်စစ်ကောင်စီက ICJ တရားရုံးမှာ တရားရုံးရဲ့ စီရင်ပိုင်ခွင့် အခွင့် အာ ဏာနဲ့ ဂမ်ဘီယာရဲ့ တရားစွဲဆိုခွင့်တွေကို မေးခွန်းထုတ်တဲ့ ကန့်ကွက်ချက် ၄ ချက် ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။", "အကြမ်းဖက်စစ်ကောင်စီရဲ့ ပထမကန့်ကွက်ချက်", "===========================", "ပထမ ကန့်ကွက်ချက်တော့ ICJ တရားရုံးဟာ မြန်မာနိုင်ငံအပေါ် တရားစီခွင့်မရှိသလို၊ တရားစွဲသူ ဂမ်ဘီယာမှာလည်း တရားစွဲဆိုခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တကယ် မြန်မာနိုင်ငံကို တရားစွဲသူဟာ OIC လို့ ခေါ်တဲ့ အစ္စလမ်နိုင်ငံများ အစုအဖွဲ့( Organization of Islamic Cooperation) ဖြစ်နေတဲ့အတွက် ကန့်ကွက်တယ်လို့ စစ်ကောင်စီက တင်ပြခဲ့တာပါ။", "အဲဒီ ပထမ ကန့်ကွက်ချက်ကို တရားသူကြီးအားလုံး တညီတညွတ်တည်း ငြင်း ပယ် လိုက်ကြပါတယ်။", "ဒုတိယကန့်ကွက်ချက်", "=============", "ဒုတိယကန့်ကွက်ချက်ကတော့ ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တရား စွဲဆိုခွင့်မရှိသလို ဒီအမှုကိစ္စကိုလည်း တရားရုံးတင်ပြခွင့်မရှိပါဘူးလို့ အကြမ်း ဖက်စစ်ကောင်စီက ကန့်ကွက်ပါတယ်။", "ဒီဒုတိယကန့်ကွက်ချက်ကိုတော့ တရားသူကြီး ၁၅ ဦးက ပယ်ချဖို့ သဘောတူပြီး တရုတ်တရားသူကြီးကတော့ Xue ကတော့ စစ်ကောင်စီရဲ့ ကန့်ကွက်ချက်ကို လက်ခံဖို့ သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။", "မဲရလဒ်အရ တရားသူကြီး ၁၅ ဦးက စစ်ကောင်စီရဲ့ ကန့်ကွက်ချက်ကို ပယ်ချပြီး တရုတ်တရားသူကြီး ၁ ဦးတည်းက လက်ခံတာဖြစ်ပါတယ်။ ဒါကြောင့် ပယ်ချတဲ့ဘက်က မဲအပြတ်အသတ် ရရှိတာမို့ စစ်ကောင်စီရဲ့ ဒုတိယကန့်ကွက်ချက်ကို ICJ တရားရုံးအနေနဲ့ ပယ်ချခဲ့ပါတယ်။", "တတိယကန့်ကွက်ချက်", "=============", "တတိယကန့်ကွက်ချက်ကတော့ ICJ တရားရုံးအနေနဲ့ မြန်မာနိုင်ငံအပေါ် တရား စီရင်ခွင့် မရှိမှု သို့မဟုတ် ဂမ်ဘီယာအနေနဲ့ တရားစွဲဆိုခွင့်မရှိတဲ့အတွက် အပြည် ပြည်ဆိုင်ရာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် အပိုဒ် ၈ ကို မြန်မာ လက်မှတ်ရေးထိုးထားတယ်ဆိုတဲ့ စဉ်းစားအကြောင်းပြချက်နဲ့ ဂမ်ဘီယာက တရားလိုအဖြစ် တရားရုံးမှာ တရားစွဲခွင့်မရှိဘူးလို့ စစ်ကောင်စီက ကန့်ကွက်ပါတယ်။", "အဲဒီတတိယကန့်ကွက်ချက်ကိုလည်း ICJ တရားသူကြီး ၁၆ ဦးစလုံးက တညီ တညွတ် တည်း ငြင်းပယ်လိုက်ကြပါတယ်။", "စတုတ္တကန့်ကွက်ချက်", "=============", "စတုတ္တကန့်ကွက်အနေနဲ့ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံအကြားမှာ လူမျိုးတုန်းသတ် ဖြတ်မှု ဆိုင်ရာ သဘောတူညီချက်အောက်မှာ ဂမ်ဘီယာက တရားစွဲဆိုတဲ့အချိန် အထိ အငြင်းပွားမှု မရှိတဲ့ အတွက် ဂမ်ဘီယာအနေနဲ့ တရားစွဲဆိုခွင့်မရှိသလို ICJ တရားရုံး အနေနဲ့ တရားစီရင်ခွင့်မရှိဘူးလို့ စစ်ကောင်စီက တင်ပြပါတယ်။", "ဒီကန့်ကွက်ချက်ကိုလည်း တရားသူကြီး ၁၆ ဦးစလုံးက တညီတညွတ်တည်း ပယ်ချကြပါတယ်။", "ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်", "================", "ICJ တရားသူကြီး ၁၅ ဦးကတော့ အပြည်ပြည်ဆိုင်ရာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် အပိုဒ် ၉ အရ ဂမ်ဘီယာ၏ တရားစွဲဆိုမှုကို လက်ခံလိုက်ပြီး မြန်မာရဲ့ ကန့်ကွက်ချက်တွေကို ပယ်ချလိုက်ပါတယ်။ ICJ တရား ရုံးမှ တရုတ်တရားသူကြီး Xue ကတော့ ICJတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့ပါတယ်။", "ဒါပေမယ့် တရားသူကြီး ၁၅ ဦးက သဘောတူပြီး ၁ ဦးတည်းကသာ ကန့်ကွက်တာမို့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားပါတယ်။", "ဓာတ်ပုံ- ICJ တရားရုံးမှာ အမှုရင်ဆိုင်နေတဲ့ အကြမ်းဖက် ကိုကိုလှိုင်။"]
https://yktnews.com/2025/02/204427/
AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦးအပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး
["AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦးအပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး", "ရန်ကုန်| ဖေဖော်ဝါရီ ၁၈", "အာရက္ခတပ်တော် AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦးအပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေးကြောင်း AA က သတင်းထုတ်ပြန်သည်။", "လွှတ်ပေးလိုရသည့် စစ်သုံပန်း မိသားစုဝင်များထဲက ၁၉၈ ဦးကို အာရက္ခတပ်တော် AA က ယခုရက်ပိုင်းအတွင်းမှာ ထပ်မံလွှတ်ပေးလိုက်ကြောင်း၊ ပြန်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်းမိသားစုဝင် ၁၉၈ ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ဒုတိယ ရဲမှူးကြီး ၁ ဦးလည်း ပါဝင်ကြောင်း ၊စစ်သုံ့ပန်း မိသားစုဝင် အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၁၄၇ ဦးကို AA က လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း AA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။", "အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာလည်း စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ် သားအကျဉ်းသား ၂၆ ဦးကိုလည်း လွှတ်ပေးခဲ့ကြောင်း၊ ၎င်းတို့အားလုံးက အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော မြိုနယ်များက မဟုတ်သော သူများဖြစ်ပြီး ပြန်လွှတ်ပေး၍ရသည့် သူများကိုသာ AA က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။", "အာဏာသိမ်း စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုးထားရသော အရပ်သားများနေထိုင်ရာ မြိုရွာများနှင့် စစ်သုံပန်းများ ထားရှိရာနေရာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို ပြုလုပ်နေသည်။", "အာရက္ခတပ်တော် AA က ထိန်းသိမ်းစောင့်ရှောက်ထားသော စစ်သုံပန်းများထားရှိရာ မြောက်ဦးမြိုနယ်က ရမ်းချောင်းဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်သုံပန်း ၁၀၀ ကျော်သေဆုံးခဲ့ရပြီး ၁၀၀ ကျော်မှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း AA က ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ထပ်မံလွှတ်ပေးခဲ့သော စစ်သုံပန်းများနှင့် AA က တာဝန်ရှိသူများတို တွေ့ဆုံခဲ့ကြစဉ်။ (Photo- APM)"]
https://yktnews.com/2024/02/146282/
AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော မောင်တော စစ်ကောင်စီ ဗောဓိကုန်းစခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော မောင်တော စစ်ကောင်စီ ဗောဓိကုန်းစခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်| ဖေဖော်ဝါရီ ၁၇", "ရခိုင်ပြည် မောင်တောမြို့နယ်အနီးက စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သည့် ဗောဓိကုန်းစခန်းကို ရက္ခိုင့်တပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ နံနက် ၆ နာရီတွင် အပြီးသတ်သိမ်း ပိုက်လိုက်ကြောင်း AAသတင်းရင်းမြစ်က ပြောသည်။", "အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သား ၁၄ လောင်းအပါအဝင် လက်နက်ခဲယမ်းအချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်က ထုတ်ပြန်ထားသည်။", "ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီကျော်က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ လေးကြောင်း၊ လက်နက်ကြီးအများအပြား ပစ်ခတ်တိုက်ခိုက်မှုကြားမှ ၂၄ နာရီကျော်အကြာ နောက်တစ်နေ့ နံနက်ပိုင်းတွင် AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။", "ဒေသခံများပြောဆိုချက်အရ ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဗောဓိကုန်းစခန်းအပြင် စစ်ကောင်စီ နယ်ခြားစောင့် တပ်စခန်းဖြစ်သည့် နရူလနယ်ခြားစောင့်တပ်ကိုလည်း ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ပြောဆိုကြသည်။", "သို့သော်လည်း မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် ရက္ခိုင့်တပ်တော် AA က ယနေ့ အချိန်အထိ နရူလာနယ်ခြားစောင့်တပ်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။", "နရူလာနှင့် ဗောဓိကုန်း နယ်ခြားစောင့်တပ်စခန်းနှစ်ခုသည် မောင်တောမြို့နှင့် ၄ မိုင်ခန့်သာ ဝေးကွာပြီး အင်အား ရာကဏန်းရှိသော တပ်ခစန်းများလည်းဖြစ်ကြသည်။", "AA သည် မောင်တောဒေသရှိ တောင်ပြိုမြို့ကို အပြီးအပိုင်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မောင်တောမြို့အား သိမ်းယူနိုင်ရန် မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းယူလျှက်ရှိနေသည်။", "ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီကျော်အချိန်မှာပဲ မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၂ ဦးသေဆုံးခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က ထုတ်ပြန်ထားသည်။", "တစ်ဆက်တည်းမှာပဲ မောင်တောမြို့နှင့်နီးကပ်သည့် ရသေ့တောင်မြို့ကိုလည်း တစ်ပြိုင်တည်းသိမ်းယူနိုင်ရန် AA က စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။", "ဖေဖော်ဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီကျော်အချိန် ရသေ့တောင်မြိုနယ်၊ ခနောင်းကြီး‌ ကျေးရွာ၏ အရှေ့တောင်ဘက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်းနှင့် AA တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။", "ကနဦးသတင်းအရ စစ်ကောင်စီဖက်မှ မျက်မြင် (၄) ဦး သေဆုံး၍ ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိကာ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။", "ထိုတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ နောက်ဆုတ်သွားကာ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်း စလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီးပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်က ဆိုသည်။", "၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လည်စတင်ခဲ့သည့် ရခိုင်နှင့်ပလက်ဝဒေသတွင်း တိုက်ပွဲများ၌ ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်စခန်း မြောက်များစွာနှင့် လက်နက်ခဲယမ်းများအပြင် မြို့ ၇ မြို့၊ စစ်သင်္ဘော ၅ စီးတို့ကို တိုက်ခိုက်သိမ်းပိုက်ရယူထားပြီဖြစ်သည်။", "ကျန်နေသေးသော ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရန် AA မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး မြို့များကိုလည်း သိမ်းယူမည်ဖြစ်ကာ ပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ဦးတည်လာကြောင်း သိရသည်။"]
https://yktnews.com/2025/01/200300/
AA က ထိန်းသိမ်း စစ်ဆေးနေသည့် ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘော ၃ စီးအနက် ၂ စီးကို ပြန်လွှတ်ပေး
["AA က ထိန်းသိမ်း စစ်ဆေးနေသည့် ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘော ၃ စီးအနက် ၂ စီးကို ပြန်လွှတ်ပေး", "ရန်ကုန်| ဇန်နဝါရီ ၂၁", "အာရက္ခတပ်တော် AA က ရန်ကုန်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ထွက်ခွာလာသော ကုန်တင်သင်္ဘော ၃ စီးကို ရခိုင့်ပင်လယ်ပြင် နတ်မြစ်ဝတွင် ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ၂ စီးကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။", "ရန်ကုန်မှ ထွက်ခွာလာသော ကုန်တင်သင်္ဘောများကို ဇန်နဝါရီလ ၁၆ ရက်နေ့ မောင်တောမြို့နယ်၊ နတ်မြစ်ဝရှိ AA ထိန်းချုပ်ထားသော ပင်လယ်ပြင်တွင် တွေ့ရှိ ထိန်းသိမ်း စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သင်္ဘော ၂ စီးအား AA က ပြန်လွှတ်ပေးလိုက်သည်ဟု The Business Standard သတင်းက ဖော်ပြသည်။", "အာရက္ခတပ်တော် AA ထံမှ လွတ်မြောက်လာပြီးနောက် ကုန်တင်သင်္ဘောနှစ်စင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှာပင် ကုန်ပစ္စည်းတန်ချိန် ၁၅၀၀ ခန့်နှင့်အတူ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။", "သို့သော်လည်း ဆိပ်ကမ်းအာဏာပိုင်များ၏ ပြောကြားချက်အရ ကျန်ရှိနေသည့် နောက်ထပ် သင်္ဘောတစ်စီးမှာ AA ထံ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လွှတ်ပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း Teknaf ဆိပ်ကမ်းမန်နေဂျာ Syed Anwar Hossain ပြောသည်။", "“အာရက္ခတပ်တော်က ဖမ်းမိတဲ့ သင်္ဘော ၃ စင်း ကျနော်တို့မှာ သတင်းအချက်အလက်တွေ ရှိတယ်။ သင်္ဘော ၂ စင်း ပြန်လွတ်လာပေမယ့် တစီးက သူတို့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ဖမ်းထားတဲ့ သင်္ဘောဟာ Teknaf ဆိပ်ကမ်းအနီးမှာ တွေ့ရပြီး ကုန်စည်တန်ချိန် ၂,၀၀၀ လောက် သယ်ဆောင်သွားပါတယ် ” ဟု ၎င်းက ပြောသည်။", "လွတ်လာသော သင်္ဘောများတွင် ငါးခြောက်၊ ကော်ဖီ၊ ကွမ်းယာနှင့် အလှကုန်များအပါအဝင် ကုန်ပစ္စည်းမျိုးစုံဖြင့် ရောက်ရှိလာကြသည်ဟု သူက ထပ်မံပြောသည်။", "အခြား ဆိပ်ကမ်းတာဝန်ရှိသူတစ်ဦးက “လေးရက်ကြာ ထိန်းသိမ်းထားစဉ်အတွင်း AA က သင်္ဘောသားတွေကို မညှဉ်းပမ်းခဲ့ပါဘူး။ ကုန်ပစ္စည်းတင်သွင်းသူတွေနဲ့ ပြေလည်မှုယူပြီး သင်္ဘောတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်” ဟု ပြောသည်။", "ကုန်သည်များ၏ ပြောကြားချက်အရ ကုန်တင်သင်္ဘောများကို စစ်ဆေးရန်အတွက်သာ ဖမ်းဆီးထိန်း သိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။", "ဘင်္ဂလားဒေ့ရှ်ကုန်တင်သင်္ဘောများကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားခြင်းအပေါ် Teknaf Land Port C&F အေးဂျင့်များအသင်းမှ အထွေထွေအတွင်းရေးမှူး Ehteshamul Haque Bahadur က “ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဒီဆိပ်ကမ်းကတစ်ဆင့် သွင်းကုန်တွေ သိသိသာသာ ကျဆင်းလာပြီး အစိုးရဝင်ငွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေဖို့အတွက် အစိုးရက တက်ကြွတဲ့ အစီအမံတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။", "အာရက္ခတပ်တော် AAက ဘူးသီးတောင်၊ မောင်တော ဒေသကို သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော ရခိုင့်ပင်လယ်ပြင်အား ထိန်းချုပ်သိမ်းပိုက်ထားခြင်းဖြစ်သည်။", "ရခိုင့်ပင်လယ်ပြင်သို့ ဝင်ရောက်လာသော ငါးဖမ်းစက်လှေများ၊ သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့က စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။"]
https://yktnews.com/2024/10/189795/
AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံး
["AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံး", "ရန်ကုန် ၊ အောက်တိုဘာ ၂၈", "ရခိုင်ပြည်တွင် AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံးသွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ယမန်နေ့အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်မှူးနိုင်ဇော်အောင် သည် အမ်းမြို့နယ်အတွင်းရှိ တောတွင်း တစ်နေရာတွင် စားနပ်ရိက္ခာပြတ်တောက်ပြီး အစာအိမ်သွေးကြောပေါက်သေဆုံးသွားသည်ဟု ရန်ကုန်ရှိ ကျန် ရစ်သူ မိ သားစုထံ စစ်ရုံးက တရားဝင် အသိပေး အကြောင်းကြားထားကြောင်း သိရှိရသည်။", "အမ်းမြို့နယ်တွင် သေဆုံးသွားသည့် ဗိုလ်မှူးနိုင်ဇော်အောင်သည် စစ်အာဏာ သိမ်းခါစ ၂၀၂၁ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ အခြေစိုက် ခမရ ၁၂ တပ်ရင်းမှ ဒုတပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ရှေ့တန်းမှာရရှိခဲ့သည့် ဒဏ်ရာကြောင့် နေပြည်တော်တွင် ဆေးကုသခံယူခဲ့ရသူဖြစ်သည်။", "ယင်းနောက် ရခိုင်ပြည်နယ် အမ်းစစ်ဌာနချုပ်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး အာရက္ခတပ်တော် AA ၏ ထိုးစစ်အတွင်း အစာငတ်ပြတ်သေဆုံးခြင်းဖြစ်ကြောင်း၊ ၎င်းသည် စစ်အာဏသိမ်းမှုကို ထောက်ခံသူတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံသည့် ဆန္ဒပြသူများအပေါ် သဘောထား တင်းမာသူဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာ၊ မဲတောင် ဗျူဟာနှင့် နပခကို ကာရံထားသည့် တပ်စခန်းအချို့ကိုလည်း AA က သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဆက်လက် ထိုးစစ်ဆင်နေသည်။", "ထို့ပြင်အမ်းမြို့လေယာဉ်ကွင်းကို စစ်ကောင်စီ လေယာဉ်များ လုံးဝအသုံးပြု၍ မရနိုင်စေရန် AA က ဝိုင်းရံပိတ်ဆို့ ပစ်ခတ်နေပြီး စစ်ကောင်စီမှာ အမ်းလေယာဉ်ကွင်းကို လက်လွတ်ဆုံးရှုံးလိုက်ရသည့် အနေအထားဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။", "အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့်မတ်လကစ၍ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလတွင် တိုက်ပွဲပိုပြင်းထန်ကာ လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အထိ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်။", "အမ်းမြို့ခံအများစုမှာ ပြီးခဲ့သည့်လပိုင်းကတည်းက တိ မ်းရှောင်ခဲ့ကြပြီဖြစ်သော်လည်း ပြည်သူတချို့မှာ မြို့တွင်းတွင်ကျန်ရစ်ခဲ့ရာမှ လက်ရှိ တိုက်ပွဲအတွင်း ပိတ်မိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/163377/
စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာ ၁၆၆ ဦးကို AA က ကယ်တင်
["AA က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသော စွပ်စွဲချက်များအပေါ် AA က ငြင်းဆိုပြီး အမေရိကန်တွင် ရခိုင်တိုင်းရင်းသားများက ကုလ သမဂ္ဂ၏ စွပ်စွဲချက်ကို ဆန္ဒပြ", "ရန်ကုန်၊ မေ ၂၀", "ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာ ၁၆၆ ဦးကို AA က ကယ်တင်လိုက်ကြောင်း AAက တရားဝင် သတင်းထုတ်ပြန်သည်။", "မေလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ဘူးသီးတောင်မြိုနယ်၊ ကျောက််ဖြူတောင်ကျေးရွာ၊ တပ်မင်းချောင်းကျေးရွာ၊ င/ကျဥ်တောက် မူဆလင်ကျေးရွာများကို တိုက်လေယာဉ်၊ Y-12 လေယာဉ်များဖြင့် ဝေဟင်မှ ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးနေသဖြင့် အဆိုပါကျေးရွာ ၃ ခုမှ ထွက်ပြေးလာသော ကလေးငယ်များအပါအဝင် ရိုဟင်ဂျာ ၁၆၆ ဦးကို အာရက္ခတပ်တော်က မောင်တောမြိုနယ်၊ အောင်ဇေယျကျေးရွာအနီးတွင် တွေ့ရှိ ၍ ကျန်းမာရေးမကောင်း သူများကို AA က ​ဆေးကုသမှု ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။", "လက်ရှိတွင် ဘူးသီးတော်မြို့ပေါ်တွင် ရိုဟင်ဂျာများကို နှင်ထုတ်ပြီး နေအိမ်များကို AA က မီးရှို့ကြောင်း၊ ရိုဟင်ဂျာများကို သတ်ဖြတ်မှုများလည်း ကျူးလွန်နေကြောင်း ရိုဟင်ဂျာ အရေးတက်ကြွလှုပ်ရှားသူများက AA ကိုစွပ်စွဲလျက်ရှိကြောင်း Reuters သတင်းတစ်ရပ်အရ သိရှိရသည်။", "AA ဘက်က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး ဘူးသီးတောင်မြို့ကို AA မဝင်ခင်ကတည်းက စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းကြောင့် ဘူးသီးတောင်မြို့ မီးလောင်ခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက Reuters သတင်းဌာနထံသို့ ပြောဆိုသည်။", "အခြားတစ်ဖက်တွင်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က်က ရိုဟင်ဂျာများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် ရခိုင်ပြည် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းကြောင့် အရပ်သားပြည်သူများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ ရခိုင်ပြည်အတွင်းရှိ ရိုဟင်ဂျာများ အပေါ် နောက်တစ်ကြိမ် ကြောက်မက်ဖွယ်ရာ နှိပ်စက်သတ်ဖြတ်မှုများ ပေါ်ပေါက်မလာအောင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဖိအားပေးကြရန် တိုက်တွန်းထားသည်။", "အဆိုပါ ထုတ်ပြန်ချက်ကို အမေရိကန်ရောက် အာရက္ခပြည်ဖွားများက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးရှေ့မှာ မေ ၁၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။", "ဗော်လ်ကာ တာ့က် ၏ ပြောဆိုချက်များမှာ သတင်းအမှားများကို အခြေခံပြီး ရခိုင်လူထုနှင့် AA အား ပြစ်တင်ပြောဆိုခြင်းများနှင့် စစ်ကောင်စီအပါအဝင် စစ်ကောင်စီ လက်ကိုင်တုတ်များကို အားပေးအားမြှောက်ပြုသည့် စကားများကို ပြောဆိုခဲ့သည်ဟု ဆန္ဒပြသူများက ပြောဆိုကြသည်။", "ဗော်လ်ကာ တာ့က်၏ ထုတ်ပြန်‌ပြောဆိုချက်များသည် ကမ္ဘာတွင် ရခိုင်လူမျိုးတည်ရှိမူကိုပါ ခြိမ်းခြောက်ရာရောက်ပြီး အာရက္ခပြည်သူများအား လူ့အခွင့်အရေး တရားမျှတရေး လွတ်မြောက်ရေး ငြိမ်းချမ်းရေး စစ်အာဏာရှင် တိုက်ဖျက်ရေးများကိုလည်း မျက်ကွယ်ပြုလုပ်ဆောင်နေသည်ဟု ဆန္ဒပြသူများက ဆိုသည်။", "လက်ရှိရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲများအတွင်း အရပ်သား ပြည်သူများ သတ်ဖြတ်ခံရခြင်းများ ဖမ်းဆီးခံမှုများ အန္တရာယ်ရှိနေကြောင်း ဗော်လ်ကာ တာ့က်က ပြောဆိုခဲ့သည်။", "ယင်းအခြေအနေတွင် မြန်မာစစ်တပ်နှင့် စစ်ကောင်စီလော်ဘီများကလည်း AA က ဘူးသီးတောင်မြို့တွင် ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသော ဝါဒဖြန့် မှုများကို တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် အရှိန်အဟုန်ဖြင့် ဝါဒဖြန့်လျက်ရှိပြီး အဆိုပါ ဝါဒဖြန့်မှုများတွင် ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများ ၏ ဗီဒီယိုများနှင့် ပြောဆိုချက်များကိုပါ ကိုးကားအသုံးပြုလာသည်ကို တွေ့ရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/04/155465/
AA က သိမ်းပိုက်ထားသော မြို့နယ်များကို လေကြောင်းဖြင့် စစ်ကောင်စီက ဗုံးကျဲနေသဖြင့် နေ့စဉ် ပြည်သူများ သေဆုံးနေရ၊ စစ်တပ်ကြောင့် ပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရဟုဆို
["AA က သိမ်းပိုက်ထားသော မြို့နယ်များကို လေကြောင်းဖြင့် စစ်ကောင်စီက ဗုံးကျဲနေသဖြင့် နေ့စဉ် ပြည်သူများ သေဆုံးနေရ၊ စစ်တပ်ကြောင့် ပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရဟုဆို", "ရန်ကုန်| ဧပြီ ၇", "ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့ညပါမကျန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှုများ မြင့်တက်လာနေပြီး ပြည်သူများမှာ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်နေကြရသည်။", "ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။", "ယင်းကဲ့သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများ မြင့်တက်လာနေပြီး လက်ရှိတွင်လည်း ပြည်သူများမှာ ထိတ်လန့်နေရကာ ကျီးလန့်စာစား ဖြစ်နေရကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။", "“ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ်တွေက နေ့ည မကျန် ဝဲပါတယ်။ ပြီးခဲ့တဲ့ ခုရက်ပိုင်းကဆို င/စိုင်းရိုင်းချောင်းဖက်ကို ပေါင်း ၅၀၀ ရှိတဲ့ ဗုံးကြဲချခဲ့ပါတယ်။ သုံးယောက်ထက်မနည်းသေတယ်။ ပြီးတော့ သာဒေမွတ်ဆလင်ကျေးရွာမှာဆိုရင် ဗုံးချသွားတာ ကျေးရွာကလေးတွေ မကျန် ၃၀ နီးပါး သေတယ်။ ကျမတို့ ပြည်သူတွေက အခုဆိုရင် ထိတ်လန့်ကြောက်နေရပြီး ကျီးလန့်စာစား ဖြစ်နေပါပြီ။ ဘယ်နေ့ ကိုယ့်ဆီကို အလှည့်ကျမလဲဆိုတာ တွေးပြီး ကြောက်နေရတယ် “ဟုပြောသည်။", "၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည် စစ်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူ ၁၇၉ ဦးထဲတွင် အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦးပါဝင်ကြောင်း ULA/AA ၏ HDCO က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "ယင်းအထဲတွင် မင်းပြားမြို့နယ် ခြိမ်တောင်အုပ်စု သာဒေ မွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၁၈ ရက် နံနက် ၁ နာရီအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ မွတ်ဆလင် ၂၁ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။", "အသက် ၃၀ အရွယ် သာဒေ မွတ်ဆလင်ကျေးရွာက အမျိုးသမီးတစ်ဦးက “ကျမတို့ကတော့ ရွာမှာ မအိပ်ရဲတော့ပါဘူး။ ရွာနဲ့ဝေးတဲ့နေရာတွေမှာပဲ အိပ်နေရတယ်။ လူတော်တော်များများလည်းရွာတွေမှာ မနေရဲကြတော့ဘူးလေ။ နေ့တိုင်းလာပြီးတော့ လေကြောင်းက ဗုံးကြဲတာတွေ၊ ဒရုန်းနဲ့ပစ်ချနေတာတွေ လုပ်တော့ ကိုယ့်မျက်စီရှေ့မှာ လူတွေ သေဆုံးနေရတယ်။ အဲဒါတွေ မြင်နေရတော့ ဘေးလွတ်ရာမှာ သွားအိပ်နေရတာပေါ့ “ဟုပြောသည်။", "အလားတူ ပြီးခဲ့သည့် ဧပြီလ ၂ရက်နေ့နှင့် ၃ ရက်နေ့ နံနက်ပိုင်းတို့တွင် မင်းပြားမြို့နယ် င/စိုင်းရိုင်းချောင်းနှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။", "စစ်ကောင်စီက ယင်းလုပ်ရပ်သည် ရခိုင်ပြည်ရှိ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်နေခြင်း ဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးမြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။", "“စစ်ကောင်စီက ရခိုင်မှာ စစ်ရှုံးနေတာကို ဝန်ခံတာမရှိဘူး။ AA ဆီမှာစစ်ရှုံးနေတာကို ရှုံးမဲမဲပြီးတော့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေ တစ်လျှောက်လုပ်နေတယ်။ ပေါင် ၃၀၀ ရှိတဲ့ ဗုံးတွေ၊ ပြီးတော့ ပေါင် ၅၀၀ ရှိတဲ့ ဗုံးတွေနဲ့ ပစ်ချတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်နေတာဖြစ်တယ်။ ကျနော်တို့ဆီမှာ အထောက်အထားတွေ အပြည့်အစုံရှိပါတယ်။ နိုင်ငံတကာက အရေးယူနိုင်တဲ့အထိ ကျနော်တို့ ဆောင်ရွက်သွားမှာပါ”ဟုပြောသည်။", "အာဏာသိမ်းနောက်ပိုင်း နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ ၄၈၅၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "ထို့ပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆၄၈၃ဦးရှိပြီး ထိုအထဲမှ ၂၀၃၁၀ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈၉၀၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/11/193886/
AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးကို စစ်တပ်က ဖမ်းဆီး
["AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးကို စစ်တပ်က ဖမ်းဆီး", "ရန်ကုန်| နိုဝင်ဘာ ၃၀", "အာရက္ခတပ်တော် AA ကို ထောက်ခံအားပေးပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသည်ဟုဆိုကာ အငြိမ်းစားရဲမှူး ဦးရွှေဇံကို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ဖမ်းဆီးသွားကြောင်း သိရသည်။", "သာကေတမြို့နယ် အမှတ် ၇ အနောက်ရပ်ကွက် အောင်ချမ်းသာလမ်းက ၎င်း၏ နေအိမ်သို့ နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က စစ်သား၊ ရဲသား လုံခြုံရေးပူးပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက ပြောသည်။", "ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အာရက္ခတပ်တော် AA ထောက်ခံသည့် စာသားများ ရေးသားကာ စစ်ကောင်စီအား ဆန့်ကျင်လှုံ့ဆောင်သည်ဟု စွပ်စွဲချက်ဖြင့် အငြိမ်းစား ရဲမှူး ဦးရွှေဇံကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။", "ဦးရွှေဇံအား ဖမ်းဆီးရန် ၎င်း၏ နေအိမ်အား ရှာဖွေမွှေနှောက်၍ Iphone 13 Pro ၁ လုံး၊ Redmi K 30 လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းသွားပြီး လက်ရှိတွင် ဦးရွှေဇံကို နိုဝင်ဘာလ ၂၇ ရက်နေ့က သာကေတရဲစခန်းမှတစ်ဆင့် စစ်ကြောရေးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။", "မည်သည့်စစ်ကြောရေးကို ခေါ်ဆောင်သွားသည်ကို မသိရှိရ၍ မိသားစုဝင်များမှာ စိတ်ပူနေကြသည်ဟု နီးစပ်သူများက ပြောသည်။", "အငြိမ်းစား ရဲမှူး ဦးရွှေဇံအား သာကေတရဲစခန်းတွင် အမှုဖွင့်လှစ်ထားသော်လည်း မည်သည့်ပုဒ်မဖြင့် တပ်ထားသည်ကို မသိရရှိသေးပေ။ ရဲမှူး ဦးရွှေဇံ သည် ဦးအေးမောင်၏သားဖြစ်ပြီး ရခိုင်လူမျိုးတစ်ဦးဖြစ်ကြောင်းနှင့် ရခိုင်ပြည် မည်သည့်မြို့နယ်မှဖြစ်သည်ကိုတော့ မသိရသေးပေ။", "ရန်ကုန်မြို့တွင် ပြီးခဲ့သည့် တစ်လကျော်ကလည်း ရခိုင်-မြန်မာ အဆိုတော် ရခိုင်အမျိုးသမီး မဆုမြတ်ထက်ကိုလည်း အာဏာသိမ်း စစ်ကောင်စီက နေအိမ်ကနေ ဖမ်းဆီးသွားပြီး လက်ရှိတွင် စစ်ကြောရေး၌ စစ်ရေးခံနေရကြောင်းနှင့် ယခုအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။", "ဓာတ်ပုံ – အငြိမ်းစားရဲမှူး ဦးရွှေဇံကို တွေ့ရစဉ်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/01/141617/
AA တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ စစ်သားများ ထွက်ပြေး၊ ထွက်ပြေးသည့် စစ်သားများ ပြန်ခေါ် မည့် စစ်လေယာဉ် လမ်းချော်၊ လေယာဉ် လမ်းချော် မှုကြောင့် ထိခိုက်ဒဏ်ရာရသည့် စစ်သားများကို လူနာတင်ယာဉ်ဖြင့် သယ်စဉ် ယာဉ်မတော်တဆမှု ထပ်ဖြစ်
["AA တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ စစ်သားများ ထွက်ပြေး၊ ထွက်ပြေးသည့် စစ်သားများ ပြန်ခေါ် မည့် စစ်လေယာဉ် လမ်းချော်၊ လေယာဉ် လမ်းချော် မှုကြောင့် ထိခိုက်ဒဏ်ရာရသည့် စစ်သားများကို လူနာတင်ယာဉ်ဖြင့် သယ်စဉ် ယာဉ်မတော်တဆမှု ထပ်ဖြစ်", "စစ်ကောင်စီတပ်သားများ ကျိန်စာသင့်နေပြီဟု ပြည်သူများ သုံးသပ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "ရက္ခိုင်တပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ စစ်ကောင်စီတပ်သား ၂၇၆ ဦး ထွက်ပြေးသွားခဲ့ကြပြီး ထွက်ပြေးသည့် စစ်သားများ ပြန်ခေါ်မည့် စစ်လေယာဉ်သည် ယမန်နေ့ လမ်းချော်ခဲ့ကာ စစ်လေယာဉ် လမ်းချော်မှု ကြောင့် ထိခိုက်ဒဏ်ရာရသည့် စစ်သားများကို လူနာတင်ယာဉ်ဖြင့် သယ်စဉ် ယာဉ်မတော်တဆမှုထပ်ဖြစ်ခဲ့ကြောင်း အိန္ဒိယသတင်းဌာနက သတင်း ဖော်ပြသည်။", "ယမန်နေ့ ဇန်နဝါရီ ၂၃ရက်နေ့ နံနက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ် တွင် မြန်မာစစ်လေယာဉ် ဆင်းသက်စဉ် လမ်းချော် သွားခဲ့ကြောင်း၊ မြန်မာစစ်လေယာဉ်တွင် စုစု ပေါင်း ပိုင်းလော့ အပါအဝင် လေယာဉ် အမှုထမ်း လေတပ် တပ်ဖွဲ့ဝင် ၁၄ ဦး လိုက်ပါခဲ့ပြီး လေယာဉ် အမှုထမ်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဒဏ်ရာရရှိသည့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လူနာတင်ယာဉ်မှာ မတော် တဆမှု ထပ်မံဖြစ်ပွား ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို သယ်ဆောင်သည့် လူနာတင်ကားသည် လေဆိပ် အထွက်တွင် ခုံးကျော်တံတားဖြင့် တိုက်မိခဲ့ကြောင်း၊ လူနာတင် ကားသည် လေဆိပ် အရေးပေါ်ထွက်ပေါက်မှ ထွက်စဉ် ခုံးကျော်တံတားဖြင့် တိုက်မိခဲ့သဖြင့် လူနာတင်ကားမှာ ညပ်နေခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်ကြောင့် လူနာတင်ယာဉ် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၂၇၆ ဦး အိန္ဒိယသို့ ထွက် ပြေးသွားသည့်အတွက် ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် စစ်သား ၁၈၄ ဦးကို မြန်မာ စစ်တပ်က လေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ဖြစ်ကြောင်း၊ ယမန် နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျန်ရှိနေသော စစ်သား ၉၂ ဦးကို ပြန်လည် ခေါ်ဆောင်ရန် သွားရောက်စဉ် စစ်လေယာဉ် ပြေးလမ်း ချော်မှု ဖြစ်ပွားပြီး နောက် ဆက်တွဲ မတော်တဆမှုများ ဆက်တိုက်ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရှိရ သည်။", "အဆိုပါဖြစ်စဉ်ကို ပြည်သူများက စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ များ ကို သတ်ဖြတ်ခဲ့သည့် ကျိန်စာများ သင့်နေပြီ ဟု လူမှုကွန်ရက်တွင် သုံး သပ် ရေးသားကြသည်။", "“ပြည်သူတွေကို အစုလိုက် အပြုံလိုက် ဗုံးကျဲသတ်တဲ့ စစ်ခွေးတွေ အခု လေ ယာဉ် လမ်းချော်တယ်၊ လမ်းချော်ပြီးတော့ လူနာတင် ယာဉ် မတော်တဆမှု ထပ်ဖြစ်တယ်။ ဒါမျိုးတွေက မမြင်ရတဲ့ ကျိန်စာတွေပဲ။ မင်းအောင်လှိုင်လည်း သိပ်မကြာခင် ကျိန်စာထိဦးမှာ” ဟု မန္တလေးမှ Soe Myanmar အကောင့် ပိုင်ရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ချက် ပေးပို့ထားသည်။"]
https://yktnews.com/2024/07/174626/
AA ထိန်းချုပ်ထားသော သံတွဲနှင့် ငပလီကို ပြန်သိမ်းရန် စစ်ကောင်စီက စစ် အင်အား ရာချီ ဖြည့်တင်းနေ
["AA ထိန်းချုပ်ထားသော သံတွဲနှင့် ငပလီကို ပြန်သိမ်းရန် စစ်ကောင်စီက စစ် အင်အား ရာချီ ဖြည့်တင်းနေ", "ရန်ကုန်| ဇူလိုင် ၂၀", "ရခိုင်ပြည် သံတွဲမြို့နှင့် ငပလီမြို့ကို အာရက္ခတပ်တော် AA ထိန်းချုပ်ပြီးနောက် ပြန်လည်သိမ်းနိုင်ရန် စစ်ကောင်စီက မောင်ရွှေလေးရေတပ်မှ တစ်ဆင့် အင် အား ရာနှင့်ချီ ထပ်ဖြည့်နေကြောင်း စုံစမ်းသိရသည်။", "သံတွဲမြစ်ရှိ မောင်ရွှေလေးရေတပ်ကနေ ဇလွန်ရွာနှင့် ဂျိတ္တောရပ်ကွက်ကို အင် အား ၄၀၀ ထက်မနည်း စစ်ကောင်စီက ထပ်ဖြည့်တင်းနေကြောင်း စစ်ရေးသိသူများက ပြောသည်။", "” မောင်ရွှေလေး ရေတပ်နဲ့ ဇလွန်ရွာ၊ ဂျိတ္တောရပ်ကွက်ဆိုတာ သိပ်မဝေးဘူး။ အဲမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်းငယ်လေးတွေရှိတယ်။ သံတွဲနဲ့ ငပလီမြို့ထဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း အဲဒီတပ်စခန်းငယ်တွေနဲ့ လာပူးပေါင်းနေတာ။ AA လက်ထဲက သံတွဲနဲ့ ငပလီမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ဇလွန်နဲ့ ဂျိတ္တောက တပ်တွေကို အင်အား ထပ်ဖြည့်နေတာဖြစ်တယ်။ ” ဟု ပြောသည်။", "စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်ကတစ်ဆင့် ပြီးခဲ့သည့် နှစ်ပတ်ကျော်ခန့်က ဇလွန်ကျေးရွာမှာ တပ်စခန်း အသစ်ထိုင်ပြီး အင်အား ၂၀၀ ထက်မနည်း ထပ်ဖြည့်ထားသလို ဂျိတ္တောရပ်ကွက်မှာလည်း အင်အား ၂၀၀ ကျော် ထပ်ဖြည့်ထားသည်။", "နောက်ထပ် သံတွဲစစ်ရေးသိသူတစ်ဦးက အာရက္ခတပ်တော် AA အနေဖြင့် သံတွဲမြို့နယ်ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ရန် သံတွဲမြစ်ထဲရှိ မောင်ရွှေလေးရေတပ်ကို ရှင်းလင်းနိုင်မှ ရမည်ဟု ပြောသည်။", "” မောင်ရွှေလေးရေတပ်က ကျောက်ဖြူမှာရှိတဲ့ ဓညဝတီရေတပ်လိုမျိုးပဲ ရေတပ်စခန်းကြီးတယ်။ ကျောက်ဖြူရေတပ်ဌာနချုပ်ကနေ မောင်ရွှေလေးရေတပ်ကို စစ်ကောင်စီက စစ်သင်္ဘောတွေ၊ ရေငုတ်သင်္ဘောတွေနဲ့ အင်အားထပ်ဖြည့်၊ အဲကတစ်ဆင့် ဇလွန်နဲ့ ဂျိတ္တောကို အင်အား ဖြည့်တင်းနေတာ။ မောင်ရွှေလေးရေတပ်ကို အားကိုးပြီး ကျန်နေသေးတဲ့ တပ်စခန်းငယ်တွေနဲ့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေက AA ကို ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တယ်။ မောင်ရွှေလေးရေတပ်ကို သိမ်းပိုက်နိုင်မှ သံတွဲမြို့နယ်ကို AA က အပြည့်အဝ ထိန်းချုပ်လို့ ရနိုင်မယ်။ ” ဟု ပြောသည်။", "အာရက္ခတပ်တော် AA သည် ငပလီမြို့မှာရှိသည့် ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ပြီးနောက် သံတွဲမြို့ထဲသို့ ဝင်ရောက်ကာ သံတွဲမြို့နှင့် ငပလီမြို့ကို ထိန်းချုပ်ထားသည်။", "သို့သော်လည်း ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများနှင့် မောင်ရွှေလေးရေတပ်က အင်အားဖြည့်ပြီး နောက်ဆုံးအထိ ခုခံကာကွယ်နေကြသည့်အတွက် AA မှာ သံတွဲမြို့နယ်တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။", "သံတွဲမြို့နယ်တစ်ခုလုံး AA လက်ထဲသို့ အပြည့်အဝ ကျရောက်သွားပါက စစ်ကောင်စီအနေဖြင့် ဆုံးရှုံးနစ်နာမှု များပြားမည်ဟု သိရသည်။", "သံတွဲမြို့နယ်တွင် ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံထားသော ငပလီကမ်းခြေအပါအဝင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ရာနှင့်ချီရှိနေသလို လူဦးရေ ၁ သန်းခန့်ကို လျှပ်စစ်ဓာတ်အားပေးနိုင်သော နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၈၆ ကီလိုဝပ် ထုတ်လုပ်နိုင်မည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းလည်းရှိကြောင်း သိရသည်။", "ဓာတ်ပုံ- ၂၀၁၇ ခုနှစ်၊ ရခိုင်ဒေသမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- AFP။"]
https://yktnews.com/2025/01/199843/
AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ့နေအိမ်များ ပျက်စီး
["AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ့နေအိမ်များ ပျက်စီး", "ရန်ကုန်| ဇန်နဝါရီ ၁၇", "အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြိုနယ်ကို စစ်တွေမြိုမှာရှိသည့် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) က လက်နက်ကြီး အလုံး ၄၀ ထက်မနည်းကို ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ပစ်ခတ်တိုက်ခဲ့ကြောင်း သိရှိရသည်။", "“ဇန်နဝါရီလ ၁၅ ရက်နေ့ ညကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ၁၆ ရက်နေ့ နံနက် ၃ နာရီကျော်မှာလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ နံနက်ပိုင်း တစ်ပိုင်းလုံးလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်တယ်ခဲ့တယ်။ လက်နက် ကြီးတစ်လုံးရဲ့ ဒလ လိုယူဆရတဲ့ အပိုင်းအစတစ်ခု စစ်တွေမြိုဈေးကို ကျရောက်ခဲ့တယ်။ ဈေးကို ပိတ်လိုက်ရတယ်။ လူအထိအခိုက်တော့ မရှိခဲ့ဘူး” ဟု စစ်တွေမြိုခံတစ်ဦးက ပြောသည်။", "ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ အောင်ဇေယျ၊ ကန်ချောင်းနှင့် ကျွဲထိုးကျေးရွာကို စစ်ကောင်စီလက်နက်ကြီးများ ကျရောက်ခဲ့ပြီး စပါးထားကျေးရွာမှ နေအိမ် ၉ ဆောင်ပျက်စီးသွားကြောင်း သိရသည်။", "လေကြောင်းတိုက်ခိုက်မှုမှာ စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို တိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါကျေးရွာသားများကို စစ်ကောင်စီက ယခင်ကတည်းက နှင်ထုတ်ထား၍ အရပ်သားထိခိုက်မှု မရှိကြောင်း သိရသည်။", "စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများမရှိဘဲ စစ်ကောင်စီ၏ တစ်ဖက်သက် ပစ်ခတ်တိုက် ခိုက်မှုများသည် တိုက်ပွဲဖြစ်ပွားရန် တွန်းအားပေးနေခြင်းဖြစ်ကြောင်း သုံးသပ်သူတစ်ဦးက ပြောသည်။", "“စစ်တွေက စစ်ကောင်စီတပ်ရင်းတွေက တပ်တော်ကို စိန်ခေါ်နေသလိုပဲ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပုဏ္ဏားကျွန်းရော၊ ပေါက်တောမြို့ဘက်ရော ပစ်ခတ်နေတယ်။ တိုက်ပွဲဖြစ်ပွားဖို့တွန်းအားပေးနေသလိုပဲ” ဟု ပြောသည်။", "စစ်တွေမြိုနယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့မှာ စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာပြီး စစ်ရေးတင်းမာလျက်ရှိနေသည်။", "စစ်တွေမြိုနယ် ဝါဘိုကျေးရွာကို အာရက္ခတပ်တော် AA က ထိန်းချုပ်လိုက်ပြီဟု သတင်းထွက်ပေါ်နေသော်လည်း AA က အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။", "စစ်ကောင်စီတပ်က စစ်တွေမြိုအဝင် မင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးထားခဲ့ပြီး အနီးအနားကျေးရွာများတွင်လည်း တပ်ဖြန့်ထားကြောင်း သိရသည်။", "ဓာတ်ပုံ- ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ပြည်သူ့နေအိမ်တချို့ မီးလောင်နေစဉ်။ (Photo- APM)"]
https://yktnews.com/2024/05/162765/
AA ထိုးစစ်ကြောင့် သံတွဲမြို့နယ်မှ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းအများစု ရန်ကုန်နှင့် မန္တလေးသို့ ရွှေ့ပြောင်း ထွက်ပြေး
["AA ထိုးစစ်ကြောင့် သံတွဲမြို့နယ်မှ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းအများစု ရန်ကုန်နှင့် မန္တလေးသို့ ရွှေ့ပြောင်း ထွက်ပြေး", "ရန်ကုန်| မေ ၁၆", "ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် AA ၏ ထိုးစစ်ဆင်များက ရှေ့တိုးလာကာ တိုက်ပွဲပြင်းထန်နေသည့်အပြင် စစ်ပွဲများက သံတွဲမြို့နားသို့ကပ်လာနေ၍ ဌာနဆိုင်ရာဝန်ထမ်းအများစု ရန်ကုန်နှင့် မန္တလေးဘက်သို့ ရွှေ့ပြောင်းနေကြကြောင်း စုံစမ်းသိရသည်။", "သံတွဲမြို့နှင့် ၁၂ မိုင်ကျော်ဝေးသော လင်းသီ၊ ရွှေလှေတိုက်နယ်အနီးတွင် တိုက်ပွဲပြင်းနေပြီး သံတွဲမြို့အနီးသို့ တိုက်ပွဲက ကပ်လာနေ၍ မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှာ ပြည်မဘက်သို့ ရွှေ့ပြောင်းနေကြကြောင်း ဝန်ထမ်းအခြေအနေသိသည့် ဒေသခံတစ်ဦးက ပြောသည်။", "” တိုက်ပွဲက မြို့နားသို့ ကပ်လာနေတယ်။ ဒေါ်မြဘက်ကနေ လင်းသီ၊ လင်းသီကနေ ကွေ့ချောင်း ပေါ့နော်။ အဲဒီတော့ မြို့ထဲက ဝန်ထမ်းအများစုဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ ပြည်မဘက်သို့ နေရာပြောင်း ရွှေ့ပြောင်းနေကြတယ်။ ပြည်မဘက်မှာ CDM လုပ်ထားကြလို့ ဝန်ထမ်းတွေ နေရာအများကြီး လွတ်လပ်နေတယ်လေ။ အဲဒီနေရာတွေမှာ ဝင်ယူဖို့ ရွှေ့ပြောင်းနေကြတာ။ စစ်ဘေးရှောင်အနေနဲ့ တိမ်းရှောင်တာမျိုးမဟုတ်ဘဲ ထိုဘက်မှာ ဝန်ထမ်း ပြန်လုပ်ဖို့ ရွှေ့ပြောင်းနေကြတာပါ။ ” ဟု ပြောသည်။", "ရွှေ့ပြောင်းနေသော ဌာနဆိုင်ရာများမှာ ထွေ/အုပ်၊ စည်ပင်၊ မီးသတ်၊ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ အကောက်အခွန်နှင့် လျှပ်စစ်ဖြန့်ဖြူးရေး စသည့် ဌာနများက ဝန်ထမ်းများမှာ ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။", "ယနေ့ မေလ ၁၆ ရက်နေ့တွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ ရွှေလှေတိုက်နယ်ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး သံတွဲမြို့အဝင်ရှိ ဘားဒါန်းတောင် စစ်ကောင်စီတပ်နှင့် နေဗီတို့က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။", "စစ်ရေးအခြေအနေ သိသူတစ်ဦးက ” တိုက်ပွဲ မနေ့ကလိုပဲ ဒီနေ့လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတာ။ ရွှေလှေတိုက်နယ်တစ်ဝိုက်က ဒေသခံတွေက အကုန်လုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်။ ” ဟု ပြောသည်။", "လက်ရှိအချိန်အထိ ကွေ့ချောင်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်ဖြင့်လည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။", "မေလ ၁၄ ရက်နေ့ ည ၉ နာရီကလည်း တိုက်ပွဲမရှိဘဲ လင်းသီကျေးရွာကို သံတွဲမြို့အဝင် ဘားဒါန်းတောင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့၍ လင်းသီရွာသား ကမန်လူမျိုး ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိသွားသည်။", "ဓာတ်ပုံ- ရခိုင်ပြည်တွင် လုံခြုံရေးချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2025/03/208500/
AA နှင့်စစ်တပ် တိုက်ပွဲများဖြစ်ပွားနေသော လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုန်းကြီး ကျောင်းမီးလောင်ပျက်စီး
["AA နှင့်စစ်တပ် တိုက်ပွဲများဖြစ်ပွားနေသော လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုန်းကြီး ကျောင်းမီးလောင်ပျက်စီး", "ရန်ကုန်၊ မတ်လ ၂၂", "ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၁၉ ရက် ည ၁၁ နာရီခန့်က လေးမျက်နှာမြို့နယ်၊ တုံးတောကျေးရွာကို အကြမ်းဖက်စစ် ကောင်စီတပ် မှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တုံးတောကျေးရွာ ဘုန်းကြီးကျောင်းမီး လောင်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုရှိ၊ မရှိနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသိရှိရခြင်းမရှိသေးကြောင်း သိရသည်။", "“အပြည့်အစုံတော့မသိရသေးဘူး။ ဗုံးကျဲချခံရလို့ မီးလောင်သွားတာပဲ သိရသေးတယ်။ ဒေသနေ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာအခြေအနေတစ်ခုပါ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းဘေးရှိ ဝတ်ကုန်းကျေးရွာနှင့် တောရွာကျေးရွာအကြားသို့ စစ်ကောာင်စီတပ်၏ လေယာဉ်များက ဗုံးမျာ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချသည့်နေရာမှာ လူနေထိုင်ခြင်းမရှိသည့်နေရာဖြစ်သည့်အတွက် ထိခိုက်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၁၇ ရက်နေ့မှ စတင်၍ လေးမျက်နှာမြို့နယ်၊ ဝတ်ကုန်းကျေးရွာအုပ်စုရှိ ဝတ်ကုန်းရွာ၊ လဲခုံလေးရွာ၊ လဲခုံကြီးရွာ၊ စက်စက်ယိုရွာ၊ ချင်းလယ်ရွာနှင့် စန်းကုန်းရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် AA တို့ တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ယနေ့ချိန်ထိ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးသူများပြားကာ သေဆုံးသူများကို အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ အုတ်တွင်းကုန်းကျေးရွာ မီးသဂြိုလ်စက်သို့ ပို့ဆောင် သဂြိုလ်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/175382/
ရခိုင်ရှိ Poscoကုမ္ပဏီရုံးသို့ စစ်တပ်က မကြာခဏ စီးနင်းရှာဖွေ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး Posco ဝန်ထမ်း ဒေါက်တာ ဦးကိုနှင့် ဆက်စပ် ဝန်ထမ်းများ ဖမ်းဆီးခံထားရမှု သတင်းအစအနမရတော့
["AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခြင်းဖြစ်ပြီး အဖမ်းခံထားရသူများ ပျောက်ဆုံးနေ", "ရန်ကုန်၊ ဇူလိုင် ၂၄", "ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ရွှေသဘာ၀ဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွင် ရေနံနှင့် သဘာဓာတ်ငွေ့ တူးဖော်ခြင်းများလုပ်ကိုင်နေသည့် Posco International E & P ကုမ္ပဏီရုံးသို့ အကြမ်းဖက်စစ်တပ်က မကြာခဏ စီးနင်းရှာဖွေမှုများ၊ လူဖမ်းဆီးမှုများလုပ်ကိုင်နေပြီး Posco OGT (Onshore Gas Terminal) ဝန်ထမ်း ဒေါက်တာ ဦးကိုနှင့် ဝန်ထမ်းတချို့ကို ဖမ်းဆီးထားမှုမှာလည်း သတင်းအစအန မရတော့ကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ ဖမ်းဆီးခံရသူများကို စစ်တပ်က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်း ၊ လက်ရှိတွင် ဖမ်းဆီးခံရသူများ အားလုံး ပျောက်ဆုံးနေကြောင်း သိရှိရသည်။", "Posco OGT ဝန်ထမ်း ဒေါက်တာဦးကို ကို ဇူလိုင်လ ၁၆ ရက်နေ့ ကျောက်ဖြူမှ ရန်ကုန်သို့ လေယာဉ်ဖြင့်အသွား ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကျောက်ဖြူရှိ Posco OGT ရုံးကို စီးနင်းဝင်ရောက်ရှာဖွေခဲ့ကာ Posco OGTမှ ဝန်ထမ်းများကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ၏ သတင်းအစအနများ ပျောက်လျက်ရှိကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များ ထံမှ သိရှိရသည်။", "“ဒေါက်တာ ဦးကို နဲ့ ဆက်စပ် အကုန်ဖမ်းတာပါ။ သူ့ဆီ ငွေလွှဲပြောင်းမှုတွေ စစ်မယ်ဆိုပြီး ဖမ်းတာ။ အခုထိ သတင်းမရပါဘူး။ AA ကို ထောက်ပံ့ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာလို့ ပြောပါတယ်။သေချာတော့ မသိပါဘူး။ အလုပ်ထဲကို ဝင်ဖမ်းတာပါ။ စစ်ကောင်စီရဲ့ MOGE က တောင်းဆိုလို့ ဝန်ထမ်းတွေတချို့ကို ရန်ကုန်က ကျောက်ဖြူအထိ ခေါ်ပြီး ဖမ်းတာပါ” ဟု ဖမ်းဆီးခံရထားသည့် အလုပ်သမားတစ်ဦး၏ မိသားစုဝင်တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "Posco ကုမ္ပဏီသည် ရွှေ ကမ်းလွန်သဘာ၀ဓာတ်ငွေ့ စီမံကိန်းကို တူးဖော်လုပ်ကိုင်လျက်ရှိကြောင်း၊ Posco ကုမ္ပဏီက ရခိုင်ကမ်းလွန်​ဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ခြင်းကို စစ်တပ် လက်အောက်ခံ MOGE ၊ Myint Association ကုမ္ဗဏီများနှင့် တွဲဖက်လုပ်ကိုင်လျက်ရှိသော တောင်ကိုရီးယား အခြေစိုက်ကုမ္ပဏီလည်းဖြစ်ကြောင်း လက်ရှိ မတည်ငြိမ်သည့် ရခိုင်ဒေသအခြေအနေများနှင့်အတူ အကြမ်းဖက်စစ်တပ်၏ မကြာခဏစီးနင်းရှာဖွေစီးနင်းမှုများ၊ လူဖမ်းဆီးမှုများကြောင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများစွာ ရှိနေကြောင်း Posco International E&P တွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။", "“သူတို့က မကြာခဏဆိုသလို ကုမ္ပဏီတစ်ဝင်းလုံး လိုက်ပြခိုင်းတာမျိုး၊ ကုမ္ပဏီဝင်းအရှေ့မှာ ရမ်းကားတာမျိုးတွေ လုပ်လာရုံသာမကဘူး၊ လူပါ ဝင်ဖမ်းတဲ့သဘောတွေ ဖြစ်လာတယ်။ ဝန်ထမ်းတွေက ရခိုင်ဒေသမှာ အလုပ်လုပ်ရတာဆိုတော့ နှစ်ဖက်ကြားညှပ်နေတယ်။ လုပ်ရကိုင်ရတွေခက်လာတယ်” ဟု Posco International E&P ၏ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။", "ကျောက်ဖြူမြို့နယ်တွင် Posco International E&P ဝန်ထမ်းများသည့် ဝင်းအပြင်သို့ ထွက်၍ မရသည့်အတွက် အဆိုပါဒေသရှိ ပြည်သူများနှင့် ချိတ်ဆက်၍ အကူအညီတောင်းရခြင်းများ ရှိကြောင်း၊ လက်ရှိအချိန်တွင် ရခိုင်တွင် စားသောက်ကုန်နှင့် ဆေးဝါးများ ရှားပါးသည့်အတွက်ဒေသပြည်သူများကို အကူအညီတောင်း၍ ဝယ်ယူရခြင်းများ ရှိကြောင်း၊ ထိုသို့ ဝယ်ယူခြင်းကိုပင် ဖမ်းဆီးပါက အကုန်ဖမ်းဆီးခံရမည်ဖြစ်ကြောင်း Posco International E&P မှ ဝန်ထမ်းများထံမှ သိရှိရသည်။", "ထိုသို့ အကြမ်းဖက်စစ်တပ်က Posco International E & P ဝင်းကို ဝင်ရောက်စီးနင်းမှုများ၊ ဝန်ထမ်းများကို ဖမ်းဆီးမှုများအပြင် နိုင်ငံတွင်းအခြေအနေမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ Posco က ပြန်ရုပ်သိမ်းမည်ဆိုသော သတင်းများ လည်း ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/05/161034/
AA သိမ်းပိုက်ထားသော ကျောက်တော်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးထက်မနည်း သေဆုံး
["AA သိမ်းပိုက်ထားသော ကျောက်တော်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးထက်မနည်း သေဆုံး", "ရန်ကုန်| မေ ၆", "AA က သိမ်းပိုက်ထားသော ရခိုင်ပြည် ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာကို ယနေ့ မေလ ၆ ရက်နေ့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့၍ အပြစ်မဲ့အရပ်သား ၃ ဦးထက်မနည်း သေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။", "ယနေ့နံနက် ၈ နာရီခန့်က လာရောက်ဗုံးကျဲခြင်းဖြစ်ပြီး သေဆုံးသူထဲတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးပါဝင်ကြောင်း အလယ်ကျွန်းကျေးရွာသားတစ်ဦးက ပြောသည်။", "” ၈ နာရီဝန်းကျင်လောက်မှာ လေယာဥ်နဲ့လာပစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းအနောက်ဘက်နဲ့အရှေ့ဘက်မှာကျတယ်။ နှစ်ကြိမ်ပစ်ခတ်ခဲ့တာပေါ့နော်။ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကြတယ်။ ” ဟု ပြောသည်။", "သေဆုံးသူ အမျိုးသားနှစ်ဦးထဲမှာ အသက် ၈၀ အရွယ် ဦးနီထွန်းဦးနှင့် အသက် ၅၀ အရွယ် ဦးမောင်ဟန်နှင့် ဒေါ်မဒွေးတို့ ဖြစ်ကြောင်း၊ အလယ်ကျွန်းကျေးရွာမှာ အိမ်ထောင်စု ၅၀၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ကျောက်တော်မြို့နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာများထဲမှ တစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက ရခိုင်ပြည်အတွင်း AA ထိန်းချုပ်ရာမြို့နယ်များအားလုံးကို ဗုံးကြဲတိုက်ခိုက်နေပြီး ကျောက်တော်၊ မင်းပြားကို မေလ ၁ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။", "မေလ ၄ ရက်နေ့ကလည်း စစ်ကောင်စီလက်ကြီး ဘူးသီးတောင်မြို့ပေါ်က မွတ်ဆလင်များ ခိုလှုံနေသည့် စာသင်ကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ၄ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်များ ရရှိသွားကြောင်း သိရသည်။"]
https://yktnews.com/2024/04/157005/
AA သိမ်းပိုက်ထားသော မင်းပြား မြို့မဈေး မီးလောင်မှု ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံး
["AA သိမ်းပိုက်ထားသော မင်းပြား မြို့မဈေး မီးလောင်မှု ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံး", "ရန်ကုန်| ဧပြီ ၁၄", "အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော မြို့ဖြစ်သည့် ရခိုင်ပြည်၊ မင်းပြားမြို့မဈေးအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးသွားကြောင်း မင်းပြားမြို့ခံများက ပြောသည်၊", "ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မင်းပြားမြို့ မြို့မဈေး ငပိတန်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကာ ညဉ့် ၁ နာရီကျော်လောက်တွင် ပြန်လည် မီးငြိမ်းသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။", "ယခင် မင်းပြားမြို့မဈေးတွင် ဈေးရောင်းချသူတစ်ဦးက “မနေ့က ၁၀ နာရီကျော်လောက်မှာ စတင်ပြီး မီးလောင်တယ်လို့ သိရပါတယ်။ မြို့မဈေးက ကွမ်းတန်း၊ ငပိတန်း ပြီးတော့ အဝတ်ထုပ် ဆိုင်တန်းတွေ ပါသွားတယ်။ ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ရာမှာ ပါသွားပါတယ်။ အကုန်ပြာကျသွားတာပါ။ မီးက ၁ နာရီကျော်မှာ ငြိမ်းသွားတယ် “ဟုပြောသည်။", "မင်းပြားမီးသတ်ဌာနက တာဝန်ရှိသူများနှင့် အာရက္ခတပ်တော်၏ ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်း မီးငြိမ်သတ်မှုကြောင့် ယနေ့ည သန်းခေါင်းယံ ၁ နာရီကျော်လောက်မှာ မီးငြိမ်းသွားခဲ့ကြောင့် သွားရောက်မီးငြိမ်သတ်ခဲ့သည့် မီးသတ်ဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။", "AA နှင့် စစ်ကောင်စီတို့ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာကနေ ဈေးဆိုင်များကို စတင်ပိတ်လိုက်ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဈေးအား ပြန်လည် ဖွင့်လှစ်ထားခြင်း မရှိကြောင်း မင်းပြားမြို့ခံများက ပြောသည်။", "ယင်းနောက်ပိုင်းတွင် မင်းပြားမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီးနောက် သတ်မှတ်ထားသည့်အချိန်မှ အပ မင်းပြားမြို့ကို AA က ဝင်ခွင့် ပိတ်ထားလိုက်ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။", "မင်းပြားမြို့ မြို့မ မြို့ဖတစ်ဦးက “ရှို့မီးလို့ ကျနော်တို့ကတော့ ယူဆပါတယ်။ ဘာလို့လည်းဆိုတော့ မင်းပြားမြို့ကို ၉ နာရီဆိုရင် ဝင်ထွက်ခွင့် ပိတ်ထားပါတယ်။ မြို့ထဲအိမ်မှာ ရှိရင်တောင်မှ ၉ နာရီဆို အပြင်ထွက်ခွင့်မပြုပါဘူး။ ဈေးကို ဖွင့်ခွင့်မပေးဘဲ ပိတ်ထားတာလည်း ကြာနေပြီ။ ဘယ်သူမှလည်း ဝင်ခွင့်မပေးပါဘူး။ ဘယ်သူမှလည်း ရောင်းချခွင့် မပြုပါဘူး။ ကင်းဆိပ်ဈေးလောက်ပဲ မနက်ပိုင်းရှိတယ်”ဟုပြောသည်။", "ပျက်စီး ဆုံးရှုံးမှု နည်းသွားခြင်းမှာ ဈေးအတွင်း ဆိုင်များ ဖွင့်ခွင့်မရ၍ တန်ဖို့ရှိ ပစ္စည်းများ အား ဈေးသည်များက ရွှေ့ပြောင်းထားမှုကြောင့် ဆုံးရှုံးမှု နည်းခြင်းရခြင်း ဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောဆိုသည်။", "“တော်သေးလို့ဗျ။ ဈေးပိတ်ထားတော့ ဆုံးရှုံးမှုကလည်း အရမ်းနည်းသွားတယ်။ ဈေးထဲမှာလည်း တန်ဖို့ရှိတဲ့ ပစ္စည်းတွေကလည်း ရှိမနေဘူးလေ။ ပြီးတော့ မီးလောင်သွားတဲ့နေရာကလည်း သစ်သားတန်းရှိတဲ့ နေရာလည်းဖြစ်တယ်။ ပြီးတော့ အဲ့ဒီနေရာ ကျူးကျော်ဆိုင်ခန်းနေရာလည်းဖြစ်တယ်။ တော်သေးလို့ ဟိုဖက် အခြမ်းကို လောင်မသွားဘူး။ ဟိုဖက်ခြမ်းကို လောင်သွားရင် တန်ရှိတဲ့ ဆိုင်ခန်းတွေ အကုန်လုံး ပါသွားမှာ”ဟုပြောသည်။", "အဆိုပါ မီးလောင်မှုသည် မင်းပြားမြို့မဈေး ငပိတန်းမှ စတင်လောင်ခြင်းသာ သိရပြီး မည်သည့် မည်ပုံ မီးလောင်မှုဖြစ်ပွားသည်ကို သီးခြားအတည်ပြု၍ မရရှိသေးပေ။", "မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ AA က တာဝန်ရှိသူများကို မေးမြန်းနေဆဲ ဖြစ်သည်။", "မင်းပြားမြို့သည့် နှစ်စဉ်နှစ်တိုင်း မီးလောင်မှုကြောင့် ဆိုင်ခန်းများ၊ နေအိမ်များ ဆုံးရှုံးလေ့ရှိပြီး နွေရာသီရောက်တိုင်း မီးလောင်မှုများကို ကာကွယ်ပြင်ဆင်မှုများ အားနည်းသောကြောင့် ပိုမို ဆုံးရှုံးရခြင်း ဖြစ်ကြောင်း မင်းပြားမြို့ခံများက ပြောသည်။"]
https://yktnews.com/2024/03/150567/
AA သိမ်းပိုက်ထားသော မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများ စစ်တွေသို့ လာ ၍ သတင်းပို့ရန်၊ AA လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်နေထိုင်ခြင်း မပြုလုပ်ရန် စစ်ကောင်စီက သတိပေးစာထုတ်
["AA သိမ်းပိုက်ထားသော မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများ စစ်တွေသို့ လာ ၍ သတင်းပို့ရန်၊ AA လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်နေထိုင်ခြင်း မပြုလုပ်ရန် စစ်ကောင်စီက သတိပေးစာထုတ်", "ရန်ကုန်၊ မတ် ၁၄", "ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသော မြို့နယ်များရှိ ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော စစ်ကောင်စီဝန်ထမ်းများအနေဖြင့် စစ်တွေသို့ လာရောက်၍ သတင်းပေးပို့ တာဝန်ထမ်းဆောင် ကြရန် စစ်ကောင်စီက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။", "လက်ရှိတွင် AA က ပလက်ဝမြို့နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့ နယ်နှင့် ရမ်းဗြဲမြို့ စုစုပေါင်း မြို့နယ် ၈ ခုကို သိမ်းပိုက်ထားသည်။", "“ရခိုင်ပြည်နယ်အတွင်းမှာမှ AA သိမ်းပိုက်ခံထားရတဲ့ မြို့နယ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ စစ်တွေကို မဖြစ်မနေ လာရောက်ပြီး သတင်းပို့ ရုံးတက်ဖို့ အမိန့်ထုတ်တယ်။ စစ်တွေကို မလာတဲ့သူကို ခွင့်မဲ့ပျက်ကွက်စာရင်းသွင်းမယ်လို့ခြိမ်းခြောက်ထားပါတယ်။ ဘာလို့လဲဆိုတော့ AA က သူတို့စိုးမိုးထားတဲ့မြို့တွေမှာရှိတဲ့ ရုံးတွေကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ လုပ်ငန်း လည်ပတ်နေတာတွေ သတင်းရလို့လို့ ပြောတယ်” ဟု စစ်တွေမြို့မှ ဌာနဆိုင်ရာသတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီအနေဖြင့် AA သိမ်းပိုက်ထားသော မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများကို AA က ၎င်း၏ အုပ် ချုပ်ရေးယန္တရားအတွက် အသုံးချမည်ကို အလွန် စိုးရိမ်နေသည့်အတွက် ထိုသို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက အခြားမြို့နယ်များမှ ဝန်ထမ်းများ ကို စစ်တွေသို့ လာရောက် သတင်းပေးပို့ခိုင်းသော်လည်း လက်တွေ့တွင် စစ်တွေမှ ဝန်ထမ်းများကိုယ်တိုင်ပင်လျှင် ထွက်ပြေးရန် ကြံစည် ပြင်ဆင်နေကြကြောင်း သိရှိရသည်။", "“စစ်တွေမှာရှိတဲ့ ဝန်ထမ်းတွေ အကုန်လုံးက သက်ဆိုင်ရာ မိသားစုတွေကို ရွှေ့နေကြပြီ။ ဝန်ထမ်းတွေကတော့ ပြေးမရလို့ ငြိမ်နေကြတာ။ သေနတ်သံပေါက်ပြီဆိုတာနဲ့ ပြေးမယ့်လူတွေချည်းပဲ။ အခြားမြို့နယ်က ဝန်ထမ်းတွေ စစ်တွေလာသတင်းပို့လည်း မကြာခင် စစ်ပွဲတွေဖြစ်လာမှာဆိုတော့ သိပ်တော့မထူးဘူး” ဟု ရခိုင်ပြည်နယ်၊ ထွေ/အုပ်ဝန်ထမ်းတစ်ဦးက ဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများကိုပါ လက်နက်များ ထုတ်ပေး၍ ခုခံစစ်အတွက် ပြင်ဆင်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်တွေတွင် စစ်ကောင်စီက သံချပ်ကာကားများဖြင့် ကင်းလှည့်နေစဉ်။"]
https://yktnews.com/2024/09/181549/
AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့နှင့်နီးစပ်နေသော မာန်အောင်ဒေသတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာ
["AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့နှင့်နီးစပ်နေသော မာန်အောင်ဒေသတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာ", "ရန်ကုန်၊ စက်တင်ဘာ ၂", "အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့ မြစ်ကမ်းနှင့်နီးသည့် မာန်အောင်ဘက်ခြမ်းတွင် အာဏာသိမ်း စစ်ကောင်စီက ကျေးရွာများအတွင်း စစ် ကြောင်းထိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။", "ရခိုင်ပြည်၊ ရမ်းဗြဲမြစ်ကမ်းနှင့်နီးသော မာန်အောင်မြို့နယ် အစွန်အဖျားရှိ ကျေး ရွာများနှင့် ပင်လယ်ကမ်းအနီးကို ရာချီပါသော အင်အားများဖြင့် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု အမည်မဖော်လိုသည့် မာန်အောင်ဒေသခံ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။", "“မြို့အစွန်ကျေးရွာတွေမှာ အဓိကခြေချ လှုပ်ရှားလာကြတာတွေတွေ့ရပါတယ်။ အရင်က တပ်ဖွဲ့တစ်ခုပဲချထားတဲ့နေရာမှာ ၂ ခုကနေ ၃ ခုအထိချထားလာတယ်။ ပြီးတော့ ကျေးရွာတွေတွင်းမှာ နေရာယူထားလာကြတယ်။ တပ်စခန်းမချတဲ့ ကျေးရွာတွေဆိုရင်လည်း မကြာမကြာကင်းလှည့်ပြီး သွားလာကြတာတွေ လုပ်လာတယ်” ဟု ၎င်းက ဆက်ပြောသည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှား ကင်းလှည့်နေသည့် ကျေးရွာများမှာ မာန်အောင်မြို့နယ် ဇေယျာကုန်းခင်၊ အနောက်ဇီးတော၊ ခအုန်းမော်ရွာနှင့် ပင်လယ်ကမ်းအနီးတို့တွင်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရာများသည် ရမ်းဗြဲမြို့နှင့် တစ်ဖက်ကမ်းတွင်ရှိပြီး ရမ်းဗြဲမြို့နှင့်အလွန်နီးကပ်ကြေင်း စုံစမ်းသိရသည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးခြင်းနှင့်အတူ အဆိုပါကျေးရွာများအနီးတို့တွင် စစ်ဆေးရေးဂိတ် ၄ ခုထက်မနည်းကို တိုးချထားကြောင်း နောက်ထပ် မာန်အောင်ဒေသခံ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။", "“သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ဂိတ်တွေတိုးချပြီး စောင့်ကြည့်ရေးတွေ ပို့တဲ့နေရာတွေက ရမ်းဗြဲကမ်းနဲ့ နီးတဲ့ဒေသတွေပါ။ ဒါက ဒီလ အတောအတွင်းမှာပဲ စလှုပ်ရှားလာကြတာ” ဟု ၎င်းက ရှင်ပြသည်။", "အာဏာသိမ်း စစ်ကောင်စီသည် စစ်မဖြစ်သေးသော ရခိုင်တောင်ပိုင်းဒေသက မာန်အောင်မြို့ မာန်အောင်ကျွန်းမှာ စစ်အင်အား၊ လူအင်အား၊ လက်နက်အင်အားတို့ကို ယခင်ထက် ပိုမိုဖြည့်တင်းထားပြီး ရမ်းဗြဲကျွန်းကို စောင့်ကြည့်လျှက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။", "ယင်းအပြင် မာန်အောင်ကျွန်းတွင် စစ်ကောင်စီက အင်အာနက်ဖြတ်တောက်မှုများကို နေရာအလိုက် ကန့်သတ်ပိတ်ပင်မှုများပြုလုပ်လာပြီး ဒေသခံများမှာ သတင်းအချက်အလက်ရယူရေး ခက်ခဲနေကြသည်ဟု ဆိုကြသည်။", "အခြားမာန်အောင်ဒေသခံတစ်ဦးက ” အခု အင်တာနက်တွေ ပိတ်ပင်ခံလာရတယ်။ ပြီးခဲ့တဲ့လ ဩဂုတ်လ တတိယအပတ်ကနေစပြီး အင်တာနက်ဖြတ်တောက်ထားတာပါ။ ဖုန်းလိုင်းတွေကလည်း အရင်ကလို သိပ်မကောင်းတော့ဘူး။ သတင်းအချက်အလက် ရယူဖို့ အရမ်းခက်ခဲနေပါတယ်။ စစ်ကောင်စီက ဒီမာန်အောင်ကျွန်းကို မျက်စိတ်ပိတ် နားပိတ်ထားချင်တဲ့ သဘောရှိနေပါတယ်။ ” ဟု ပြောသည်။", "အာဏာသိမ်း စစ်ကောင်စီသည် တိုက်ပွဲများကို အကြောင်းပြ၍ ရခိုင်ပြည်အား ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်ထားကာ ပြည်မမြို့များနှင့် အဆက်အသွယ်ဖြတ်ထားပြီး မာန်အောင်ကျွန်းတစ်ခုလုံးကိုလည်း ကုန်စည်စီးဆင်းမှု လမ်း ကြောင်း များအားလုံးကို ပိတ်ပင်ထားသည်။", "မာန်အောင်မြို့သည် ယခင်က ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့ကတစ်ဆင့် ကုန်စည်စီးဆင်းမှု ပြုလုပ်ပြီး လက်ရှိတွင် ရမ်းဗြဲမြို့သည် AA ထိန်းချုပ်မှုအောက်သို့ အပြည့်အဝရောက်ရှိသွားပြီးနောက် တောင်ကုတ်မြို့မှာလည်း စစ်ရေးတင်းမာနေသည့်အတွက် စစ်ကောင်စီက လုံးဝအဆက်အသွယ်လုပ်ခွင့်မပေးဘဲ စားနပ်ရိက္ခာဖြတ်တောက်မှုကိုလည်း ပိုလုပ်လာသည်။", "လက်ရှိတွင် စစ်ကောင်စီက စားနပ်ရိက္ခာများကို တိုက်ရိုက်ကိုင်တွယ်ကာ ခွဲ တမ်း စနစ်ဖြင့် ဖြန့်ဝေနေ၍ ဒေသခံပြည်သူများမှာ လုံလောက်သော အခြေခံစားသောက်ကုန်များကို မရရှိကြဘဲ အခက်အခဲဖြစ်နေကြသည်။", "ဓာတ်ပုံ-ရခိုင်ပြည်နယ်ရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ။ (ပုံအဟောင်းဖြစ်ပါသည်။)", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)"]
https://yktnews.com/2024/05/164164/
ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် AA က အရာရှိ လေ့ကျင့်ရေးသင် တန်းပို့ချပြီး အရာရှိ ၃၂၆ ဦးကို မွေးထုတ်သင်တန်းဆင်း
["AA အရာရှိနှင့် အခြေခံပညာစစ်သင်တန်းများကို ရခိုင်ပြည်တွင် ဆက်တိုက် ဖွင့်လှစ်မည်", "ရန်ကုန်| မေ ၂၄", "ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော်AA က အရာရှိလေ့ကျင့်ရေး သင်တန်းကို ပြုလုပ်ခဲ့ပြီး အရာရှိ ၃၂၆ ဦးကို လေ့ကျင့်သင်ကြား သင်တန်းဆင်းပေးလိုကကြောင်း AA က သတင်းထုတ်ပြန်သည်။", "စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် အာရက္ခတပ်တော် (AA) ၊ စစ်ရုံးချုပ်က အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် ၃ သင်တန်းဆင်းပွဲ အခမ်းအနားကို ရခိုင်ပြည်အတွင်း မေလ ၂၀ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အာရက္ခတပ်တော်၊ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် ၃ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ သင်တန်းသူ/ သား ၃၂၆ ဦးတက်ရောက်သင်ကြားခဲ့ပြီး ရက္ခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဤအရာရှိ များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် “အရာရှိလောင်း”အဖြစ် အသိအမှတ်ပြုပေးခဲ့ကြောင်း၊ ၁၁ လခန့် အကြာ မေလ ၂၀ ရက်နေ့တွင်မှ သင်တန်း ဆင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်ပြုလုပ်သော အရာရှိသင်တန်းကာလသည် ၁ နှစ် နှင့် ၇ လနီးပါးကြာမြင့်ခဲ့ကြောင်း သိရှိရသည်။", "ကချင်ပြည်နယ်တွင် အာရက္ခတပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်း အမှတ်စဉ် ၁ အဖြစ် သင်တန်းသူ/ သား ၁၃၈ ဦးကို သင်ကြားပေးခဲ့ကြောင်း၊ ထို့အတူ သင်တန်း အမှတ်စဉ် ၂ ကိုလည်း ကချင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ သင်တန်း အမှတ်စဉ် ၃ ကိုမူ ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဉ် ၄ နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်ကို ထပ်မံအသိပေးသွားမည် ဖြစ်ကြောင်း၊ အာရက္ခဒေသမှ လူငယ်၊ လူရွယ်များအနေဖြင့် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တိုဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အာရက္ခတပ်တော်တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း AA က တရားဝင် အသိပေးထားသည်။", "ဓာတ်ပုံ – ရခိုင်မြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးသည့် အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် ၃ မှ သင်တန်းဆင်းပွဲ အခမ်းအနား။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/05/160808/
AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာ စစ်တပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေး၊ လက်နက်များဖြုတ်သိမ်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းထား
["AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာ စစ်တပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေး၊ လက်နက်များဖြုတ်သိမ်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းထား", "ရန်ကုန်၊ မေ ၅", "ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေးရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အတည်ပြု ပြောဆိုသည်။", "မေလ၃ ရက်နေ့ ညပိုင်းနှင့် မေလ ၄ ရက်နေ့ နံနက်ပိုင်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသည် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးရောက်ရှိလာကြောင်း၊ ၎င်းတို့၏ လက်နက်များကို ဖြုတ်သိမ်းလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းထားကြောင်း သိရှိရသည်။", "ဘင်္ဂလားဒေ့ရှ်သို့ ယခုထွက်ပြေးရောက်ရှိလာသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးမှာ တတိယအသုတ်ဖြစ်ပြီး ပထမအသုတ်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဧပြီလ ၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာနိုင်ငံဘက်သို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ပို့ဆောင်ခဲ့ ပြီးဖြစ် ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138338/
AA ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၅၁ ဦးကို စစ်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ အိန္ဒိယအစိုးရက ပြန်ပို့ ၊ ဒဏ်ရာရရှိသော စစ်သားများကို အိန္ဒိယအစိုးရက ဆေးကုသပေးခဲ့
["AA ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၅၁ ဦးကို စစ်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ အိန္ဒိယအစိုးရက ပြန်ပို့ ၊ ဒဏ်ရာရရှိသော စစ်သားများကို အိန္ဒိယအစိုးရက ဆေးကုသပေးခဲ့", "ရန်ကုန်၊ ဇန်နဝါရီ ၃", "ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ရက္ခိုင်တပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သား ၁၅၁ ဦးကို အိန္ဒိယ အစိုးရ၏ ခွင့်ပြုချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သုံးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူလိုက်ကြောင်း မီဇိုရိမ်ပြည်နယ်မှလာသော သတင်းများအရ သိရှိရသည်။", "ဇန်နဝါရီလ ၂ ရက်နေ့ မန္တလေးမှ လာရောက်သော စစ်ကောင်စီ၏ စစ်လေယာဉ်က အိန္ဒိယသို့ ထွက်ပြေးခဲ့သော စစ်သား ၁၅၁ ဦးကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Aizawl မြို့တွင် သွားရောက်ခေါ်ယူခဲ့ကြောင်း၊ အဆိုပါ စစ်သား ၁၅၁ ဦးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် ချင်းပြည်နယ်၊ ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းများမှ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း၊ ၉ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။", "အိန္ဒိယသို့ ထွက်ပြေးခဲ့သော စစ်သား ၁၅၁ ဦးကို ပြန်လည်ခေါ်ယူရန်အတွက် အိန္ဒိယအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်ကောင်စီတို့အကြား ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသော စစ်သား ၉ ဦးကိုလည်း အိန္ဒိယအစိုးရက ဆေးဝါးကုသပေးခဲ့ကြောင်း ၊ နိုဝင်ဘာလအတွင်းတွင်လည်း စစ်သား ၁၀၄ ဦး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ဘက်မှ ထွက်ပြေးလာသဖြင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။", "လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ တပ်စခန်းများကို AA က တိုက် ခိုက်သိမ်းပိုက်လျက်ရှိပြီး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ တပ်စခန်းများကို ချင်းတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204054/
AA ၏ ထိုးစစ်က ငသိုင်းချောင်းနှင့် သာပေါင်းမြို့နယ်အတွင်းအထိ ရောက်ရှိနေပြီး အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားဟုဆို
["AA ၏ ထိုးစစ်က ငသိုင်းချောင်းနှင့် သာပေါင်းမြို့နယ်အတွင်းအထိ ရောက်ရှိနေပြီး အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "အာရက္ခတပ်တော် AA ၏ ထိုးစစ်က ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နယ်နှင့် သာပေါင်းမြို့နယ်အတွင်းအထိ ရောက်ရှိနေပြီး အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူတို့ထံမှ သိရှိရသည်။", "လွန်ခဲ့သော ရက်ပိုင်းအတွင်း ငသိုင်းချောင်းမြို့နယ်၊ မြောက်စမ်းကျေးရွာအနီး အမှတ် ၃၄၄ အမြောက်တပ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ငသိုင်းချောင်းမြို့နှင့် ၂၀ ဝန်းကျင် ကွာဝေးကြောင်း၊ ယမန်နေ့တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။", "“ရခိုင်ဘက်က လာရင် လမ်းကြောက အမှတ် ၃၄၄ အမြောက်တပ် ပြီးရင် မြောက်စမ်းကျေးရွာရှိတယ်။ တိုက်ပွဲတွေ ဖြစ်နေတာတော့ အမှတ် ၃၄၄ အမြောက်တပ်ရင်းပတ်ဝန်းကျင်လို့တော့ သတင်းကြားရတယ်။ သတင်းပဲကြားတာ။ အသေအချာကျနော်တို့ မသိရဘူး။ မြို့နဲ့ကတော့ မိုင် ၂၀ လောက်ဝေးတော့ ဘာတွေဖြစ်လဲဆိုတာမျိုးတော့ အတိအကျ သတင်းမရပါဘူး။ မြို့ပေါ်မှာတော့ လှုပ်လှုပ်ပေါ့။ ပြေးရမှာလား၊ ဆက်နေရမလား ဝေခွဲမရ စိုးရိမ်နေကြတာ” ဟု ငသိုင်းချောင်းမြို့ခံ တစ်ဦးက ဆိုသည်။", "ရခိုင်ဒေသအခြေပြု သတင်းမီဒီယာများအစုတွင်မူ ငသိုင်းချောင်းမြို့နယ်၊ အမှတ် ၃၄၄ အမြောက်တပ်ရင်းကို AA တပ်များက တိုက်ခိုက်နေကြောင်း သတင်းများ ဆက်တိုက်ဖော်ပြလျက်ရှိကြောင်း ဖော်ပြနေကြသည်။", "ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်ကမူ ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းတွင် AA နှင့် PDF ပူးပေါင်းတပ်များ ရောက် ရှိနေပြီး ယင်းနေရာများကို နယ်မြေရှင်းလင်းရေး လုပ်ရန် ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်က ပြင်ဆင်လျက်ရှိကြောင်း ပြောဆိုသည်။", "“သာပေါင်းဘက်တော့ စစ်ဆင်ရေး နယ်မြေရှင်းလင်းရေး လွှတ်ဖို့ နတခမှာ လုပ်နေတာရှိပါတယ်။ ငသိုင်းချောင်းဘက်ကတော့ တိုက်ပွဲ အသေးစိတ် ဘာမှ မသိရသေးဘူး။ သာပေါင်းဘက်ကိုတော့ စစ်ဆင်ရေး လွှတ်မယ့် စစ်ကြောင်းတွေက နတခနဲ့ ရန်ကုန်က တပ်တချို့ ပူးပေါင်းလွှတ်မှာလို့ သိရတယ်။ သာပေါင်းဘက်မှာရှိတဲ့ စက္ကူစက်ရုံကြီးအတွက်လည်း လုံခြုံရေး ထပ်ပေါင်း တပ်တွေ လွှတ်ဖို့ရှိဦးမယ်” ဟု ရန်ကုန်ခေတ်သစ်၏ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။", "အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ရခိုင် ဂွမြို့နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်းထဲက မကျီးဇင်နှင့် ဘောမိဒေသတို့ကို သိမ်းပိုက်ထားပြီး ငသိုင်းချောင်း၊ ရေကြည်နှင့် သာပေါင်းမြို့နယ်ဘက်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207594/
AA ၏ ထိုးစစ်ကို ကာကွယ်ရန် နှင့် စစ်ကူ ဖြည့်တင်းရန် ရွှေတောင်တွင် လေ ယာဉ်ကွင်းနှင့်ပြေးလမ်း အမြန်ဆောက်လုပ်ပြီး စစ်လေယာဉ်များ စတင် ဆင်း သက်
["AA ၏ ထိုးစစ်ကို ကာကွယ်ရန် နှင့် စစ်ကူ ဖြည့်တင်းရန် ရွှေတောင်တွင် လေ ယာဉ်ကွင်းနှင့်ပြေးလမ်း အမြန်ဆောက်လုပ်ပြီး စစ်လေယာဉ်များ စတင် ဆင်း သက်", "ရန်ကုန်၊ မတ် ၁၅", "ပဲခူးတိုင်းအတွင်းတွင် AA ၏ ထိုးစစ်ကို ကာကွယ်ရေး စစ်ကူများ အချိန်မီ ဖြည့် တင်းနိုင်ရန် ရွှေတောင်မြို့နယ်တွင် လေယာဉ်ပြေးလမ်း အမြန်ဆောက် လုပ်ပြီး စစ်လေယာဉ် ပျံသန်း ဆင်းသက်မှုများ စတင်စမ်းသပ်လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ် အစပ်တွင် စစ်ကောင်စီက လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ကွင်းတစ်ခုကို အမြန်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်လေယာဉ် ပျံသန်း ဆင်းသက်မှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ AA ၏ ရှေ့တိုးလာသော ထိုးစစ်ကို ကာကွယ်ရန်၊ ရခိုင်နှင့်ပဲခူးဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် စစ်တပ်က ယင်းလေယာဉ်ကွင်းနှင့်ပြေးလမ်းကို အမြန်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ လေယာဉ်ကွင်းသည် ရွှေတောင်မြို့နှင့် ရန်ကုန်-ပြည် အဝေးပြေးလမ်းကြီးသို့ တိုက်ရိုက် သွားလာနိုင်သော လမ်းများဖောက်လုပ်ထားပြီး လေယာဉ် ကွင်းဘေးတွင်လည်း အမြောက်တပ်များ၊ ခြေလျင်တပ်များစွာရှိနေကြောင်း သိရှိရသည်။", "“လပိုင်း ရက်ပိုင်းကာလအတွင်းမှာ ရွှေတောင်မြို့နယ်ထဲမှာ လေယာဉ်ပြေးလမ်းတစ်ခုကို စစ်တပ်က အမြန်ဖောက် လုပ်တယ်။ အရင်က လုံး၀မရှိဘူး။ အမြန် တည်ဆောက်ထားတာ။ ညဘက်ဆိုရင် လေယာဉ်အတက် အဆင်းတွေ လုပ်နေပြီ။ လေယာဉ်ကွင်းကို စိုက်ပျိုးရေး ရွာသစ်နဲ့ ကမ်းတင်ရွာ ဘက်က နေ ဝင်တယ်။ရခိုင်၊ပဲခူးနဲ့အညာ ဘက်ကို အဓိက လေကြောင်းစစ်ဆင်ရေးလုပ်မယ်လို့ သိရတယ်။ သူ့နားမှာ စကစ ရဲ့ ၆၆ နဲ့ မလှမ်းမကမ်းပဲ။ ပြည်ရေနံမြေနဲ့လည်း နီးတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "AA က တောင်ကုတ်လမ်းပိုင်းမှတစ်ဆင့် ပဲခူးတိုင်းအတွင်းသို့ ဝင်ရောက်လာနေပြီး မိုးထိတောင်စခန်းကို ဇန်နဝါ ရီလ ၂၆ ရက်နေ့၊ ညောင်းကျိုးတပ်စခန်းကို မတ်လ ၁၄ ရက်နေ့တို့တွင် အသီးသီးသိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် AA ၏ ထိုးစစ်က ပဲခူးတိုင်းအတွင်းသို့ တိုးဝင်လာနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/144702/
AA ၏ ထိုးစစ်ကြောင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့်တပ်ဖွဲ့ဝင် ၃၈၀ ကျော်ရှိလာပြီး စစ်တွေသို့ ပြန်ပို့မည်ဟုဆို
["AA ၏ ထိုးစစ်ကြောင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့်တပ်ဖွဲ့ဝင် ၃၈၀ ကျော်ရှိလာပြီး စစ်တွေသို့ ပြန်ပို့မည်ဟုဆို", "ရန်ကုန်| ဖေဖော်ဝါရီ ၈", "ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှင့် ဝန်ထမ်း ၃၈၀ ကျော် ရှိလာပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။", "ပြီးခဲ့သည့် ရက်ပိုင်းများက AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်စခန်းများက တစ်ဆင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို မြန်မာနိုင်ငံပြန်လည်ပို့ဆောင်ရေး စီစဉ်နေကြောင်း ဒေသအတွင်း မီဒီယာများက ဖော်ပြသည်။", "ဖေဖော်ဝါရီ ၇ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်နှင့် စစ်", "ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်၌ တွေ့ဆုံမှုတွင် ထွက်ပြေးသွားသူကို ပြန်လည် ပို့ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။", "ထွက်ပြေးသွားသူများကို မြန်မာစစ်တပ်က မောင်တောနယ်စပ် နတ်မြစ်ကတစ်ဆင့် ရေကြောင်း သင်္ဘောဖြင့် ပြန်လည်ပို့ဆောင်ရန် ပြောဆိုသော်လည်း လုံခြုံရေး အခြေအနေများကြောင့် လေယာဉ်နှင့် ပို့ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောဆိုထားကြောင်း ဒါကာ အခြေစိုက် သတင်းများက ဆိုသည်။", "ထွက်ပြေးသွားသည့်ထဲတွင် မောင်တောမြို့မှ နယ်ခြားစောင့် ရဲများ၊ စစ်တပ်အရာရှိများနှင့် အကောက်အခွန် အရာရှိများ စုစုပေါင်း ၃၈၀ ကျော်ရှိပြီး ၎င်းတို့ကို ယခုရက်ပိုင်းများတွင် စစ်တွေမြို့သို့ ပြန်လည် ပို့ဆောင်သွားမည်ဟု သိရသည်။", "ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့နှင့် ပါလာသည့် လက်နက် ခဲယမ်းများကိုလည်း သိမ်းဆည်းကာ ထိန်းသိမ်းထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောဆိုထားသည်။", "မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်းများဖြစ်ကြသည့် တောင်ပြို လက်ယာ ဗျူးဟာကုန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လက်ဝဲ စခန်းအား အပြီးသတ်သိမ်းပိုက်ခဲ့သည်။", "ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်ပိုက်သိမ်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချခဲ့သလို အိန္ဒိယဘက်သို့ ဆုတ်ခွာထွက်ပြေးသူ ၆၀၀ ကျော်ကိုလည်း စစ်တွေမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။", "ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ မွတ်ဆလင်များအား လူမျိုးတုံး သတ်ဖြတ်မှု အပါအဝင် နယ်မြေရှင်းလင်းမှုအတွင်း ပါဝင်ပတ်သတ်သူများ ဖြစ်နေ၍ ပြင်းပြင်းထန်ထန် အရေးယူရန် လိုအပ်နေကြောင်း ဘာသာရေးခေါင်းဆောင်များက တောင်းဆိုထားသည်။", "ပြီးခဲ့သည့် ၂၀၁၆၊ ၂၀၁၇ ခုနှစ်အတွင်းတွင် မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်တို့က မွတ်ဆလင်များကို စစ်ကောင်စီတပ်က အကြမ်းဖက်နှိမ်းနင်းရေး ခေါင်းစဉ်ဖြင့် နယ်မြေရှင်းလင်းမှုလုပ်စဉ် မွတ်ဆလင် ၇ သိန်းခန့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။"]
https://yktnews.com/2024/04/158140/
ABSDF စစ်ကြောင်း ၃ ဆေးအဖွဲ့က စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး
["ABSDF စစ်ကြောင်း ၃ ဆေးအဖွဲ့က စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး", "ရန်ကုန်၊ ဧပြီ ၁၉", "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ၊ အမှတ် (၃) စစ်ကြောင်း လှုပ်ရှားနယ်မြေရှိ စစ်ဘေးရှောင်ပြည်သူများကို ABSDF စစ်ကြောင်း ၃ ဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။"]
https://yktnews.com/2024/07/171883/
ABSDF တပ်ရင်း ၁၂တွင် 7 July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးကျောင်းသားရဲဘော်များ အလေးပြုခြင်းအခမ်းအနား ပြုလုပ်
["ABSDF တပ်ရင်း ၁၂တွင် 7 July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးကျောင်းသားရဲဘော်များ အလေးပြုခြင်းအခမ်းအနား ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၇", "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ၊ အမှတ် ၃ စစ်ကြောင်း၊ တပ်ရင်း ၁၂ ၊ ယောဒေသတွင် ၆၂ နှစ်မြောက် 7 July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးကျောင်းသားရဲဘော်များ အလေးပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အခမ်းအနားတွင် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် 7July ကျောင်းသားအရေးတော်ပုံနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို စစ်အာဏာရှင်များက ဗုံးခွဲဖျက်စီးခဲ့ပုံ သမိုင်းကြောင်းကို အနာဂတ်မျိုးဆက်သစ် လူငယ်ရဲဘော်များကို ဟောပြောခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျဆုံးခဲ့သော ကျောင်းသားရဲဘော်များနှင့် ခေတ်အဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ABSDF တပ်ရင်း ၁၂ တွင် အလံတစ်ဝက် လွှင့်ထူခြင်း၊ ကျဆုံးရဲဘော်များကို အလေးပြုခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109580/
ABSDF အဖွဲ့က ပုလဲမြို့နယ်တွင် ရောက်ရှိနေပြီး ပကဖ ရဲ ဘော်များနှင့်အတူ တိုက်ပွဲဝင်နေ၊ ပြည်သူများက အောင်သပြေပန်းဖြင့် သောင်းသောင်းဖျဖျ ကြိုဆို
["ABSDF အဖွဲ့က ပုလဲမြို့နယ်တွင် ရောက်ရှိနေပြီး ပကဖ ရဲ ဘော်များနှင့်အတူ တိုက်ပွဲဝင်နေ၊ ပြည်သူများက အောင်သပြေပန်းဖြင့် သောင်းသောင်းဖျဖျ ကြိုဆို", "ရန်ကုန်၊ ဇွန် ၂၅", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ခုခံ တိုက်ခိုက်ပြီး ပြန်လာသည့် ABSDF နှင့် ပုလဲမြို့နယ် ပကဖ ရဲဘော်များကို ပြည်သူများက အောင် သပြေပန်းဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအနီး ၁၀ ရက်ကျော် စစ်ကြောင်းထိုးပြီး ကျေးရွာ များ အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်ဖျက်ဆီးနေသည့် အကြမ်းဖက်စစ် သားများ ကို ABSDF တပ်ဖွဲ့နှင့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော်များက ဟန့်တား တိုက်ခိုက်ခဲ့ရာ ကျေး ရွာအချို့မှ ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ကာကွယ်ပေး နိုင်ခဲ့ကြောင်း သိရသည်။", "ထို့သို့ ကာကွယ်ပေးနိုင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပုလဲမြို့နယ်အတွင်းနေ ပြည်သူ များက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြပြီး ABSDF ရဲဘော်များကလည်း အထူး ကျေးဇူး တင်ရှိပါ ကြောင်း ABSDF Column – 3 က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/135280/
ABSDF အမှတ်(၃) စစ်ကြောင်းတွင် ၇၅ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား ပြုလုပ်
["ABSDF အမှတ်(၃) စစ်ကြောင်းတွင် ၇၅ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား ပြုလုပ်", "ရန်ကုန် ၊ဒီဇင်ဘာလ ၁၀", "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်(၃) စစ်ကြောင်းတွင် ယနေ့ ဒီဇင်ဘာလ ၁၀ နေ့၌ ကျရောက်သော ၇၅ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ပြုလုပ်ခဲ့ကြသည် ။", "ရဲဘော်များသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စကားဝိုင်း ဆွေးနွေးပွဲ အပြင် “လူ့ဂုဏ်သိက္ခာနှင့်အညီလွတ်လပ်မျှတခြင်းဆီလှိုင်းများနှင့်အတူချီ” ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး‌‌နေ့ (၇၅)နှစ်ပြည့်အထိမ်းအမှတ် ပိုစတာ ကမ်ပိန်းတွင် ပါဝင်ခဲ့ကြသည်။"]
https://yktnews.com/2023/01/79348/
ALP မှ စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးကို AA က လုပ်ကြံ သတ်ဖြတ်ဟု ထုတ်ပြန်၊ AA က အတည်ပြုခြင်းမရှိ
["ALP မှ စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးကို AA က လုပ်ကြံ သတ်ဖြတ်ဟု ထုတ်ပြန်၊ AA က အတည်ပြုခြင်းမရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၅", "ရခိုင်ပြည်၊ လွတ်‌မြောက်ရေးပါတီ ALP မှ စစ်ဦးစီးချုပ် ၁ဦးနှင့် တပ်ရင်းမှူး ၁ဦး ဗိုလ်ကြီးအဆင့်ရှိသူ ၁ဦး စုစုပေါင်း ၃ဦးကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA လုပ်ကြံသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ယနေ့ ဇန်နဝါရီ ၅ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။", "သေဆုံးသွားသူများမှာ ရခိုင်ပြည် လွတ်‌မြောက်ရေးပါတီ ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး ဗိုလ်ကြီး ခိုင်သူရိန္ဒ တို့ကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA အကြမ်းဖက် လုပ်ကြံ ခဲ့သဖြင့် စီးလားသော ကားပေါ်တွင်ပင် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။", "ဗိုလ်ချုပ်ခိုင်စောမြနှင့် တပ်မှုးနှစ်ဦးအား ULA/ AA ရခိုင်အမျိုးသား အချင်းချင်း ကြား လူသားမဆန် အကြမ်းဖက် လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသား လုံးစည်း လုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကို တုန် လှုပ် ခြောက်ခြား စေသည့် အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ် ချ လိုက် ကြောင်း ALP ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။", "စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြသည့် တပ်မတော်မှ ပေးအပ်သည့် တာဝန် များ ကို ကျေပွန်စွာထမ်းသည့် စစ်ဘက်ခေါင်းတစ်ဦးဖြစ်ကြောင်း ၎င်း အပါ အဝင် တပ်မှူးနှစ်ဦး လုပ်ကြံခံရမှူးနှင့် ပတ်သက်၍ ALP ပါတီနှင့် ရခိုင်ပြည်သူ တစ် ရပ် လုံးအတွက် အစားထိုးမရသည့် ရှုံးဆုံးမှု ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။", "ထို့ပြင် ထုတ်ပြန်ချက်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA က ALPမှ ခေါင်း ဆောင်များ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များ၊ ဖမ်းဆီးနှိက်စက်ခြင်း၊ သတ်ဖြတ် ခြင်းနှင့် ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို ဖမ်းဆီးခြင်း ရဟန်းသံဃာတော်များကို ဖမ်းဆီးခြင်း တို့ ဆက်တိုက်ပြုလုပ်လာမှုအတွက် တရာမျှတမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ALP ၏ ထုတ်ပြန် ချက် တွင် ရေးသားထာသည်။", "ရခိုင်ပြည် လွတ်‌မြောက်ရေးပါတီ ALP ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရ က္ခိုင့် အမျိုးသားအဖွဲ့ချုပ် ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက် သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာဖြေဆိုခြင်းမရှိပေ။ ALP မှ စစ်ဦးစီချုပ်နှင့် တပ်မှူး ၂ဦးကို ULA/ AA မှအကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။", "ဇန်နဝါရီ ၄ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ၁၃ရှိ ဆီတန်းရှေ့ ငါးစင်ရိုင်းချောင်းကျောင်းအနီးတွင် လက်နက်များကိုင်ဆောင်ထားသည့် ဆိုင် ကယ် စီးနင်းလာသော လူတစ်စု ALA၏ စစ်ဦးစီးချုပ် ၁ဦးနှင့် တပ်ရင်းမှူး ၁ဦး ဗိုလ်ကြီးအဆင့်ရှိသူ ၁ဦး စုစုပေါင်း ၃ဦးကိုအနီးကပ် လာရောက် ပစ်ခတ် ခဲ့ ခြင်း ဖြစ်ပြီး ပစ်ခတ်မှုကြောင့် နေရာချင်းတွင် ၃ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။", "ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက် တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တစ်ခုလည်း ဖြစ်သည်။", "လက်ရှိတွင် ALP သည် စစ်ကောင်စီ ကျင်းပသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များသို့ တက်ရောက်နေသည့် လက် နက်ကိုင်အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ ဖြစ် ပြီး ယနေ့ လုပ်ကြံခံရသူများထဲတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ သို့ တက်ရောက်ခဲ့သူများလည်း ပါဝင်ကြောင်း သိရသည်။"]
https://yktnews.com/2025/03/208485/
ARSA ခေါင်းဆောင်များကို အရေးယူရာတွင် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights က တိုက်တွန်း
["ARSA ခေါင်းဆောင်များကို အရေးယူရာတွင် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights က တိုက်တွန်း", "ရန်ကုန်| မတ် ၂၂", "ARSA (အာဆာ) ခေါင်းဆောင်များ၏ စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့်အပေါ် တရားစီးရင် အရေးယူနိုင်ရန် နိုင်ငံတကာ တရားမျှတမှုယန္တရားများဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Fortify Rights အဖွဲ့က ထုတ်ပြန်ပြောသည်။", "ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မတ်လ ၁၇ ရက်နေ့က ARSA ထိပ်တန်းခေါင်းဆောင် ၆ ဦးအပါအဝင် ပတ်သက်ဆက်နွယ်သူ စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၈ ရက်နေ့မှာ ရုံးထုတ်ခဲ့သည်။", "ARSA ၏ အဓိက ခေါင်းဆောင် အာတာအူလာ၊ ခေါင်းဆောင်အဖွဲ့ဝင် မိုစတတ် အာမက်၊ ဆလီမွတ်လာ၊ အက်စ်မွလ် ဟုစ်နာ၊ ဟာဆန် နှင့် မိုနီရူဇူမန်း တို့အပါအဝင် ၎င်းတို့၏ ဇနီးမယား ၃ ဦးနှင့် ကလေးငယ် ၁ ဦးတို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။", "ARSA အဖွဲ့ဝင်များသည် မွတ်ဆလင် ဒုက္ခသည်များအား သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခြိမ်းခြောက်မှုများ စသည့် စစ်ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို ပြုလုပ်ခဲ့သည်ဟု Fortify Rightsက အစီရင်ခံစာ ထုတ်ပြန်ထားသည်။", "အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်းမှ မွတ်ဆလင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ARSA အဖွဲ့၏ ကျူးလွန်သည့် စစ်ရာဇဝတ်မှု မြောက်သော အထောက်အထားများကို တွေ့ရှိထားသည်ဟု ဖော်ပြထားသည်။", "ထိုကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM), နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စသည်တို့ ပါဝင်သော နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု Fortify Rights တောင်းဆိုထားသည်။", "“ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျခံရခြင်းကနေ လွတ်မြောက် နေတာနဲ့အမျှ ဗြောင်းဆန်နေအောင်ကို အကြီးအကျယ် လိုက်ဖျက်ဆီးနေပါတယ်။ စစ်ရာဇဝတ်မှုတွေကို များသောအားဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ နယ်မြေအတွင်းမှာသာ ကျူးလွန်လေ့ရှိပေမယ့် ဒီအမှုကိစ္စမှာတော့ ဘင်္ဂလားဒေ့ရှ်က ရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံက စစ်ပွဲနဲ့ တိုက်ရိုက်ဆက်နွယ်နေပြီး စစ်ရာဇဝတ်မှုမြောက်ကြောင်း သတ်မှတ်လို့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ယာယီအစိုးရအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။” ဟု Fortify Rights ၏ ဒါရိုက်တာ John Quinley က ဆိုသည်။", "ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များမှာ ARSA, RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြင့် နှစ်ပေါင်းများစွာ အကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုများကို ခံစားခဲ့ရသည်ဟု Fortify Rights က ထုတ်ဖော်ထားသည်။", "ဒုက္ခသည်စခန်းများအတွင်း ARSA, RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သည့် သတ်ဖြတ်မှုများမှာ ၂၀၂၁ ခုနှစ်တွင် ၂၂ ဦး၊ ၂၀၂၂ တွင် ၄၂ ဦး၊ ၂၀၂၃ ခုနှစ်တွင် အနည်းဆုံး ၉၀ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၆၅ ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့သည်ဟု Fortify Rights က ပြောဆိုထားသည်။", "ထိပ်တန်းခေါင်းဆောင် အာတာအူလာနှင့် ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တည်ဆဲဥပဒေအများအပြားကို ချိုးဖောက်ထားရုံမက နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး DGFI အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့မှု စသည်များကို ကျူးလွန်ထားကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက ဖော်ထုတ်ထားကြသည်။", "ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်အတွင်းက ဖြစ်စဉ်များအတွင်း ၎င်းတို့၏ အမိန့်ကို မနာခံဟုဆိုကာ မွတ်ဆလင်ပြည်သူများကို သတ်ဖြတ်ခြင်း၊ ရာနှင့်ချီသော ဟိန္ဒူလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောဆိုထားသည်။", "ARSA အပါအဝင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုများအတွက် အထောက် အားလုံးရှိပြီး ပြည့်စုံသည်ဟု ယုံကြည်ကြောင်းနှင့် မည်သည့်နည်းဖြင့် မဆို ဆက်လက် ဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများကို ထပ်မံစုံစမ်းစစ်မှုများ ပြုလုပ်သင့်သည်ဟု Fortify Rights က ပြောသည်။", "“ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း အကြမ်းဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ARSA နှင့် RSO အဖွဲ့ဝင်တွေအပါအဝင် တာဝန်ရှိသူတွေက တာဝန်ယူမှု တာဝန်ခံမှုရှိရပါမယ်” ဟု Fortify Rights ၏ ဒါရိုက်တာ John Quinley က ပြောသည်။", "လက်ရှိ ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီးထားသော ARSA အဖွဲ့ဝင် ၁၀ ဦးထဲတွင် ထိပ်တန်းခေါင်းဆောင် အနည်းဆုံး ၆ ဦးပါဝင်သော်လည်း နောက်ထပ် ARSA ၏ ထိပ်တန်းခေါင်းအဖွဲ့ဝင် မော်လဝီရာမတ် ကော်ရိမ်နှင့် မော်လဝီ အော်လီ တို့မှာ လွတ်မြောက်နေသေးကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုထားကြသည်။", "မော်လဝီရာမတ် ကော်ရိမ် မှာ ကော့ဘဇားခရိုင်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်း (၁) တွင် နေထိုင်ကြောင်းနှင့် မော်လဝီ အော်လီ မှာ သေဆုံးသွားပြီဟု သတင်းလွှင့်ကာ ပုန်းလျှိုးကွယ်လျှိုးဖြင့် တက်နပ်ဖ် ဒေသတွင် အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်နေသည်ဟု သိရသည်။", "ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ရှိဖမ်းဆီးထားသော ARSA ထိပ်တန်းခေါင်းဆောင် ၆ ဦးအပါအဝင် ၁၀ ဦးကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် ပြစ်မှုများကျူးလွန်မှု စသည့် အမှု နှစ်ခုဖြင့် တရားရုံးတင် စစ်ဆေးနေသည်ဟု တရားလိုရှေ့နေများက ပြောဆိုထားသည်။", "သို့သော်လည်း ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် ဥပဒေများဖြင့် တရားစီရင်ရေးမှာ လုံလောက်ခြင်းမရှိသည့်အတွက် ကျူးလွန်ခံရသူများ၏ တရားမျှတမှုရရှိနိုင်ရန် နိုင်ငံတကာ တရားစီရင်ယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု Fortify Rights က တောင်းဆိုထားသည်။"]
https://yktnews.com/2024/07/172330/
ပုဂ္ဂလိကဘဏ်အများစုတွင် ငွေအပ်နှံသူ လုံး၀ မရှိတော့ဘဲ ငွေထုတ်သူ အဆမတန်များပြားလာ၍ တစ်ပတ်လျှင် ငွေကျပ် ၁၀ သိန်းမှ အများဆုံး သိန်း ၂၀ သာ ထုတ်ပေးတော့
["ATM ငွေထုတ်စက်များအားလုံးတွင်လည်း ငွေသားထုတ်ယူမှုများ ကန့်သတ်ထား", "ရန်ကုန်၊ ဇူလိုင် ၁၀", "ရန်ကုန်ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေအပ်နှံသူ လုံး၀ မရှိတော့ဘဲ ငွေထုတ်သူများသာ စုပြုံတိုးဝှေ့နေ၍ တစ်ပတ်လျှင် ဘဏ်အကောင့်တစ်ခုအတါက် ငွေကျပ် ၁၀ သိန်းမှ အများဆုံး သိန်း ၂၀ သာ ထုတ်ပေးတော့ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းနှင့် ငွေထုတ်သူများထံမှ သိရှိရသည်။", "ဇူလိုင်လ ၁ ရက်​နေ့ ပုဂ္ဂလိကဘဏ် ၇ ခုနှင့်ဘဏ်ပိုင်ရှင်များကို စစ်ကောင်စီက အိမ်ရာချေးငွေများ ဗဟိုဘဏ်သတ်မှတ်ထားသည်ထက် ပို၍ ထုတ်ချေးမှုဖြင့် အရေးယူမည်ဟု ကြေညာပြီးနောက် ဇူလိုင် ၂ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကဘဏ်အများစုတွင် ငွေထုတ်သူများ စုပြုံတိုးကြိတ်နေခဲ့ကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့တွင် Special ဘဏ်အကောင့်တစ်ခုလျှင် တစ်နေ့ သိန်း ၅၀ သာ ငွေထုတ်ပေးကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင်မူ Special ဘဏ်အကောင့်တစ်ခုလျှင် တစ်နေ့ ငွေကျပ် သိန်း ၃၀ ၊ ဇူလိုင်လ ၄ ရက်နှင့် ဇူလိုင်လ ၅ ရက်နေ့တွင်မူ တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀ သာ ငွေထုတ်ပေးကြောင်း၊ ယင်းနောက် ဇူလိုင်လ ၈ ရက်နေ့မှစတင်ပြီး တစ်ပတ်လျှင် ငွေကျပ် ၁၀ သိန်းမှ အများဆုံး ငွေကျပ် သိန်း ၂၀ သာ ထုတ်ပေးတော့ကြောင်း သိရှိရသည်။", "“ငွေထုတ်တာတွေ အရမ်းများလို့ ဘဏ်မှာ ငွေမရှိတော့ဘူးဆိုပြီး တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်နေ့)က စပြီး တစ်ပတ်မှာ ငွေကျပ် သိန်း ၂၀ ပဲပေးတော့တယ်။ ဧရာ၀တီဘဏ်တိုင်းမှာပါ။ KBZ လည်းအတူတူပဲ။ အခြားဘဏ်တွေလည်း တစ်ပတ်ကို သိန်း ၃၀ ၊ ၅၀ အဲဒီလိုတွေ ကန့်သတ်ကုန်ပြီ။ ATM စက်တွေမှာလည်း သူ့ဘဏ်၊ သူ့ကတ်ပဲ ထုတ်လို့ရတော့တယ်။ ဥပမာ- ရိုးမ ATM ငွေထုတ်စက်မှာ ဧရာ၀တီ ATM ဘဏ်ကတ် ထုတ်မရတော့ဘူး။ အခြေအနေက တစ်နေ့ တစ်ခြားဆိုးလာနေတယ်” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။", "လတ်တလော ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေအပ်နှံသူ လုံး၀ မရှိသလောက်ဖြစ်နေပြီး ငွေထုတ်ယူကြသူများသာ များပြားနေသည့်အတွက် ဘဏ်များ အခက်တွေ့နေရကြောင်း ဘဏ်အသိုင်းအ၀ိုင်းက ဆိုသည်။", "ထို့ပြင် ပုဂ္ဂလိကဘဏ်များတွင် မှတ်ပုံတင်ဖြင့် ငွေလွှဲမှုများကိုလည်း ကန့်သတ်နေပြီး မဖြစ်မနေ လွှဲမည်ဆိုပါကလည်း ငွေကျပ် ၃ သိန်းသာ အများဆုံး အလွှဲခံကြောင်း၊ မှတ်ပုံတင်ဖြင့် ငွေလွှဲမှုများအားလုံးကို အထူးကန့်သတ်နေ ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ယနေ့ နေပြည်တော်တွင် ပုဂ္ဂလိကဘဏ်ပိုင်ရှင်များအားလုံးကို ခေါ်ယူပြီး စစ်ကောင်စီ၏ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီး၊ ဗဟိုဘဏ် ဥက္ကဋ္ဌ တို့က တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် ဖိတ်ကြားစာကို လျှို့ဝှက် ဖိတ်ကြားခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်များ၏ ATM များတွင် ပြည်သူများ ကြိတ်ကြိတ်တိုး၍ ငွေထုတ်ခဲ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/05/160748/
BGF က မြ၀တီမြို့ တစ်၀ိုက်တွင် Online လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ ခြားသားများကို ၆ လအတွင်း ထွက်ခွာရန် အမိန့်ပေးမှု ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြဟု နယ်စပ်သတင်းရင်းမြစ်များပြော
["BGF က မြ၀တီမြို့ တစ်၀ိုက်တွင် Online လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ ခြားသားများကို ၆ လအတွင်း ထွက်ခွာရန် အမိန့်ပေးမှု ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြဟု နယ်စပ်သတင်းရင်းမြစ်များပြော", "ရန်ကုန်၊ မေ ၄", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဒေသတစ်ဝိုက်တွင် Online လုပ်ငန်းဆောင် ရွက်နေသော နိုင်ငံခြားသား အားလုံး အောက် တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ကြေညာလိုက်မှုသည် ကျားဖြန့်နှိမ်နင်းရေးမဟုတ်ဘဲ ဟန်ပြသာဖြစ်ကြောင်း မြ၀တီ-မဲဆောက်တွင် ရှိနေသောစစ်ရေးသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။", "ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ Online လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများ အားလုံး မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးရန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် ၎င်းတို့ လာရာ လမ်းအတိုင်း သတ်မှတ်ရက် အတွင်း ထွက်ခွာပေးရမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း BGF ဘက်က ကြေညာခြင်းဖြစ်သည်။", "“အထဲမှာ အလုပ်လုပ်နေတဲ့ တရုတ် အပါအဝင် နိုင်ငံခြားသားတွေဆီက ဒီလအတွက်တောင် ထိုင်းဘတ်၂ သောင်းနီးပါးကောက်နေလို့ တချို့ပေးပြီးသွားပြီ။ ကျားဖြန့်လုပ်ငန်းတွေလည်း ဆက်လက် လည်ပတ်နေတုန်းပါပဲ။ နှင်ထုတ်တယ်ဆိုတာ ဟန်ပြ ကြေညာချက်လို့ပဲ ပြောရမယ်။ အခု အဝင်အထွက်တွေကိုလည်း BGF ကပဲ ထိန်းချုပ်ပြီး အဝင်ပဲ များနေပါတယ်” ဟု ရွှေက္ကိုလ်အတွင်းသို့ ထိုင်းမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသူ မြ၀တီမြို့မှ နယ်ခံကုန်သည် သတင်းရင်းမြစ်က ပြောဆိုသည်။ လုံခြုံရေး စိုးရိမ်ရသည့်အတွက် နာမည်ထုတ်ဖော်ရေးသားခြင်းမပြုရန် အဆိုပါ နယ်ခံကုန်သည်သတင်းရင်းမြစ်က မေတ္တာရပ်ခံသည်။", "ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးကလည်း မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF က အကျိုးအမြတ်ထုတ်သွားသကဲ့သို့ပင် ဖိအားများလာ၍ ကျားဖြန့် နှိမ်နင်းသယောင် ဟန်ပြ ကြေညာချက်ထုတ်မှု အဖြစ် သုံးသပ်ပြောဆိုသည်။", "“စကားပုံတောင်ရှိပါတယ်။ မြန်မာ့နိုင်ငံရေးမှာ သခင်စိုးစကားလေ နာမည်ကြီးတယ်။ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာ ပပျေက်ရေး ဆိုတာမျိုးလိုပဲ ယုံရ ခက်ကြီးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူမြင်ကောင်းအောင် ဖော်ရှိုးလုပ်တာ။ ဒါမျိုးတွေက အရှေ့မှာလည်း တရုတ်တွေကို ပြန်ပို့ပါပြီဆိုပြီး သူတို့ လုပ်ပြတာပဲ။ တကယ်တမ်း ကျားဖြန့်တွေက ရွှေက္ကိုလ်ထဲမှာ အပြည့်ပါပဲ” ဟု ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးက သုံးသပ်ပြောဆိုသည်။", "အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိန်အဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုခြင်း စသည်ဖြင့် အသေးစိတ်အစီရင်ခံစာ ထုတ်ပြန်လာသည့် အတွက် BGF က ဟန်ပြ အရေးယူဆောင်ရွက်သည့်ပုံစံ လုပ်လာခြင်း သုံးသပ်မှုများလည်းရှိသည်။", "“ပြည်သူတွေမှာ မြ၀တီကိစ္စနဲ့တင် BGF ဆိုတာ ဘာလဲသိသွားကြပါပြီ။ အခု BGF လုပ်မယ့် ကျားဖြန့် နှိမ်နင်းရေးဆိုတာလည်း ဘာမှ ယုံကြည်စရာမရှိတော့ဘူးဆိုတာ သိနေကြတာပဲ။ မြ၀တီကိစ္စမှာတင် အတော်မှတ်သွားပါပြီ” ဟု မဲဆောက်တွင်ရောက်ရှိခိုလှုံနေသော လူငယ်သပိတ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။", "လတ်တလော BGF က ရွှေက္ကိုလ်လောင်းကစားမြို့အတွင်း အလုပ်လုပ်နေသူအားလုံးကို ယခုနှစ်ဖေဖော်ဝါရီလတွင် တစ်ဦးလျှင် ထိုင်းဘတ် ၈၉၉၁ ဘတ်၊ မတ်လတွင် တစ်ဦးလျှင် ထိုင်းဘတ် ၁၉၈၈၈ ဘတ် ပေးဆောင်ရန် ကောက်ခံခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/157948/
မြ၀တီမြို့ ခုခံကာကွယ်မှု စစ်ဆင်ရေး မပြီးဆုံးသေး၍ အောင်ပွဲခံရန်မရှိဘဲ မြို့ကိုလည်း အုပ်ချုပ်မှု မစတင်သေး၊ KNLA၊ KNDO ၊ PDF မဟာမိတ်ပူးပေါင်းတပ်များအပေါ် ပြည်သူများ ယုံကြည်မှုရှိကြရန် KNU တိုက်တွန်း
["BGF အသွင်ပြောင်း KNA တပ်ဖွဲ့အနေဖြင့် လက်နက်များ ပြန်အပ်ရန် စစ်ကောင်စီက ဗိုလ်မှူးကြီး စောချစ်သူကို ပြော၊ မအပ်လျှင် ရွှေက္ကိုလ်ကို တိုက် ခိုက်မည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဧပြီ ၁၉", "ကရင်အမျိုးသားအစည်းအရုံး KNUအနေဖြင့် မြ၀တီမြို့ ခုခံကာကွယ်မှု စစ်ဆင်ရေး မပြီးဆုံးသေး၍ အောင်ပွဲခံရန်မရှိဘဲ မြို့ကိုလည်း အုပ်ချုပ်မှု မစတင်သေးကြောင်း၊ KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်များအပေါ် ပြည်သူများ ယုံကြည်မှုရှိကြရန် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက တိုက်တွန်းပြောဆိုလိုက်သည်။", "ထိုင်းအခြေစိုက် မီဒီယာဖြစ်သောThe Reportersနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။", "ကရင်အမျိုးသားအစည်းအရုံး KNUအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ညှိနှိုင်းရန် မရှိကြောင်း၊ လတ်တလော မြ၀တီမြို့ အခြေအနေနှင့်ပတ်သက်၍ စစ်ဆင်ရေးများ မပြီးဆုံးသေး၍ တရားဝင် အုပ်ချုပ်မှု မြ၀တီမြို့တွင် မစတင်သေးကြောင်း၊ စစ်ဆင်ရေး ပြီးဆုံးရန် ပထမဦးဆုံး လုပ်ဆောင်ရမည်ဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းများက ကော့ကရိတ်မြို့အနီးတွင် ဖြတ်တောက် ပိတ်ဆို့ထားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးပြီး စစ်တပ်၏ သံချပ်ကာတင့်ကား ၂ စီး(သို့မဟုတ်) ၃ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီအနေဖြင့် မြ၀တီမြို့ကို ပြန်လည် သိမ်းပိုက်ရန် ယခင်ကဲ့သို့ လွယ်ကူ မည်မဟုတ်ကြောင်း ပြောဆိုသည်။", "“ကျနော်တို့အနေနဲ့ ပြောချင်တာက ရှေ့တန်းမှာရှိတဲ့ KNLA၊ KNDO ၊ PDF မဟာမိတ်ပူးပေါင်းတပ်တွေအပေါ်မှာ ယုံကြည်မှု ရှိပါ။ မြ၀တီမြို့ကို စစ်တပ်က အရင်လို လွယ်လွယ်နဲ့ ပြန်သိမ်းလို့မရပါဘူး။ ကျနော်တို့အနေနဲ့ လက်ရှိမှာ စစ်ဆင်ရေး အဆုံးသတ်နိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။ပြီးရင်တော့ မြို့ပြ အုပ်ချုပ်ရေးတွေ ကျနော်တို့ လုပ်ပါ့မယ်။ လက်ရှိမှာတော့ မြ၀တီမှာ နိုင်ငံရေးအရအုပ်ချုပ်မှု ကင်းလွတ်နေတာမျိုးရှိပါတယ်။ အရင်က ရှိနေတဲ့ ယန္တရားကပဲ ဆက်သွားနေတာဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။", "လက်ရှိတွင် အခြေအနေက တည်ငြိမ်မှု မရှိသေးကြောင်း၊ ထို့ကြောင့် လတ်တလော တိုက်ခိုက်ရေးက ဦးစားပေး ပထမဖြစ်ပြီး နယ်ပယ်အားလုံးတွင် ပေါ်လစီများ ချမှတ်ရန်လည်း အစီအစဉ် ချမှတ်ထားကြောင်း၊ လူထုအတွက် အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီကဲ့သို့ အုပ်ချုပ်မည်မဟုတ်ကြောင်း၊ လူထုနှင့်အတူ ပန်းတိုင်သို့ အလုပ်လုပ်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။", "နိုင်ငံရေးအရလည်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေပြီး NUG ၊ KNPP ၊ CNF ၊ KIO တို့နှင့် ဘုံပန်းတိုင်သို့ ချီတက်နေကြောင်း၊ အထူးသဖြင့် စစ်တပ်က နိုင်ငံရေးမှ ထွက်ခွာပြီး လုံး၀ စွက်ဖက်ခြင်းမပြုရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရန် ၊ စစ်တပ်ကျူးလွန်သော ပြစ်မှုများအတွက် တရားမျှတမှု ယူဆောင်ရန်၊ အနာဂတ်ဒီမိုကရက်တစ် ဖက်ဒရယ်အစိုးရတွင် စစ်တပ်ကို ပြုပြင်ပြောင်းလဲရန် တို့အတွက် ပူးတွဲအလုပ်လုပ်နေကြောင်း ပြောဆိုသည်။", "KNU အနေဖြင့် ကော်သူလေးပြည် တည်ထောင်သွားမည်ဖြစ်ပြီး ကော်သူလေးပြည်သည် ကရင်တိုင်းရင်းသားများအတွက်သာမက တိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲ နေထိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။", "အခြားတစ်ဖက်တွင်လည်း မြ၀တီမြို့ကို လုံခြုံရေး တာဝန်ယူထားသော BGF အသွင်ပြောင်း KNA တပ်ဖွဲ့အနေဖြင့် လက်နက်များ ပြန်အပ်ရန် စစ်ကောင်စီက KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ပြောဆိုလာပြီး လက်နက်များ ပြန်မအပ်ပါက ရွှေက္ကိုလ်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေကြောင်း Thai PBS North က သတင်းဖော်ပြထားသည်။", "ဓာတ်ပုံ – သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းတွင် KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက ကရင်အမျိုးသားအလံ လွှင့်ထူနေစဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#မြ၀တီမြို့ ခုခံကာကွယ်မှု စစ်ဆင်ရေး#အုပ်ချုပ်မှု မစတင်သေး #ယုံကြည်မှုရှိကြရန် KNU တိုက်တွန်း"]
https://yktnews.com/2025/04/209907/
BIMSTEC အစည်းအဝေးသို့ တရားမဝင် မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့သည့်အပေါ် APHR ပြင်းထန်စွာ ရှုတ်ချ
["BIMSTEC အစည်းအဝေးသို့ တရားမဝင် မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့သည့်အပေါ် APHR ပြင်းထန်စွာ ရှုတ်ချ", "ထိုင်းနိုင်ငံအနေဖြင့် BIMSTEC အစည်းအဝေးတွင် စစ်ကောင်စီကို ပါဝင်ခွင့် မပြုစေဘဲ ခိုင်ခိုင်မာမာ ရပ်တည်ရန် တာဝန်ရှိဟုဆို", "ရန်ကုန်၊ ဧပြီ ၂", "လာမည့် ဧပြီလ ၃-၄ ရက်နေ့ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် BIMSTEC အစည်းအဝေးတွင် တရားမဝင် မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့သည့်အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များ (APHR) က ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ ဧပြီလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။", "BIMSTEC အဖွဲ့ တည်ထောင်သူထဲတွင် ပါဝင်ပြီး လက်ရှိ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် ထိုင်းနိုင်ငံအနေဖြင့် မူဝါဒခိုင်မြဲစွာရပ်တည်ပြီး စစ်အုပ်စုကို ပါဝင်ခွင့်မပြုစေရန် APHR က တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။", "စစ်ကောင်စီကို ဆွေးနွေးပွဲတွင် နေရာပေးခြင်းက ၄င်း၏ ရက်စက်ကြမ်းကြုတ်သည့် အုပ်ချုပ်မှုကို တရားဝင် ဖြစ်စေရုံသာမက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ကတိကဝတ်ပြုထားသော ဒေသတွင်းအဖွဲ့ကြီးတခုဖြစ်သည့် BIMSTEC အပေါ် ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်း APHR က သတိပေးထားသည်။", "မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုး‌ဖောက်မှုများစွာကို ကျူးလွန်နေသလို၊ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးသင့် စစ်ကိုင်းအပါအဝင် နိုင်ငံအနှံ့အပြားကို လေကြောင်းမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေခြင်းကလည်း လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်ဟု ၄င်းတို့က ဆိုသည်။", "စစ်ကောင်စီသည် နိုင်ငံတကာ အကူအညီများကို စနစ်တကျ ပိတ်ဆို့ထားကာ ကယ်ဆယ်ရေးအကူအညီများကိုလည်း ငြင်းဆန်ထားပြီး၊ ယခင် နဂစ်မုန်တိုင်းကဲ့သို့သော သဘောဝဘေးများ ကြုံတွေခဲ့ရစဥ်ကအတိုင်း တစ်နေရာကွက်ကွက်တွင်းတွင်ပင် (ဘေးအန္တရာယ်) တုံ့ပြန်ရေးကိစ္စများကို ထပ်ခါတလဲလဲ (ဟန်ပြ) လုပ်ဆောင်နေကြောင်း APHR က ဆိုသည်။", "“မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု အခြေခံမူတွေနဲ့ တရားဥပဒေစိုးမိုးရေးကို လုံးဝဂရုမစိုက်ကြောင်း ပြသခဲ့ပြီးဖြစ်တယ်။ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံခြင်းဖြင့် BIMSTEC ဟာ သံခင်းတမန်ခင်း မြှင့်တင်ရာ မရောက်ဘဲ ဖိနှိပ်မှုကို ထောက်ခံရာသာ ရောက်မှာဖြစ်တယ်” ဟု APHR ဥက္ကဋ္ဌ၊ အင်ဒိုနီးရှားအောက်လွှတ်တော်အမတ် Mercy Chriesty Barends က ပြောကြားသည်။", "အနည်းဆုံး ဘုံသဘောတူညီချက်ငါးရပ်ဖြင့် ကြိုးပမ်းခဲ့သော ASEAN နှင့်ပင်မတူဘဲ BIMSTEC သည် (မြန်မာ့အရေး) တွင်အတော်လေး နှုတ်ဆိတ်နေခဲ့ကြောင်း၊ ၎င်းအနေနဲ့ အရေးယူရန် ပျက်ကွက်ခဲ့ခြင်းက ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရမည့် အစုအဖွဲ့၏ ကတိကဝတ်အပေါ် အတော်လေးစိုးရိမ်စရာဖြစ်စေခဲ့ကြောင်း APHR က ထုတ်ပြန်သည်။", "“မြန်မာပြည်သူတဦးချင်းစီဟာ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို အတော်လေး ပေးဆပ်ပြီး တွန်းလှန်နေကြရဆဲဖြစ်တယ်။ ဒါပေမယ့် BIMSTEC ဟာ သူတို့ရဲ့ ရုန်းကန်မှုကို ပံ့ပိုးရမဲ့အစား စစ်ကောင်စီအတွက် နိုင်ငံရေးစင်မြင့်တစ်ခု ဆောက်ပေးနေတယ်” ဟု APHR ဘုတ်အဖွဲ့ဝင်၊ ထိုင်းအောက်လွှတ်တော်အမတ် Rangsiman Rome က ပြောသည်။", "“၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ထိုင်းနိုင်ငံအနေနဲ့ ဂုဏ်သိက္ခာရှိရှိ ဦးဆောင်ပြီး စစ်ကောင်စီ ပူးပေါင်းပါဝင်မှုကို ဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်ဖို့ တာဝန်ရှိတယ်” ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။", "“BIMSTEC အနေနဲ့ အာဏာရှင်စနစ်ကို မျက်ကွယ်မပြုသင့်ဘူး … မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုဟာ ဖိနှိပ်သူတွေကို မဟုတ်ဘဲ နစ်နာသူတွေအပေါ် အခြေခံပြီး အာရုံစိုက်ရမှာဖြစ်တယ်”လို့ APHR ဘုတ်အဖွဲ့ဝင်၊ တီမောလွှတ်တော်အမတ် Angelina Sarmento က ဆိုပါတယ်။", "BIMSTEC အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့အနေဖြင့် စစ်ကောင်စီ၏ ပါဝင်မှုကို ပယ်ချရန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပြတ်ပြတ်သားသား ပံ့ပိုးကူညီရန်နှင့် တရားမျှတမှုအတွက် ရပ်တည်ကာ ဒေသတွင်းရဲ့ ယုံ့ကြည်မှုကို ရယူသင့်ကြောင်း APHR က တိုက်တွန်းထားသည်။", "“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ခိုင်ခိုင်မာမာ ကတိပြုဖို့ မတောင်းဆိုဘဲ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာဟာ မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်တာဖြစ်ပြီး BIMSTEC ရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းစေတယ်” ဟု APHR ဘုတ်အဖွဲ့ဝင်၊ ဖိလစ်ပိုင် အောက်လွှတ်တော်အမတ် Arlene Brosas ကလည်း ဆိုထားသည်။", "(New- Photo- APHR/ BIMSTEC Must Not Welcome Myanmar Junta: APHR Urges Thailand to Take a Stand ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/05/104088/
BREAKING NEWS- မုန်တိုင်းသင့် ရခိုင်ပြည်သူများကို ကူညီ​နေသူ စာရေးဆရာဝေဟင်အောင်နှင့် သမီးဖြစ်သူအပါအဝင် ၅ဦးကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် စစ်ဆေး​နေ
["BREAKING NEWS- မုန်တိုင်းသင့် ရခိုင်ပြည်သူများကို ကူညီ​နေသူ စာရေးဆရာဝေဟင်အောင်နှင့် သမီးဖြစ်သူအပါအဝင် ၅ဦးကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် စစ်ဆေး​နေ", "ရန်ကုန်| မေ ၂၃", "ယနေ့ မေ ၂၃ ရက်နေ့ နေလယ်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်နှင့် ၎င်း၏ သမီးဖြစ်သူ အပါအဝင် ၅ ဦးကို စစ်တွေမြို့ အမှတ် (၁၀) စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး၊ စစ်တွေမြို့အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ကြောခံနေကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်က ပြောသည်။", "ယနေ့မေ ၂၃ ရက်နေ့ နေ့လယ် ၃ နာရီကျော်အချိန်ခန့်တွင် ပရဟိတသမား စာရေးဆရာ ဝေဟင်အောင် တို့သည် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့နယ်သို့ မုန်တိုင်းသင့် ပြည်သူများကို အရေးပေါ် စားနပ်ရိက္ခာ ကူညီရန် သွားစဉ် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။", "ဖမ်းဆီးခံရသည့်သူများတွင် စာရေးဆရာ ဝေဟင်အောင်၊ သမီးဖြစ်သူနှင့် ၎င်း၏ တပည့်ဖြစ်သူ မောင်လှိုင်ဝင်း အပါအဝင် ရန်ကုန်တိုင်းမှ မုန်တိုင်းသင့် ပြည်သူများအား လာရောက်ကူညီနေသည့်အဖွဲ့ ဗိုလ်စိန် ပရဟိတ Ambulance မှ နှစ်ဦး စုစုပေါင်း ၅ဦးကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်သည်။", "စာရေးဆရာ ဝေဟင်အောင်၊ သမီးဖြစ်သူနှင့် ၎င်း၏ တပည့်ဖြစ်သူ မောင်လှိုင်ဝင်း အပါအဝင် ရန်ကုန်တိုင်းမှ မုန်တိုင်းသင့် ပြည်သူများအားလာရောက်ကူညီနေသည့်အဖွဲ့ ဗိုလ်စိန် ပရဟိတ Ambulance ကို အမှတ် ၁၀ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး အောင်သပြေ စစ်ကြောရေးစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း အမည်မဖော်လိုသည့် လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။", "“ဖမ်းဆီးခံရတာက စုစုပေါင်း ၅ ယောက်ပါ။ ကိုဝေဟင်အောင်ရယ်။ သူ့ရဲ့သမီးရယ်။ ပြီးတော့ သူ့တပည့်တစ်ယောက်ရယ်၊ ရန်ကုန်တိုင်းက ဗိုလ်စိန် ပရဟိတ Ambulance က နှစ်ဦး ဖမ်ဆီးခံထားရတယ်။ အမှတ် ၁၀ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး အောင်သပြေ စစ်ကြောရေးစခန်း ဖမ်းဆီး စစ်ကြောခံနေရတယ်။ ဘာလို့ ပြောနိုင်တယ်ဆိုတော့ ဗိုလ်စိန် ပရဟိတ Ambulance ကားက စစ်ကြောရေးစခန်းမှာ ရှိနေတယ်။ ကျနော်တို့ ကိုယ်တိုင်မြင်ခဲ့ရတယ်။ ပြီးတော့ အမြင့်ကျွန်းကျေးရွာအနား ဖမ်းဆီးသွားတယ်ဆိုတာလည်း လူတိုင်းမြင်တယ်။ အခု အောင်သပြေ စစ်ကြောရေးစခန်းအတွင်းမှာ စစ်ကြောခ့နေတယ်”ဟုပြောသည်။", "ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာ တန်ဘက်လက်ကျေးရွာဖက်များသို့ မုန်တိုင်သင့် ပြည်သူများအား ကူညီကယ်ရေးပေးရန် သွားရောက်စဉ် လမ်းတွင် ဖမ်းဆီးခံရဖြစ်ပြီး လက်ရှိ သတင်းရေးနေသည့်အချိန်အထိ စစ်ကောင်စီက ၎င်းတို့အား ပြန်လည် လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။", "အမည်မဖောလိုသည့် လူမှုကယ်ရေးလုပ်ကိုင်နေသူနောက်ထပ်တစ်ဦးက “သူတို့ကို ကျောက်တန်းဂိတ်မှာ အဖမ်းခံရတာမဟုတ်ဘူး။ ကျောက်တန်းဂိတ်ကနေ ထွက်ပြီ။ အဲ့ဒီနောက်မှာ ကားအဖြူနဲ့ စစ်တပ်က ဗိုလ်ကြီးတစ်ယောက်က လိုက်လာတယ်။ အမြင့်ကျွန်း ဘုန်းကြီးကျောင်းနားမှာ သူတို့ကိုဖမ်းတယ်။ စစ်ဆေးဖို့ ခေါ်သွားတယ်။ အောင်သပြေစစ်ကြောရေးစခန်းကို ခေါ်သွားတယ်။ အရင်က ဆိုရင် အမှတ် ၁၀ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးပေါ့။ စစ်တွေမြို့ရဲ့ တပ်ထိန်းဂိတ်အလွန်ပေါ့နော်။ အဲ့ဒါတွေက အရင်ကတည်း စစ်ကြောရေး စခန်းတွေပါ “ဟုပြောသည်။", "၎င်းတို့မှာ လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ် မရသေးဘဲ မိသားစုများကလည်း ဖမ်းဆီးခံထားရသည့် သူများနှင့် အဆက်အသွယ်ရလိုကြောင်းနှင့် ဖမ်းဆီးခံထားရသည့် စာရေးဆရာ ဝေဟင်အောင်၏ မိသားစုဝင်များက ပြောသည်။", "အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက “ပြောချင်တာ လူတစ်ယောက်ဖမ်ဆီးတယ်။ မိသားစုတွေနဲ့လည်း အဆက်အသွယ်မလုပ်ဘူး။ ဒါကတော့ လုံးဝမဖြစ်သင့်ပါဘူ။ ဒီလိုမပေးတာကတော့ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သူရဲ့သမီးပေါ့။ သူ့သမီးက ၁၀ တန်တက်နေတဲ့ အရွယ်လေးပါ။ သူ့မှာ ဘာမှ အပြစ်လုပ်ထားတာလည်းမရှိဘူး။ အမှန်ဆိုရင် သူ့ကို လွှတ်ပေးပြီးတော့ ကျန်တဲ့သူတွေကို စစ်ဆေးတာတွေ လုပ်သင့်တယ်။ ကလေးက စိတ်ဒဏ်ရာတွေ ရသွားနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ ဖြစ်လာတယ်။ သူ့ကိုတော့ လွှတ်ပေးဖို့လိုတယ်”ဟုပြောသည်။", "အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ် စစ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။", "စာရေးဆရာဝေဟင်အောင်သည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် စစ်တွေမြို့နယ်က ကျေးရွာ အများအပြားသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသလို ရခိုင်ပြည် မြို့နယ်များက မုန်တိုင်းသင့် ပြည်သူများကို သွားရောက်ထောက်ပံ့နေ သူလည်းဖြစ်သည်။", "(Western News သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2022/10/54174/
ခြစားမှု၊ လိမ်လည်မှု၊ အနိုင်အထက်ပြုမှုများနှင့် ကုလသမဂ္ဂ WHO ဆီရီးယားအကြီးအကဲ
["BY MARIA CHENG", "ဆီရီးယားနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးဝန်ထမ်းများက ၎င်းတို့၏ အကြီးအကဲသည် ဒေါ်လာသန်းနှင့်ချီ၍ အလွဲလွဲအမှားမှား စီမံခန့်ခွဲထားပြီး အစိုးရအရာရှိများအား ကွန်ပျူတာ၊ ရွှေဒင်္ဂါး၊ ကားများအပါအဝင် တံစိုး လက်ဆောင်များ ပေးအပ်ခဲ့ကာ ပေါ့ပေါ့တန်တန် ဆောင်ရွက်မှုကြောင့် တိုင်း ပြည်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ပျံ့နှံ့ဖြစ်ပွားခဲ့ရကြောင်း စွပ်စွဲပြောဆိုနေကြသည်။", "AP သတင်းဌာနကရရှိခဲ့သော လျှို့ဝှက်စာရွက်စာတမ်း၊ လက်ကိုင်ဖုန်းမှတစ်ဆင့် စာတိုပေးပို့မှုနှင့် အခြား စာရွက်ပေါင်း ၁၀၀ကျော်အရ ဆီးရီးယားနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် ဒေါက်တာ အက်ဂျီမယ် မဂ်တီမိုဗာ (Akjemal Magtymova) သည် ဆီးရီးယားထိပ်တန်း နိုင်ငံရေးသမားများနှင့် ကန်ထရိုက်များ ချုပ်ဆိုရန် မိမိဝန်ထမ်းများအား အတင်းအကြပ်ဖိအားပေးမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး WHO နှင့် အလှူရှင်ရံပုံငွေများကို အမြဲတလွဲတချော် သုံးစွဲနေသည်ဟု စုံစမ်းစစ်ဆေးသူများကို WHO အရာရှိများက ပြောကြားခဲ့ကြောင်း တွေ့ရှိရသည်။", "စွပ်စွဲမှုများနှင့် စပ်လျဉ်းသည့်မေးခွန်းများကို ပြန်လည်ဖြေကြားရန် မဂ်တီမိုဗာက ငြင်းဆိုပြီး “သူသည် WHO ဝန်ထမ်းတစ်ဦး၏ တာဝန်ဝတ္တရားများကို လိုက်နာနေရသဖြင့် သတင်းအချက်အလက်များ ဝေမျှခွင့် မရှိကြောင်း၊ စွပ်စွဲမှုများသည် သူ့ကိုအသရေဖျက်ခြင်းမျှသာ ဖြစ်ကြောင်း” ပြန်လည်ပြောဆို သည်။", "အနည်းဆုံး ဝန်ထမ်းတစ်ဒါဇင်ခန့်၏ တိုင်ကြားမှုများကြောင့် နှစ်ပေါင်းများစွာအတွင်း WHO သမိုင်း၌ အကြီးမားဆုံး ဌာနတွင်း စုံစမ်းစစ်ဆေးမှုကြီးတစ်ခု ပေါ်ပေါက်လာပြီး ရံဖန်ရံခါ စုံစမ်းရေးမှူး ၂၀ကျော် အထိပင် ပါဝင်စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု ယင်းကိစ္စနှင့် ဆက်နွယ်သောဝန်ထမ်းများကဆိုသည်။ မဂ်တီမိုဗာ အပေါ် စွပ်စွဲချက်များကို စစ်ဆေးနေပြီး ပြင်ပစုံစမ်းရေးမှူးများ၏ အကူအညီကိုလည်း ထည့်သွင်းရယူလျက်ရှိကြောင်း WHO ကအတည်ပြုသည်။", "“တစ်ဖက်က ဝန်ထမ်းတွေကို အကာအကွယ်ပေးနေရသလို ဆီးရီးယားနိုင်ငံအခြေအနေနဲ့ အချက်အလက်အမှန် ရနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေတာကြောင့် နောက်ထပ်ရှုပ်ထွေးမှုတွေနဲ့အတူ ဒီကိစ္စဟာ ရှည်ကြာပြီး ရှုပ်ထွေးတဲ့စုံစမ်းစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်” ဟု WHO ကပြောသည်။ မဂ်တီမိုဗာအပေါ် တိုင်ကြားထားမှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိရာ လွန်ခဲ့သောလများအတွင်း တိုးတက်မှုများရှိခဲ့သည်ဟုလည်း ကျန်းမာရေးအဖွဲ့က ဆိုသည်။", "“လုံခြုံရေးအခြေအနေ၊ လျှို့ဝှက်ချက်အဖြစ် ထားရှိရေးနဲ့ သင့်တော်မှန်ကန်တဲ့ လုပ်ငန်းစဉ် ရှုထောင့်တွေအရ စွပ်စွဲမှုအသေးစိတ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ နောက်ထပ်မှတ်ချက် မပေးနိုင်ပါဘူး” ဟု WHO က ပြောကြားသည်။ စုံစမ်းစစ်ဆေးမှုကို မည်သည့်အချိန်၌ အပြီးသတ်ဆောင်ရွက်မည်ကိုလည်း ၎င်းတို့က အချိန်ဇယားတစ်ခုဖြင့် ပြောပြနိုင်ခြင်းမရှိပေ။", "စစ်မက်ဖြစ်ပွားနေခြင်းကြောင့် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့် ဆင်းရဲမွဲတေလျက်ရှိသလို လူဦးရေ၏ ထက်ဝက်ကျော်သည် လူသားချင်း စာနာထောက်ထားမှု အကူအညီများ အလွန်အမင်းလိုအပ်နေသော ဆီးရီးယားနိုင်ငံရှိ WHO ရုံး၏ ယမန်နှစ် ကျန်းမာရေးလုပ်ငန်းဘတ်ဂျက်ခွဲဝေမှုသည် ဒေါ်လာ ၁၁၅ သန်း ခန့်ရှိခဲ့သည်။ ဆီးရီးယားပြည်သူတို့အတွက် ပေးအပ်နေသော ညံ့ဖျင်းသော ဝန်ဆောင်မှုနှင့် WHO ဝန်ထမ်းများအပေါ် မတော်တရော်ဆက်ဆံမှုများရှိကြောင်း စွပ်စွဲမှုများအတွက် လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော စုံစမ်းစစ်ဆေးမှုတွင် အောက်ပါအချက်များကို လေ့လာတွေ့ရှိရသည်-", "— ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရရှိရန် တိုင်းပြည်က ရုန်းကန်နေရသည့်အချိန်၌ မဂ်တီမိုဗာသည် သူ၏အောင်မြင်မှုများကို ဂုဏ်ပြုရန် WHO ရံပုံငွေဖြင့် ဒေါ်လာ ၁၀,၀၀၀ ကျော် ကျခံသုံးစွဲကာ ပါတီပွဲတစ်ခု ဧည့်ခံကျင်းပခဲ့ဖူးကြောင်း ဘဏ္ဍာရေးရှင်းတမ်းများတွင် တွေ့ရသည်ဟု ဝန်ထမ်းများက ပြောဆိုသည်။", "— ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ပြင်းထန်နေသည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဆီးရီးယား နိုင်ငံရှိ WHO ဝန်ထမ်း ၁၀၀ ကျော်အား အုပ်စုလိုက် ကပြဖျော်ဖြေမှုတစ်ခုကို လေ့လာသင်ယူစေကာ ကုလသမဂ္ဂပါတီပွဲအတွက် ကကွက်များဖန်တီး၍ ရုပ်ရှင်ရိုက်ကူးရန် သူကစေခိုင်းခဲ့ကြောင်း AP က တွေ့မြင်ခဲ့ရသော ဗီဒီယိုဖိုင်နှင့် စာတိုပေးပို့မှုများအရ သိရှိရသည်။", "—မဂ်တီမိုဗာသည် ဝန်ထမ်းများကို “သူရဲဘောကြောင်သူများ”၊ “ဉာဏ်ရည်နိမ့်သူများ” ဟု ကြိမ်ဖန် များစွာခေါ်ဆိုဖူးသည်ဟု ဆီးရီးယားအခြေစိုက် WHO လူထုကျန်းမာရေး ကျွမ်းကျင်သူ ၆ ဦးကပြောဆို သည်။ ပို၍စိုးရိမ်စရာကောင်းသည့်အချက်မှာ မဂ်တီမိုဗာသည် ဆီရီးယားစစ်အစိုးရ ထိပ်တန်းနိုင်ငံရေးသမားများကို မျက်နှာသာပေး ဆက်ဆံခဲ့သလို ရုရှားစစ်တပ်နှင့် ခိုးကြောင်ခိုးဝှက် တွေ့ဆုံခဲ့သည်ဟု အရာရှိများက စုံစမ်းရေးမှူးများကို ပြောပြသည့်အချက်ဖြစ်သည်။", "အဆိုပါ အပြုအမူများသည် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော WHO ၏ ကြားနေရေးမူဝါဒကို ချိုးဖောက်နိုင်ချေရှိသည့် လုပ်ရပ်များဖြစ်သည်။ အပြစ်ပေးခံရမည်ကိုစိုးရိမ်သဖြင့် ဝန်ထမ်းများက အမည်မဖော်ပြရန် တောင်းဆိုခဲ့ပြီး ဝန်ထမ်း ၃ ဦးမှာ WHO မှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။", "WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) ထံသို့ မေလက ပေးပို့သည့်တိုင်ကြားစာတစ်စောင်တွင် မဂ်တီမိုဗာသည် “မရေမတွက်နိုင်အောင် များပြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်ခဲ့ကြောင်း” စွပ်စွဲထားသည့်အပြင် အစိုးရအရာရှိများ၏ အရည်အချင်းမပြည့်ဝသော ဆွေမျိုးများကို အလုပ်ငှားရမ်းခန့်ထားနေသည်ဟု ဆီးရီးယားအခြေစိုက် ဝန်ထမ်းတစ်ဦးက ရေးသားဖော်ပြသည်။", "“ဒေါက်တာ အက်ဂျီမယ်ရဲ့ ကြမ်းကြမ်းတမ်းတမ်း နိုင်ထက်စီးနင်းဆက်ဆံမှုတွေက ဆီးရီးယား ပြည်သူတွေကို ကူညီနေတဲ့ WHO ရဲ့စွမ်းဆောင်မှုကို ထိခိုက်ကျဆင်းစေလျက်ရှိပါတယ်။ ဒေါက်တာ အက်ဂျီမယ်က မြှောက်ထိုးပင့်ကော် အားပေးအားမြှောက်လုပ်နေတဲ့ မျက်နှာသာပေးမှု၊ လိမ်လည်မှု၊ အကျင့်စာရိတ္တပျက်ပြားမှုတွေကြောင့် ဆီးရီးယားပြည်သူတွေ ထိခိုက်နစ်နာ ဆုံးရှုံးနေရပါတယ်။ ဒေါက်တာ အက်ဂျီမယ်ရဲ့လုပ်ရပ်တွေက ယုံကြည်မှုကို လုံးဝပျက်ပြားစေသလို အလှူ့ရှင်တွေကို ဂရုမစိုက်ဘဲ ဘေးဖယ်ထုတ်နေခြင်းပဲ ဖြစ်ပါတယ်”ဟု ၎င်းဝန်ထမ်းက ရေးသားသည်။", "အဆိုပါဝန်ထမ်း၏တိုင်စာကို တက်ဒရော့စ်က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ မေလ၌ WHO ၏ မြေထဲပင်လယ် အရှေ့ပိုင်းဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက ခွင့်ခံစားနေသည်ဟု ဖော်ပြထားသော မဂ်တီမိုဗာ၏နေရာတွင် ဆီရီးယားနိုင်ငံဆိုင်ရာ ခေတ္တကိုယ်စားလှယ်တစ်ဦးကို အစားထိုးခန့်အပ်ခဲ့သည်။ သို့သော်ဝန်ထမ်းစာရင်းတွင် သူ့ကို ဆီးရီယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဖော်ပြထားဆဲဖြစ်ကာ ဒါရိုက်တာအဆင့်လစာကို ဆက်လက်ထုတ်ယူ ခံစားနေဆဲဖြစ်သည်။", "တာ့ခ်မန်နစ္စတန်လူမျိုးဖြစ်သော မဂ်တီမိုဗာသည် အိုမင်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ယီမင်နိုင်ငံ ဆိုင်ရာအရေးပေါ် ညှိနှိုင်းရေးမှူးစသည့် နေရာများအပါအဝင် ရာထူးဌာနအများအပြား၌ ယခင်က တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ဆီးရီးယားနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ်ရာထူး၌မူ ကမ္ဘာတစ်လွှား ကိုဗစ် ကပ်ရောဂါပျံ့နှံ့ ဖြစ်ပွားလာသည့် ၂၀၂၀ ပြည့်နှစ်၊ မေလက စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။", "“ကျွန်မတို့ (WHO မှာ) လုပ်နေတဲ့အလုပ်က မွန်မြတ်ပါတယ်။ စွမ်းရည်ရှိမှု၊ ကျွမ်းကျင်မှု၊ ရလဒ်ကောင်း များ အောင်မြင်ပြီးမြောက်မှုတွေကတစ်ဆင့် ကျွန်မတို့အပေါ် လေးစားမှုတွေ ရရှိလာကြတာ ဖြစ်ပါတယ်” ဟု ဆီးရီးယားအကြီးအကဲ ရာထူးခန့်အပ်မှုအပေါ် သူက ထုတ်ပြန်ချက်တစ်စောင် ရေးသားသည်။", "မဂ်တီမိုဗာသည် ဆီးရီးယားနိုင်ငံ၌ ကမ္ဘာ့ကပ်ရောဂါဆိုးဝါးမှု အခြေအနေမှန်ကို နားလည်သဘောပေါက်ခြင်း မရှိဘဲ လူသန်းပေါင်းများစွာ၏ အသက်ကို အန္တရာယ်ကျရောက်စေခဲ့သည်ဟု ဆီးရီးယားရှိ WHO ဝန်ထမ်းအများအပြားက ဌာနတွင်းစုံစမ်းရေးမှူးများကို ပြောကြားခဲ့သည်။", "“ကိုဗစ်-၁၉ ကာလအတွင်း ဆီးရီးယားနိုင်ငံထဲက အခြေအနေဟာ စိတ်ပျက်စရာကောင်းလှတယ်။ ဒါပေမဲ့ WHO က ဆီးရီးယားပြည်သူတွေအတွက် လုံလောက်တဲ့အကူအညီတွေ မပေးအပ်ခဲ့ပါဘူး” ဟု WHO ဝန်ထမ်းဟောင်းတစ်ဦးက ပြောဆိုသည်။ ဆေးဝါးပစ္စည်းထောက်ပံ့မှုတွေကို ဒမတ်စကတ်မြို့တော် တစ်ခုထဲအတွက်သာ အများအားဖြင့် ဦးစားပေးပို့ဆောင်နေခဲ့ပြီး “ဆေးဝါးနဲ့ စက်ပစ္စည်းတွေ ပြတ်လပ်နေတဲ့ ဆီးရီးယားအခြားဒေသတွေဆီကို အကူအညီတွေ မရောက်ရှိခဲ့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။", "ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြီဖြစ်သော စစ်ပွဲကြောင့် ဆီးရီးယားကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ယိုယွင်းပျက်စီးလျက်ရှိသည်။ နိုင်ငံတကာက ပေးအပ်သော ကျန်းမာရေးအကူအညီအပေါ် နိုင်ငံက လုံးဝနီးပါး မှီခိုနေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။", "အစိုးရက ထိန်းချုပ်ထားသော ဒေသအတွင်း WHO ရှိနေခြင်းကြောင့် ၎င်းတို့၏ အကူအညီပေးမှုအား အမေရိကန်နှင့် အီးယူတို့က ပိတ်ဆို့အရေးယူထားသော ဒမတ်စကတ်အစိုးရက ဦးဆောင်လမ်းညွှန်ခွင့်ရရှိနေသည်ဟု ဝေဖန်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။ စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံအတွင်း လူဦးရေ ၇သန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုသည် အစိုးရထိန်းချုပ်မှု အပြင်ဘက်ဒေသများ၌ ရွက်ဖျင်တဲများဖြင့် နေထိုင်နေကြရသည်။", "ကိုဗစ်-၁၉ ကပ်ရောဂါကိုဟန့်တားရန် မိမိတို့ အဖွဲ့အစည်းတစ်ရပ်လုံးက မမောနိုင်မပန်းနိုင် အားသွန်ခွန်စိုက်ကြိုးပမ်းနေကြရသည်ဟု WHO အကြီးအကဲက ပြောဆိုခဲ့လင့်ကစား ကမ္ဘာတစ်လွှား ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားလာသည့်အချိန်တွင် မဂ်တီမိုဗာ၏ အချို့သောအပြုအမူများနှင့် ရုံးအဖွဲ့အပေါ် ညွှန်ကြားချက်များကို ဝန်ထမ်းများက မေးခွန်းထုတ်ခဲ့ကြသည်။", "မဂ်တီမိုဗာသည် WHO ၏ ကိုဗစ်-၁၉လမ်းညွှန်ချက်ကိုပင် မလိုက်နာဘဲ ချိုးဖောက်ခဲ့သည်ဟု WHO ဝန်ထမ်းအနည်းဆုံး ၅ ဦးက စုံစမ်းရေးမှူးများကိုတိုင်ကြားသည်။ အိမ်မှနေ၍ အဝေးရောက် အလုပ်လုပ်ကိုင်ခြင်းကို သူကအားမပေးဘဲ သူကိုယ်တိုင် ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားနေရလျက်ပင် ရုံးသို့လာရောက်ပြီး အစည်းအဝေးများကို နှာခေါင်းစည်းမတပ်ဘဲ တက်ရောက်ခဲ့သည်ဟုဆိုသည်။ သူကတစ်ဆင့် အခြားလူများကို ရောဂါကူးစက်စေခဲ့ကြောင်း WHO ဝန်ထမ်း ၄ ဦးက တိုင်ကြားသည်။", "ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တစ်နှစ်ပြည့်လုနီးနီး ရှိလာသည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် မဂ်တီမိုဗာသည် ကုလသမဂ္ဂနှစ်ကုန် အခမ်းအနားတစ်ခုအတွက် လူမှုကွန်ရက် စိန်ခေါ်မှုတစ်ရပ်ကြောင့် ရေပန်းစားလာသည့် အဖွဲ့လိုက်ကကွက်တစ်ခုကို လေ့လာသင်ကြားရန် ဆီးရီးယားရုံးအဖွဲ့ကို ညွှန်ကြားခဲ့သည်။ ထိုအချိန်က အရေးတကြီးလိုအပ်မှုမရှိသော လူစုလူဝေးပြုလုပ်မှုများကို ရပ်ဆိုင်းရန် အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး နည်းလမ်းများကိုကျင့်သုံးရန် ဂျနီဗာရှိ အကြီးတန်း WHO အရာရှိများက နိုင်ငံများကို အကြံပေးတိုက်တွန်းနေသည့် အချိန်ကာလဖြစ်သည်။", "“ဝန်ထမ်းများအနေနဲ့ ကျေးဇူးပြုပြီး ဒီသီချင်းကို နားဆင်ကာ ကကွက်ခြေလှမ်းများကို လေ့ကျင့်ပြီး ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်စုလိုက်ကပြမှု ဗီဒီယိုထဲမှာ တီးလုံးစည်းချက်တွေနဲ့အညီ ကပြပါဝင် တင်ဆက်လိုက်ကြပါ” ဟု ဆီးရီးယားဝန်ထမ်းအားလုံးသို့ WHO ဆက်ဆံရေးအရာရှိ ရာဖစ်အယ်ဟက်ဘာ(Rafik Alhabbal) ပေးပို့သော အီးမေးလ်တစ်စောင်တွင် ရေးသားထားသည်။ မဂ်တီမိုဗာကလည်း “အကောင်းဆုံး သင်တန်းပို့ချမှု” ဟု ရေးသား၍ YouTube ဝဘ်ဆိုဒ် လင့်ခ် တစ်ခုကို သီးခြားပေးပို့ခဲ့သည်။", "WHO စွပ်ကျယ် သို့မဟုတ် အပေါ်အင်္ကျီကို ဝတ်ဆင်ထားသည့်ဝန်ထမ်းများက ဆေးပစ္စည်း သိုလှောင်ထားသော ရုံးများ၊ ဂိုဒေါင်များ၌ “ဂျေရုဆလီမာ စိန်ခေါ်အက (Jerusalema challenge)” ဟု ခေါ်သော ကကွက်တစ်မျိုးဖြင့် ကပြနေသည့် ဗီဒီယိုအများအပြားကို တွေ့ရှိရသည်။ အလက်ပို (Aleppo) မြို့ နှင့် လာတက္ကီးယား (Latakia) ဆိပ်ကမ်းမြို့များတွင် ရိုက်ကူးထားသည့် ဗီဒီယိုများအား “အရမ်းကြည့်ကောင်းပြီး အရမ်းလှတဲ့သူတွေပါပဲ” ဟု မဂ်တီမိုဗာက ချီးမွမ်းခန်းဖွင့်ထားသည်။", "တိုင်းပြည်က အဆိုးဝါးဆုံးကိုဗစ်လှိုင်းများနှင့် ရင်ဆိုင်နေရသော အောက်တိုဘာလအရောက်တွင် မဂ်တီမိုဗာသည် ကုလသမဂ္ဂနေ့ အထိမ်းအမှတ်အဖြစ် တင်ဆက်နိုင်ရေး ဝန်ထမ်းများဖြင့် နောက်ထပ် ကကွက်တစ်မျိုးဖန်တီး ကပြမည့် ဗီဒီယိုရိုက်ကူးရန် ရုပ်ရှင်ကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့သည်။ “ကိတ်မုန့် စားပွဲအခမ်းအနား” အပါအဝင် မဂ်တီမိုဗာ၏ ပါတီပွဲသို့ နှာခေါင်းစည်းတပ် မထားသော လူပေါင်း ဒါဇင်နှင့်ချီ၍ တက်ရောက်ခဲ့သလို ပါတီပွဲကျင်းပနေစဉ်အတွင်း လူချင်း ခပ်ခွာခွာနေရမည့် စည်းကမ်းချက်ကိုလည်း လိုက်နာမှုမရှိကြောင်း ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများက ဖော်ပြနေသည်။", "အဆိုပါ ကပွဲဗီဒီယိုတစ်ခုကို မဂ်တီမိုဗာက WHO ၏ ဆီရီးယားလူမှု မီဒီယာအကောင့်တွင် ထုတ်လွှင့်ခဲ့သော်လည်း ဝေဖန်မှုအများအပြား ပေါ်ထွက်လာသဖြင့် သူ၏အထက်အရာရှိများက အဆိုပါဗီဒီယိုကို ဖယ်ရှားပစ်ရန် စေခိုင်းခဲ့သည်။ “ ဒီဗီဒီယိုက ရှက်ဖွယ်ကောင်းလှတယ်။ ဒီလို ရိုက်ကူးမယ့်အစား ကျွန်တော်တို့ ပြည်သူတွေရဲ့ ဒုက္ခရောက်နေတဲ့အခြေအနေတွေ၊ တရားမျှတမှုရရှိရေး တောင်းဆိုနေမှု တွေကို WHO က ရိုက်ကူးသင့်ပါတယ်” ဟု ဆီရီးယားထိပ်တန်း အတိုက်အခံ နိုင်ငံရေးသမား အန်းနက်စ် အယ် အက်ဗဒါ (Anas al-Abdah)က ပြောသည်။ သို့သော် မဂ်တီမိုဗာကမူ နောင်တရသည့်လေသံမျိုး ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။", "“အားမလျှော့ဖို့ ကျွန်မသတင်းစကား ပါးလိုပါတယ်။ ကျွန်မတို့မှာ လက်တလော ကပြတင်ဆက်ရမယ့် အရေးကြီးတဲ့ အလုပ်တစ်ခုရှိသလို လူတွေအတွက် ကြီးမားတဲ့တာဝန်တွေလည်း ရှိနေပါတယ်။ ကျွန်မတို့ဟာ တကယ့်ကို အစဉ်အလာကနေကွဲထွက်နေတဲ့ အလုပ်တစ်ခုကို လုပ်နိုင်ခဲ့တာပါ။ ရဲဝံ့မှုတွေနဲ့ ကျွန်မတို့ဂုဏ်တက်ခဲ့ပါပြီ” ဟု ရုံးအဖွဲ့ကို သူကပြောကြားသည်။", "ရုံးတွင်း စာရွက်စာတမ်းများ၊ အီးမေးလ်နှင့် စာတိုပေးပို့များကို ကြည့်၍ မဂ်တီမိုဗာလက်အောက်တွင် အခွန်ထမ်းများ၏ ငွေဖြင့်ပံ့ပိုးထားသော WHO ရန်ပုံငွေကို မည်သို့သုံးစွဲနေသည်နှင့် စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်စရာကောင်းနေပြီး ကျန်းမာရေးအကူအညီ အကြီးအကျယ်လိုအပ်နေသော ဆီးရီးယားပြည်သူ ၁၂ သန်းကျော်ကို ကူညီရန် ရည်ရွယ်ပေးအပ်ထားသော အကန့်အသတ်ရှိသည့် အလှူငွေများကို သူက အစဉ်တစိုက် တလွဲတချော် သုံးဖြုန်းနေသည်ဟု ဝန်ထမ်းများက စွပ်စွဲသည်။", "စုံစမ်းနေသည့်ဖြစ်ရပ်များအနက် တစ်ခုမှာ မဂ်တီမိုဗာ၏ မိခင်တက္ကသိုလ်ဖြစ်သော Tufts တက္ကသိုလ်က သူ့အား ခေါင်းဆောင်မှုဆုတံဆိပ် ချီးမြှင့်ခဲ့ခြင်းအတွက် ပြီးခဲ့သည့်မေလက ကျင်းပခဲ့သော သူ၏ပါတီပွဲဖြစ်သည်။ ဒမတ်စကတ်မြို့တော်ရှိ အထူးခမ်းနားထည်ဝါသော Four Seasons ဟိုတယ်၌ ကျင်းပသည့်ပါတီပွဲသို့ ဧည့်သည်တော် ၅၀ ဦးခန့်တက်ရောက်ခဲ့သည်။ ထိုပါတီပွဲကျင်းပနေချိန်သည် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူဦးရေမှာ ဆီရီးယား လူဦးရေစုစုပေါင်း၏ ၁ ရာခိုင်နှုန်း အောက်တွင်သာရှိနေသေးသည့် အချိန်အခါဖြစ်သည်။", "ဟိုတယ်ပြေစာတစ်ခုအရ ဧည့်ခံပွဲ၌ တည်ခင်းသော စားသောက်ဖွယ်ရာများတွင် စင်္ကာပူပုံစံ အမဲသား ဆာတေး၊ ချော့ကလက်၊ ငါးဆုပ်၊ ချိစ်တို့ပါဝင်သော ဆိတ်သားကြော်၊ အသေးစား ငရုတ်ကောင်း ဘာဂါနှင့် ဒေသထွက် မော့တေးလ်အချိုရည်မျိုးစုံတို့ ပါဝင်ကြောင်းတွေ့ရသည်။ အခမ်းအနားကို ကြော်ငြာဗီဒီယို ရိုက်ကူးထုတ်လုပ်ရန် ရုပ်ရှင်ကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့သည်ဟု WHO ဌာနတွင်း အကျဉ်းချုပ် အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။", "ညနေပိုင်းအစီအစဉ်တွင် ဆီးရီးယားကျန်းမာရေးဝန်ကြီးက အမှာစကားပြောကြားပြီးနောက် ကျွေးမွေး ဧည့်ခံပွဲနှင့် နှစ်နာရီခန့်ကြာမြင့်သော ဂီတဖျော်ဖြေပွဲတို့ဖြင့် ဆက်လက်ဖျော်ဖြေသည်။ အခမ်းအနားသည် ၂၀၂၁ ခုနှစ်အား ကျန်းမာရေးနှင့် စောင့်ရှောက်မှုဝန်ထမ်းများနှစ်အဖြစ် WHO က သတ်မှတ်လိုက်ခြင်းအတွက် စီစဉ်ကျင်းပသည်ဟု မှတ်တမ်းများကဆိုသော်လည်း ညနေခင်း အခမ်းအနားတစ်ခုလုံးသည် ကျန်းမာရေးဝန်ထမ်းများအတွက် မဟုတ်ဘဲ မဂ်တီမိုဗာ တစ်ဦးတည်းအတွက်သာ သီးသန့်ဖြစ်နေသည်ကို တွေ့ရသည်။ စာရင်းဇယားများအရ အဆိုပါဧည့်ခံပွဲ၏ ကုန်ကျစရိတ်စုစုပေါင်းမှာ ဒေါ်လာ ၁၁,၀၀၀ ကျော်ဖြစ်သည်။", "ဆီရီးယား၌ တာဝန်ကျသော အခြားကုလသမဂ္ဂ နိုင်ငံခြားသားဝန်ထမ်းများကဲ့သို့ပင် မဂ်တီမိုဗာသည် ဒမတ်စကတ်ရှိ လှလှပပဆင်ယင်ခင်းကျင်းထားသော Four Seasons ဟိုတယ်၌ နေထိုင်ခဲ့သည်။ သို့သော် အခြားဝန်ထမ်းများနှင့် မတူညီသည့်အချက်မှာ သူသည် မြို့တစ်မြို့လုံးကို မြင်ကွင်းကျယ် မြင်နိုင်ပြီး ရေချိုးခန်း၊ အိမ်သာနှစ်ခုနှင့် အခန်းအများအပြားပါရှိသော ကျယ်ပြောသည့် ဟိုတယ် အထူးခန်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။", "ကုလသမဂ္ဂစာရွက်စာတမ်းများအရ သူသည် လျှော့ဈေးဖြင့် တစ်ညလျှင်ဒေါ်လာ ၄၅၀ ကျသင့်သော အဆိုပါအခန်းတွင် ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ မှ ယခုနှစ် မေလအထိ နေထိုင်ခဲ့ဖွယ်ရှိပြီး ဟိုတယ်အခန်းခမှာ အခြား ကုလသမဂ္ဂ ဝန်ထမ်းများ၏ အခန်းခထက် ၄ ဆကျော် ပိုမိုများပြားနေသည်။ မဂ်တီမိုဗာ နေထိုင်သောအထူးခန်း သည် ပုံမှန်အားဖြင့် တစ်ညလျှင် ဒေါ်လာ ၉၄၀ ခန့် ကျသင့်သည်ဟု ဟိုတယ်ဝန်ထမ်းတစ်ဦးပြောသည်။", "ဟိုတယ်ပိုင်ရှင်သည် ဆီးရီးသမ္မတ ဘာရှာအာဆတ် (Bashar Assad) အစိုးရကို ငွေကြေးထောက်ပံ့နေ သည့်အတွက် ၎င်းဟိုတယ်ကို အမေရိကန်နှင့် ယူကေနိုင်ငံတို့က ပိတ်ပင်အရေးယူထားသည်။ ကုလသမဂ္ဂသည် အဆိုပါဟိုတယ်၌ ၂၀၁၄ ခုနှစ်မှစတင်၍ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် သုံးစွဲထားသည်ဟု ခန့်မှန်းရရှိသည်။", "ဆီးရီးယားနိုင်ငံရှိ ကျန်းမာရေး အဆောက်အအုံများအတွက် WHO ၏ ထောက်ပံ့ကူညီမှုများအပေါ် ခြေရာခံစစ်ဆေးနိုင်စွမ်း မရှိမှုအပေါ် အခြား WHO အရာရှိများက စိုးရိမ်မကင်းဖြစ်နေကြသည်။ ဇန်နဝါရီလအတွင်းက စာပေးစာယူများအရ ဆီရီးယားနိုင်ငံမြောက်ပိုင်းရှိ ကျန်းမာရေးစီမံကိန်းတစ်ခုသို့ ရှောင်တခင်ဝင် ရောက်စစ်ဆေးသည့်အခါ WHO က ပေးအပ်ထားသည့်အရာနှင့် အမှန်တကယ် တွေ့ရှိသည့် အနေအထားအကြား ကွဲလွဲမှုများကို စိုးရိမ်ဖွယ်တွေ့ရှိခဲ့ရကြောင်း ဝန်ထမ်းများက ရေးသားသည်။", "၎င်းတို့ ဖော်ထုတ်တွေ့ရှိရသည့် အချက်များမှာ “စစ်ဆေးခဲ့သော ဆေးဝါး ပစ္စည်းအရေအတွက်သည် ပြေစာပါစာရင်းနှင့် မကိုက်ညီခြင်း၊ ဝန်ထမ်းများကို ဆေးဝါးသင်တန်း ပေးအပ်ထားမှု မရှိခြင်း၊ ဘီးတပ်ကုလားထိုင်၊ ချိုင်းထောက်၊ နားကြားကိရိယာများအပါအဝင် ဆေးပစ္စည်းများ ပျောက်ဆုံးနေခြင်း၊ ဆေးဝါးကိရိယာပစ္စည်းများ သိမ်းဆည်းရန် ငှားရမ်းထားသည့် အဆောက်အအုံအများစုမှာ အခွံချည်း ဖြစ်နေခြင်းစသည့် အချက်များဖြစ်သည်။", "မဂ်တီမိုဗာ၏ အထက်လူကြီးဖြစ်ပြီး WHO မြေထဲပင်လယ် အရှေ့ပိုင်းဒေသ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ အာမက် အယ်မန်ဒါရီ (Ahmed Al-Mandari) ကလည်း ဆီးရီးယားရုံး၏ အသုံးစရိတ်များကို တာဝန်မယူနိုင်ခြင်းအတွက် သူ့ကို ဆူပူကြိမ်းမောင်းခဲ့သည်။ ယမန်နှစ် အောက်တိုဘာလအတွင်း ပေးပို့ခဲ့သော အီးမေးလ်တစ်စောင်တွင် မဖြေရှင်းရသေးသည့် စာရင်းစစ်ကန့်ကွက်ချက်များနှင့် စည်းကမ်းမလိုက်နာမှု ပြဿနာအများအပြား ရှိနေကြောင်း အာမက် အယ်မန်ဒါရီက သူ့ကိုပြောကြားသည်။", "ထို့အပြင် ဆီးရီးယားနိုင်ငံ၌ ငွေကြေးသုံးစွဲမှုဆိုင်ရာ အသေးစိတ် အစီရင်ခံစာများ မပေးပို့သေးဘဲ သတ်မှတ်ပေးပို့ရက်ထက် များစွာကျော်လွန်နေသဖြင့် “ချက်ချင်း အရေးယူဆောင်ရွက်ရန်” ညွှန်ကြားရေးမှူးက သူ့ကိုမှာကြားသည်။ အဆိုပါ အသုံးစရိတ်အစီရင်ခံစာများ မရှိဘဲ ဆီရီးယားနှင့် WHO တို့ သည် ၎င်းတို့ထံ လှူတမ်းထားသည့် ငွေကြေးပစ္စည်းများကို မူလ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ အလှူရှင်များအား သက်သေအထောက်အထား ပြသနိုင်မည် မဟုတ်ပေ။", "မဂ်တီမိုဗာသည် သူနှင့် ပုဂ္ဂိုလ်ရေးပတ်သက်နေသည့် ပစ္စည်းပေးသွင်းသော လုပ်ငန်းရှင်တစ်ဦးအား ဒေါ်လာသန်းပေါင်းများစွာတန်သည့် ပို့ဆောင်ရေးလုပ်ငန်းတစ်ခု အပ်နှံခြင်း အပါအဝင် မေးခွန်းထုတ်စရာ ရှိသော ကန်ထရိုက်အများအပြားတွင် ပါဝင်ပတ်သက်နေသည်ဟု ပစ္စည်းဝယ်ယူရေးလုပ်ငန်းနှင့် သက်ဆိုင်သော WHO အရာရှိ ၃ ဦးက စုံစမ်းရေးမှူးများကို ပြောကြားသည်။ ပုံမှန်အားဖြင့် ဆီရီးယား အစိုးရက ဦးစွာတင်ပြ တောင်းခံရမည်ဖြစ်သော်လည်း ထိုသို့တောင်းဆိုမှုမရှိဘဲ မဂ်တီမိုဗာနှင့် နီးစပ်သော ဝန်ထမ်းတစ်ဦးက ဆေးဝါးများဝယ်ယူရန် ဒေါ်လာ ၂၀,၀၀၀ လက်ခံရယူခဲ့သည်ဟု သတင်းရရှိသည်။", "ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများအတွက် “အလွန်အဆင့်မြင့်သော ဆာဗာ ကွန်ပျူတာနှင့် လက်ပတော့ကွန်ပျူတာများ”၊ ရွှေဒင်္ဂါးများ၊ ဈေးကြီးမြင့်သော မော်တော်ကားများ အပါအဝင် တံစိုးလက်ဆောင်များ ဝယ်ယူပေးအပ်ရန် မဂ်တီမိုဗာက WHO ရန်ပုံငွေများကို သုံးစွဲခဲ့သည်ဟု အနည်းဆုံးဝန်ထမ်း ၅ ဦးက တိုင်ကြားသည်။ အဆိုပါ စွပ်စွဲချက်များကို AP သတင်းဌာနက အတည်ပြုနိုင်သည့်အနေအထား မရှိပါ။ ထို့အပြင် လောင်စာဆီကဲ့သို့ အခြေခံကုန်ပစ္စည်း များကို ဆီးရီးယားအစိုးရ ထိပ်တန်းအဖွဲ့ဝင်များထံမှ ဈေးနှုန်းအမြင့်ဖြင့် ဝယ်ယူရန် ၎င်းတို့ကို ဖိအားပေးခံရပြီး ထိုသို့မဝယ်ယူပါက ဘေးဖယ်ထားခြင်းခံကြရသည်ဟု WHO ဝန်ထမ်းအများအပြားက ဆိုသည်။", "မကြာသေးမီနှစ်များအတွင်း ကုလသမဂ္ဂကျန်းမာရေး ကဏ္ဍအဖွဲ့အစည်း၏ အုပ်ချုပ်ရေးညံ့ဖျဉ်းမှုအတွက် တိုင်ကြားစာ အမြောက်အများပေါ်ထွက်ခဲ့အပြီး WHO ၏ ဆီရီးယားနိုင်ငံဆိုင်ရာ အကြီးအကဲအပေါ် ယခုကဲ့သို့ စွပ်စွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။", "ကွန်ဂိုနိုင်ငံ၌ ၂၀၁၈-၂၀၂၀ ပြည့်နှစ်ကာလ အီဘိုလာကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အချိန်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရှိခဲ့ကြောင်း WHO ခေါင်းဆောင်ပိုင်းထံသို့ သတင်းပေးပို့ခဲ့သော်လည်း ၎င်းတို့က ရပ်တန့်အောင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း လွန်ခဲ့သည့်မေလအတွင်း AP က သတင်းတစ်ပုဒ် တင်ပြခဲ့သည်။ နောက်ပိုင်းတွင် WHO ညွှန်ကြားမှုအောက်ရှိ ဝန်ထမ်း ၈၀ ကျော်သည် အမျိုးသမီးများ အပေါ် လိင်အမြတ်ထုတ်ခဲ့ကြကြောင်း စစ်ဆေးရေးအဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့ရသည်။", "ထို့အပြင် ဇန်နဝါရီကလည်း WHO ၏ ပစိဖိတ်အနောက်ပိုင်းဒေသ ညွှန်ကြားရေးမှူး ဒေါက်တာ တာကေရှီ ကာစိုင်း (Takeshi Kasai) သည် ဝန်ထမ်းများအား ဆူပူရာ၌ လူမျိုးရေးခွဲခြားသည့် စကားလုံးများသုံးစွဲခဲ့ပြီး အရေးကြီးသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များကို ၎င်း၏ မိခင်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသို့ မလျော်မကန် မျှဝေပေးအပ်ခဲ့သည်ဟု အဆိုပါရုံးရှိ WHO ဝန်ထမ်းများက ပြောဆိုကြောင်း AP က သတင်းတင်ပြခဲ့သည်။ ကနဦးစုံစမ်းမှုများအရ တိုင်ကြားချက် အချို့ကို သက်သေပြုနေသည့်အချက်များ ပေါ်ထွက်ခဲ့အပြီး ဩဂုတ်တွင် WHO က Kasai ကို ရာထူးမှ အပြီးတိုင်ဖယ်ရှားခဲ့သည်။", "ဝါရှင်တန်ရှိ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာန၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဂျေဗီယာ ဂက်ဇမန်း (Javier Guzman) က WHO မှ မဂ်တီမိုဗာနှင့် စပ်လျဉ်း၍ လတ်တလောစွပ်စွဲချက်များသည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပြီး ၎င်းကိစ္စမှာ ထူးခြားဖြစ်စဉ်တစ်ရပ်အဖြစ် တသီးတခြားပေါ်ပေါက်နေခြင်း ဖြစ်ဖွယ်မရှိကြောင်း ပြောဆိုသည်။", "“ဒါ စနစ်တစ်ခုလုံးနဲ့ ဆိုင်တဲ့ ပြဿနာဆိုတာ ထင်ရှားပါတယ်။ ဒီလိုစွပ်စွဲမှုမျိုးဟာ WHO ရုံး တစ်ရုံးထဲမှာ ဖြစ်ပွားနေတာမဟုတ်ဘဲ ဒေသပေါင်းစုံက ရုံးတွေမှာ ပေါ်ပေါက်နေတာပါ” ဟု ဂက်ဇမန်းက ပြောသည်။", "ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ စံနမူနာပြကျင့်ဝတ်သိက္ခာပြည့်ဝသူအဖြစ် အချို့က ရှုမြင်နေသော တက်ဒရော့စ်သည် ကာကွယ်ဆေးထိုးနှံနိုင်မှု မညီမမျှဖြစ်နေခြင်းကို ဝေဖန်ပြစ်တင်ခဲ့သလို ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် ကမ္ဘာ့နိုင်ငံများအား ဆော်ဩနေခဲ့လင့်ကစား အုပ်ချုပ်မှုညံ့ဖျင်းသည့် သတင်းများကြောင့် WHO အပေါ် ယုံကြည်အားကိုးမှုကို ဆိုးဝါးစွာထိခိုက်စေသည်။ မဂ်တီမိုဗာနှင့် ဆီးရီးယားရုံးအကြောင်း မည်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကိုမဆို လူသိရှင်ကြားထုတ်ပြန်ပေးရန် ဂက်ဇမန်းက WHO ကို တောင်းဆိုထားသည်။", "စုံစမ်းစစ်ဆေးရေး အစီရင်ခံစာများကို ပုံမှန်အားဖြင့် အများပြည်သူသို့ ဖြန့်ဝေခြင်းမရှိကြောင်း၊ သို့သော် အားလုံးစုစည်း၍ မည်သူမည်ဝါ အတိအကျဖော်ပြချက်များကို ဖယ်ရှားထားသည့် အချက်အလက်များကိုမူ အမှုဆောင်ဘုတ်အဖွဲ့ထံသို့ မျှဝေပေးအပ်ပြီး အများပြည်သူဖတ်ရှုနိုင်ရန် ထုတ်ပြန်ပေးကြောင်း WHO က ပြောကြားသည်။", "(AP သတင်းပါ MARIA CHENG ၏ “WHO Syria boss accused of corruption, fraud, abuse, AP finds” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်)။"]
https://yktnews.com/2024/06/170118/
Breaking News – ကျောက်မဲမြို့ အခြေစိုက် စကခ ၁ လက်အောက်ခံ စစ်ကောင်စီ တပ်သား ၁၇ ဦး လက်နက်ချ အညံ့ခံ
["Breaking News – ကျောက်မဲမြို့ အခြေစိုက် စကခ ၁ လက်အောက်ခံ စစ်ကောင်စီ တပ်သား ၁၇ ဦး လက်နက်ချ အညံ့ခံ", "ရန်ကုန်၊ ဇွန် ၂၆", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ အခြေစိုက် စကခ ၁ လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ကပြောဆိုသည်။", "ယနေ့ဇွန်လ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသည် တအာင်းတပ်မတော် PSLF/TNLA ထံ လက်နက်ချအညံ့ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/05/162528/
Breaking News – ဆောမြို့နယ်၊ ပေါက်တောရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ကနဦး သိရ
["Breaking News – ဆောမြို့နယ်၊ ပေါက်တောရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ကနဦး သိရ", "ရန်ကုန်၊ မေ ၁၄", "မကွေးတိုင်း၊ ဆောမြို့နယ်၊ ပေါက်တောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၄ ရက်နေ့ ညနေပိုင်းတွင် ဆောမြို့နယ်၊ ပေါက်တောရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး ဆောမြို့နယ်၊ ပေါက်တောရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲသွားတာ ဒီနေ့ ညနေပိုင်း လောက်က ၈ လသား ကလေးငယ် အပါအဝင် ပြည်သူ ၇ ဦး သေဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာပြင်းထန်တဲ့သူ ၃ ဦးလောက်ရှိတယ်လို့ ကနီဦးသိထားရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/05/103260/
Breaking News – တောင်ငူမြို့ အကျဥ်းထောင်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ကြောင်း ကနဦးသိရ
["Breaking News – တောင်ငူမြို့ အကျဥ်းထောင်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ကြောင်း ကနဦးသိရ", "ရန်ကုန်၊ မေ ၁၈", "ပဲခူးတိုင်း၊ တောင်ငူမြို့ အကျဥ်းထောင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ အကျဥ်းထောင်၌ ရုံးထုတ်ပြီး ပြန်လာသည့် အကျဥ်းသား ၃ ဦးက ထွက်ပြေးစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး အကျဥ်းသား ၃ ဦးလုံး ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရသည်။", "” လွတ်သွားတာက ရုံးထုတ်ပြီး ပြန်သွင်းတဲ့အချိန်မှာ သေနတ်လုပြီး ထွက်ပြေးတာကနေ ပစ်ခတ်မှုဖြစ်ပြီး လွတ်သွားလို့ သိရတယ်။ မော်လမြိုင်က သေမိန့်ကြပြီးသား ၃ ဦးလို့လည်းပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ အခု စစ်ခွေးတွေပါ ရောက်နေပြီး ရမ်းကားနေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2022/12/78116/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်၊ အမှုအားလုံးပြီးပြတ် သွားချိန် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထား
["Breaking News – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်၊ အမှုအားလုံးပြီးပြတ် သွားချိန် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထား", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ယနေ့ ထောင်ဒဏ် ၇ နှစ်ထပ်မံချမှတ်ကြောင်း တရားရုံးသတင်းရပ်ကွက်က အတည်ပြုသည်။", "ယနေ့ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အပေါ် မတရားအမှု ဆင် ဖမ်းဆီးထားသော အမှုလက်ကျန်များအတွက် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း၊ မူလကလည်း ဒေါ်အောင်ဆန်း စုကြည် အပေါ် စစ်ကောင်စီက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားပြီးဖြစ်ရာ အမှုအားလုံးပြီးပြတ်ချိန်တွင် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥပဒေနှင့်မညီဘဲ အာဏာသိမ်းယူခဲ့ပြီး လက်ရှိအချိန်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန်၊ စစ်တပ်၏ အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုမှု နှင့်နိုင်ငံတကာ၏ ဖိအားများကို ငြင်းဆန်နေဆဲဖြစ်သည်။"]
https://yktnews.com/2023/06/109955/
Breaking News – ပုလဲမြို့နယ်၊ မြောက်ပန်းတောက်ကုန်းရွာအနီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ
["Breaking News – ပုလဲမြို့နယ်၊ မြောက်ပန်းတောက်ကုန်းရွာအနီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဇွန် ၂၇", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြောက်ပန်းတောက်ကုန်းရွာအနီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း Union Liberation Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်ခန့်တွင် Jet Fighter အကြမ်းဖက် စစ်တပ်က မြောက်ပန်းတောက်ကုန်းရွာအနီး ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ်၏ Jet Fighter ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာများ အပါအဝင် ပြည်သူများပါ ထိခိုက် သေဆုံးမှုရှိ​ပြီး ပစ်ခတ် တိုက်ခိုက်ခံရသည့် နေရာ အတိအကျကို အတည်မပြုနိုင်သေးကြောင်း Union Liberation Front – ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/10/126736/
Breaking News – ဖားကန့်မြို့နယ်၊ အနန့်ပါစျေးနှင့်ကျေးရွာများကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်၊ ကံဆီးကျေးရွာ စစ်တပ်ဗျူဟာကုန်းကလည်း လက်နက်ကြီးများ တောက်လျှောက်ဆိုသလို ပစ်ခတ်နေ
["Breaking News – ဖားကန့်မြို့နယ်၊ အနန့်ပါစျေးနှင့်ကျေးရွာများကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်၊ ကံဆီးကျေးရွာ စစ်တပ်ဗျူဟာကုန်းကလည်း လက်နက်ကြီးများ တောက်လျှောက်ဆိုသလို ပစ်ခတ်နေ", "အနန့်ပါ လေကြောင်းတိုက်ခိုက်မှု ၁ နှစ်ပြည့်တွင် တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကျဲသဖြင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေ", "ရန်ကုန်၊ အောက်တိုဘာ ၁၆", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါစျေးနှင့်ကျေးရွာများကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ဖားကန့်မြို့နယ်၊ တပ်မဟာ ၉ နှင့် အနန့်ပါကျေးရွာနှင့်စျေးပတ်ဝန်းကျင်ကို စစ်တပ်က တိုက် လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအနီးတွင် အထိုင်ချထားသော စစ်တပ်ဗျူဟာကလည်း လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေကြောင်း၊ ယနေ့ အနန့်ပါစျေးနှင့်ကျေးရွာိကု ဗုံးကျဲတိုက်ခိုက်ချိန်သည် ယခင်နှစ် ပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့သော အနန့်ပါ လေကြောင်းတိုက်ခိုက်မှု ၁ နှစ်ပြည့်ချိန်နှင့်လည်း တိုက်ဆိုက်နေပြီး စစ်တပ်က တမင်တကာ ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။", "“လေယာဉ်နဲ့ ဗုံးကျဲတာက ၄ လုံးကျဲချသွားတယ်။ အခု ကံဆီးဗျူဟာကုန်းကနေ ဟောင်ဇာ လက်နက်ကြီးကျည်တွေ တောက်လျှောက်ပစ်နေတယ်။ အခု ထိခိုက်သေဆုံးမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ တက်လာပေမယ့် အတိအကျ မသိရသေးဘူး။ ကံဆီးဗျူဟာကနေ ပစ်နေတာက လက်နက်ကြီးကျည် ၉ လုံး လောက်ရှိနေပြီ။ အဲဒီဘက်က အင်တာနက် ဖြတ်တောက်ခံထားရတဲ့နေရာ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။", "ဖားကန့်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး အမြှောက်ဖြင့် ပစ်ခတ်မှုများကို ယခုရက်ပိုင်းအတွင်း တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း KIA သတင်းရင်းမြစ်နှင့် ဒေသ ပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/05/102508/
Breaking News – မိုခါက စူပါ ဆိုင်ကလုန်းမုန်တိုင်းကြီး (Super Cyclonic Storm Mocha) အဖြစ် အသွင်ပြောင်းလဲပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၁ မိုင်နှုန်းဖြင့် ရခိုင်ကမ်းခြေသို့ ဦးတည်နေ
["Breaking News – မိုခါက စူပါ ဆိုင်ကလုန်းမုန်တိုင်းကြီး (Super Cyclonic Storm Mocha) အဖြစ် အသွင်ပြောင်းလဲပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၁ မိုင်နှုန်းဖြင့် ရခိုင်ကမ်းခြေသို့ ဦးတည်နေ", "ရန်ကုန်၊ မေ ၁၄", "ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် အလွန်ပြင်းထန်သော စူပါ ဆိုင်ကလုန်းမုန်တိုင်းကြီး (Super Cyclonic Storm Mocha) အဖြစ် အသွင်ပြောင်းလဲသွားပြီး မုန်တိုင်းအဆင့် သတ် မှတ်ချက် အဆင့် ၅ ( Category 5 ) သို့ ရောက်ရှိသွားကြောင်း Joint Typhoon Warning Center ကသတင်းထုတ်ပြန်ထားသည်။", "လက်ရှိအချိန်တွင် အလွန်ပြင်းထန်သော စူပါ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြီး (Super Cyclonic Storm Mocha) သည် လေတိုက်နှုန်း တစ်နာရီလျှင် လေတိုက်နှုန်း ၁၆၁ မိုင်နှုန်း ( 140 Knots) ဖြင့် ရခိုင်ကမ်းခြေသို့ ဦး တည်တိုက်ခတ်နေကြောင်း သိရှိရသည်။", "လက်ရှိတွင် Super Cyclonic Storm Mocha သည် လုံး၀ အင်အား လျှော့ကျသွားခြင်းမရှိဘဲ လေတိုက်နှုန်း ထပ်မံမြင့်မားကာ ဖျက်အားပြင်းသည့် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန် တိုင်း‌ကြီးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86682/
Breaking News – မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ
["Breaking News – မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်ဖမ်းမိကာ လက် နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။", "“ဒီနေ့ မနက် ၆ နာရီမှာ စပြီး တပ်ကို ဝင်စီးတာ။ တိုက်ပွဲထဲမှာ စစ်တပ်ဘက်က ခွေးဗိုလ်လေး ၁ ဦး၊ ခွေးဗိုလ်ကြီး ၁ ဦး နဲ့ တပ်သား ၅ ဦးသေတယ်။ ၅ ဦး အရှင်ဖမ်းမိတယ်။ အဲဒီမှာ ၂ ဦးက အရပ်သားဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းမိတာက တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၂ ဦး ဖမ်းမိတယ်။ တိုက်ပွဲက မနက် ၈ နာရီ ၄၅ မိနစ်မှာပြီးတယ်။ စစ်ခွေးတွေဘက်က ရဟတ်ယာဉ်နဲ့လာပစ်တယ်” ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ ၊ မြစ်ခြေMCKC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ‌ေ၊ Earthquake ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Aerial Team ဘာဂျာ Drone တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "(Facebook ၏ လူမှုကွန်ရက် စံချိန်စံညွန်းများအရ ဖော်ပြနိုင်ခြင်းမရှိသော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/98860တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2024/03/153834/
Breaking News – ရန်ကုန်ရှိ မြို့နယ် ၅ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်
["Breaking News – ရန်ကုန်ရှိ မြို့နယ် ၅ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်", "ရန်ကုန်၊ မတ် ၂၉", "ရန်ကုန်ရှိ မြို့နယ် ၅ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မတ်လ ၂၉ ရက်နေ့ ညပိုင်းတွင် မြောက်ဥက္ကလာမြို့နယ် ၊ လှိုင်မြို့နယ် ၊ အင်းစိန်မြို့နယ် ၊ မင်္ဂလာဒုံမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် သေနတ် ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။", "“ည ၈ နာရီကျော်လောက်က မြောက်ဥက္ကလာမှာ ဗုံးပေါက်တာ ၅ လုံးလောက်ရှိပြီ သေနတ်သံတွေလည်း ကြားရတယ်။ အိမ်ပါလှုပ်သွားတယ် အသံအကျယ်ကြီးပဲ။ လှိုင်မြို့နယ်မှာ ၈ နာရီကျော်လောက်က ပေါက်ကွဲသံ ၃ ကြိမ်ကြားရတယ်။ နောက်ဆုံး အလုံးကတော့ တော်တော်ပြင်းတယ်။ အိမ်တောင်လှုပ်သွားတယ်။ အင်းစိန်မြို့နယ်မှာလည်း ပေါက်ကွဲသံ ကြားရတယ်။ တော်တော်ကျယ်တယ်။ မင်္ဂလာဒုံ လေတပ်ဝင်းထင်တယ်။ အသံက တော်တော်ကျယ်တယ်။ မြေပါ လှုပ်တယ်။ သင်္ဃန်းကျွန်းမှာလည်း ဗုံးပေါက်တယ် အသံကျယ်တယ်” ဟု မြို့နယ်နေ ပြည်သူများက ပြောဆိုသည်။", "အဆိုပါ ပေါက်ကွဲမှုများသည် မည်သည့်နေရာတွင် ဖြစ်ပွားသည်ကို ရန်ကုန်ခေတ်သစ် မီဒီယာ အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။"]
https://yktnews.com/2023/01/80039/
Breaking News- KNU နယ်မြေရှိ ရွှေတွင်းလုပ်ကွက်များကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦးထက်မနည်းသေဆုံး၊ ရွှေတွင်း လုပ် သား အနည်ဆုံး ၅၀ နီးပါး သေဆုံး နိုင်ပြီး ပျောက်ဆုံးမှု များရှိနေဟုဆို
["Breaking News- KNU နယ်မြေရှိ ရွှေတွင်းလုပ်ကွက်များကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦးထက်မနည်းသေဆုံး၊ ရွှေတွင်း လုပ် သား အနည်ဆုံး ၅၀ နီးပါး သေဆုံး နိုင်ပြီး ပျောက်ဆုံးမှု များရှိနေဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၉", "ကရင်ပြည်နယ်၊ KNU နယ်မြေရှိ ရွှေတွင်းလုပ်ကွက်များကို စစ်ကောင်စီက တိုက် လေယာဉ် များဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၆ ဦးထက်မနည်း သေဆုံး ကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ပြီး ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်များအဆိုအရ စစ်တပ်တိုက်လေယာဉ်ဖြင့်ဗုံးကျဲမှုကြောင့် သေဆုံး သူ ရွှေအလုပ်သမား ၅၀ နီးပါးရှိနိုင်ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၀ နာရီအချိန် KNU တပ်မဟာ ၅ နယ်မြေ အတွင်း သို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်၊ ဗုံးကြဲခဲ့ရာ ပြည်သူ့ ဆေးရုံအပါအဝင် နေအိမ် အဆောက်အဦး ၇ လုံး ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်က ဒွဲ့လိုးမြို့နယ်၊ မဲ့သူ့အုပ်စု၊ ယာယီထာ့ရွာအတွင်းသို့ လေယာဥ်ဖြင့် ဗုံး ၄ လုံး ကျဲချသဖြင့် ဒေါ်နွယ်နီ၊ ၎င်း၏သား ၂ ဦး၊ ချွေးမ ၁ ဦးနှင့် အိမ်အလုပ်သမား ၂ ဦး စုစုပေါင်း ၆ ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“တပ်မဟာ ၅ နယ်မြေဘက်မှာ ရွှေတွင်းလုပ်ကွက်တွေ၊ ရွှေလာရောင်းပြန် ကောက် တဲ့ စျေးဆိုင်တန်းနယ်မြေရှိတယ်။ အဲဒီနေရာကို ကျဲချသွားတာ။ အခု မိသားစု ၅ ဦးကတော့ အတည်ပြုနိုင်ပြီ။ ကျန်တဲ့သူတွေလည်း ပျောက်နေတယ် လို့ပြောတယ်။ အဲဒီနားက ရွှေတွင်း အလုပ်သမားတွေ အတွက် စျေးဆိုင်တန်း လို နေရာမျိုးဆိုတော့ အနည်းဆုံး လူက ၄၀ နဲ့ ၅၀ အကြား အမြဲရှိနေတဲ့နေရာ။ အပေါ်က ကြည့်ရင်တော့ စခန်းလိုလို ဖြစ်နေပေမယ့် တကယ်က ရွှေတွင်း စျေးဆိုင် တန်းတွေ။ အတည်ပြုနိုင်သူတွေလည်း အလောင်းတော့ ပြန်မရဘူး။ အကုန် မွစာကျဲသွားတာ” ဟု KNU သတင်းရင်းမြစ်တစ်ခုက ပြောသည်။", "လက်ရှိတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသွားသော နေရာကို ဆက် လက် စိစစ်နေဆဲဖြစ်ပြီး အထိအခိုက် သေဆုံးမှု အတိအကျ ဆက်လက် စုံစမ်း နေဆဲဖြစ်ကြောင်း၊ သေဆုံးမှုအနေဖြင့် ရွှေတွင်းလုပ်သား ၅၀ နီးပါး ရှိနိုင် ကြောင်း သိရှိရသည်။", "“တပ်မဟာ ၅ ဒေးဖိုးနို ကနေ စပစ် လာပြီးတော့ တပ်မဟာ ၁ မဲပလီ အထက် နား သစ်ခေါထရွာအနီး ရွှေတွင်းလုပ်ကွက်၊ စျေးဆိုင်တန်းတစ်လျှောက် ပစ်ချ သွားတာ။ ရွှေတွင်း ရွှေ့ပြောင်းလုပ်သားတွေ ယာယီစုပေါင်းနေထိုင်ရာ တဲလိုင်း ခန်းတွေနဲ့ တဲစုတွေအားလုံးပစ်ချခံခဲ့ရတယ်။ ရွှေတွင်းလုပ်သား ၄၅ နဲ့ ၅၀ ကြားသေဆုံးနိုင်တယ်”ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2025/02/203293/
Breaking News- Khit Thit သတင်းဌာနက သတင်းဖော်ပြခဲ့သည့် ပါကစ္စတန်နိုင်ငံသား တချို့အပါအဝင် နိုင်ငံခြားသား ၅၀ ဦးကျော်ကို DKBA က ကျားဖြန့်ဂိုဏ်းများထံမှ ပြန်လည် ကယ်ဆယ်ထားပြီး မိခင်နိုင်ငံများသို့ ပြန်နိုင်ရေး ထိုင်းဘက်သို့ ပြန်လည် လွှဲပြောင်းမည်
["Breaking News- Khit Thit သတင်းဌာနက သတင်းဖော်ပြခဲ့သည့် ပါကစ္စတန်နိုင်ငံသား တချို့အပါအဝင် နိုင်ငံခြားသား ၅၀ ဦးကျော်ကို DKBA က ကျားဖြန့်ဂိုဏ်းများထံမှ ပြန်လည်ကယ်ဆယ်ထားပြီး မိခင်နိုင်ငံများသို့ ပြန်နိုင်ရေး ထိုင်းဘက်သို့ ပြန်လည် လွှဲပြောင်းမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသရှိ တရုတ်ကျားဖြန့်ဂိုဏ်းများတွင် ပါကစ္စတန်နိုင်ငံသား ၅ ဦးထက်မနည်း လူကုန်ကူးခံရထားပြီး နှိပ်စက်ခံနေရကြောင်း Khit Thit Media က ယနေ့ သတင်းများ ဖော်ပြခဲ့ရာ ယင်းသတင်းတွင် ပါဝင်သော ပါကစ္စတန်နိုင်ငံသားတချို့ အပါအဝင် လူကုန်ကူးခံထားရသော နိုင်ငံခြားသား ၅၀ ဦးကျော်ကို ကယ်ဆယ်ထားနိုင်ပြီဖြစ်ကြောင်း DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "Khit Thit သတင်းဌာနက သတင်းဖော်ပြခဲ့သော ပါကစ္စတန်နိုင်ငံသားတချို့ကို DKBA တပ်ဖွဲ့မှ တာဝန်ရှိသူ များက တရုတ်ကျားဖြန့်ဂိုဏ်းများတွင် သွား ရောက် ရှာဖွေကာ စစ်ဆေး ခေါ်ယူနိုင်ခဲ့ကြောင်း ၊ အခြားသော နိုင်ငံခြားသား များကိုလည်း ကယ်ဆယ်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ရန်ကုန်ခေတ်သစ်မှာ BGF လက်အောက်ခံ ကျောက်ခက်မှာ ပါကစ္စတန် ၃ ယောက် ကို ဓာတ်ပုံနဲ့ တွေ့ရတယ်။ ညီအစ်ကို ၂ ယောက်နဲ့ သူ့ အဖော် တစ်ယောက်ပေါ့၊ အခု မြဝတီပို့လိုက်တော့ နိုင်ငံတော်အစိုးရက စာတင်နေတုန်း မပို့နိုင် သေးဘူး ဆိုတော့ ကျနော်က ပြန်ခေါ်လာလိုက် တယ်၊ ဒီမှာလည်း ၁၆ ယောက် တော့ရှိပြီ။ အားလုံးပေါင်း လိုက်ရင် ၅၀ ကျော်ရှိပြီ။ အဲဒီပါကစ္စတန်နိုင်ငံသား ၃ ဦးအပါပေါ့၊ ဒီနေ့ ရန်ကုန်ခေတ်သစ်တင်ထားတဲ့ သူတွေ က ရှာတွေ့ပြီ။ သူတို့မိဘတွေရော နိုင်ငံခြားကနေ Video Call နဲ့ပြောကြတယ်။ ကျောက်ခက်မှာအကုန်လုံးလိုက်မွှေပြီးပြီ။ ပါကစ္စတန်နိုင်ငံသား ၃ ယောက်ပဲရှိတယ်။” ဟု DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ကယ်ဆယ်ရရှိထားသူများကို မကြာမီ မိခင်နိုင်ငံသို့ ပြန်နိုင်ရေး ထိုင်းဘက်အခြမ်းမှ တစ်ဆင့် ပြန်လည် လွှဲပြောင်းမည်ဖြစ်ကြောင်း၊ လွှဲပြောင်းနိုင်ရေးအတွက် စစ်ကောင်စီထံသို့ စာတင်ပြထားဆဲဖြစ်ကြောင်း၊ လက်ရှိတွင် မြ၀တီတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း သိရှိရသည်။", "လက်ရှိ စုဆောင်းကယ်ဆယ် ရရှိထားသူများမှာ ပါကစ္စတန်၊ နီပေါ၊ ဖိလစ်ပိုင်နှင့် အာဖရိက လူမျိုးများဖြစ်ပြီး တစ်ခါတည်းလွှဲပြောင်းပေးပို့နိုင်ရန် စိစစ်နေကြောင်း၊ လက်ရှိတွင် DKBA တပ်ဖွဲ့က စောင့်ရှောက်ပေး ထားကြောင်း သိရသည်။", "“မနက်ဖြန် မဟုတ်ရင် သဘက်ခါ လောက်ပို့ဖို့ရှိတယ်။ အခုပြန်ချင်တဲ့သူတွေကို လိုက်စုနေတယ်။ ပါ ကစ္စတန်က ၃ ယောက်၊ နောက်ပြီးတော့ နီပေါနိုင်ငံသားတို့၊ ဖိလစ်ပိုင်တို့ အာဖရိကဘက်ကတော့ အများအပြားပဲ၊ စုထားတယ်၊ တစ်ဘရိတ် တည်း ဘယ်လိုမျိုးပို့မလဲတောင် ဇဝေဇဝါဖြစ်နေတယ်။ အစိုးရနဲ့ ပို့ရင်လည်း သူတို့က ကြာတယ်။ ထိုင်းနိုင်ငံနဲ့ဆိုရင်လည်း တရားဝင်ဖြစ်အောင် ဘယ် လိုပို့ မလဲ လုပ်ဆောင်နေပါတယ်။လက်ရှိဘယ်လို သွားမလဲဆိုတာ DKBA အရာရှိတချို့နဲ့တိုင်ပင်ထား တယ်။ လွှဲအပ်ပေးဖို့ လက်ရှိစစ်နေတယ်။ ကျောက်ခက်မှာရှိတဲ့ တရုတ်ထဲက ပြန်ချင်တဲ့ ကလေးတွေ ကို အကုန်ပို့မယ်။ အခုလည်း ပြန်တဲ့ သူတွေကို တရုတ်ဆိုက်ထဲမှာ မထားဘူး၊ ခေါ်ထုတ်ထားတယ် ။” ဟု DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးက ရှင်းပြ သည်။", "DKBA တပ်ဖွဲ့အနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို ရှင်းလင်းသွား မည်ဖြစ်ပြီး ရှင်းလင်းပြီးစီးပါက ထိုင်းနိုင်ငံကို ဖိတ်ခေါ်ကာ လျှပ်စစ်မီး၊ လောင်စာပိတ်ပင်မှု ပြန်လည် ဖွင့်ပေးနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးက ပြောဆိုသည်။"]
https://yktnews.com/2023/12/134102/
Breaking News- ကိုးကန့်ဒေသ၊ ရှီးရှမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်ရင်းတစ်ခုလုံး ပြုတ်သည်အထိ သေဆုံးခဲ့ကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း အတည်ပြု
["Breaking News- ကိုးကန့်ဒေသ၊ ရှီးရှမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်ရင်းတစ်ခုလုံး ပြုတ်သည်အထိ သေဆုံးခဲ့ကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း အတည်ပြု", "စစ်ကောင်စီတပ်သားများ ရာဂဏန်းချီ အစုလိုက်အပြုံလိုက်သေဆုံးနေပြီး ထိုဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ ရှီးရှမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်ရင်းတစ်ခုလုံး သေဆုံးခဲ့ကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း အတည်ပြုပြောဆိုသည်။", "MNDAA တပ်များက ကိုးကန့်၊ ရှီးရှမ်းဒေသတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နယ်မြေ ရှင်းလင်းလုပ်စဉ် စစ်ကောင်စီတပ်ရင်းတစ်ခုနှင့်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းတစ်ခုလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကိုးကန့်ဒေသ ရှီးရှမ်း‌ဒေသ လျှောက်ကိုင်းရွာအုပ်စု၊ ၀ဆူဆိုက်ရွာနဲ့ စူစာဆိုက်ရွာအကြား တောင်ကုန်းကို ကျနော်တို့ နယ်မြေရှင်းလင်းစဉ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပြီး အကုန်လုံးကို ရှင်းလင်းနိုင်ခဲ့တာပါ” ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်က ရရှိထားသော ဗီဒီယိုထဲတွင် စစ်ကောင်စီတပ်သား ရာဂဏန်းနီးပါး တောင်ကုန်းဘေး လမ်းဘေးတွင် အစုလိုက်အပြုံလိုက် သေဆုံးပြီး ယင်းဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/149390တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။"]
https://yktnews.com/2023/11/129446/
Breaking News- ကောလင်းမြို့နယ် မြို့မရဲစခန်းနှင့် အထက ၁ ကျောင်းတွင် တပ်စွဲထားသော စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်
["Breaking News- ကောလင်းမြို့နယ် မြို့မရဲစခန်းနှင့် အထက ၁ ကျောင်းတွင် တပ်စွဲထားသော စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် မြို့မရဲစခန်းနှင့် အထက ၁ ကျောင်း၌ တပ်စွဲထားသော စစ်တပ် စ ခန်း ၂ ခုကို တော်လှန်ရေး တပ်ဖွဲ့များသိမ်းပိုက်ထားပြီး ကောလင်းမြို့ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ဝိုင်းထားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့နိုဝင်ဘာလ ၃ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီခန့်အချိန်မှ စတင်ကာ ကောလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ အထက ၁‌ ကျောင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းနှင့် အထက ၁ ကျောင်းရှိ စစ်တပ်စခန်း ၂ ကို သိမ်းပိုက်ရရှိထားကာ ထွေအုပ်ရုံးရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းထားကြောင်း ဆဲဖြစ်ကြောင်း သိရသည်။", "“တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲ၊ ပစ်တာတွေတော့ရှိတယ်၊ ဆက်တိုက်တော့မဟုတ်ဘူး၊ ဝန်းသို စစ်တပ် ကနေ ဟောင်ဝှစ်ဇာနဲ့ လှမ်းထုလိုက်နားလိုက်နဲ့၊ ပြီးတော့ Mi 35 ရဟတ်ယာဉ်နဲ့ လာပစ်သွားသေးတယ်၊ လေးကြိမ်လား၊ ငါးကြိမ်လား မသိဘူး၊ ရဲစခန်းနဲ့ အထက ၁ ကျောင်းမှာ တပ်စွဲထားတဲ့ စခန်းတွေကို သိမ်းလိုက်ပြီ၊ အခုက ထွေအုပ်ရုံးမှာရှိတဲ့ စစ်သားတွေကို ဝိုင်းထားတာ၊ မြို့သိမ်းမယ့်သဘောထင်တယ်၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ Mi 35 ရဟတ်ယာဉ်ဖြင့် ၄ ကြိမ်ထက် မနည်းတိုက်ခိုက်ခဲ့ပြီး ကောလင်းမြို့နေပြည်သူများမှလည်း ပိတ်နေသူများရှိကြောင်း၊ ဝန်သိုမြို့ပေါ်မှ အကြမ်းဖက်စစ်တပ်ကလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်နေကာ တိုက်ပွဲများ ထပ်မံ ပြင်း ထန်လာမည့်အခြေအနေရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/133879/
Breaking News- ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးတချို့ မီးလောင်နေကာ ခရီးသွားပြည်သူတချို့နှင့်မြို့ခံ ပြည်သူတချို့ ပိတ်မိနေ
["Breaking News- ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးတချို့ မီးလောင်နေကာ ခရီးသွားပြည်သူတချို့နှင့်မြို့ခံ ပြည်သူတချို့ ပိတ်မိနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီမှ စတင်ပြီး KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးတချို့ မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“မနက် ၄ နာရီလောက်ကတည်းက မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ပိတ်ပြီး တိုက်ပွဲတွေဖြစ်နေတာ။ လက်နက်ကြီးတွေ ရော လက်နက်ငယ်တွေရော အဆက်မပြတ်ပဲ။ ကော့ကရိတ်မြို့ပေါ်က စက်မှုလယ်ယာရုံးတွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေ မီးလောင်နေတယ်လို့ သိရတယ်။ ကော့ကရိတ်မြို့နားမှာ ပိတ်မိနေတဲ့ ကားသမားတွေလည်း မြောင်းတွေထဲ ဆင်းပြေးပြီး နေရတယ်။ အခြေအနကတော့ တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ အခုထက်ထိပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်များက ကော့ကရိတ်မြို့ စျေးကြီးအပေါ်တွင် နေရာယူထားကြောင်း၊ မြို့ထဲတွင်ပါ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကော့ကရိတ်မြို့ထဲမှာပါ စစ်တပ်က နေရာယူထားတယ်။ နှစ်ဖက်တော့ ဖြစ်နေကြတာပဲ။ တံတားဦး ခင်နိမ်းမူ ဝင်းကြီး သပြေကုန်း မြို့တော်ဦး ချောင်းတောင် အောက်ရွာ မွေးမြူရေးဇုန်နဲ့ မြို့ပတ်လည်အနှံ့မှာ တိုက်ပွဲတွေက အကြီးအသေး ဖြစ်နေတာ။ အခြေအနေက မှန်းလို့မရသေးဘူး။ တိုက်ပွဲက အရမ်းကို ပြင်းထန်နေတာ။ ပြည်သူတွေ ပိတ်မိတာရှိပေမယ့် အရေအတွက်အရတော့ နည်းပါတယ်။ ကော့ကရိတ်မှာ မနေကြဘဲ ပြည်သူတွေ စစ်ရှောင်နေကြတာကြာပြီ” ဟု ကော့ကရိတ်မြို့ထဲမှ ပြည်သူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2024/01/138881/
Breaking News- ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ ခရစ်ယန်ဘုရားရှိခိုးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ သေဆုံးသူ တိုးလာနိုင်
["Breaking News- ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ ခရစ်ယန်ဘုရားရှိခိုးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ သေဆုံးသူ တိုးလာနိုင်", "ရန်ကုန်၊ ဇန်နဝါရီ ၇", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ၊ အမှတ် ၅ ရပ် ကွက်ရှိ ခရစ်ယာန် ဘုရား ရှိခိုးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၂ ဦး အပါ အဝင် ပြည်သူ ၁၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို A5 တိုက်လေယာဉ်ဖြင့် စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၄ လုံးကျဲချကြောင်း၊ ဘုရားရှိခိုးကျောင်း ဗုံးထိမှန်၍ ကလေးငယ် ၂ ဦး၊ ပြည်သူ ၉ ဦး စုစုပေါင်း ၁၁ ဦးသေဆုံးကြောင်း သိရှိရသည်။", "“ကနန်းစံပြကျေးရွာ ဘုရားကျောင်းကို တိုက်လေယာဉ် A 5 တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံး ကျဲချတာ ပြည်သူ ၉ ဦး သေဆုံးပါတယ်။ ကလေး ၂ ဦးလည်းသေတယ်။ အဲဒီအထဲကမှ တစ်စီ လိုက်ကောက်ရတာက ၃ ဦးရှိပါတယ်။ ဒဏ်ရာရသူအများအပြားရှိပါတယ်။ ဘုရားကျောင်းတက်နေသူ အများအပြား သေဆုံးဒဏ်ရာရပါတယ်။ ဒဏ်ရာရသူ စာရင်း အသေးစိတ်မသိရသေးပါဘူး။ တိုက်လေယာဉ်နဲ့ ထပ်လာကျဲမှာစိုးလို့ ဒဏ်ရာရသူတွေ ကယ်ထုတ်တာကို အမြန်လုပ်နေရပါတယ်။ သေဆုံးသူတိုးလာနိုင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဆန်းပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ထားခဲ့ကြောင်း သိရှိရသည်။", "(ပြင်ဆင်ဖတ်ရှုပါရန်- စာသင်ကျောင်း အစား ဘုရားကျောင်းဟု ပြန်လည် ပြင်ဆင်ထားပါသည်။)"]
https://yktnews.com/2023/11/131259/
Breaking News- ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့ ၏ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံတော်ကို လွှင့်ထူ
["Breaking News- ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့ ၏ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံတော်ကို လွှင့်ထူ", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံကို လွှင့်ထူလိုက်ကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း၊ ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချ တပ်စွဲထားသော စစ်တပ်၏ Tio စစ်စခန်း၊ ရိဒ်စစ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် ရိဒ်ခေါဒါရ်မြို့ သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူလိုက်ကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။", "ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန် သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ပြီး အသည်းပုံ ရိဒ်ရေကန် ရိဒ်မြို့၏ အမှတ်သင်္ကေတလည်းဖြစ်သည်။", "ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီ အလံကို ဖြုတ်ချကာ ချင်းအမျိုးသား အလံတော်ကို လွှင့်ထူထားစဉ်။"]
https://yktnews.com/2023/05/101090/
Breaking News- ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ် မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦး သေဆုံး
["Breaking News- ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ် မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦး သေဆုံး", "ရန်ကုန်၊ မေ ၅", "ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ မဟာဗျူဟာ ဌာနချုပ် စခန်းကို CDF မတူပီ တပ်များက ယနေ့ ညနေပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦးသေဆုံးကြောင်း CDF- Matupiတပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မေလ ၅ ရက်နေ့ညနေ ( ၄)နာရီအချိန်တွင် CDF-Matupi တပ်ရင်း ၁ လင်းယုန်တပ်ရင်းက အထူးစစ်ဆင်ရေး အဖြစ် မတူပီ – ဟားခါး လမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်၏ စစ်ဗျူဟာဌာနချုပ် စခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီးအဆင့် (မတူပီ ယာယီ စစ်ဗျူဟာမှူး)တစ်ဦး နှင့် ဗိုလ်မှူးတစ်ဦး၊ စစ်ဗျူဟာမှူး၏ ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း ၃ ဦး ရှင်းလင်းနိုင်ခဲ့ပြီး MA 3 တစ်လက် ရရှိခဲ့ကြောင်း၊ CDF မတူပီတပ် ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း CDF- Matupi တပ်ရင်း ၁ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ဗျူဟာမှူး ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး ၁ ဦး၊ ယာဉ်မောင်း တပ်သား ၁ ဦးကတော့ သေဆုံးပါတယ်။ သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု CDF- Matupi တပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။", "(မတူပီ စစ်ကောင်စီတပ်၏ စစ်ဗျူဟာဌာနချုပ် စခန်းတွင် သေဆုံးသွားသည့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အကြောင်း မေလ ၆ ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၇ နာရီအချိန်တွင် သတင်းအသေးစိတ် ဆက်လက်ဖော်ပြပါမည်။)"]
https://yktnews.com/2023/11/131227/
Breaking News- ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သော ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်
["Breaking News- ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သော ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချ တပ်စွဲထားသော စစ်တပ်၏ Tio စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ရိဒ်ခေါဒါရ်မြို့ကို ရရှိပြီဖြစ်ကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ဒီညနေပိုင်းမှာ Tio စစ်တပ်စခန်းကို သိမ်းလိုက်ပါပြီ။ ရိဒ်ခေါဒါရ်မြို့ကိုတော့ ကျနော်တို့ ထိန်းချုပ်လို့ရပြီ” ဟု CNA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။", "ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ပြီး အသည်းပုံ ရိဒ်ရေကန် ရိဒ်မြို့၏ အမှတ်သင်္ကေတလည်းဖြစ်သည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်တွင် ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကောင်စီ၏ ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီနောက် ညနေပိုင်းတွင် Tio စစ်စခန်းကို ထပ်မံရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80446/
Breaking News- ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယနေ့ ညနေပိုင်း တွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကျဲ
["Breaking News- ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယနေ့ ညနေပိုင်း တွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကျဲ", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "ချင်းပြည်နယ်၊ ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယနေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကျဲကြောင်း ချင်းအမျိုး သားတပ်ဦး သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၄ နာရီဝန်းကျင်အချိန်တွင် CNF ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ် ၃ စီးဖြင့် ထပ်မံ ဗုံးကျဲခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ဂျက်ဖိုက်တာ အပြာရောင် ၃ စီးနဲ့ ကျဲချသွားတာ။ ထိခိုက်ဒဏ်ရာရရှိမှု အခြေ အနေ မသိရသေးဘူး။ မနေ့က ပထမအကြိမ် ကျဲတာ။ အခုက ဒုတိယအကြိမ် ထပ်ကျဲတာ။ မီးခိုးလုံးတွေ တက်လာတယ်” ဟု ချင်း အမျိုးသား တပ်ဦး နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။", "ယမန်နေ့ နံနက်ပိုင်းကလည်း CNF ဌာနချုပ်ကို ပထမအကြိမ် တိုက်လေယာဉ် ဖြင့် ဗုံးကျဲခဲ့သဖြင့် တော်လှန်ရေးရဲဘော် ၅ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် မီးခိုးလုံးများ တက်လာနေစဉ်။"]
https://yktnews.com/2023/03/95098/
Breaking News- ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းကို PDF တပ်များက တိုက်ခိုက် သိမ်းပိုက်ပြီး စခန်းမှ ရဲများအားလုံး သေဆုံး၊ လက်နက် ခဲယမ်း များသိမ်းဆည်းရမိပြီး စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ
["Breaking News- ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းကို PDF တပ်များက တိုက်ခိုက် သိမ်းပိုက်ပြီး စခန်းမှ ရဲများအားလုံး သေဆုံး၊ လက်နက် ခဲယမ်း များသိမ်းဆည်းရမိပြီး စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ", "ရန်ကုန်၊ မတ်လ၃၁", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ ဝင်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းမှ ရဲများအားလုံး သေဆုံးကာ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေကြောင်း ဒေသကာကွယ်ရေး တပ် များထံမှ သိရှိရသည်။", "မတ်လ၃၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရဲစခန်း ကို ပြည်သူကာကွယ်ရေးအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများအားလုံးသိမ်းဆည်းရမိကြောင်း၊ စစ်တပ်က ရဟတ်ယာဉ် များဖြင့် စစ်ကူလာရောက်ပြီး ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။", "” ဒီနေ့ မတ်လ ၃၁ ရက်နေ့ နံနက်ခင်းပိုင်းက စခန်းသိမ်းနိုင်ခဲ့တယ်။ ကျနော် တို့က ကန်ရဲစခန်းကို မနက် ၉ နာရီမှာဝင်တိုက်တယ်။ နံနက် ၁၁ နာရီ လောက် မှာ စခန်းကိုအပြီးသတ်သိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ စခန်းသိမ်းပြီး နေ့ခင်း ၁၂ နာရီလောက်ရောက်တော့ မုံရွာ နမခကနေ Mi35 ရဟတ်ယာဉ်၊ လေယာဉ်နဲ့ လာပစ်တာတွေလုပ်တယ်။ ကျနော်တို့ဘက် အထိ အခိုက် အသေဆုံး စစ်ဆေးနေဆဲပဲ ။ စခန်းရှိတဲ့ ရဲတွေ စစ်သားတွေ သူတို့ဘက်က တော့ အကုန်ကျတယ်။လက်နက်နဲ့ခဲယမ်းတွေလည်း အကုန်သိမ်းနိုင်ခဲ့တယ်” ဟု ဒေသခံဗိုလ်မကျည်းခေါင်းဆောင်ကပြောသည်။", "ယနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်သော ကန်ရဲစခန်းတွင် စစ်ကောင်စီအင်အား ၇၀ ကျော်ရှိပြီး YRA အပါအဝင် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက် ခိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“Mi35 ၂စီး နဲ့ဂျက်ဖိုက်တာ၁ စီး စုစုပေါင်း ၃ စီးနဲ့ ပစ်တာနေတာ။ အခြေ အနေက ဆိုးပါတယ်” ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။"]
https://yktnews.com/2023/03/90282/
Breaking News- စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့၊ အလောင်း ၁၃ လောင်းလုံး ပြန်လည်ရရှိပြီး ကျန် ၂ လောင်းကို ရှာဖွေနေဆဲ
["Breaking News- စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့၊ အလောင်း ၁၃ လောင်းလုံး ပြန်လည်ရရှိပြီး ကျန် ၂ လောင်းကို ရှာဖွေနေဆဲ", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ကျေးရွာ ၁၅ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်လိုက်ကာ အလောင်းများ ပြန်လည်ကောက်ယူရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မတ်လ၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။", "“တာတိုင်ကျေးရွာ မှ ဆုတ်သွာသွားတဲ့ စစ်ခွေးစစ်ကြာင်းသည် ဓားစာခံ ၁၅ ဦးကို ဖမ်းဆီခေါ်ဆောင်သွားပြီး မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ မရောက်ခင် သရက်ခြံထဲတွင် ဓားစာခံ၁၅ ဦးထဲမှ ၅ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်။ အသတ်ခံရသူတွေက ကိုထွန်းထွန်း (အသက် ၃၅နှစ်- တာတိုင်ကျေးရွာ)၊ ကိုစိုးနိုင်(အသက် ၄၇နှစ်- တာတိုင်ကျေးရွာ)၊ ကိုကျော်စိုး (အသက် ၃၅နှစ်-တာတိုင်ကျေးရွာ)၊ ကိုငလင်း(အသက် ၄၅နှစ်- တာတိုင်ကျေးရွာ)၊ ကိုကျော်ကျော် (အသက် ၃၄နှစ်-တာတိုင်ကျေးရွာ) တို့ဖြစ်ပါတယ်။ နောက်ထပ် ကျန်တဲ့ သူအားလုံးကို သတ်ဖြတ်သွားပါတယ်။ နောက်ထပ် ၈လောင်းတွေ့ထပ်တွေ့တယ်။လက်ရှိ ၆လောင်း ကို မီးသဂြိုဟ်ဖို့လုပ်နေပါတယ်။ ညောင်ရင်းနဲ့ မူး၀ရွာထောင် အကြား ၈လောင်းထပ်တွေ့တယ်။ ကျန်တဲ့ အလောင်းတွေလည်း ဆက်ရှာ နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "တာတိုင်ကျေးရွာသည် အိမ်ခြေ ၇၈အိမ်သာရှိသည့် ရွာ​တစ်ရွာဖြစ်ပြီး ဧရာဝတီမြစ် နှင့် မူးမြစ်တို့ဆုံသည့်နေရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းတွင် တည်ရှိသည်။", "ဓာတ်ပုံ- စစ်တပ်က ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး သတ်ဖြတ်သွားသည့် ပြည်သူ ၁၃ ဦး၏ အလောင်းများ။", "(ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဓာတ်ပုံနှင့် ဗီဒီယိုများကို ကြည့်နိုင်ပါသည်)"]
https://yktnews.com/2024/09/182305/
Breaking News- စစ်ကောင်စီက ကရင်နီ နှင့် ရှမ်းမြောက်တွင် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေးကို “ရန်နိုင်မင်း စစ်ဆင်ရေး” ဟု အမည်ပေးထားပြီး လေကြောင်း ထိုးစစ်နှင့် ခြေလျင်ထိုးစစ်များ ပူးတွဲ ဆောင်ရွက်နေ
["Breaking News- စစ်ကောင်စီက ကရင်နီ နှင့် ရှမ်းမြောက်တွင် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေးကို “ရန်နိုင်မင်း စစ်ဆင်ရေး” ဟု အမည်ပေးထားပြီး လေကြောင်း ထိုးစစ်နှင့် ခြေလျင်ထိုးစစ်များ ပူးတွဲ ဆောင်ရွက်နေ", "ရန်ကုန်၊ စက်တင်ဘာ ၇", "အကြမ်းဖက် စစ်ကောင်စီက ကရင်နီနှင့်ရှမ်းပြည်မြောက်ပိုင်းတွင် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင် ရေးကို “ရန်နိုင်မင်း” စစ်ဆင်ရေးဟု အမည်ပေးထားပြီး လေကြောင်း ထိုးစစ်နှင့် ခြေလျင်ထိုး စစ်များပူးတွဲ ဆောင်ရွက်နေကြောင်း သိရှိရသည်။", "ယခု စက်တင်ဘာလဆန်းပိုင်းတွင် စတင်လိုက်သော ရန်နိုင်မင်းစစ်ဆင်ရေးတွင် အဓိက အားဖြင့် စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရေး ဆောင်ရွက်နေကြောင်း၊ လေကြောင်းတိုက် ခိုက်မှုများနှင့်အတူ တပ်မတော် (ကြည်း)ကလည်း မြေပြင် ထိုးစစ်များကို အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရန်နိုင်မင်း စစ်ဆင်ရေး အတွက် မြေပြင်ကွင်းဆင်းသည့်အနေဖြင့် စက်တင်ဘာလ ၃ ရက်နေ့နှင့် စက် တင်ဘာလ ၄ ရက်နေ့တို့တွင် ကရင်နီပြည်နယ် (လွိုင်ကော်) နှင့် ရှမ်းပြည်နယ် (တောင်ကြီး) တို့ကို သွားရောက်ခဲ့ကြောင်း သိရှိရသည်။", "ရန်နိုင်မင်း စစ်ဆင်ရေးစီမံချက်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က မဟာဗျူဟာနှင့် မူဝါဒပိုင်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲနေပြီး စစ်ဆင်ရေး ဖော်ဆောင်မှုဆိုင်ရာ Operation ကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဆောင်ရွက်ရကြောင်း၊ နယ်မြေအပိုင်းအခြားအလိုက် စစ်ဗိုလ်ချုပ်များနှင့် နယ်မြေခံတိုင်း မှူးများကိုလည်း စစ်ဆင်ရေးအတွက် နယ်မြေအလိုက် တာဝန်ခံများ ခန့်အပ်ကာ Operation အသီးသီး ခွဲဝေ ပေး အပ်ထားကြောင်း ၊ စစ်ဆင်ရေး စီမံချက်တွင် နယ်မြေခံတပ်များ နှင့် စစ်ရုံးမှ ကြည်း၊ ရေ၊ လေ ပူးပေါင်း အဖွဲ့များ ဖွဲ့ စည်း ထားပြီး အချိန်တပြေးညီ တိုက်ခိုက်ရေး တာဝန်များကို ၂၄ နာရီ အချိန် ပြည့် ဖော်ဆောင်နေကြောင်း၊ စစ်ဆင်ရေး စီမံချက်သည် ယခုစက်တင်ဘာလဆန်းပိုင်းတွင် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။", "“စစ်ဆင်ရေးတွေက အချိန်ပြည့် ၂၄ နာရီ ဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ ပူး ပေါင်း စစ်ဆင်ရေးတွေက အချိန်ပြည့်နဲ့ အချိန်မရွေး ဖော်ဆောင်ဖို့ရှိနေပါတယ်။ အဓိကအားဖြင့်တော့ တစ်ဖက်အဖွဲ့အစည်းရဲ့ ဌာနချုပ်၊ စခန်းတွေနဲ့ စခန်း လို့ ယူဆရတဲ့နေရာတွေကို ကြည်းတပ်နဲ့ လေတပ် ပူးပေါင်း ဦးတည် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိပါမယ်။ ရေတပ်လိုအပ်တဲ့နေရာတွေမှာ ရေတပ်ပါ ပူးပေါင်းပါဝင်မှု ရှိပါမယ်။ သတိပေးချင်တာကတော့ တိုက်ခိုက်မှုတွေ အရင်ထက်ပိုမိုများပြားမှာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး)က ပြောဆိုသည်။", "စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လားရှိုး ရမခ၊ ရှမ်းမြောက် အပါအဝင် တစ် နိုင်ငံလုံးမြို့ပေါင်း ၇၀ ကျော် ရှိသော နယ်မြေများစွာ ဆုံးရှုံးပြီးနောက် စစ် ဆင်ရေးနှင့် ဆက်စပ်နေသော စစ်ဘက်နှင့်အရပ်ဘက် အစည်းအဝေးများတွင် လုပ်ဆောင်သင့်သည်များကို၊ လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်ရန် အချိန်ကျပြီဟု မကြာခဏ တဖွဖွ ပြောဆိုလျက်ရှိသည်။", "ထို့ပြင် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းရွေးကောက်ပွဲမတိုင်မီ ရနိုင်သမျှ နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ရန် စစ်ဆင်ရေး စီမံချက်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စက်တင်ဘာလ ၃ ရက်နေ့နှင့် စက်တင်ဘာလ ၄ ရက်နေ့တို့တွင် ရန်နိုင်မင်း စစ်ဆင်ရေး စတင်မှု ကွင်းဆင်းသည့်အနေဖြင့် လွိုင်ကော်နှင့် တောင်ကြီးရှိ စစ်ဌာနချုပ်များသို့ မင်းအောင်လှိုင်က သွားရောက် စီစဉ် ညွှန်ကြားနေစဉ်။"]
https://yktnews.com/2024/04/155566/
Breaking News- စစ်ကောင်စီက စေလွှတ်လိုက်သော MNA ATR 72- 600 လေယာဉ် ရန်ကုန်မှ မဲဆောက်မြို့သို့ ဆိုက်ရောက်ပြီ
["Breaking News- စစ်ကောင်စီက စေလွှတ်လိုက်သော MNA ATR 72- 600 လေယာဉ် ရန်ကုန်မှ မဲဆောက်မြို့သို့ ဆိုက်ရောက်ပြီ", "မြ၀တီတွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေးလုပ်မည်ဟု ထိုင်းသတင်းမီဒီယာများက စတင်ဖော်ပြ", "ရန်ကုန်၊ ဧပြီ ၇", "စစ်ကောင်စီ၏ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ATR 72-600 လေယာဉ်သည် ယနေ့ ညပိုင်း ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားပြီး ယခု သတင်းရေးသားချိန် လေ ယာဉ် ဆိုက်ရောက်ပြီ ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ညပိုင်းထွက်ခွာသွားသော အဆိုပါလေယာဉ်တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးကြမည့် စစ်ကောင်စီ ကိုယ်စားလှယ်တချို့လိုက်ပါသွားကြောင်း၊ ပိတ်မိနေသူများကို ကယ်ဆယ်ရေး ဧပြီလ ၈ ရက်နေ့တွင် စတင်မည်ဖြစ် ကြောင်း သိရှိရသည်။", "“လေယာဉ်က မနက်ကတည်းကသွားရမှာကို ဘာကြောင့်းမှန်းမသိ အခု ညမှ ထွက်သွားတာ။ မနက် ဖြန်ကစပြီး ၃ ရက်ပျံသန်းမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ထိုင်းနိုင်ငံအခြေစိုက် The Standard သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းအစိုးရနှင့် စစ်ကောင်စီတို့အကြား ညှိနှိုင်းချက်အရ စစ်ကောင်စီ၏ ATR 72- 600 လေယာဉ် ဆိုက်ရောက်ခွင့်ပြုလိုက်ပြီး ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။", "” မြန်မာစစ်ကောင်စီက နိုင်ငံခြားရေး ဝန်ကြီးဌာန လမ်းကြောင်းကနေ ထိုင်းအစိုးရနဲ့ ညှိနှိုင်းလာပါတယ်။ မြ၀တီဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရွှေ့ပြော်ငးဖို့ မြန်မာ စစ်တပ် လေယာဉ် ATR 72-600 ကို တာ့ခ်ခရိုင် မဲဆောက် လေဆိပ်မှာ ဆင်းခွင့်ပြု လိုက်ပြီ” ဟု ထိုင်းစစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- MNA လေကြောင်းလိုင်း၏ ATR 72-600 လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။"]
https://yktnews.com/2023/12/134660/
Breaking News- စစ်ကောင်စီထံတွင် ဒေါ်လာ ပြတ်လပ်သွားသဖြင့် ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှင့် ရောင်းချပေးမှုအားလုံး ရပ်ဆိုင်းပြီး စျေးကွက်ပေါက်စျေးအတိုင်း ရောင်းဝယ်ရန် ကြေညာ၊ စက်သုံးဆီ အပါအဝင် သွင်းကုန်သမားများ ဒေါ်လာ မရှိ၍ ဒေါ်လာဝယ်လိုအား ထိုးတက်နေ
["Breaking News- စစ်ကောင်စီထံတွင် ဒေါ်လာ ပြတ်လပ်သွားသဖြင့် ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှင့် ရောင်းချပေးမှုအားလုံး ရပ်ဆိုင်းပြီး စျေးကွက်ပေါက်စျေးအတိုင်း ရောင်းဝယ်ရန် ကြေညာ၊ စက်သုံးဆီ အပါအဝင် သွင်းကုန်သမားများ ဒေါ်လာ မရှိ၍ ဒေါ်လာဝယ်လိုအား ထိုးတက်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "အကြမ်းဖက်စစ်ကောင်စီထံတွင် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသဖြင့် ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် သွင်းကုန်သမားများထံ ရောင်းချပေးမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီး စျေးကွက်ပေါက်စျေးအတိုင်း ရောင်းဝယ်ရန်ယနေ့ ကြေညာလိုက်ကြောင်း သိရှိရသည်။", "ယနေ့ ထုတ်ပြန်လိုက်သည့် စစ်ကောင်စီ၏ ဗဟိုဘဏ် ကြေညာချက်တွင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း AD လိုင်စင်ရ ဘဏ်များအနေဖြင့် နိုင်ငံခြားငွေစျေးကွက် တွင် အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးမည်မဟုတ်တော့ဘဲ စျေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့က တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ်မူတည်၍ စျေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "“ကျနော်တို့ သိထားတာတော့ သူတို့ဆီမှာ ဒေါ်လာ မရှိတော့ဘူး။ အဲဒီတော့ တစ်ဒေါ်လာ ၂၁၀၀ နဲ့ ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ ရောင်းပေးခဲ့တာတွေ မလုပ်နိုင်တော့ဘူး။ ၃ နှစ်တောင် တောင့်ခံလိုက်တာဆိုတော့ ဒေါ်လာ မရှိတော့ဘူးလို့ ပြောလို့ရတယ်။ အခု ဆီသမားတွေ သွင်းကုန်သမားတွေအားလုံး စျေးကွက်ထဲက လိုက်ဝယ်ရမှာဆိုတော့ အကုန်ဒုက္ခရောက်နေကြပြီ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ဗဟိုဘဏ်၏ ကြေညာချက်ကြောင့် စျေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မတည်မငြိမ်ဖြစ်နေပြီး မြင့်တက်နေကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ဖြန် စျေးကွက်ဖွင့်ချိန်တွင် စျေးကွက် ကသောင်းကနင်းဖြစ်နိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109085/
Breaking News- စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ဘဏ်၊ ကာ ကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက စီးပွား ရေးပိတ်ဆို့ ဒဏ်ခတ်ကြောင်း တရားဝင် ကြေညာ
["Breaking News- စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ဘဏ်၊ ကာ ကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက စီးပွား ရေးပိတ်ဆို့ ဒဏ်ခတ်ကြောင်း တရားဝင် ကြေညာ", "ရန်ကုန်၊ ဇွန် ၂၁", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ MFTB မြန်မာ့နိုင်ငံခြားကုန် သွယ်မှု ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေး ဘဏ်MICB ၊ စစ် တပ် ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ် ဆို့ဒဏ်ခတ်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန် ကြေညာလိုက် ပြီဖြစ် သည်။", "အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်ကောင်စီ၏ ကာကွယ် ရေး ဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှု နှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တို့ကို ပိတ်ဆို့ အရေးယူ ကြောင်း၊ အဆိုပါ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်သည့် ဌာနများနှင့်ပတ်သက် ၍ အသေးစိတ် ရှင်းလင်း ရေးသားထားသည်။", "စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်သော မြန်မာစစ်တပ်၏ ကာကွယ်ရေးဝန်ကြီး ဌာနသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖိနှိပ်ချုပ်ချယ်ထားသော စစ် အုပ် ချုပ်ရေး ကွပ်ကဲမှုနှင့် ဖိနှိပ်သော ကွပ်ကဲမှုများအတွက် တာဝန်ရှိကြောင်း၊ အာဏာ သိမ်းပြီးချိန်မှစ၍ ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းများနှင့် လက်နက်စ္စည်း များကို စီးပွားရေးပိတ်ဆို့ထားသော ရုရှား ထံမှ တင်သွင်းခဲ့ကြောင်း၊ အဆိုပါ တင်သွင်း မှုသည် ရုရှားနိုင်ငံ အတွက် ဝင်ငွေများဖြစ်စေခဲ့ပြီး မြန်မာစစ်တပ် အနေ ဖြင့်လည်း မြန်မာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ယင်းစစ် လက်နက် ပစ္စည်းများဖြင့် ကျူးလွန် ခဲ့ကြောင်း အမေရိကန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။", "စီးပွားရေးပိတ်ဆို့လိုက်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့သည် နိုင်ငံခြားငွေလဲလှယ်မှု အဓိကလုပ်ဆောင်ကြပြီး ကျပ်ငွေကို အမေရိကန် ဒေါ်လာနှင့် ယူရိုတို့ကို အပြောင်းအလဲ လုပ်ဆောင် ပေးသည့် နိုင်ငံပိုင် ဘဏ္ဍာ ရေး အဖွဲ့အစည်းများဖြစ်ကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) ဝင်ငွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ငွေထွက်ငွေများသည် MFTB နှင့် MICB တို့မှတစ်ဆင့် ဝင်ရောက်ပြီး စစ်ကောင်စီက လက်ခံရရှိကြောင်း၊ စစ်ကောင်စီသည် နိုင်ငံ တကာ စျေးကွက်သို့ MFTB နှင့် MICB မှတဆင့် ထိတွေ့နိုင်ပြီး စစ်လက်နက် ဝယ်ယူမှု များအပါအဝင် စီးပွားရေး အတွက် အထောက် အကူ ပြုနေ ကြောင်း အမေရိကန်၏ ကြေညာချက်တွင် ရေးသား ထားသည်။"]
https://yktnews.com/2024/07/176072/
Breaking News- စစ်ကောင်စီ၏ လစာတိုးဂယက်ကြောင့် အမေရိကန်တစ်ဒေါ်လာ ၅၂၀၀ ကျပ်ဝန်းကျင်ရောက်ရှိလာပြီး အခေါက်ရွှေစျေးမှာ ၆၄ သိန်းအထိ စံချိန်တင် ထိုးတက်
["Breaking News- စစ်ကောင်စီ၏ လစာတိုးဂယက်ကြောင့် အမေရိကန်တစ်ဒေါ်လာ ၅၂၀၀ ကျပ်ဝန်းကျင်ရောက်ရှိလာပြီး အခေါက်ရွှေစျေးမှာ ၆၄ သိန်းအထိ စံချိန်တင် ထိုးတက်", "ရန်ကုန်၊ ဇူလိုင် ၂၈", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ တနင်္ဂနွေနေ့ပင်ဖြစ်လင့်ကစား စစ်ကောင်စီ၏ လစာတိုးဂယက်ကြောင့် အမေရိကန် တစ်ဒေါ်လာ ၅၂၀၀ ဝန်းကျင်အထိရောက်ရှိလာပြီး အခေါက် ရွှေစျေးမှာ ၆၄ သိန်းအထိ စံချိန်တင် ထိုးတက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "“ဒီနေ့ တနင်္ဂနွေနေ့ စျေးကွက်က ပုံမှန် ပိတ်ပေမယ့် အခုက လစာတိုးဂယက်က အရမ်းကြီးနေတယ်။ အမေရိကန်တစ်ဒေါ်လာကို ၅၁၅၀ နဲ့ ၅၂၀၀ အကြား စျေးရှိတယ်။ အရွက်ဝယ်မယ်ဆိုရင်တော့ တစ်ဒေါ်လာ ၅၂၀၀ အပေါ် ပေးရမယ်။ ဩဂုတ်လ ၁ ရက်နေ့ လစာတွေ တကယ် စပြီးတိုးရင် ပိုပြီးတော့ စျေးကွက် ဂယောက်ဂယက်ဖြစ်မယ်” ဟု ရန်ကုန်နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ရှင်းပြသည်။", "အခေါက်ရွှေစျေးနှုန်းမှာလည်းတစ်ကျပ်သားလျှင် ငွေကျပ် ၆၄ သိန်းကျော်ရောက် ရှိနေပြီး ယနေ့ တနင်္ဂနွေနေ့ စျေးကွက်ဖြစ်ပေါ်သော စျေးနှုန်းမှာ စံချိန်တင် စျေးနှုန်းဖြစ်နေကြောင်း သိရှိရသည်။", "“အဝယ်အရောင်းတော့မရှိဘူး။ ဒါပေမယ့် မီးလင်းရွှေစျေးက ၆၄ သိန်းကျော်နေတယ်။ တနင်္လာနေ့ စျေးကွက် ပြန်ဖွင့်ရင် ပိုဆိုးမယ်ထင်တယ်” ဟု ရန်ကုန်မြို့မှ လုပ်သက်ရင့် ရွှေကုန်သည် တစ်ဦးက ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩ ဂုတ် လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်း ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် နိုင်ငံ့ဝန်ထမ်းများကို လက်ရှိလစာအပြင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ကြေးကို ပထမအကြိမ် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခုအခါ လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အဖြစ် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ စီ ဒုတိယအကြိမ် ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။", "စစ်ကောင်စီက တစ်နိုင်ငံလုံးမှ ဝန်ထမ်းများနှင့်အငြိမ်းစားများကို လစာတိုးမြှင့်မည်ဟု ကြေညာပြီးနောက်ပိုင်း စျေးကွက်တွင် လှုပ်ခတ်မှုများဖြစ်လာပြီး ရွှေစျေးနှင့် ဒေါ်လာစျေးများ စံချိန်တင် အမြင့်ဆုံးသို့ မြင့်တက်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။"]
https://yktnews.com/2023/12/137004/
Breaking News- စစ်သားများ သေဆုံးမှု အလွန်များပြားနေ၍ အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျ အရာရှိ နှင့် စစ်သည် ၆၄၅ ဦးကို လျှို့ဝှက် လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှုထမ်းခိုင်း
["Breaking News- စစ်သားများ သေဆုံးမှု အလွန်များပြားနေ၍ အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျ အရာရှိ နှင့် စစ်သည် ၆၄၅ ဦးကို လျှို့ဝှက် လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှုထမ်းခိုင်း", "မင်းအောင်လှိုင်က တိုက်ရိုက်အမိန့်ပေးပြီး စစ်သားစုဆောင်းခိုင်းကာ ပြည်ထဲ ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်က ကြီးကြပ်ကွပ်ကဲရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်သားများ သေဆုံးမှု အလွန်များပြားနေ၍ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ပြစ် ဒဏ်ကျ အရာရှိနှင့် စစ်သည် ၆၄၅ ဦးကို လျှို့ဝှက် လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှု ထမ်းခိုင်းမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက်အရ သိရှိရသည်။", "မင်းအောင်လှိုင်၏ အမိန့်အရ အကျဉ်းထောင်အသီး သီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အရာရှိ၊ စစ်သည်ဟောင်းများအနက်မှ စစ်သည် ၆၄၅ ဦးတို့သည် ပြန်လည် စစ်မှုထမ်းဆောင်ရန် ကိုယ်တိုင်ဆန္ဒပြုလာသဖြင့် အကျဉ်းကျခံနေရသော နေရာမှ ပြန်လည်လွှတ်ပေးသွားရန် ရည်ညွှန်းပါစာဖြင့် ညွှန်ကြားလာကြောင်း လျှို့ဝှက် အမိန့်စာတွင် ဖော်ပြထားသည်။", "ထို့ကြောင့် အကျဉ်းသားများ လွှတ်ရာတွင် သက် ဆိုင် ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ လာရောက်ခေါ်ဆောင်သည့် အဖွဲ့ထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။", "ဆောင်ရွက်ပြီးစီးမှု အခြေအနေကို အချိန်နှင့် တစ်ပြေးညီ တယ်လီဖုန်းဖြင့် ကနဦး သတင်းပို့ရန်၊ လာရောက် ခေါ်ဆောင်သူများ၏ အမည်၊ ရာထူး၊ ဌာန၊ လွှတ်ပြီးချိန်တို့ကို တစ်ပါတည်း သတင်းပို့ရန်၊ အသေးစိတ်အစီရင်ခံစာကိုလည်း အမြန်ဆုံး ဆက်လက် တင်ပြနိုင်ရေး လက်အောက်သို့ ထပ်ဆင့်ညွှန်ကြားသွားနိုင်ရန် အတွက် ရည်ညွှန်းပါစာနှင့်အတူ ပူးတွဲပေးပို့ အကြောင်းကြားအပ်ကြောင်း လျှို့ဝှက် အမိန့်စာတွင် ဖော်ပြထားသည်။", "အဆိုပါအစီအစဉ်ကို မင်းအောင်လှိုင်၏ အမိန့်ဖြင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် စီစဉ် ကြီးကြပ်ကွပ်ကဲရကြောင်း သိရှိရသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာန ရရှိထားသော သတင်းအချက်အလက်များအရ လက်ရှိ ပြစ်ဒဏ်ကျ စစ်သည်ဟောင်းများကို ပြန်လွှတ်ပေးပြီး စစ်မှုထမ်းခိုင်းမှုသည် ၂ ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86307/
Breaking News- စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ လက်နက် ၄၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ
["Breaking News- စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ လက်နက် ၄၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ရဲစခန်းကို ယမန်နေ့ညပိုင်းတွင် CNA-CDFက အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်နှင့် CNA-CDFသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီမှစတင်၍ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၁ နာရီဝန်းကျင်တွင် ထန်တလန် ရဲစခန်းကို လုံး၀ သိမ်းပိုက်လိုက်ကြောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးပြီး စခန်းကို လုံး၀ အပြီးအပြတ် သိမ်းပိုက်လိုက်ကြောင်း၊ လက်နက်များ ၊ ဒရုန်းပစ် လက်နက်များ အပါအဝင် လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများ အမြောက် အမြား ရရှိကြောင်း သိရှိရသည်။", "ရဲစခန်းကို ချင်းကာကွယ်ရေးတပ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင် စီ က ယမန်နေ့ ညပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး လက်ရှိ သတင်းရေးသား ဖော်ပြနေချိန်တွင်လည်း လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေကြောင်း သိရှိရသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် ထန်တလန်မြို့နယ် CNA-CDF အဖွဲ့ထံသို့ ဆက်သွယ်ရန် ကြိုးစားလျက်ရှိပြီး သက်ဆိုင်ရာ အဖွဲ့က ထုတ်ပြန်လာမည့် တရားဝင် အတည်ပြုချက်ကိုလည်း ရရှိရန် ကြိုးစားလျက်ရှိသည်။", "စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်ရှိ ထန်တလန် မြို့နယ် အပါအဝင် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။"]
https://yktnews.com/2023/11/132450/
Breaking News- တန့်ဆည်မြို့ပေါ် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံး၊ အထက ၁ ၊ ပြည်သူ့ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာဝင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်း ဝင်ရောက်စီးနင်း သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား
["Breaking News- တန့်ဆည်မြို့ပေါ် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံး၊ အထက ၁ ၊ ပြည်သူ့ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာဝင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်း ဝင်ရောက်စီးနင်း သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ် တပ်စွဲထားသော ပြည်သူ့ဆေးရုံကြီး၊ အထွေထွေအုပ်ချုပ်‌ရေးမှူးရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အထက(၁) တို့ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။", "နိုဝင်ဘာလ ၂၂ရက် နံနက် ၀၀ နာရီ ၃၀ မိနစ်မှ နံနက် ၃နာရီခန့်အထိ တန့်ဆည်မြို့‌ပေါ်ရှိ စစ်တပ်အခြေချ အထိုင်စခန်း ၄ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ကျ‌ဆုံးမှု များစွာဖြင့် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံကြီးထဲမှ ဆေးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "“ကျုပ်တို့က ရုတ်တရက် သူတို့အထိုင်ချထားတဲ့ နေရာတွေကို ဝင်စီးတာဆိုတော့ ဟိုကောင်တွေ ပြန်ပစ်ချိန်တောင်မရဘူး ဒဏ်ရာတွေနဲ့ပဲ အလောင်းတွေရောကောက်ပြီး ရဲစခန်းဘက်ကို ထွက်ပြေးကြတယ်။ သိမ်းဆည်းရမိတာတွေရှိတယ် လောလောဆယ်တော့ စိစစ်ဆဲပါ” ဟု ပြောသည်။", "အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေး၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည်မြို့နယ်ပကဖ နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေဘိုခရိုင်တပ်ရင်း(၉)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။", "တိုက်ပွဲမဖြစ်ပွားခင် နိုဝင်ဘာလ၂၁ ရက်နေ့ ည ၈ နာရီခန့်က တန့်ဆည်မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအနီးရှိ ‌နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တန့်ဆည်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်ကြသော မြို့ခံပြည်သူ ၂၀ ဦးခန့်ကို နိုဝင်ဘာလ ၂၀ရက်နေ့တွင် စစ်ကောင်စီတပ်က အတင်း အဓမ္မဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်များ တပ်စွဲထားသည့် တန်ဆည်မြို့ ပြည်သူ့ဆေရုံ။"]
https://yktnews.com/2023/03/94358/
Breaking News- တပ်မတော်နေ့ စစ်ရေးပြ လေ့ကျင့်ကွင်းကို ၁၀၇ မမ ရှော့ တိုက်ဒုန်း ၄ လုံးဖြင့် ပစ်ခတ်၊ နေပြည်တော် အဝင်အထွက် အားလုံးကို စစ်တပ် က ပိတ်ဆို့ စစ်ဆေးနေ
["Breaking News- တပ်မတော်နေ့ စစ်ရေးပြ လေ့ကျင့်ကွင်းကို ၁၀၇ မမ ရှော့ တိုက်ဒုန်း ၄ လုံးဖြင့် ပစ်ခတ်၊ နေပြည်တော် အဝင်အထွက် အားလုံးကို စစ်တပ် က ပိတ်ဆို့ စစ်ဆေးနေ", "ကိုဇေယျာသော် မွေးနေ့ အဖြစ် နေပြည်တော် စစ်ရေးပြကွင်းကို တိုက်ခိုက် ခြင်း ဖြစ်ဟုဆို", "ရန်ကုန်၊ မတ် ၂၆", "နေပြည်တော်တွင် အကြမ်းဖက် စစ်ကောင်စီက ကျင်းပမည့် ၇၈ နှစ်မြောက် တပ်မ တော်နေ့ အခမ်းအနား ပြုလုပ်မည့် စစ်ရေးပြ လေ့ကျင့်ကွင်းကို ယနေ့ည ၇ နာရီခွဲ အချိန်တွင် ရှော့တိုက်ဒုန်း ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။", "မတ်လ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ အချိန်တွင် စစ်ရေးပြ လေ့ကျင့်ကွင်းကို ပစ် ခတ် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းကွင်းတွင် မနက်ဖြန် ပြုလုပ်မည့် တပ်မတော် နေ့ အတွက် ညပိုင်း လုံခြုံရေးများ၊ အခမ်းအနားအတွက် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများ ရှိနေကြောင်း ၊ သို့ရာတွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေများကို မသိရှိရသေးဘဲ စစ်ကားများဖြင့် ဂိတ်ချ၍ နေရာပေါင်းစုံကို ပိတ်ဆို့ စစ်ဆေးနေသည်ဟု သိရှိရသည်။", "“စစ်ကားတွေတော့ အရေးတကြီး သွားလာနေတာတွေ့တယ်။ ပေါက်ကွဲသံ လည်းကြားတယ်။ ကျန်တာတော့ မသိရသေးဘူး။ စစ်ဆေးမှုတွေ လည်းရှိနေတယ်” ဟု နေပြည်တော် ဒေသပြည်သူတစ်ဦးက ပြောသည်။", "နေပြည်တော်စစ်ရေးပြကွင်းကို တိုက်ခိုက်မှုသည် ကိုဇေယျာသော်၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ကောင်စီကို လက်တုံ့ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။", "“တော်လှန်တဲ့ မတ်လရဲ့ ၂၆ရက်နေ့ဟာ အကြမ်းဖက်စစ်အုပ်စု ရဲ့သူရဲဘော ကြောင်စွာ ကွပ်မျက်မှုကို ခံခဲ့ရတဲ့ ကျနော်တို့ရဲ့ အာဇာနည်သူရဲကောင်း ဖြိုးဇေယျာသော် (ခ)ဇေယျာသော်(ခ)မောင်ကျော်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ လမ်းမတွေပေါ်က လူထုဆန္ဒပြပွဲတွေမှာ လူငယ်တွေရဲ့ နောက်က ပံ့ပိုးအားဖြည့် ပေးခဲ့သလို၊ သက်စွန့်ဆံစား မြေအောာက်မြို့ပြပျောက်ကျား တိုက်ပွဲတွေ မှာလည်း လူငယ်ထုနဲ့ တသားတည်းတိုက်ပွဲဝင်ခဲ့တဲ့ ကိုဇေယျာသော် (ခ) မောင် ကျော် ဟာ Generation Zဆိုတဲ့ မျိုးဆက်သစ် လူငယ်ထုအပေါ် သူပြောခဲ့တဲ့ ကတိစကားအတိုင်း သူ့အသက်နဲ့ရင်းပြီး တာဝန်ကျေစွာ ဦးဆောင်ခဲ့ပါတယ်။ လုပ်တဲ့အတိုင်းပြော ပြောတဲ့အတိုင်းလုပ်ပြီး စစ်အာဏာရှင်စနစ်ကို ဘဝရောအ သက်ပါ စွန့်လွှတ်တော်လှန်ပြသွားတဲ့ ကျနော်တို့ခေတ်ရဲ့ သူရဲကောင်း ကိုဇေယျာ သော် အတွက် ဂုဏ်ပြုမွေးနေ့လက်ဆောင်အနေနဲ့ ဒီကနေ့မှာ ကျနော် တို့ အထူးစစ်ဆင်ရေးအနေနဲ့ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပါ တယ်။ ဇေယျာသော်ရဲ့ ကျဆုံးမှုဟာ ဇေယျာသော်လို သူရဲကောင်းတွေ မျိုးဆက်တခုစာလုံး မွေးဖွားပေးလိုက်တာဖြစ်တယ်။တော်လှန်ရေးသမား တယောက်ကို သတ်လိုက်တိုင်း တော်လှန်ရေးရဲ့စိတ်ဝိညာဉ်တွေကို သိဒ္ဓိတင် လိုက်တာပဲ။ ငါတို့မျိုးဆက်တခုလုံးဟာဇေယျာသော်တွေဖြစ်တယ်။ “ဇေယျာ သော် စိတ်ဓါတ်နဲ့အဆုံးထိတိုက်ပွဲဝင်ကြ”” ဟု တော်လှန်ရေးအဖွဲ့က ပြောဆို သည်။"]
https://yktnews.com/2023/11/129412/
Breaking News- တမူးမြို့နယ်၊ ခမ်းပတ်မြို့ ရဲစခန်းနှင့် ဝိတုပ် စစ်တပ်စခန်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ဆည် စစ်တပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း တိုက်ခိုက်
["Breaking News- တမူးမြို့နယ်၊ ခမ်းပတ်မြို့ ရဲစခန်းနှင့် ဝိတုပ် စစ်တပ်စခန်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ဆည် စစ်တပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း တိုက်ခိုက်", "ခမ်းပတ်မြို့မ ရဲစခန်းနှင့် ဝိတုပ်စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၃", "စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်၊ ခမ်းပတ် မြို့မ ရဲစခန်းနှင့် ဝိတုပ် စစ်တပ်စခန်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ဆည် စစ်တပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ တမူးမြို့နယ်၊ ခမ်းပတ်မြို့နယ် မြို့မရဲစခန်း နှင့် ဝိတုပ်စစ်တပ်စခန်း၊ ကလေးမြို့နယ်ရာဇဂြိုလ်ဆည်စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း၊ တစ်မြို့လုံး သေနတ်သံများ ဆူညံနေကြောင်း ၊ မြို့ခံအများစုမှာ နေအိမ်များတွင် ပိတ်မိနေပြီး အပြင်ထွက်၍ မရကြောင်း သိရှိရသည်။", "“မနက်အစောကတည်းက တိုက်ပွဲဖြစ်သံတွေ ဆူညံနေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေကြတယ်။ မြို့ထဲမှာပါ ကျည်တွေ ပျံဝဲနေတာ။ အပြင်ကိုလည်း ထွက်မရဘူး။ မြို့သူ မြို့သားတွေ အိမ်တွေထဲမှာပဲ ပိတ်မိနေတယ်” ဟု ခမ်းပတ်မြို့မှ ဒေသပြည်သူတစ်ဦးကဆိုသည်။", "တမူးဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် အချိတ်အဆက်ရှိနေသော CDF Ton Zang တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့နှင့် ဝိတုပ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဟု ကြားသိရကြောင်း ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၄ နာရီခန့်က ကလေးခရိုင် တမူးမြို့နယ်၊ ခမ်းပတ်မြို့ရဲစခန်း၊ ဝိတုပ် စစ်ကောင်စီတပ်စခန်းနှင့် ကလေးမြို့နယ်၊ ရာဇဂြိုလ်ဆည် တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များပူးပေါင်းပြီး တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခမ်းပတ်မြို့ရဲစခန်းနှင့် ဝိတုပ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း သိရသည်။", "“ဒီမနက် ၄ နာရီလောက်က PDF မဟာမိတ်တပ်ပေါင်းစုတွေ ဝင်တိုက်ကြတာ၊ ခမ်းပတ်ရဲစခန်း၊ ဝိတုပ် တပ်စခန်း၊ ရာဇဂြိုလ်ဆည်တပ်စခန်းကို တပြိုင်တည်းတိုက်တာပါ၊ ရာဇဂြိုလ်ဆည်က ကလေး-တမူး လမ်း ၅၅ မိုင်လမ်းခွဲဘေးနားလေးတင်ပါ၊အခုထိတော့ ခမ်းပတ်မြို့ရဲစခန်းနဲ့ ဝိတုပ်စစ်တပ်စခန်းနှစ်ခုပဲ သိမ်းဆည်းရရှိသေးတယ်လို့ ကြားမိသေးတယ်၊ လက်နက်တွေဘယ်လောက်သိမ်းဆည်းရရှိတယ်၊ ထိခိုက်သေဆုံးမှုရှိ၊ မရှိနဲ့၊ စစ်ကူလာမျိုးတော့ မကြားမိသေးဘူး” ဟု CDF Ton Zang တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ABSDF ၊ PDF တပ်ဖွဲ့နှင့် CDF Ton Zang တပ်ဖွဲ့တို့ အပါအဝင် ဒေသကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းကာတိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရသေး ကြောင်း သိရသည်။", "လတ်တလော တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေသော ခမ်းပတ်မြို့ သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။", "ဓာတ်ပုံ- ယခုနှစ် ဇူလိုင်လအတွင်း ခမ်းပတ်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့မှုကြောင့် မီးလောက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/11/192746/
Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ ထိန်းချုပ်လိုက်ပြီ
["Breaking News- တရုတ်နိုင်ငံ၏ ဖိအားရှိနေသည့်ကြားမှ နှစ်နိုင်ငံနယ်စပ်မြို့ ကန်ပိုက်တီကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA က လုံး၀ထိန်းချုပ်လိုက်ပြီ", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ ညနေ ၅ နာရီအချိန်တွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ညနေ ၅ နာရီအချိန်တွင် မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းများအားလုံး တရုတ်နိုင်ငံထဲသို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။", "“ကန်ပိုက်တီမြို့ကို ညနေ ၅ နာရီမှာ ကျနော်တို့ သိမ်းပိုက်လိုက်ပါပြီ။ ပြည်သူ့ စစ်တွေ စစ်သားတွေ ဝန်ထမ်းတေါ တရုတ်ထဲကို အကုန် ထွက်ပြေးကြပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "တရုတ်နိုင်ငံက ကန်ပိုက်တီမြို့ကို တိုက်ခိုက် သိမ်းပိုက်ခြင်းမပြုရန် ဖိအားပေးနေသည့်ကြားမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက်ခြင်းဖြစ်သည်။", "ကန်ပိုက်တီသည် စစ်တပ်လက်အောက်ခံ ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး ကျန်ရှိနေသော မြို့ဖြစ်ပြီး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို သိမ်းပိုက်လိုက်သဖြင့် ကချင်အထူးဒေသ ၁ တစ်ခုလုံးရှိ တပ်စခန်းများ၊ နယ်ခြားစောင့်စခန်းများနှင့် မြို့များကို KIA က အပြီးသတ် ထိန်းချုပ် သိမ်းပိုက်ရရှိလိုက်ခြင်းဖြစ်သည်။", "KIA က စစ်ကောင်စီ လက်အောက်ခံ ဇခုန်တန့်ယိန်း- NDAK ထိန်းချုပ်ထားသော ကချင်အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်ခဲ့ရာတွင် ချီဖွေမြို့ကို စက်တင် ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း ၊ အောက်တိုဘာလ ၁၄ ရက်နေ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း၊ ယခုနောက်ဆုံး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကန်ပိုက်တီမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/91409/
Breaking News- တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁၁ ကပစ လက်နက်စက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပစ်ခတ်တိုက်ခိုက်၊ စက်ရုံ ပျက်စီးမှုရှိပြီး စစ်တပ်က ပိတ်ဆို့စစ်ဆေးနေ
["Breaking News- တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁၁ ကပစ လက်နက်စက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပစ်ခတ်တိုက်ခိုက်၊ စက်ရုံ ပျက်စီးမှုရှိပြီး စစ်တပ်က ပိတ်ဆို့စစ်ဆေးနေ", "ရန်ကုန်၊ မတ် ၈", "ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ် အမှတ် ၁၁ ကပစ (ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေး စက်ရုံ) လက်နက်စက်ရုံကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ယနေ့ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည် သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "မတ်လ၈ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ က Mission Impossible 2 မစ်ရှင်အဖြစ် အမှတ် ၁၁ ကပစ စက်ရုံကို တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ စက်ရုံ ထိခိုက်ပျက်စီးမှု ရှိကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။", "“အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီတပ်က ပြည်လမ်းနှင့် တိုက်ကြီးမြို့နယ်အတွင်းကို ပိတ် ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။", "ရန်ကုန်ကင်းထောက်အဖွဲ့များ၏ သတင်းဖော်ပြချက်အရ တိုက်ကြီးမြို့နယ် ကပစ ဝင်းအတွင်းတွင် ပေါက်ကွဲမှု ၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/94942/
Breaking News- ထန်တလန်၊ ခွါဖိုရွာကို စစ်တပ်က အကြောင်းမဲ့ တိုက်လေ ယာဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ
["Breaking News- ထန်တလန်၊ ခွါဖိုရွာကို စစ်တပ်က အကြောင်းမဲ့ တိုက်လေ ယာဥ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ", "သေဆုံးသူများတွင် သားသည် မိခင် ၂ ဦးနှင့်ကလေးငယ် ၂ ဦးပါဝင်", "ရန်ကုန်၊ မတ် ၃၀", "ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွါဖိုရွာကို စစ်တပ်ကက အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲသောကြောင့် ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။", "မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထန်တလန်မြို့နယ်၊ ခွါဖိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက် လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် အရပ်သား ပြည်သူ ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "စစ်တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ၁၀ ဦးတွင် ခရစ်ယာန် ဘာသာရေးဆရာ Mr. Za Mawng ၏ သမီး ၂ ဦး၊ မြေး ၂ ဦးလည်း ပါဝင် သေ ဆုံး သွားကြောင်း သိရှိရသည်။", "” ကနဦး သိရတဲ့ သတင်းတွေအရ ပြည်သူ ၁၀ ဦးသေဆုံး၊ ၂၀ ဒဏ်ရာရ လို့ သိရတယ်။ တိုက်ပွဲမရှိဘဲ ပြည်သူတွေပဲရှိတဲ့ ကျေးရွာကို ဗုံးကျဲတာဖြစ် ပါတယ်။ ရွာက ထန်တလန်မြို့ကနေ ၅ မိုင်လောက်ဘဲဝေးတယ်။ ဖုန်းနဲ့ အင်တာ နက်လိုင်းဖြတ်တောက်ထားလို့ ဆက်သွယ်ဖို့အခက်အခဲဖြစ်နေတယ်” ဟု ဒေသ သတင်းရင်းမြစ်The Hakha Post မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားသူများ ပါဝင်သော မိခင် ၂ ဦးနှင့် ကလေး ၂ ဦး၊ အမျိုးသမီး။"]
https://yktnews.com/2023/05/102123/
Breaking News- ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာမှ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၇ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်
["Breaking News- ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာမှ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၇ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်", "ရန်ကုန်၊ မေ ၁၁", "ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာသားမှ ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူ ၁၇ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့​ကြောင်း ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီခန့် အထိ ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာ မြောက်ကမ်း အနီး အကြမ်းဖက် စစ်တပ်နှင့် KNU၊ PDF ပူးပေါင်းမဟာ မိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၁၀ နှစ်အောက် ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူ ၁၇ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "” အကြမ်းဖက် စစ်ခွေးတွေက အထိနာပြီး အပြစ်မဲ့ ပြည်သူ ၁၇ ဦး မီးရှို့ သတ်ဖြတ် သွားတယ်။ သေဆုံးသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ ၁ ၀နှစ်အောက် ကလေးငယ် ၇ ဦးပါတယ်။ သေဆုံးသူတွေက ညောင်ပင်သာကျေးရွာ မြောက်ကမ်းက သူတွေပါ နာမည်တွေက စိစစ်နေတုန်းပဲ ထိတွေ့မှု တိုက်ပွဲတွေက အခုထိ ဖြစ်နေတုန်းပါ။ သေဆုံးသွားတဲ့ ရွာသူရွာသားတွေအတွက် ကျွန်တော်တို့ PDF မဟာမိတ် တပ်ဖွဲ့က များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ အဲအတွက် ကျွန်တော်တို့ PDF ပူးပေါင်း မဟာမိတ် တပ်ဖွဲ့က အဆုံးအထိ တော်လှန်သွားမယ်လို့ပြောချင်တယ်” ဟု ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/05/103856/
Breaking News- ဒဂုံဆိပ်ကမ်းမှ နာမည်ဆိုးဖြင့်ကျော်ကြားသော စစ် ကောင် စီ ခန့် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောက်တဲ့(ခ) ဇော်လွင် နှင့်ရာအိမ် မှူး ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က ဒဂုံဆိပ်ကမ်းမြို့နယ်တစ်ခုလုံးကို ပိတ် ဆို့စစ်ဆေးနေ
["Breaking News- ဒဂုံဆိပ်ကမ်းမှ နာမည်ဆိုးဖြင့်ကျော်ကြားသော စစ် ကောင် စီ ခန့် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောက်တဲ့(ခ) ဇော်လွင် နှင့်ရာအိမ် မှူး ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က ဒဂုံဆိပ်ကမ်းမြို့နယ်တစ်ခုလုံးကို ပိတ် ဆို့စစ်ဆေးနေ", "ရန်ကုန်၊ မေ ၂၂", "ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ နာမည်ဆိုးဖြင့် ကျော်ကြားသော စစ် ကောင် စီခန့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ) ဇော်လွင်နှင့် ရာအိမ်မှူး ၂ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "မေလ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန် ဒဂုံဆိပ်ကမ်းမြို့နယ်၊ စစ်ကောင်စီခန့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ) ဇော်လွင်နှင့် ရာအိမ်မှူး ၂ ဦးတို့ ကြက်တိုက်ရန်အသွားတွင် သေနတ်သမားများက ပစ်ခတ် ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ သေနတ်သံ အချက် ၂၀ ကျော် ထွက်ပေါ် ခဲ့ကြောင်း သိရှိရသည်။", "“၈၈ ရပ်ကွက်ရဲ့ ၃ ဆက်မြောက် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် တောက် တဲ့ ၎င်းအိမ်အနီးမှာ ပစ်ခတ်ခံရပါတယ်။ သူက ကြက်တိုက်ရတာ ဝါသနာပါတော့ ကြက်ဝိုင်းသို့ အသွား အပစ်ခံရတာ။ ပစ်ခံရတာမှာ သူနဲ့အတူ", "ရာအိမ်မှူး ၂ကောင်ပါ သေပါတယ်။ စုစုပေါင်း သေဆုံးတာက ၃ ဦးပါ။ ကျည် ဆန် အချက် ၂၀ကျော် ကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး တောက်တဲ့သည် သေနတ်ဖြင့် ပစ်ခံရ၍ သေသွားသော ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၈၈ ရပ်ကွက်၏ တတိယမြောက် အုပ်ချုပ်ရေးမှူးဖြစ်ပြီး အာဏာသိမ်းပြီး ပထမအုပ်ချုပ်ရေးမှူး ခင်ဦး၊ ဒုတိယ အုပ်ချုပ်ရေးမှူး သိန်းဇော်တို့ ၂ ဦးမှာလည်း သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံး သွားခဲ့ကြခြင်းဖြစ်သည်။", "တောက်တဲ့(ခ) ဇော်လွင်သည် သေနတ်ဖြင့် အပစ်ခံခဲ့ရသော်လည်း လွတ် မြောက် ခဲ့ သူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဇော်လွင်(ခ) တောက်တဲ့၏ နေအိမ်ကို ပျောက်ကျားတပ်ဖွဲ့တချို့က ဝင်ရောက် ပစ်ခတ်ရာ တောက်တဲ့(ခ) ဇော်လွင် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။", "ဒဂုံဆိမ်ကမ်းမြို့နယ်မှ အမှတ် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောက်တဲ့သည် လူငယ်များ၏ ဖုန်းကို လိုက်လံစစ်ဆေးပြီး နိုင်ငံရေးပို့စ်တွေ့ရှိပါက စစ်တပ်ထံ အပ်နှံခြင်းများ လုပ်ဆောင်ကြောင်း၊ ရပ်ကွက်တွင် ဧည့်စာရင်း ကြေး အလွန်မြင့် မားစွာတောင်းပြီး အိမ်ရှင်-အိမ်ငှားများထံမှလည်း အိမ်ငှား စာချုပ်တစ်စောင် လျှင် ငွေကျပ် ၅၀၀၀ မှ စတင်၍ တောင်းယူကြောင်း သိရှိရသည်။", "“ရပ်ကွက် လူကြီး တောက်တဲ့က ဇူလိုင်လတုန်းက လူငယ်လေး ၂ ဦးရဲ့ဖုန်း ကိုစစ်ပြီး တစ်ယောက်ရဲ့ဖုန်းမှာ နိင်ငံရေး ပို့စ်တွေ‌ရှိလို့ဆိုပြီး စစ်တပ်လက်အပ် လိုက်ပါတယ်။ အဲဒါ ရိုက်နှက် ထိုးကြိတ်သေးတာ။ အိမ်ရှင်-အိမ်ငှားတွေကို အိမ်ငှား စာချုပ် လုပ်ခိုင်းပြီး တစ်စောင် ၅၀၀၀တောင်းတယ်။ အိမ်ငှား သမားတွေ ရဲ့ ဓာတ်ပုံ တောင်းတယ်။ ၅/ တွေ ဆို အိမ်ငှားစာချုပ်ကို တစ် စောင် ၂သောင်းတောင်းတယ်။ ဧည့်စာရင်းတိုင်ခဆိုရင်လည်း သူကြိုက် သ လောက် တောင်းတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။", "လက်ရှိတွင် စစ်တပ်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ ၉၀ ရပ်ကွက်နှင့် ၉၁ ရပ်ကွက် အပါအဝင် မြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/179413/
Breaking News- ဒီပဲယင်းမြို့နှင့် မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိ၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ ခုခံခဲ့သော်လည်း ဒီပဲယင်းကို လက်လွှတ်လိုက်ရ
["Breaking News- ဒီပဲယင်းမြို့နှင့် မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိ၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ ခုခံခဲ့သော်လည်း ဒီပဲယင်းကို လက်လွှတ်လိုက်ရ", "ရန်ကုန်၊ ဩဂုတ် ၁၈", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နှင့် မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့်မြို့နယ်တစ်ခုလုံးကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးမှုများ ရှိသည့်အပြင် လက်နက်ချ အညံ့ခံမှုများလည်းရှိကြောင်း သိရှိရသည်။", "“ဒီပဲယင်းမြို့ကတော့ ရပါပြီ။ အခု နယ်မြေရှင်းလင်းရေး လုပ်နေကြတယ်။ ဒီမနက်မှာပဲ လက်ကျန်စစ်ခွေးတွေ ထွက်ပြေးသွားလို့ အလုံးစုံမြို့ကို အောင်မြင်စွာ သိမ်းပိုက်ပါတယ်။ စစ်ခွေးတွေဘက်က သေဆုံးတာ၊ လက်နက်ချတာတွေ", "ရှိတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေချိန် ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ဒီပဲယင်းမြို့နှင့် အနီးဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က နံနက် ၇ နာရီ ၃၅ မိနစ်၊ ၈ နာရီ ၅၇ မိနစ်နှင့် ၉ နာရီခန့်တွင် Yak-130 ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၉ နာရီ ၄၇ မိနစ်၊ ၄၉ မိနစ်နှင့် ၅၂ မိနစ်ခန့်တွင် မုံရွာ နမခ မှ တက်လာသော Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ Y-12 ဗုံးကျဲလေယာဥ်က ဒီပဲယင်းမြို့ပတ်ချာလည်ကို ယမန်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်၊ ၂၄ မိနစ်၊ ၃၀ မိနစ်၊ ၄၈ မိနစ်၊ ၅၁ မိနစ်နှင့် ၁၁ နာရီ ၄ မိနစ်၊ ၅ မိနစ်၊ ၁၁ မိနစ်၊ ၁၆ မိနစ်၊ ၂၅ မိနစ်တို့တွင် လေကြောင်းဖြင့် ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ Mi-35 ရဟတ်ယာဉ်ဖြင့်လည်း ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်နှင့် ၂၄ မိနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် Mi-35 ရဟတ် ယာဉ်ဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဒီပဲယင်းမြို့ရှိ ဌာနဆိုင်ရာရုံးတချို့ကို ယခုနှစ် ဇန်နဝါရီလကတည်းက တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယခုနှစ် ဇန်နဝါရီလကတည်းက သိမ်းပိုက်ရရှိထားသော ဒီပဲယင်းမြို့ပေါ်မှ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးတချို့။"]
https://yktnews.com/2023/09/120952/
Breaking News- ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်၊ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ Federal Wings ဒရုန်းတပ်ဖွဲ့က ပစ်ချလိုက်သော ဒရုန်းဗုံးထိမှန်၍ သေဆုံး
["Breaking News- ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်၊ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ Federal Wings ဒရုန်းတပ်ဖွဲ့က ပစ်ချလိုက်သော ဒရုန်းဗုံးထိမှန်၍ သေဆုံး", "မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်ထက်ဝင်း အပါအဝင် ၁၃ ဦး အပြင်းအထန်ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၃", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီထွေ/အုပ်ရုံးကို ယနေ့ ညနေပိုင်း ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း ၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ Federal Wings ဒရုန်းတပ်ဖွဲ့က ပစ်ချလိုက်သော ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားကြောင်း နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။", "စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် မြ၀တီမြို့ ရဲစခန်းကို Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ဗုံး ၂ လုံးကျရောက်ခဲ့ကြောင်း၊ ယင်းဗုံးကျရောက်မှုကို စစ်တပ်နှင့်ထွေ/အုပ် ပူးပေါင်း အဖွဲ့က လာရောက် စစ်ဆေးနေစဉ် ည ၇ နာရီ ၂၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံ ကျဲချခဲ့ကြောင်း၊ ယင်းသို့ ကျဲချခဲ့မှုကြောင့် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်းနှင့် ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်တို့ ဒရုန်းဗုံးထိမှန်၍ ပွဲချင်းပြီး သေဆုံခဲ့ကြောင်း၊ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ပြင်းထန်ဒဏ်ရာဖြင့် မြ၀တီခရိုင်ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ဒဏ်ရာရ ၁၃ ဦးတို့ သည် မြဝတီခရိုင်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရှိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းနှင့် ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။"]
https://yktnews.com/2023/12/137404/
Breaking News- နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီက လေယာဉ်ကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်နေ
["Breaking News- နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီက လေယာဉ်ကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက နတ်သံကွင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“နတ်သံကွင်းမြို့ကိုတော့ တော်လှန်ရေးတပ်တွေဘက်က သိမ်းလိုက်ပြီ။ စစ်ကောင်စီဘက်ကနေ လေယာဉ်တွေနဲ့ ဗုံးကျဲနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည် ။", "နတ်သံကွင်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသော ရှေ့တန်းသတင်းရင်းမြစ်ကမူ “KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက နတ်သံကွင်းမြို့ကို ထိန်းထား နိုင်ပြီ။ နတ်သံကွင်းရဲစခန်းကိုလည်းသိမ်းလိုက်ပြီ ။ မြို့ကို ရှင်းလင်းရေးလုပ်နေတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- ယခုနှစ် ဇွန်လ ၆ ရက်နေ့ ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူး တံတား (နတ်သံကွင်း) မိုင်းခွဲခံရပြီး ကျိုးကျသွားစဉ်။"]
https://yktnews.com/2023/12/135658/
Breaking News- နမ့်ဆန်မြို့မရဲစခန်းမှ ထွက်ပြေးသွားသော ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းမှ ဗိုလ် မှူး / ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၂၀ ဦး နီးပါးပါ စစ်ကြောင်းမှ အားလုံး စုစုပေါင်း ၄၀ ဦးဝန်းကျင် တိုက်ပွဲတွင် သေဆုံး
["Breaking News- နမ့်ဆန်မြို့မရဲစခန်းမှ ထွက်ပြေးသွားသော ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းမှ ဗိုလ် မှူး / ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၂၀ ဦး နီးပါးပါ စစ်ကြောင်းမှ အားလုံး စုစုပေါင်း ၄၀ ဦးဝန်းကျင် တိုက်ပွဲတွင် သေဆုံး", "ရဟတ်ယာဉ်ဖြင့် စစ်ကူ ချထားပေးသည့် စစ်တပ်စစ်ကြောင်းမှလည်း ၂၅ ဦးသေဆုံးပြီး ဖရိုဖရဲဖြစ်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ နမ့်ဆန်မြို့မရဲစခန်းကို TNLA က သိမ်းပိုက်စဉ် ထွက်ပြေးသွားသော ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းမှ ဗိုလ်မှူး/ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၂၀ ဦးနီးပါးပါ စစ်ကြောင်းမှ စစ်သားနှင့်ရဲများအားလုံး စုစုပေါင်း ၄၀ ဝန်းကျင် ယမန်နေ့ တိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန် TNLA က နမ့်မြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော စစ်ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၁ ဦး ပါ စစ်ကြောင်းသည် ခလရ ၂၅၄ မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းတွင် သွားရောက်ပူးပေါင်းခဲ့ကြ ကြောင်း၊ အဆိုပါ ပူးပေါင်းစစ်ကြောင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် TNLA က တိုက်ခိုက်ရာမှ အားလုံး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ယမန်နေ့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ချထားပေးသော စစ်ကူ အင်အား ၇၀ အနက်မှ ၂၅ ဦးမှာလည်း TNLA နှင့်တိုက်ပွဲအတွင်း သေဆုံးပြီး ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း သိရှိရသည်။", "(ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2023/04/98905/
Breaking News- နိုင်ငံတကာက ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲသည့် Cluster ဗုံးများကို မကွေးလေတပ်သို့ ပို့ဆောင်
["Breaking News- နိုင်ငံတကာက ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲသည့် Cluster ဗုံးများကို မကွေးလေတပ်သို့ ပို့ဆောင်", "ပြည်သူများအနေဖြင့် ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများ၏ အန္တရာယ် ကို သိရှိရန် လိုအပ်", "ရန်ကုန်၊ ဧပြီ ၂၂", "နိုင်ငံတကာတွင် အသုံးပြုခြင်း မပြုရန် ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေတတ်သည့် ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထားကြောင်း စစ်တပ် သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင် တဲ စခန်းရှိ အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၃) က ထုတ်လုပ်သည့် 50 kg 120 cluster (လေယာဉ်တင်ဗုံး)များ ကို မကွေးလေတပ်သို့ စစ်ကား ၁၂ စီးဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်း သိရှိရသည်။", "CDM ဗိုလ်ကြီး လင်းထက်အောင်က စစ်ကောင်စီအနေဖြင့် ပြည်သူများကို ပိုမို ရက်စက်စွာ သတ်ဖြတ်ရန် အတွက် အလွန်ရက်စက်သော ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံးများ အသုံးပြုလာသည်ကို အထူး သတိထားရန် သတိပေးသည်။", "“ကပစမှာ နိုင်ငံတကာက ကန့်သတ်ထားတဲ့ ဖျက်အားပြင်း Cluster ဗုံး အမျိုး အစား ၂မျိုးရှိပါတယ် ။ Guided Gliding Cluster Bomb နဲ့ Inertia Guided Cluster Bombပါ ။ အမျိုးအစား၁ခုကို ၁၀လုံးစီထုတ်ထားပြီးသားရှိပါတယ် ။ ။ တရုတ်နိုင်ငံပညာရှင်တွေကိုယ်တိုင် ကပစမှာ လာရောက်ထုတ်လုပ်သွားတဲ့ ဗုံးတွေပါ ။ ဒါပေမယ့်ဒီဗုံးတွေကို သယ်ဆောင်ကျဲချနိုင်တဲ့ လေယာဉ် အမျိုး အစား မြန်မာနိုင်ငံမှာမရှိသေးတဲ့အတွက် လက်ရှိမှာ 120ဗုံးသီးတွေနဲ့ Cluster ပုံစံ တုပထုတ်လုပ်ထားတဲ့ ပြည်တွင်းဖြစ် Cluster bomb တွေ ကိုအသုံး ပြုပါတယ် ။ ပင်မဗုံးbodyအတွင်းမှာ 120 ဗုံးသီးများ စွာကိုထည့် သွင်းပြီး ပြုလုပ်ထားတာပါ ။ ပင်မဗုံးသီးကွဲတာနဲ့ အတွင်းမှာရှိတဲ့ 120 ဗုံးသီးတွေ ပါ ဆင့်ပွား ကွဲ စေတဲ့အတွက် ဖျက်အားပြင်း လေယာဉ်ဗုံး အမျိုး အစား ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။", "ထို့ပြင် ပြည်သူများအနေဖြင့် ယင်း ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံးများ၏ အန္တရာယ်ကို ကာကွယ်ရေး ကြိုတင် လုပ် ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။", "“ဒီဗုံးရဲ့အန္တရာယ်က ကြိုတင်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတူးထားဖို့လိုပါမယ် ။ စခန်းကိုဝေဟင် မြင်ကွင်းကနေ ဖုံးကွယ်တပ်ဖျောက်ထားဖို့လိုပါမယ် ။( ဥပမာ စခန်းခေါင်းမိုးပေါ်မှာသစ်ရွက် အစိမ်းတွေအုပ်ထားတာမျိုး) ။ လူစု လူဝေး နဲ့ စခန်းချတာမျိုးမလုပ်သင့်ပါ ။ တပ်ဖြန့်နိုင်သလောက် ဖြန့်ထား ဖို့လိုပါတ ယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ရှင်းပြသည်။", "ဓာတ်ပုံ- ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံး အမျိုးအစားပုံစံတစ်ခု။ (အခြားနိုင်ငံမှ ဗုံးအမျိုးအစားပုံစံဖြစ်ပါသည်။)"]
https://yktnews.com/2023/04/98068/
Breaking News- နေပြည်တော် အေလာလေတပ် ပစ်ခတ်ခံရပြီး မီးအကြီး အကျယ် လောင်ကျွမ်း၊ သေဆုံးထိခိုက်မှုနှင့် ပျက်စီးမှုတချို့ရှိဟုဆို
["Breaking News- နေပြည်တော် အေလာလေတပ် ပစ်ခတ်ခံရပြီး မီးအကြီး အကျယ် လောင်ကျွမ်း၊ သေဆုံးထိခိုက်မှုနှင့် ပျက်စီးမှုတချို့ရှိဟုဆို", "ရန်ကုန်၊ ဧပြီ ၁၇", "အကြမ်းဖက်စစ်ကောင်စီရဲ့ အရေးကြီးတဲ့ လေတပ်စခန်းတစ်ခုဖြစ်တဲ့ နေပြည် တော် အေလာလေတပ်ကို ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ပစ်ခတ် မှုဖြစ်ပွားပြီး မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တယ်လို့ နေပြည် တော် သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။", "“နေပြည်တော် အေလာလေတပ်မှာ မနေ့ ည ၁၁ နာရီ ဝန်းကျင် ပေါက်ကွဲသံ ၂ ချက် ကြားရပြီး မီးလောင်ပါတယ်။ မီးလောင်တဲ့ ဧရိယာက အတော်ကို ကြီးပါတယ်။ လောင်စာကန်ထိတယ်လို့လည်းပြောသလို သေဆုံးထိခိုက်မှု ရှိတယ်လည်း ပြောကြတယ်။ လေတပ်ထဲမှာ ထိခိုက် ပျက်စီးမှုရှိတယ်ဆိုပြီး သတင်းတွေကြားရပါတယ်။ အသေးစိတ် အတိအကျတော့ မသိရပါဘူး” ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။", "ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးဘဲ ပစ်ခတ်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲအပြီးမှာ မီးတွေ ထလောင်ခဲ့တာလို့ သိရပါ တယ်။ လောင်ကျွမ်းတဲ့မီးကိုလည်း နာရီ အတော်ကြာအောင် ငြိမ်းသတ်ခဲ့ရ တယ် လို့လည်း သိရပါတယ်။"]
https://yktnews.com/2024/04/154961/
Breaking News- နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု လေတပ်လေယာဉ်ပြေးလမ်းထိခိုက်ပျက်စီး၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့
["Breaking News- နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု လေတပ်လေယာဉ်ပြေးလမ်းထိခိုက်ပျက်စီး၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့", "လေတပ်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မှု ရပ်ဆိုင်းလိုက်ပြီး စစ်ရုံးရှိ ခန်းမဆောင်တစ်ခု၏ခေါင်မိုး ဒရုန်းဗုံးထိမှန်", "ရန်ကုန်၊ ဧပြီ ၄", "နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် ယနေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လေတပ်လေ ယာဉ်ပြေးလမ်းထိခိုက်ပျက်စီးခဲ့ကြောင်း၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကမူ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ၊အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။", "ရန်ကုန်ခေတ်သစ်၏ စစ်ရေးသတင်းအရင်းအမြစ်များ၏ အဆိုအရ နေပြည်တော်၊ အေလာ လေတပ်ထဲသို့ အသေခံဒရုန်း ၆ စီး ကျရောက်ခဲ့ပြီး လေယာဉ်ပြေးလမ်း ထိခိုက်ခဲ့သဖြင့် လေယာဉ်အတက်အဆင်း ယာယီ ရပ်ဆိုင်းခဲ့ကြောင်း ၊ ပြေးလမ်း၏ ထိပ်ဘက်အခြမ်းသို့ ဒရုန်းဗုံးများ ကျရောက်သဖြင့် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နေပြည်တော်လေတပ်က သင်္ကြန်မဏ္ဍပ်အကြီးစား ဆောက်လုပ်နေမှုကို လက်ရှိတွင် ဒရုန်းဗုံးများ ကျရောက်မှု ကြောင့် ရပ်ဆိုင်းလိုက်ကြောင်း၊ နေပြည်တော်လေတပ်နှင့် လေဆိပ်တွင် Jammer များ ထားရှိခဲ့သော် လည်း ယခုကဲ့သို့ အသေခံဒရုန်းများကို တားဆီးနိုင်ခြင်းမရှိဘဲ ဝင်ရောက်ဗုံးကျဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ နေပြည်တော်စစ်ရုံးရှိ ခန်းမဆောင် တစ်ခု၏ ခေါင်မိုးလည်း ဒရုန်းဗုံးထိမှန်သဖြင့် ပျက်စီးမှုရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207813/
Breaking News- နောင်ချိုမြို့တွင် စစ်ကောင်စီက လေယာဉ်ကို အနိမ့်ပျံသန်းပြီး စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဗုံးကျဲ ပစ်ခတ်မှု သံဃာတော် ၉ ပါးနှင့် ပြည်သူ ၅ ဦး စုစုပေါင်း ၁၄ ဦးသေဆုံး
["Breaking News- နောင်ချိုမြို့တွင် စစ်ကောင်စီက လေယာဉ်ကို အနိမ့်ပျံသန်းပြီး စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဗုံးကျဲ ပစ်ခတ်မှု သံဃာတော် ၉ ပါးနှင့် ပြည်သူ ၅ ဦး စုစုပေါင်း ၁၄ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် စစ်ကောင်စီက စစ်လေယာဉ်ကို အနိမ့်ဆုံးပျံသန်းပြီး စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဗုံးကျဲ ပစ်ခတ်ရာ သံဃာတော် ၉ ပါးနှင့် ပြည်သူ ၅ ဦး စုစုပေါင်း ၁၄ ဦးသေဆုံးကြောင်း နောင်ချိုမြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၅ နာရီ ၂၆ မိနစ်အချိန်မှစတင်၍ စစ်ကောင်စီ၏ တိုက်လေယာဉ်က အနိမ့်ဆုံးပျံသန်းပြီး နောင်ချိုမြို့၊ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို ဗုံးကျဲပစ်ခတ်ခဲ့ကြောင်း၊ ဗုံး ၄ လုံး ၂ ကြိမ်ကျဲချပြီး", "လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် အတွဲလိုက် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် စိန်ရတနာပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၉ ပါးနှင့် ပြည်သူ ၅ ဦး သေဆုံးကြောင်း သိရှိရသည်။", "“လေယာဉ်ကို နိမ့်နိမ့်လေးပျံပြီး ပြည်သူတွေကို စစ်ဘေးရှောင်တွေမှန်းသိရက်နဲ့ တမင်ကို ရည်ရွယ်ပြီး လူသတ်သွားတယ်။ သံဃာတော် ၉ပါး ပျံလွန်တော်မူပါတယ်။ သံဃာတော် ၉ ပါးမှာ ကိုရင် ၈ပါးနဲ့ ဦးဇင်း ၁ပါး ပါတယ်။ စစ်ဘေးရှောင် ပြည်သူ ၅ ဦးလည်း သေဆုံးတယ်။ စုစုပေါင်းက ၁၄ ဦးသေဆုံးပါတယ်” ဟုနောင်ချိုမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြား မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- CJ ။"]
https://yktnews.com/2023/11/131764/
Breaking News- ပုဂ္ဂလိကဘဏ်များအားလုံးတွင် ယနေ့ ငွေလာထုတ်သူ အလွန်များပြားပြီး ငွေကျပ် သိန်း ၂၀ သာအများဆုံး ထုတ်ပေး၊ ငွေထုတ်ယူမှုများအားလုံးကို ပြန်လည်ကန့်သတ်
["Breaking News- ပုဂ္ဂလိကဘဏ်များအားလုံးတွင် ယနေ့ ငွေလာထုတ်သူ အလွန်များပြားပြီး ငွေကျပ် သိန်း ၂၀ သာအများဆုံး ထုတ်ပေး၊ ငွေထုတ်ယူမှုများအားလုံးကို ပြန်လည်ကန့်သတ်", "ရန်ကုန်ရှိ CB ဘဏ်နှင့် KBZ ဘဏ်တချို့က ငွေထုတ်မပေး", "ရန်ကုန်၊ နိုဝင်ဘာ ၁၇", "ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများရှိ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ယနေ့ ငွေလာထုတ်သူအလွန်များပြားပြီး ငွေထုတ်သူများကို ငွေကျပ် သိန်း ၂၀ သာအများဆုံးထုတ်ပေးကြောင်း၊ ငွေထုတ်ယူမှုများအားလုံးကို ပြန်လည် ကန့်သတ်လိုက်ကြောင်း ပြည်တွင်းမှ ပြည်သူများက ပြောဆိုသည်။", "“အရင်က ရိုးရိုး အကောင့်တွေမှာ ငွေထုတ်ခွင့်မပေးဘူး Special အကောင့်ဖွင့်ရမယ်ဆိုပြီး အခု ဒီနေ့ Special အကောင့်တွေပါ ငွေကျပ် သိန်း ၂၀ ပဲ အများဆုံးထုတ်ပေးတယ်။ ဧရာ၀တီရော KBZ ရော ရိုးမရော အကုန်အတူတူပဲ” ဟု ပြည်တွင်းမှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ကုမ္ပဏီဘဏ်အကောင့်များကိူမူ ငွေကျပ် သိန်း ၂၀၀ သာ ထုတ်ပေးသည်ဟု ထပ်မံ သိရှိရသည်။", "ရန်ကုန်မြို့လယ်၊ ဘိုကလေးစျေးရှိ CB ဘဏ် တွင် ငွေထုတ်ရန် တန်းစီသူများ ယနေ့ နံနက်ပိုင်း များပြားလွန်းခဲ့သဖြင့် ငွေထုတ်မပေးတော့ဟုဆိုကြောင်း သိရှိရသည်။", "အလားတူ ရန်ကုန်မြို့လယ်ရှိ KBZ ဘဏ်များတွင် ငွေထုတ်ပေးရန် ငွေကား ရောက်မလာဟု လည်းကောင်း၊ သက်ဆိုင်ရာ ငွေစာရင်းဖွင့်လှစ်ခဲ့သော မူရင်း KBZ ဘဏ်တွင်သာ ငွေထုတ်ပေးမည်ဖြစ်ကြောင်း အကြောင်းအမျိုးမျိုးပြ၍ ငွေထုတ်ယူမှုများကို ငြင်းပယ်နေကြောင်း သိရှိရသည်။", "ဘဏ်သတင်းရပ်ကွက်၏ အဆိုအရ ဗဟိုဘဏ်က ငွေထုတ်ယူမှုများပြားနိုင်သဖြင့် ငွေထုတ်ယူမှုအားလုံးကို အကန့်အသတ်ဖြင့် ပြန်လည် ခွင့်ပြုရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။", "တိုက်ပွဲများဖြစ်ပွားနေပြီး မတည်မငြိမ်ဖြစ်နေသော စစ်ကိုင်းတိုင်း၊ ကချင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပုဂ္ဂလိကဘဏ်များမှာ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းပြီး ဝန်ထမ်းများကို လစာ ၂ လစာပေး၍ အလုပ်မှ မလာခိုင်းတော့ကြောင်း၊ ယင်းသတင်းကြောင့် ပုဂ္ဂလိကဘဏ်များမှ ငွေလာထုတ်သူများပြားလာပြီး မိမိတို့ငွေကြေးများ ပြန်လည်ထုတ်ယူရန် အလုအယက် တိုးဝှေ့ကြကြောင်း ၊ ရခိုင်ပြည်နယ်ရှိ ဘဏ်များမှ ငွေများကိုလည်း စစ်ကောင်စီက သိမ်းယူ၍ ရွှေ့ပြောင်းနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/110029/
Breaking News- ပုလဲမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သံဃာ တော် ၁ ပါးအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး၊ ထွက် ပြေးသည့် ရွာသားများကို တိုက်လေယာဉ် ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်
["Breaking News- ပုလဲမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သံဃာ တော် ၁ ပါးအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး၊ ထွက် ပြေးသည့် ရွာသားများကို တိုက်လေယာဉ် ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်", "ရန်ကုန်၊ ဇွန် ၂၇", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ညောင်းကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာ ကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ရာ သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့်စေတီများပါပျက်စီး သွားကြောင်း သိရှိရသည်။", "ဇွန်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန် ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခြင်းဖြစ်ကြောင်း ၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် ဘုရား စေတီများပါ ပျက်စီးခဲ့ရကြောင်း၊ လာရောက်ပစ်ခတ်သည့် တိုက်လေယာဉ် သည် မန္တလေး တံတာဦးလေတပ်မှဖြစ်ကြောင်း သိရှိရသည်။", "“လေယာဉ်နဲ့ ပစ်တာက ချင်ပြစ်ရွာနဲ ာင်ကုန်းရွာကို ပစ်တာ။စက်လက်နက် တွေနဲ့လည်းထုတယ်။လေယာဉ်ပေါ်ကနေ ဗုံးသီးအကြီးတွေလည်းချတယ်။ချင်ပြစ်ရွာကတော့ ရွာရဲ့အနောက်ဖက် တာရိုးကုန်းကို ဗုံးသီးအကြီးတွေ ၄လုံးချတယ်။အထိအခိုက်ကတော့ တောကပြန်လာတဲ့ အမျိုးသမီး၂ ဦးဗုံးစ ထိမှန်တယ်။ နောက်ညောင်ကုန်းကတော့ ရွာပေါ်တည့်တည့်ကို ဗုံးသီးအကြီး တွေ၃ လုံးချတယ်။ ၁လုံးက ဘုန်းကြီးကျောင်းပေါ်ကျတယ်။ ကျောင်းပါပျက်စီး သွားတယ်။ဘုရားတွေလည်းပျက်စီးတယ်။နောက်ဗုံးသီး၂လုံးကတော့ ဘုန်းကြီး ကျောင်းအနီးက ကိုစိုးကြီးတို့နေအိမ်ပေါ်တစ်လုံးရယ်၊ နောက်ထပ်တစ်လုံးက တစ်ခြားနေအိမ်ပေါ်တစ်လုံးကျတယ်။ကိုစိုးကြီးတို့မိသားစု ၄ ဦးကတော့ နေ ရာတင် သေသွားဗျ။ ဘုန်းကြီးလည်းနေရာတင် ပျံလွန်တော်မူတယ်။ နောက် တစ်လုံးကျ တဲ့အိမ်ကလည်းမိသားစု ၄ ဦးနေရတင်သေတယ်။နောင် တစ်ဦး ကတော့ ဆေးရုံရောက်မှသေသွားတယ်။သေတဲ့သူကစု စု ပေါင်း အမျိုးသမီး ၃ ဦး၊အမျိုးသား၆ဦးနဲ့ဘုန်းကြီးတစ်ပါးဖြစ်တယ်”ဟု ညောင်ကုန်းရွာ သားတစ်ဦး ကပြောသည်။", "စစ်ကောင်စီ၏ တိုက်လေယာဉ်က ထွက်ပြေးသည့် ကျေးရွာသားများကို လေယာဉ် ပေါ်မှာ စက်လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "“ရွာပေါ်ဗုံးသီးတွေကျလို့ ကြောက်လန့်ပြီးရွာအပြင်ထွက်ပြေးတဲ့ အရပ်သား တွေကိုလည်း စစ်ကောင်စီက လေယာဉ်ပေါ်ကနေ စက်လက်နက်နဲ့ ပစ်ခတ် တာတွေရှိခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦးကျော်ကျည်ထိမှန် ထားတယ်။ စစ်ကောင်စီရဲ့ဗုံးသီးချတိုက်ခိုက်တာကြောင့် ‌ညောင်ကုန်းရွာမှာရှိတဲ့ အရပ် သား ပြည်သူနေအိမ်၈လုံးမီးလောင်ပျက်စီးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "ယနေ့ ဇွန်လ ၂၇ ရက် ညနေ ၃ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေး ရွာ တောင်ပိုင်းရှိ ဘုန်းကြီးကျောင်းအပါအဝင် အနီး အနားရှိနေအိမ် ၁၃ လုံးမီး လောင်ပျက်စီးခဲ့ကြောင်း၊ ဗုံးကျဲခံရမှုကြောင့် သံဃာတော် ၁ ပါး အပါအဝင် အသက် ၁၈ နှစ်မှ ၇၀ ကြားရှိ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၀ ခန့် အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများတွင် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း သိရသည်။", "“အသံကြားတာနဲ့ ဖုန်တွေ၊ သဲတွေလွင့်လာတာ၊ ကလေးတွေနဲ့အတူ မှောက် နေပြီးတော့ အသံငြိမ်တဲ့ အချိန်မှာ ဘုန်းကြီးကျောင်းထဲကို ပြေးတာ၊ ဘုန်းကြီးကျောင်းက နှစ်ကျောင်းရှိတာ၊ မြောက်ကျောင်းကို ပြေးလိုက်တာ၊ ခဏလောက်ကြာတော့ နောက်ထပ်အသံထပ်ကြားရတာ၊ အသံကြားရပြီးတော့ မီးလုံး တွေ မြင်ရတာ၊ မီးလုံးတွေမြင်ရပြီးတော့ ခဏအသံငြိမ်အောင်စောင့် ပြီးတော့ ရွာထဲကို ပြန် လာတယ်၊ ပြန်လာတော့ အိမ်ကရှေ့ဇောင်းလေး နည်း နည်း မီးလောင်တယ်၊ လက်နက်ကြီးမှန်လို့ အပေါ်ကနေ ကျ လိုက်တဲ့ သွပ် ပေါက် တွေရှိတယ်၊ ဒါပေမယ့် ဘုန်းကြီးကျောင်းကတော့ လုံးဝပျက်စီးသွားပြီ၊ ဘုန်းကြီး ကျောင်းမှန်းသိသိကြီးနဲ့ပစ်တာ၊ နိမ့်နိမ့်လေးနဲ့ကို ပစ်သွားတာ၊တော်တော်တော့ မိုက်ရိုင်းတယ်” ဟု ဒေ သနေပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့သို့ အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဘုန်းကြီး ကျောင်းနှင့် ဘုန်းကြီး ကျောင်း အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၁၃ လုံးမီး လောင်သွားကြောင်း၊ ကျေးရွာနေပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ ကလေးမြို့၌ ကျောင်း ထိုင်နေသည့် ဆရာတော်ဖြစ်ပြီး ကျေးရွာသို့ ခေတ္တ ပြန်လာပြီး ညီမ တော်စပ် သူတစ်ဝမ်းကွဲနေအိမ်သို့ အလည်သွားနေ စဉ် ဗုံးကျဲခံရခြင်း ဖြစ် ကြောင်း၊ ဗုံးကျဲခံရသည့် ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်မှာ အခြား ကျေးရွာတစ်ရွာသို့ သွားရောက်နေစဉ် ဗုံးကျဲခံရသဖြင့် လွတ် မြောက် သွားခြင်းဖြစ်ကြောင်း သိရသည်။", "“ဘုန်းကြီးတစ်ပါးလည်းပါတယ်၊ အိမ်က ညီမအငယ်ဆုံးလေးရဲ့ အမျိုးသား လည်း ပါသွားတယ်၊ တစ် အိမ်ထဲမှာ ၅ ယောက်ပြောပါတော့ ၊ ညီအစ်ကိုအရင်း ၃ ယောက်နဲ့ မောင်နှမတစ်ကွဲ ၂ ယောက်၊ အဲဒီ အိမ်ဝင်းထဲအနေနဲ့ပြောရရင် ၇ ယောက်ဆုံးသွားတာ၊ နောက်ထပ်တစ်ယောက်ကတော့ လက်ပြတ်ပြီး ကျောင်း ထဲ သယ်လာနိုင်သေးတယ်၊ ကျောင်းထဲရောက်မှ ဆုံးသွားတာ၊ ကျန်တဲ့လူတွေ ကတော့ ရုပ်ပျက် ဆင်းပျက်ပဲ၊ အခုနောက်ထပ်က ဒီနှစ်ပဲ NUG ကနေ ဆယ် တန်း အောင်ထားတဲ့ ကောင်မလေးလဲ ဆုံး သွားပြီလို့ သတင်းလှမ်းပို့ တယ်၊ ဆေးရုံသွားနေတုန်းလမ်းမှာဆုံး သွားတာ” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယခုညပိုင်းအထိ ဗုံးကျဲခံရသည့် ဘုန်းကြီးကျောင်းအပါအဝင်အနီးရှိ နေအိမ် များအပြင် မီးစွဲလောင် နေသည့် မန်ကျည်းပင်၊ သစ်ပင်များကို ရွာသူရွာ သားများမှ ဝိုင်းဝန်းမီးငြှမ်းသတ်နေရကြောင်း သိရသည်။", "“လေယာဉ်သံကိုမကြားလိုက်ရဘူး၊ လက်နက်သံပဲကြားလိုက်ရတာ၊ ဂျက်ဖိုက် တာ လို့ပြောတယ်၊ တောင် ဘက်ဆီကနေလာပြီးတော့ သုံးလေးခေါက်လောက် လာပြီးတော့ ပစ်သွားတာ၊ အိမ်တွေကတော့ လုံးဝ ပြာကျတယ်၊ ဒဏ်ရာရတဲ့ အထဲက နောက်ထပ်တစ်ယောက်ကလည်း စိုးရိမ်ရတဲ့အခြေအနေဆိုတော့ သေမယ်လို့ထင်တယ်၊ ဆေးရုံဆေးခန်းကလည်း သွားရတာ မလွယ်တော့၊ ကလေးတွေက ဒဏ်ရာရတာ လောက်ပဲရှိတယ်၊”ဟု ဒေသနေပြည်သူက ပြောဆိုသည်။"]
https://yktnews.com/2023/12/134215/
Breaking News- ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ခမရ ၅၉၉ တပ်နှင့် မုန်းမြို့ မြို့မ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခံရ ဒေသပြည်သူများပြောဆိုသော်လည်း တော်လှန်ရေးတပ်များထံမှ အတည်ပြုချက်မရရှိသေး
["Breaking News- ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ခမရ ၅၉၉ တပ်နှင့် မုန်းမြို့ မြို့မ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခံရ ဒေသပြည်သူများပြောဆိုသော်လည်း တော်လှန်ရေးတပ်များထံမှ အတည်ပြုချက်မရရှိသေး", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ခမရ ၅၉၉ တပ်ရင်းဌာနနှင့် မုန်းမြို့ မြို့မ ရဲစခန်းကို မဟာမိတ် တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် ခမရ ၅၉၉ တပ်နှင့် မုန်းမြို့ မြို့မရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဆက်လက် တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။", "“ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခွဲမှာ ခမရ ၅၉၉ တပ် သိမ်းပိုက်နိုင်တယ်လို့ သိရပါတယ်။ နောက်တစ်ခါ မုန်းမြို့ ရဲစခန်းကိုလည်း သိမ်းလိုက်ပြီလို့သိရတယ်။ အခုလက်ရှိလည်း ရှေ့ကို ထိုးစစ်ဆင်နေတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ မုန်းတံတားမှာ တိုက်ပွဲက အပြင်းထန်ဆုံးပဲ။ ခမရ ၅၉၀ တပ်နဲ့မုန်းတံတားနားက ပြည်သူတွေအားလုံး တိမ်းရှောင်နေရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေဆူညံနေတာပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထိုသို့ဒေသပြည်သူများက ပြောဆိုကြသော်လည်း တပ်ရင်းနှင့် ရဲစခန်းကို သိမ်းပိုက်ရရှိသည်ဆိုသော သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၏ အတည်ပြု သတင်းထုတ်ပြန်ချက်ကိုမူ ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှီသေးပေ။"]
https://yktnews.com/2023/12/134255/
Breaking News- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ
["Breaking News- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ", "ပဲခူးတွင် ပထမဆုံး သိမ်းပိုက်ရရှိသည့်မြို့ဖြစ်ပြီး PDF တပ်များက သိမ်းပိုက်နိုင်သော ၄ ခုမြောက် မြို့ဖြစ်၊ တစ်နိုင်ငံလုံးတွင် မြို့ပေါင်း ၂၁ ခု သိမ်းနိုင်ပြီ", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ အပြီး သတ် တိုက်ခိုက် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။", "“တစ်ပြိုင်တည်း တပ်ရင်း ၂ ခု၊ မြို့တစ်မြို့ ရပြီ။ ခမရ ၅၉၉ တုံးတော တပ်ရင်း၊ ခမရ ၅၉၀ ရေအိုးစဉ် တပ်ရင်း၊ မုန်းရဲစခန်း၊ မုန်းသံတံတား တို့ကို သိမ်းပိုက်ရရှိပြီဖြစ်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကိုင်းတိုင်းတွင် ကောလင်းမြို့၊ ခမ်းပတ်မြို့၊ ရွှေပြည်အေးမြို့တို့ကို သိမ်းပိုက်ရရှိပြီးနောက် ပဲခူးတိုင်းတွင် မုန်းမြို့ကို ပထမဆုံး သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်ဘက်ကမူ မုန်းမြို့ကို လက်ရှိတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။", "နိုင်ငံတစ်ဝန်းလုံးတွင် တိုင်းရင်းသားတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားသော မြို့ပေါင်း ၂၁ မြို့ရှိလာပြီဖြစ်သည်။"]
https://yktnews.com/2024/03/153438/
Breaking News- ဖာပွန်မြို့ကို KNLA ၊ PDF အပါအဝင် တော်လှန်ရေး မဟာ မိတ်တပ်များက အပြီး သိမ်းယူလိုက်ပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံး၀ မရှိတော့
["Breaking News- ဖာပွန်မြို့ကို KNLA ၊ PDF အပါအဝင် တော်လှန်ရေး မဟာ မိတ်တပ်များက အပြီး သိမ်းယူလိုက်ပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံး၀ မရှိတော့", "ရန်ကုန်၊ မတ် ၂၈", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်မြို့ကို KNLA ၊ PDF အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်များက ယနေ့ ထိန်းချုပ်လိုက်ပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံး၀ မရှိတော့ကြောင်း မြေပြင် တော် လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“KNLA / PDF ပူးပေါင်းတပ်ဖွဲ့တွေ ဖာပွန်မြို့ကို ထိန်းချုပ်လိုက်ပါပြီ။ ဖာပွန်မြို့ထဲ စကစ လုံးဝမရှိတော့ပါဘူး။", "ဒီတစ်ခါ ထိမ်းယုံတင်မဟုတ် အပြီးသိမ်းတာပါ။ မြို့နယ်ထဲမှာတော့ ဆက်ပြီး သိမ်းရမယ့် တပ်စခန်းတချို့လည်းရှိနေသေးတယ်။ ” ဟု မြေပြင် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်ရှိ အကြမ်းဖက်စစ်တပ်၏ စစ်ဗျူဟာအခြေချ စဗခ(၁)ရတခ လက် အောက်ခံတပ်ရင်းစခန်းများ အားလုံး တည်ရှိ ကူးလူးသွားလာရာလမ်းများကို KNU တပ်မဟာ ၅ နှင့် တော် လှန်ရေးတပ်များအားလုံးက ဝိုင်းဝန်း ပိတ်ဆို့ဖြတ်တောက်ထားကြောင်း KNU တပ်မဟာ ၅ က မတ်လ ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။", "မတ်လ ၁၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက်စစ်တပ်၏ စဗခ(၁)ရတခ လက်အောက်ခံတပ်ရင်းစခန်းများ တည်ရှိသည့် မယ်တရိုး၊ ဝေနောင်၊ တံခွန်တိုင်နှင့် ဝေဆာ၏ ကူးလူးဆက်သွယ်ရေးလမ်းများအားလုံးကို ပိတ်ဆို့ ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်မှုသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည့် ကရင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ နယ်မြေချဲ့ထွင်စိုးမိုးမှုအားလုံးပြန်လည် ရုပ်သိမ်းရန်နှင့် ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုက်ခိုက်မောင်းထုတ်ရမည် ဆိုသည့် ထုတ်ပြန်စာအရ နောက်ဆက်တွဲအရေးယူဆောင်ရွက်မှုပင် ဖြစ် ကြောင်း KNU က ကြေညာခဲ့ပြီးနောက် ဖာပွန်မြို့ကို သိမ်းယူလိုက်ခြင်းဖြစ်သည်။"]
https://yktnews.com/2025/01/199269/
Breaking News- ဖားကန့်မြို့နယ်ရှိ ကျောက်မျက် ကုမ္ပဏီဝင်းများ အပါအဝင် နေရာ ၃ ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူများအပြား သေဆုံးထိခိုက်
["Breaking News- ဖားကန့်မြို့နယ်ရှိ ကျောက်မျက် ကုမ္ပဏီဝင်းများ အပါအဝင် နေရာ ၃ ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူများအပြားသေဆုံးထိခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝင်း အပါအဝင် နေရာ ၃ ခုကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူများအပြား သေဆုံးထိခိုက်ကြောင်း KIA သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၈ မိနစ်အချိန် မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ တက်လာသော Yak-130 ဂျက်ဖိုက်တာလေယာဉ်က ဖားကန့်မြို့နယ် အတွင်းရှိ မဇွပ်ယာန်မြို့ မနောကွင်း၊ ၊ မြဥယျာဉ်ကုမ္ပဏီ ကျောက်မျက်ဝင်းအတွင်းနှင့် ဆန်ခါကျေးရွာ ကျောက်မျက်လုပ်ကွက် နေရာများကို လေယာဉ်ဖြင့် ဗုံးကျဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် လူအသေအပျောက်များကာ စာရင်းအတိအကျ မသိရသေးဘဲ သေဆုံးထိခိုက်မှု အခြေအနေ ဆိုးဝါးကြောင်း သိရှိရသည်။", "“ဖားကန့်၊ လုံးခင်း ဆန်ခါရွာကိုလည်း ဖိုက်တာဂျက်နဲ့ ဗုံး ၂ လုံးကျဲချတယ်။ စက်သေနတ်နဲ့လည်းပစ်တယ်။ သေဆုံးမှုများတယ်။ စာရင်း အတိအကျ မသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် ယနေ့ နံနက်အစောပိုင်းကလည်း ဖားကန့်မြို့နယ်ဘက်သို့ စစ်လေယာဉ်ဖြင့် ဗုံးကျဲချမှု ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေ ကို မသိရှိရသေးဟု ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။"]
https://yktnews.com/2023/12/135641/
Breaking News- ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF တပ်များက တိုက်ခိုက်သိမ်းပိုက် ၊ စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေ
["Breaking News- ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF တပ်များက တိုက်ခိုက်သိမ်းပိုက် ၊ စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၃", "ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန် တော်လှန်ရေးတပ်ဖွဲ့များက ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းအကြားရှိ ညောင်ပင်သာ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း၊ အဆိုပါစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ နံနက် ၇ နာရီကျော်အချိန်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“ဒီမနက်မှာ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး က ပြောဆိုသည်။", "လက်ရှိတွင် ညောင်ပင်သာ ရဲစခန်းအနီးရှိ ကျေးရွာများမှ ပြည်သူတချို့မှာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြပြီး စစ်ရဟတ်ယာဉ်များကလည်း တောက်လျှောက်ဆိုသလို ပျံဝဲ ပစ်ခတ်နေကြောင်း သိရှိရသည်။", "“ရဟတ်ယာဉ် ၂ စီး ဝဲ​​နေပါတယ်။ ရဟတ်ယာဉ်ကလည်း ပစ်ခတ်သံ​တွေလည်း ကြား​နေရတယ်။ အခု တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးက ညောင်ပင်သာထဲကို ပတ်ပြီး ဝဲနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ပဲခူးတိုင်း၊ ဖြူးမြို့နယ်သည် ရန်ကုန်မြို့နှင့် ၁၄၂ မိုင်သာ အကွာအဝေးရှိပြီး ဖြူးမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက် သိမ်းပိုက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/93108/
Breaking News- ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် သဖြင့် အသက် ၆ နှစ်အရွယ် စောဖိုးသင်္ကြန် ဦးခေါင်း ကျည်ထိ၍ သေဆုံး
["Breaking News- ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် သဖြင့် အသက် ၆ နှစ်အရွယ် စောဖိုးသင်္ကြန် ဦးခေါင်း ကျည်ထိ၍ သေဆုံး", "ရန်ကုန်၊ မတ် ၁၈", "မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်းရှိ စစ်ကောင်စီ ၏ အမှတ် ၃၁၄ အမြောက် တပ်က လက်နက်ကြီးများဖြင့် ရွှေရောင်ပြကျေးရွာအုပ်စုကို ပစ်ခတ်ရာ အသက် ၆ နှစ်အရွယ် စောဖိုးသင်္ကြန် ဦးခေါင်းကျည်ထိမှန်၍ သေဆုံးသွားကြောင်း ကျေး ရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။", "မတ်လ၁၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ဘီးလင်းမြို့အခြေစိုက် ဇီးဝန်း အမြှောက်တပ်ရင်း အမှတ် ၃၁၄ က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရွှေရောင် ပြကျေးရွာအုပ်စု၊ အဝင်းကြီးကျေးရွာတွင် နေထိုင်သော အသက် ၆ နှစ် အရွယ် စောဖိုးသင်္ကြန်၏ ဦးခေါင်းကို လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ်မှာ ပွဲချင်း ပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“ကလေး မိဘတွေက အဝင်းကြီးကျေးရွာ အပြင်မှာ အင်းပက်ပြီး ငါးရှာနေတာ။ ကလေးကိုလည်းခေါ်လာတယ်။ အဲဒါ လက်နက်ကြီးက ငါးရှာနေတဲ့ နေရာ အနား ကို ကျပြီး ကလေးက ပွဲချင်းပြီး ဆုံးတယ်။ မနက်ဖြန် သဂြိုလ်မယ်။ က လေး မိဘတွေရော ဆွေမျိုးတွေရော တစ်ရွာလုံး ငိုနေကြတယ်” ဟု ဒေသပြည် သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ဘီးလင်းမြို့ပေါ်မှနေ၍ ရွှေရောင်ပြ ကျေးရွာ အုပ်စု၊ မိကျောင်းအိုင်ကျေးရွာ အပါအဝင် ကျေးရွာများ ကိုလက်နက်ကြီးများဖြင့် အမြဲလိုလို ပစ်ခတ်လေ့ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/188725/
Breaking News- ဘုတလင်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ရက်ရက်စက် စက်သတ် ဖြတ်၊ ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်
["Breaking News- ဘုတလင်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ရက်ရက်စက် စက်သတ် ဖြတ်၊ ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်ကောင်စီက ရက်ရက်စက်စက်သတ်ဖြတ်ထားပြီး သတ်ဖြတ်ရာတွင် ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံစည်းရိုးများတွင် ချိတ်ထားခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊လူခန္ဓာကိုယ်မှ အူများထုတ် အသားများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်၍ အလွန်ရက်စက်စွာ သတ်ဖြတ်ထားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ဝင်ရာက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာလုံးကျွတ်ကို မီးရှို့ခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသော ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော် ပြာကျသွားကြောင်း၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာသွားပြီးနောက် အလွန်ရက်စက်စွာ သတ်ဖြတ်ထားသော ပြည်သူ ၆ ဦး၏ အလောင်းများကို တွေ့ရှိရကြောင်း စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“စစ်တပ်က ပြည်သူ ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ထားခဲ့တယ်။ ဦးခေါင်းတွေကို ဖြတ်ပြီး ခြံစည်းရိုးပေါ်ကို တင်ထားခဲ့တယ်။ ရွာကိုလည်း မီးရှို့တာ အိမ်ခြေ ၃၀၀ ကျော်လောက် မီး လောင်ဆုံးရှုံတယ်။ သေဆုံးသူတွေက စီပါရွာမှာနေထိုင်တဲ့ သက်ကြီးရွယ်အိုအမျိုးသား တွေပါ။ ကျန်တဲ့အသတ်ခံရသူတချို့ကတော့ ဘယ်က ဖမ်းခေါ်လာပြီး သတ်တာလဲအတိကျ ပြောလို့မရသေးဘူး။ ရုပ်အလောင်းတွေကလည်း ပုတ်ပွနေတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။", "စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ရာတွင် ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်ခြင်း၊ လူ၏ အူနှင့် ကလီစာများကို ရွာနေရာအနှံ့တွင် စွန့်ပစ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“အသတ်ခံရသူတွေက သာမန်အရပ်သားတွေပါ။ စီပါကျေးရွာက ဦး‌တင်လှိုင် ၊ ဦးကြောင်ပို ၊ ဦးရာစိန်၊ ဦးဌေးလွင် နဲ့ ကျန် ၂ ဦး နာမည် မသိရသေးဘူး။ စိစစ်နေပါတယ်။ စုစုပေါင်း ပြည်သူ ၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာပါ” ဟု စီပါကျေးရွာပကဖ တာဝန်ခံ ကိုမိုးသောက်ကရှင်းပြသည်။", "စီပါကျေးရွာကို မီးတင်ရှို့ပြီး ပြည်သူများကို သတ်ဖြတ်ခဲ့သော စစ်တပ်စစ်ကြောင်းမှာ မုံရွာအခြေ စိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ကြောင်း ၊ ထိုစစ်တပ်စစ်ကြောင်းက ဘုတလင်မြို့နယ်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကိုသတ်ဖြတ်ခဲ့ကာ ဓားစားခံပြည်သူ ၁၀၀ ဦး၀န်းကျင်ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။", "(ဓာတ်ပုံများမှာ အလွန်ရက်စက်စွာ သတ်ဖြတ်ထားခြင်းဖြစ်၍ Facebook ၏ Community Standard အရ ဖော်ပြရန် မသင့်တော်ပါသဖြင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဆင်ဆာမပါဘဲ သွားရောက်ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2023/01/82768/
Breaking News- ဘုရားသုံးဆူမြို့ရှိ စရဖ ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီး လောင် နေပြီး ပစ်ခတ်မှုများဖြစ်ပေါ်နေ၊ နေပြည်တော်မှ တိုက်လေယာဉ် ၁ စီး တောင်ဘက်သို့ ထွက်ခွာ
["Breaking News- ဘုရားသုံးဆူမြို့ရှိ စရဖ ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီး လောင် နေပြီး ပစ်ခတ်မှုများဖြစ်ပေါ်နေ၊ နေပြည်တော်မှ တိုက်လေယာဉ် ၁ စီး တောင်ဘက်သို့ ထွက်ခွာ", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ ညပိုင်း စစ်ထောက်လှမ်းရေးရုံး (စရဖ) ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီးလောင်နေပြီး ပစ် ခတ်မှုများဖြစ်ပေါ် နေ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီခွဲအချိန်ဝန်းကျင်မှစတင်၍ ပစ်ခတ်မှုများ စတင် ကြားရခြင်းဖြစ်ပြီး စရဖ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီးလောင်နေကြောင်း သိရှိရသည်။", "“သုံးဆူမြို့မှာ ပွဲကြမ်းနေပြီ။ စရဖ၊ထွေအုပ်၊လဝကရုံး တွေကိုကိုင်နေပြီ။ မြေစာ ရင်း ရုံးလည်းပါတယ်။ တစ်မြို့လုံးပစ်ခတ်သံတွေ ညံနေတယ်။ ရုံးတွေအားလုံး ကို တပြိုင်နက်တည်း ဝင်စီးတာတဲ့။ မြို့ပေါ်ရုံးအားလုံး ကိုတစ်ချိန်တည်း မီးတင်ရှို့တာလို့ သိရတယ်” ဟု PDF သတင်းရင်းမြစ်တစ်ခုက ပြောသည်။", "လက်ရှိတွင် နေပြည်တော်လေဆိပ်မှ တိုက်လေယာဉ် ၁ စီး တောင်ဘက်သို့ တက် သွားသဖြင့် ဘုရားသုံးဆူဘက်သို့ သွားနိုင်ကြောင်း ကင်းထောက် အဖွဲ့ များ က သတင်းဖော်ပြထားသည်။"]
https://yktnews.com/2024/05/163139/
Breaking News- ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် ဗျူူဟာဌာနချုပ်ကို ကို AA က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်
["Breaking News- ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် ဗျူူဟာဌာနချုပ်ကို ကို AA က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်", "ရန်ကုန်၊ မေ ၁၈", "ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က ယနေ့ သိမ်းပိုက်လိုက်ပြီး မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။", "ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) က မေလ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။", "ယနေ့နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ ၃၇၈ ၊ ခမရ", "၂၃၄ ၊ ခမရ ၃၄၅ ၊ ခမရ ၃၅၂ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် GE တပ်ရင်း တို့ဖြစ်ကြောင်း၊ မေလ ၁၄ ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ ၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၂၆၃ နှင့် ခမရ ၂၃၃ စသည့် တပ်ရင်း ၄ ရင်းကိုလည်းသိမ်းပိုက်ရရှိခဲ့ကြောင်း၊ မေလ (၁၃) ရက်နေ့တွင် နခခ ၃ အားလည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် နခခ (၈) စခန်းအား လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။", "AA က တပ်ရင်းများကို သိမ်းပိုက်လိုက်ပြီးနောက် အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး မိမိတို့ကို တိုက်ခိုက်နေသော မွတ်စလင်များကို လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြိုပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။", "ထို့ကြောင့် စစ်ကောင်စီတပ်သားများမှာ ကျေးရွာများ၊ ဘူးသီးတောင်မြိုအတွင်းသို ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း “အထူး” သတိပေးအပ်ကြောင်း AA က ထုတ်ပြန်သည်။"]
https://yktnews.com/2023/11/131085/
Breaking News- မင်းပြားတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၂စီးလုံးကို သိမ်းပိုက်ရရှိ၊ ရသေ့တောင် ဒုံးပိုက်စစ်တပ်စခန်းကို AA က သိမ်း ပိုက်
["Breaking News- မင်းပြားတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၂စီးလုံးကို သိမ်းပိုက်ရရှိ၊ ရသေ့တောင် ဒုံးပိုက်စစ်တပ်စခန်းကို AA က သိမ်း ပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်ကား ၂ စီးကို AA က မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကား ၂ စီးလုံးကို သိမ်းပိုက်ရရှိကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မင်းပြားမြို့နယ်မေလွမ်းနှင့် ဇောက်ချောင်းအကြားတွင် စစ်သားများ တင်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကား ၂ စီးလုံး မိုင်းထိမှန်ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး စစ်ကား ၂ စီးလုံးကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။", "အလားတူ ရသေ့တောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်၏ နယ်ခြားစောင့် စစ်စခန်းများကို AA က ဝင်ရောက်တိုက်ခိုက်ရာ ဒုံးပိုက်စခန်းကို သိမ်းပိုက်ရရှိထားကြောင်း၊ ယခုအခါ စခန်းကို မီးရှို့ရှင်းလင်းနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် ၂၀၁၉- ၂၀၂၀ တိုက်ပွဲ ကာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/03/209509/
Breaking News- မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာအပါအဝင် မြို့နယ်များတွင် ခံစားသိရှိရ
["Breaking News- မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာအပါအဝင် မြို့နယ်များတွင် ခံစားသိရှိရ", "ရန်ကုန်၊ မတ် ၃၀", "မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်အခြေစိုက် ဘူမိ ဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ (USGS-United States Geological Survey) က သတင်းထုတ်ပြန်သည်။", "အဆိုပါ ငလျင်ကြောင့် မန္တလေး၊ မုံရွာနှင့်စစ်ကိုင်း အပါအဝင် ပတ်ဝန်းကျင်မြို့နယ်များတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်ဝန်းကျင်အချိန် ပြည်သူအများစု ခံစားသိရှိရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "မတ် ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များစွာ ထပ်မံ လှုပ်ခတ်နေခြင်းဖြစ်ရာ ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် လှုပ်ခတ်သော ငလျင်မှာ အလွန်သိသာကြောင်း သိရှိရသည်။", "“အခု လှုပ်သွားတာ ဆွဲခါသလိုပဲ သိမ့်ကနဲပဲ။ ဟိုတစ်နေ့ (မတ်လ ၂၈ ရက်နေ့) ကလောက် မပြင်းပေမယ့် အတော်သိသာတယ်” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့", "၂၀၂၅ခုနှစ်၊ မတ်လ ၃၀ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်အချိန်တွင် မြန်မာပြည်တွင်း၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၂၈ ကီလို မီတာခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ဖြင့် အတော်အသင့်အင်အားရှိသည့် မြေငလျှင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် သတိပေးထားသည်။", "ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းငလျင်ကြောင့် ပြိုကျနေသော စစ်ကိုင်းတံတားအဟောင်းမြင်ကွင်း။"]
https://yktnews.com/2025/04/211154/
Breaking News- မိတ္တီလာမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ တိုက်တာနှင့်နေအိမ်များ ယိမ်း ထိုးသွား၍ မန္တလေး၊ ဝမ်းတွင်း အပါအဝင် မြို့ပြပြည်သူများ လမ်းပေါ်ပြေးဆင်းရ
["Breaking News- မိတ္တီလာမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ တိုက်တာနှင့်နေအိမ်များ ယိမ်း ထိုးသွား၍ မန္တလေး၊ ဝမ်းတွင်း အပါအဝင်မြို့ပြပြည်သူများ လမ်းပေါ်ပြေးဆင်းရ", "ရန်ကုန်၊ ဧပြီ ၁၃", "မန္တလေးတိုင်း၊ မိတ္တီလာမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ USGS က သတင်းထုတ်ပြန်သည်။", "ယနေ့ ဧ​ပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် မိတ္တီလာမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း၊ အဆိုပါ ငလျင်ကြောင့် မန္တလေး၊ ဝမ်းတွင်းမြို့နယ်များ အပါအဝင် မြို့အများစုတွင် ခံစားသိရရှိပြီး နေအိမ်တိုက်တာအဆောက်အအုံများ ယိမ်းထိုးသွားခဲ့ကြောင်း သိရှိရသည်။", "” ငလျင်လှုပ်သွားတာ အရမ်းကို သိသာပါတယ်။ ကိုယ်လည်း လမ်းပေါ်ပြေးထွက်တော့ ကိုယ့်ထက်ငါ လမ်းပေါ်မှာ လူတွေ ရောက်နှင့်နေပြီ။ ငလျင်က ဆက်တိုက်လှုပ်နေတာပဲ။ နေ့ဘက်လှုပ်တော့ သိချိန်နဲ့ ပြေးချိန်ရှိတာ တော်သေးတယ်” ဟု မန္တလေးမှ ဒေသပြည်သူတစ်ဦးက ဆိုသည်။", "ဝမ်းတွင်းမြို့မှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် လှုပ်ခတ်သော ငလျင်မှာ ယခင်ကထက် ပို၍ ပြင်းထန်လာကြောင်း ပြောဆိုသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့ ဧပြီလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၄ မိနစ် အချိန် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅.၉ အဆင့်နှင့် အင် အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် သတိပေးချက် ထုတ်ပြန်ထားသည်။", "မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ပေါင်း ၁၂၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း လှုပ်ခတ်သော ၅ ဒသမ ၅ အဆင့်ရှိ ငလျင်မှာ ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် ၉ မိုင်ကို ဗဟိုပြု၍ လှုပ်ခတ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလ ဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- ငလျင်ကြောင့် အပျက်အစီးများကို ရှင်းလင်းနေစဉ်။"]